မန်းဂေဇက်

ေမာင္ရိုးFebruary 29, 20121min20032

အတာကူးချိန်လဲနီးလာပြီ ။ဘာာလိုလိုနှင်.နှစ်သစ်ကိုရောက်တော.မည်ဆိုတော.စိတ်ကူးလေးနှင်.ရူးချင်လာသည်။
သင်္ကြန်သီချင်းလေးတွေကြားတော. –သင်္ကြန်ပိုးလေးကကြွစောင်း ကြွစောင်း –။ဒီအသက်အရွယ်နှင်. ကဲ ဖို.
မသင်.တော်လေပြီ ဟု ကိုယ်.ကိုကိုယ်ဆုံးမရင်း တစ်ခုခုတော. မဟုတ်တာလုပ်လိုက်ချင်သေးသည်—။ သို.နှင်.–
ရွာထဲမှ ဦးဦး ၊ဒေါ်ဒေါ် ကိုကို မမ နှင်. ဘော်ဘာ်များကို နှစ်ဦးအကြို ပျော်စေလိုသောသဘောဖြင်.အမည်နာမ များကို
ခွင်.မတောင်းပဲ အောက်ပါသင်္ကြန်စာကို ရေးသားလိုက်ပါသည် ။ခွင်.လွှတ်အပြုံးများနှင်.ပျော်ရွှင်နိုင်ကြပါစေ—-။

ဥုံ ————ရှရီ —-ရှရီ –နေဝန်းနီသည် အရှေ.မှထွက်၍ အနောက်ဘက်သို. ဝင်စေသတည်း—-။
အချိန်ကား ….မြန်မာသက္ကရဇ် ၁၃၇၃ နှင်. ၁၃၇၄ ကြား တန်ခူးလပြည်.ကျော် ၆ ရက်နေ.ည ၊ခုနှစ်စဉ်ကြယ်ပြောင်
အမြီးထောင်သည်. သန်းကောင်ချိန်ဝယ် ခေါ်တော တစ်ထောင်အကြည်.ဆောင်သော ဂေဇက်ရွာသဂျီးမင်းသည် ပြာသော
တန်ဆာတို.ကိုဝတ်ဆင်၍ပြာတီးပြာယာအမူအရာဖြင်. လက်တဖက်ကမီးဒုတ် လက်တဖက်ကဗျောက်အိုး တို.ကိုကိုင်
ပြီးလျှင် ဘီလူးကြီးကိုစီးလျှက် လော.အိန်ဂျလိမြို.၏ တောင်ဘက်တံခါးမှနေ၍ ရုံးခန်းရှိရာသို.လှမ်းလေသော် …..။
အိပ်ပျော်လျှက်နေသော ပရမေပေါင် နတ်သားသည်ကမန်းကတမ်းထပြီးလျှင် ခရုသင်းကိုဆွဲ၍တအားကုန်းပြီးမှုတ်လေရကား
ပေါ် ……ပူး ….ပေါ် ..ဟူသော အသံအဆုံး၌ ပြိုးပြိုး ပျက်ပျက် ဝင်းလက်၍သွားလေတော.သည် …..။
အကြောင်းမူကား ….ရွာ၏ဓတ်ပုံဆရာ ပဉ္စမဟာရာဇ်နတ်မင်းကြီးများဖြစ်သော မတလကောက်ပို ၊အာဂကျော်စွာ ၊
ဂိုးဒင်းကုမာရ ၊ မာဃလုလင် နှင်. မန္တလာစိန်သော. ဟူသော သူတို.၏ရိုက်ချက်များပေတည်း …..။

သန်းကောင်ကျော်ပြီဟုအသိပေးသည်. အီးတီနှင်.ချာတူးလန်တို.၏အချက်ပေးမောင်းသံအဆုံး၌ ရွာ၏စည်းကမ်းထိန်းသိမ်း
ရေးမှုးများဖြစ်သောဆရာသစ်မင်း၊ 77နိဂိမိ နှင်.အရီးလတ်တို.၏ကြီးကြပ်မှုဖြင်. ဂေါင်းလွှတ်ပွဲကို စည်ကားသိုက်မြိုက်စွာ
စတင်ကျင်းပလေတော.သည် ……။

