ဝန်ထမ်းလခဘယ်တိုးလိုပေးမလဲ

paukpaukFebruary 20, 20121min1249

http://weeklyeleven.com/index.php?option=com_content&view=article&id=12382:—-postpaid–prepaid–&catid=42:2009-11-10-07-36-59&Itemid=167

Comment မှ ကူးယူဖော်ပြသည်

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းကုမ္ပဏီ (၂၃)ခုမှ ပူးပေါင်း၍ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း သန်း ၄ဝ စီမံကိန်းမှ ပထမအရစ်ဖုန်းအလုံးပါ တစ်သန်းခွဲကို မတ်လ ပထမပတ်အတွင်း ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။” တဲ့….

သန်း ၄ဝ ခဏထားလို့ သန်း၂ဝ ပဲရောင်း ရောင်းလိုက်ပါဦး တကယ်ကျသင့်တဲ့ ၅၀၀ဝ ဆိုရင် SIM Card တစ်ခုကို ၁၉၅,၀၀ဝ ကျပ် ကအမြတ်ပေါ့။

နောက်တစ်ခု စဉ်းစားကြည့်ပါ။
“လက်ရှိလစာ နှုန်းထား၏ ၁၀ဝ ရာခိုင်နှုန်း လစာတိုးမြှင့်လျှင် ဘတ်ဂျက်လိုငွေပြမှု ကျပ်ဘီလီယံ ၃၇၈၇. ၂၂ရ ရှိမည်ဖြစ်၍ ၅ဝ ရာခိုင်နှုန်းသာ ဝန်ထမ်းလစာ တိုးမြှင့်ပေးလျှင် အစိုးရဘတ်ဂျက် လိုငွေပြမှု ၃၁၅၂. ၅၁၈ ဘီလီယံ ရှိမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်သည်။” တဲ့

ကဲ လိုငွေ … ၃၇၈၇,၂၂၇,၀၀၀,၀၀ဝ ကျပ်ကို ဖုန်းတစ်လုံးအမြတ်ငွေ ၁၉၅,၀၀ဝ ကျပ်နဲ့စားကြည့်ရအောင်…
အလုံးရေ ၁၉,၄၂၁,၆၇၆ ရောင်းဖြစ်ရင် ရရောပေါ့။ Sim Card သန်း (၄၀) လုံးရောင်းစရာမလိုပါဘူးဗျာ..။

ဝန်ထမ်းတွေ လာစာတိုးဘို့ လိုငွေ ရရောပေါ့။
ဖုန်းတစ်လုံးလောက်မှ မတန်တဲ့ လုပ်ခနဲ့ လုပ်နေရတဲ့ ဝန်ထမ်းတွေပါ။
ဆက်ပြီး Monthly Bills နဲ့ Prepaid စနစ်က ရမယ့်ငွေ နည်းတာမှမဟုတ်တာ။

ဒါကတော့ ရိုးရိုးကလေးတွေးတွက်ကြည့်တာပါ။
ကျန်တာတော့ စာဖတ်သူများ ဖြည့်စွက်ကြည့်ကြပါ။

9 comments

  • paukpauk

    February 21, 2012 at 12:01 am

    ဝန်ထမ်းလစာ ဘယ်လိုတိုးပေးမလဲ ရေးတာ 🙂

  • ဦးဦးပါလေရာ

    February 21, 2012 at 12:15 am

    အဲဒီ SIM Card ရဲ့အမြတ်က သူ့ဟာသူ ဝေပြီးသား
    ဝန်ထမ်းအလှည့်မရောက်ဘူး ပေါက်ပေါက်ရဲ့ …. 😀

  • nature

    February 21, 2012 at 1:22 am

    ဝန်ထမ်းလခဆိုတာလစဉ်ပေးနေရတာပါ။ ဆင်းကဒ်ဆိုတာ တခါရောင်းပြီး ရင်ပြီးပါတယ်။ ဒါကတော့ ပေါ်လစီပိုင်းနဲ့ ပဲပတ်သက်မယ်ထင်ပါတယ်။

  • ကြက်ဖင် ( အကယ်ဒမီ )

    February 21, 2012 at 1:55 am

    ဆန်ဈေးတက်မှာကြောက်လို့ မတိုးပေးတာဟေ့ မတိုးပေးတာ သိပြီလား
    ဒဂယ်ဘဲ အစိုးရစေတနာကိုနားမလည်ဘူး
    ပုံ
    အစိုးရ