ဂေါင်းလွှတ်ပွဲဟူသည်ကား … ဂုမ္ဘန် တစ်ထောင်ရုပ်သွင်ဆောင်သော ဆာမိကြောင်၏ဦးခေါင်းပြတ်အား မြေမှာထားလျှင်
ခွေးစားမည်စိုး၍လည်းကောင်း ၊ရေမှာပစ်လျှင် ညစ်ပတ်မည်စိုး၍လည်းကောင်း လေပေါ်တွင်ချိတ်ထားလျှင်လည်း ကျီးမိုက်
ရန်ကြောက်ရသည်တကြောင်း …..။ထိုထိုသော အကြောင်းတို.ကြောင်.ရွာ၏နတ်သမီးများမှ အလှည်.ကျ ကိုင်ဆောင်
ထားရသည် ဟူ၏ ။

လှပဂေး နတ်သမီးများဖြစ်ကုန်သော စန္ဒကူးစုံစုံ ၊ ဝသုန်ပန်ပန် ၊ မြရဂုံရွှေအိ ၊ မဏိနွယ်ပင် ၊ မုဒိတာသဲနု ၊မဉ္ဖူသကရင်ငြိမ်း
အစရှိသူတို.ခြံရံလျှက် ခတ္တိယအိတုန် အမည်တွင်သောနတ်သမီးသည် အလှည်.စေ.ပြီဖြစ်သော ဆာမိကြောင်၏ဦးခေါင်းကို
အလှည်.ကျသူဖြစ်သည်. ပဒုမဒေဝီနတ်သမီးသို. ကမ်းရန်အလို.ငှာ ပျော်ရွှင်သောအမူအရာဖြင်.ထွက်၍လာလေသည် ။
ပဒုမဒေဝီသည်ကား ဝဿဝတီဝေဝေ ၊ ယာမာမမ ၊ တုသိတာနိုဗွီ ၊ တာဝတိ`ံသာပုချ် ၊ ကန္တာရဝတီဆူး နှင်.မနောပန်ထွာ
ဟူသည်.ခန်.ညားလှပဘုရင်မများဖြစ်လေသော အကြီးတန်းနတ်သမီးများခြံရံလျှက် ညှိုးငယ်သောအမူအရာဖြင်. မျက်နှာ
လွှဲ၍လှမ်းယူလိုက်သည်တွင် မတော်တဆ မြေပေါ်သို.ကျလေသော် …..လူမမြင်အောင်အသာကောက်၍ ဖုန်သုတ်
ရေဆေး အမွှေးနံ.သာဖျန်းခြင်းငှာ တံခါးကြားတွင်ထောင်ထားသော ရေမွှေးဆီပုလင်းအား လှမ်းဆွဲလိုက်လေ၏ ။
ရေမွှေးဆီနေရာပျောက်၍ အိမ်သာဆေးသည်.ကာဗော်လစ်ဆီပုလင်းရောက်နေသည်ကို သတိမမူမိလေသော ပဒုမဒေဝီသည်
အဖုံးကိုအမြန်ကလော်၍ ဂေါင်းတော်ထက်ဆီမှ တအားဆော်လိုက်သည်တွင် ခေါင်းပြတ်ဆာမိကြောင်မှာ နံရှာတော်မူလွန်းသ
ဖြင်. မျက်နှာတော်အသာငုံ.ကာ ရှုံ.၍ခံတော်မူရလေသတည်း ………….။

ပွဲအပြီး၌ ရွာစားကျော်နှင်. နိုဇိုမိတို.မှမန္တလေးဖရဲသီးကိုခွဲ၍ ရွှေပွဲလာပရိတ်သပ်များဖြစ်လေသောကိုရင်မောင်သံတွဲသန်းထွဋ် ၊ ဘကြီး ၊ မန္တလာသူ ၊ ရင်နင်.အောင် ၊ ကိုအောင် ၊ ချစ်ရင်ထူး ၊ ၊ဦးဦးပါလေရာ ပုသိမ်သူ ၊ ပုမ ၊ဂျူဂျူးမ ၊ အန်ကယ်ကြီး ၊ အန်ကယ်လေး ၊ အန်ကြော.လော်နိုးနိုူးထန်.၊သန်းကြွယ်သူဌေးမောင်ဘလှိုင်၊ ရွှေဘိုသား ၊
ဂုဏ်းချုပ်ဂီဂီ ၊ ရွေပုံ. ၊ ထက်ဝေး ၊ တညင်သား ၊ နေးချား ၊ နန်းရှင် ၊ ထရူးအမ်းစား ၊ မှော်ဆရာ ၊ ကိုရင်စည်သူ ၊
ရှုံးလူ ၊ထူးဆန်း ၊ အမတ်မင်း ၊ မြွေဟောက် ၊( မောင်မောင်)၂ ၊ စွယ်တော်ရွက် ၊မိုးZ ၊အညာတမာ ၊ ကပ်တိန် ၊ ရွှေအိမ်စည် ၊မောင်မိုးညို ၊ သဘက်စ် အစရှိသူတို.အား မစားမနေရကြွေးလေတော.သည် ……။

မဟာသင်္ကြန်သည်ကား … ခုနှစ်ရက်သားသမီးရွာသူရွာသားတို.အား တာစားသဖြင်. ခုနှစ်ရက်သားသမီး ရွာသူ
ရွာသားတို.မျက်နှာပွင်.လတ္တံ.၊ အပွင်.လွန်သောသူများကိုလည်း AKKO မှအခမဲ.ချုပ်ပေးလတ္တံ. ၊ တံခါးစောင်.ကြီး
ကိုချောဘလက်မှလည်းအပေါက်ဝမှစောင်.၍ အအေးတိုက်လတ္တံ.၊ တအားအော်သည်.ဖုန်းကျော်သည်လည်း လိပ်ခေါင်း
ရောဂါရလတ္တံ.၊ ရွာ၏လူပျံတော်တိုက်စစ်မှုးပြည်သူ.စစ်(ပိုးသတ်ဆေး)ကိုအောင်ပုသည်လည်း ဆဲစရာများလွန်း၍ ကိုယ်
ခွဲများ ခွဲလျှက်ဆဲလတ္တံ.၊ အဘဖေါရိန်းသည်လည်းဘူဖေးကြွေးပြီး ဆွေးနွေးပွဲများလုပ်လတ္တံ.၊ အကြိုက်သောက်သည်.
စိန်ပေါက်ပေါက်လည်း ပုလင်းပျေက်ကိန်းကြုံလတ္တံ. ဤသည်ကားဂေဇက်မဟာသင်္ကြန်စာ၏အလိုတည်း …….။

မြန်မာနိုင်ငံသည်မိုးလေဝသမှန်ကန်၍ ကောက်ပဲသီးနှံများ အထွက်တိုးလတ္တံ.၊ တောင်သူဦးကြီးများ ကြီးပွားလတ္တံ.၊
ကမ္ဘာ.အလယ်တွင် တင်.တင်.တယ်တယ်ရှိလတ္တံ.၊ မြန်မာ.စက်မှုလုပ်ငန်းများဖြစ်ထွန်းအောင်မြင်လတ္တံ. ဤသည်ကား
သင်္ကြန်စာများတွင် မရေးမဖြစ်ရေးရသောစာသားများပေတည်း ..။