  • nature

    February 21, 2012 at 2:09 am

    ဝန်ထမ်းလစာတိုးပေးဖို့အတွက် ရုံးတွေမှာ ဝန်ဆောင်ခတခု သတ်မှတ်ပြီး ယူသင့်ပါတယ်။တချို့ရုံးတွေမှာတော့ ယူဖို့အခက်အခဲရှိပါလိမ့်မယ်။ ယူတဲ့ဝန်ဆောင်ခ တွေက ဝန်ထမ်းလစာကိုကျော်လွန်နေရင် ဝန်ထမ်းဘဝ တိုးတက်ရာတိုးတက်ကြောင်းတွေထပ်ပြီး ဆောင်ရွက်နိုင်ပါလိမ့်မယ်။
    ပင်စင်လစာတွေတိုးပေးတဲ့အတွက် အခွန်တွေလျှော့ပေးတဲ့အတွက်ဘက်ဂျက်လိုငွေပြနိုင်ပါတယ်။ ရထားခတွေ ၁၀ဝကျပ်ဖြစ်နေတာကတော့ အရင်းလောက်ဖြစ်နိုင်ပေမဲ့ ဝန်ထမ်းလစာ မလုံလောက်နိုင်ဘူးလို့ ထင်ပါတယ်။

  • MTY

    February 21, 2012 at 6:35 am

    ကျွန်တော်ကတော့အိမ်တစ်အိမ်လိုဘဲမြင်မိတယ်။
    အဖေကပိုက်ဆံရှာရသူဇနီး၊သား၊သမီးများကတောင်းခံသူ
    အေးလေ..အဖေနေရာယူထားမှတော့နည်းလမ်းတွေ
    ရှာဖွေဖြေရှင်းပေတော့။

  • ချစ်ရင်ထူးနှစ်

    February 21, 2012 at 7:36 am

    လစာ တိုးမယ် ဆိုတာ ဘာလို့ တိုးမှာလဲ???? အဲဒါ သိချင်ပါတယ်၊ ဝန်ထမ်းတွေ အတွက် မလုံလောက်လို့လား၊ ဘာဖြစ်လို့လဲ ၊မလုံလောက်ရင်လဲ အဲဒါဟာ ဘာလို့ မလုံလောက်ရတာလဲ ဆိုတာကို ဆန်းစစ်သင့်ပါတယ်၊ ဝန်ထမ်းတွေ အကြပ်အတည်း ဖြစ်တိုင်း လစာ တိုးပေးမယ်ဆိုရင် တိုင်းပြည် ပျက်သွားမှာပေါ့၊ ငွေကြေးဖောင်းပွ မှုတွေ ဖြစ်လာမှာပေါ့ ၊ တော်ကြာမှ အင်တာနက် အသုံးပြုခ တစ်နာရီ 5000 ကျပ် ဖြစ်နေပါဦးမယ်၊
    ————————————————————————————————————–
    MTY ပြောသလိုပါပဲ တိုင်းပြည် တစ်ပြည် ဆိုတာဟာ အိမ်ထောင်စု တစ်စု နဲ့ သဏ္ဍာန်ချင်း တူပါတယ်၊ ဒါပေမယ့်နော် သားသမီးကို ချစ်တဲ့ မိဘ နဲ့ မချစ်တဲ့ မိဘ တော့ ရှိတတ်တာပေါ့၊

  • etone

    February 21, 2012 at 11:44 am

    လစာ တိုးမယ် .. မတိုးဘူး ..တွေ လျှောက်ပြောနေတာကြောင့် … သူတို့ ပထွေး ကုန်ဈေးနှုန်းက … တက်မယ် တကဲကဲ လုပ်နေပြီ … ။ တက်ပြီး ဘယ်တော့မှ ပြန်မကျတာလည်း ထုံးစံလိုပါပဲ … ။

    သက်ကြီးရွယ်အို အလုပ်လက်မဲ့နဲ့ … မှီခိုကျောင်းသား ၊ကလေးအရွယ်တွေများတဲ့ အိမ်တော့ … ဝင်ငွေနဲ့ ထွက်ငွေကြား အသက်ရှုမှားကြတော့မယ် ထင်ပါရဲ့ ….. ။ 🙁

    လူကြီးတွေ … လူကြီးတွေ … လူကြီးတွေရေ … တကယ့်စေတနာအရင်းခံပြီး …ခေါင်းလေးသုံး စဉ်းစားပေးဖို့ ..မေတ္တာရပ်ခံလိုက်ချင်ပါတယ် ….

  • ဟူး မောလိုက်တာ ပေါက်ပေါက်ရယ်။
    မျှော်တိုင်းဝေးပေါ့ဗျာ။ကုန်ဈေးနှုနးက ဟန်ရေးပြင်၊လစာတိုးမယ်ဆိုတိုင်းတွင်။
    အပျက်ပျက်နှာခေါင်းသွေးထွက် ………

Leave a Reply