နိုင်ငံတော်သမတကြီးသည်လည်း မေတ္တာသရားကြီးမားလှသောကြောင်. မေတ္တာဘုန်းရှိန် ဦးသိန်းစိန် ဟု
အမည်သတင်း ကျော်ဇောလတ္တံ.( ဖားဒါ ဖားဒါ )
မြန်မာနိုင်ငံသည်လည်း ကမ္ဘာ.နိုင်ငံအသီးသီး၏ လေးစားမှုကို ခံယူရလတ္တံ. (မြေကွက်များရမလားလို.)
လွှတ်တော်ဥက္ကဌကြီးအားလည်း လစာတိုးဝန်ထမ်းများမှ မေတ္တာပန်းများ ကြဲဖြန်.လတ္တံ.(မြန်မာ မီနီ
ဆလွန်းလောက်တော. ပေးသင်.နေပြီနော်)

ကက်ချုပ်ကြောင်ကြီးနှင်. ကြောင်တတ်ဖွဲ.ဝင်များသည်လည်း အာဏာသိမ်းပွဲပြီးနောက် သူရဲကောင်းဘွဲ.တံဆိပ်
များချီးမြှင်.ခြင်းခံရလတ္တံ.၊ ကက်ချုပ်ကြောင်ကြီးသည်ကား ” မောင်ကြမ်းပူရိသ ကိုရင်ကြောင်ကြီးဟူ၍လည်းကောင်း၊
ကြောင်ဝတုတ် ၊ ကြောင်လတ် ၊ ကြောင်လေး ၊ ကြောင်နက် ၊ ကြောင်မလေး တို.အားလည်း “သူမရကိုယ်ရ”ဘွဲ.
များချီးမြှင်.ခံရလတ္တံ.၊ ပုလင်းမထောင်သော မင်းကောင်သည်လည်း တခုမဟုတ်တခု ထာင်လတ္တံ.၊ ဦးဖက်တီးနှင်.
လိမ်နည်းငါးဆယ် စာအုပ်အဖြစ် ထွက်ပေါ်လာလတ္တံ.၊ အံစာတုံးသည်လည်း အနားများလုံးသွားလတ္တံ.၊ ကဗျာဆရာ အလင်းဆက်လည်း ဟင်းချက်နည်းများပြောင်းရေးလတ္တံ.၊ မန္တလာသူ TTNU သည်လည်း သင်တန်းကြေးမယူဘဲ
စာသင်လတ္တံ.၊ ရွှေတိုက်စိုးလည်း သူခိုးများပူလွန်းသဖြင်.ကိုယ်ထူကိုယ်ထ ကင်းလှည်.ရလတ္တံ.၊ နဝတ ခေတ်တွင်
ဆင်းချင်သလိုဆင်းခွင်.မရခဲ.ရှာသော တနင်္ဂနွေဂြိုဟ်မင်းသည် မြန်မာပြည်ဒီမိုကရေစီ ရပြီဖြစ်၍ စီးချင်သည်.အကောင်စီး ၊
ကိုင်ချင်သည်.လက်နက်ကိုင်ပြီး လွတ်လပ်စွာဆင်းခွင်.ရလတ္တံ. ဤသည်ကား…ဝေဒကဝိ မောင်ဆာမိ၏အလိုတည်း။ ။။

ရှေင်ရန်သည်ကား ရွာသူမျာလူကြားထဲသွားလျှင် ဒေါက်ဖိနပ်အချွန်များ မစီးကြရန် (ခဏခဏအနင်းခံရဘူးသဖြင်.)
ရွာသားမျာအတွက်မူကား ဝီစီသံ ၊ဆောင်ရန်ကား ရွာသူများဘတ်စ်ကားစီလျှင် ချွန်ထက်သောအရာများဆောင်ထား
ကြရန် ၊ ရွာသားများအတွက်မူကား အရှ.အလယ်ပိုင်းဒေသ ငြိမ်ဝတ်ပိပြားရေး အလေးထားကြရန် ၊ ရွာသူရွာသားများ
အထူးရှောင်ရန်သည်ကား ပြာသောအရေင်များပေတည်း ။

( ဤတွင်မန်းဂေဇက် မဟာသင်္ကြန်စာပြီး၏ )

(သဂျီးမင်း၏ဆာဗာအားငဲ.ညှာရ သည်ကြောင်.မန်ဘာအားလုံးမပါဝင်ခဲ.သော်ငြား ခုရက်သားသမီးတွင်အပါအဝင်ဟု
နားလည်ခွင်.လွှတ်ပေးပါရန်အနူးအညွတ်တောင်းပန်အပ်ပါကြောင်း )

32 comments

  • TITAN

    February 29, 2012 at 5:24 pm

    ဟာရေးး မိုက်ဒလယ်
    အားလုံးကို စုံသွားဒါဘဲ 😆

  • koaung

    February 29, 2012 at 5:56 pm

    အရေးအသားတွေများနှစ်သက်မိပါကြောင်း မင်ဂလာဆရာ ဆာမိရေ

  • water-melon

    February 29, 2012 at 6:12 pm

    အမလေး ရက်စက်ပါ့ ကိုဆာမိရေ
    မန်းလေးက ဖရဲသီးကိုခွဲပြီးကျွေးတယ်တဲ့
    အမလေး ငိုချင်လာပြီ
    ကြိုက်တယ် အတိုရေ
    နောက်လည်းရေးပါအုန်းနော်
    အစဉ်အားပေးလျက် ဖရဲ

  • အင်း .. ဒီသင်္ကြန်စာအရ ..
    နာ့အနားတွေ လုံးရမယ် ဆိုထားပါလား …
    အနားလုံးတော့ ပိုလှသွားမှာပေါ့ .. ဟီဟိ .. 😀
    _____________________________________
    ရေးလည်း ရေးတတ်ပါပေ့ ကိုဆာမိ ရယ် လို့ပဲ ပြောလိုက်ပါတယ်နော် …
    အားပေးလျှက် .. အံစာတုံး

  • htet way

    February 29, 2012 at 6:38 pm

    အင်္ဂ ါသားဆာမိကား ယခု ကာလတွင် မျက်နှာပွင့်၍
    အိမ်ကမိန်းမသံသယဝင် မသင်ကာဖြစ်လတ္တံ။
    အပျိုကြီးများ ကား ယခုနှစ် အခါလွန်သော်အိမ်ထောင်ကျလတ္တံ။
    ကဗျာရေးသောကမ်းကြီးကား ကဗျာ ဝိညာဉ် ပူးကပ်၍
    အထူး ကြပ်မတ်သူပေါ်လတ္တံ။
    ဆရာဘလက်ကား အသာနှက်ခံရ၍ မဟာလက်ဖြင့် စာကောင်းများရေးလတ္တံ။

  • ကိုရင်မောင်

    February 29, 2012 at 8:07 pm

    ရေးလဲရေးတတ်ပ ဆာမိလေးရေ
    သင်္ကြန်တောင်နီးလာပါပေါ့လား
    ရွာထဲမှာကိုသစ်မင်းတို့ကိုရင်စည်သူတို့
    ကိုငှက်ကြီးတို့မတွေ့တာအတော်ကြာပြီ
    ခရီးလွန်နေတာလား ဒါမှမဟုတ်အလုပ်များနေကြတယ်ထင်တယ်

  • surmi

    February 29, 2012 at 8:19 pm

    သံတွဲသန်းထွဋ်ဆိုတာမောင်ရင်ပေါ. သံတွဲမောင်သန်းထွဋ်ဦးရယ် ။
    ကြွေးစရာက ဖရဲသီးပဲရှိလို.ပါဗျာ ။ကျေးကျေးနော်။
    တိုင်တန်ရေ…ဒီတခေါက်မထဲ.မိဘူးဗျာ အကြွးမှတ်နော် ။ဆရာထက် ၊ အံစာ ၊ကိုအောင်၊ အပျော်နောက်တာနော် ။ သင်္ကြန်နီးလို. နဲနဲကြွနေတာ …..။

    • တော်ဒေးဒါပေါ့ … ကြွရုံပဲကြွလို့ ..
      အင်း .. ရွ ရင်တော့ လွယ်ဝူးရယ် .. 😀
      ဤသို့ ဤနှယ် ကိုရင်ဆာမိအား ကျွန်ုပ်မှ တဖန်ပြန်လည် နောက်သွားပါ၏ ။

  • Thel Nu Aye

    February 29, 2012 at 10:14 pm

    ဟား မိုက်ဒယ်။ ကြိုက်ဒယ်။ခိုက်ဒယ်။

  • ရွာ၏ဓတ်ပုံဆရာ ပဉ္စမဟာရာဇ်နတ်မင်းကြီးများဖြစ်သော မတလကောက်ပို ၊အာဂကျော်စွာ ၊
    ဂိုးဒင်းကုမာရ ၊ မာဃလုလင် နှင်. မန္တလာစိန်သော. ဟူသော သူတို.၏ရိုက်ချက်များပေတည်း …..။
    များမှ ဆာမိအား သဘာဝအတိုင်းဓါတ်ပုံရိုက်အံ့။
    သဘာဝကျစေရန်အတွက်တည်း။

    • surmi

      February 29, 2012 at 11:04 pm

      ဘာကြော်ငြာအတွက်ရိုက်မှာလဲ အစ်ကိုပေါက်ရေ …။
      ကျောချမ်းလွန်းလို.ဗျာ ။။။

  • နွယ်ပင်

    March 1, 2012 at 10:35 am

    သဘောကျတယ်ဗျို့ ……
    နွယ်ပင့်နာမယ်လေးကိုလဲ ကြိုက်တယ်
    ဘာတဲ့ မဏိနွယ်ပင် ဆိုပဲ ………. 🙂
    နာမယ်အသစ် ကပ်ပွန်းတပ်ပေးတဲ့ ကိုဆာမိရေ ကျေးဇူးပါ …

    • Shwe Tike Soe

      March 1, 2012 at 11:30 am

      မဏိဟင်းနုနွယ်ပင်ဆို ပိုလှမလားလို. ဟေဟေ 😀

      • ဆူး

        March 1, 2012 at 12:46 pm

        ကြော်စားပလိုက်မယ်။

  • Shwe Tike Soe

    March 1, 2012 at 11:28 am

    ကိုဆာမိသင်္ကြန်စာဖတ်ပြီး ကျွန်တော် ရွှေတိုက်စိုး ကျွန်တော်၏ အသပြာ တစ်ပြားမှမရှိသော ရွှေတိုက်အား.. အမေရိကန်မှ မှာယူထားသော အနီအောက်၊အပြာအောက်ရောင်ခြည် ကွန်ရက်များဖြင့် လုံခြုံရေးတိုးမြှင့်လိုက်ကြောင်းးးးးးးး

    စုံစိနေအောင်ရေးနိုင်တာ အံဩဘ ကွယ်ရို.

    သင်္ကြန်စာအလိုအရ ကိုဆာမိကြီးမှာလဲ မိန်းမ ရှိက ထပ်ရကာ ကလေး ၂ဒါဇင်အထက်မွေးက ဆာမိယူနိုက်တာ ထောင်ပြီး ပရီမီးယား ကော်ဖီခွက် အား ၃နှစ်ဆက်တိုက် ပိုင်ဆိုင်လတ္တံ… 😀

  • kyeemite

    March 1, 2012 at 11:58 am

    ကိုဆာမိ
    လိုတာမရှိ
    တိုပါ၏(စိတ်)ကွန်မကောင်းလို့
    တော်တော်ကောင်းတဲ့ ဂေဇက်သင်္ကြန်စာပေဘဲ…
    ပျော်စရာတွေဖတ်သွားပါဂျောင်း…

  • သူရဇော်

    March 1, 2012 at 12:32 pm

    အော ဒီနှစ်သင်္ကြန်စာက ကြောင်ခေါင်းစီးပီး သိကြားမင်းဆင်းတော်မူမည်………..အကျည်းတန်သော နတ်သမီးများလဲ ခြံရံလျှက်ဆင်းတော်မူမည်…………. မိုက်တယ်ဗျာ ဆာမိ အထာရှိတယ်…….

  • ဆူး

    March 1, 2012 at 12:48 pm

    ဆာမိကြောင် က ခေါင်းမလျှော်ဘူးနဲ့တူတယ်။
    ရေမွှေးသုံးနေရတယ်ဆိုတော့ ဆံပင်တွေ ကျွတ်နိုင်တယ်။ ကာဗော်လစ်ဆီ ဆိုရင်တော့ ပိုဆိုးပြီ။
    ဆာမိကြောင် ကနေ ဆာမိပြောင် ဖြစ်လတ္တံ။

  • windtalker

    March 1, 2012 at 2:22 pm

    တော်သေးပါရဲ ့ ။ ကိုဆာမိ ရယ်
    ခရုသင်းဘဲ ကိုင်ရတာမို ့
    ဟဲဟဲ
    ဆလမ်မာလေးကွန်း

  • kaunglay

    March 1, 2012 at 2:23 pm

    အလွန်ပြီးပြည့်စုံသော မန်းဂေဇက်သင်္ကြန်စာပဲ..
    ပရင့်ထုတ်ရောင်းလိုက်ရရင်ဖြင့်..

  • surmi

    March 1, 2012 at 3:25 pm

    ဘယ်လိုဘဲဖြစ်ဖြစ်ပြုံးပျော်စရာတခုခုဖြစ်ခဲ.မယ်ဆိုရင် ဝမ်းသာပါတယ်။
    တကယ်တော. တင်ဖို.မတင်ဖို.စဉ်းစားရင်း druft ဖိုင်ထဲကသူ.အလိုလိုတက်သွားပုံရတယ်
    ကျွန်တော်တောင်မသိလိုက်ဘူး ။နွယ်ပင်၊ရွှေတိုက်၊ ဘွားဆူး ၊ ကျီးမိုက် ၊ကိုပေ၊ကောင်လေး၊သူရဇော်
    နှင်.အားလုံး နှစ်သစ်မှာရွင်လန်းကြပါစေလို.ကြိုတင်ဆုတောင်းပေလိုက်ပါတယ် …..။

    • ဆူး

      March 1, 2012 at 4:51 pm

      အခုတလော ဦးဆာမိ တော်တော် အတက်မြန်တယ်နော်။
      နောက်ပိုင်း အဆင်ပြေသွားမယ် ထင်တယ်။

  • manawphyulay

    March 1, 2012 at 3:39 pm

    အင်း မနောလည်း နှစ်သစ်အကူးအပြောင်းမှာ ဆုပန်ထွာနဲ့ အမျိုးတော်ရမယ့်နိမိတ်လေလား… သို့လော သို့လော ပေးတတ်တဲ့ ကိုဆာမိတစ်ယောက်ဖြစ်လေသတည်း….

  • ကိုဆာမိကို စံထားပြီးရိုက်မယ့်ကြော်ငြာကတော့ ကိုထက်ဝေးလုပ်နေတဲ့ အဆီကျ အသားကျစ်ဆေးအတွက်ပါဘဲ။
    မြင်တာနဲ့အစားအသောက်ပျက်သွားတော့ အလိုလိုဝိတ်ကျအောင်ပါ။

  • ကြောင်ကြီး

    March 2, 2012 at 10:38 am

    ဆာမိကြောင်
    ဆောင်မိကြာ
    နောင်သိလာ
    ခေါင်ထိနွှာ
    မောင်ဘိရှာ
    တဘောင်ရှိတာ…

  • ခပ် KING ကင်း

    March 2, 2012 at 5:01 pm

    သူကြီးက ဘယ်နဲ့ ကိုဘီလူးကို စီးသွားရတာတုံး … 😛
    ဟိုက်
    တစ်ခုခုထောင်ရမယ်ဆိုတာ မှန်လိုက်တာ
    အခုတောင်ထောင်နေတယ် .. နားရွက်
    ကိုဆာမိတစ်ယောက်တော့ သင်္ကြန်စာရောင်းရင်းနဲ့ သူဌေးဖြစ်တော့မယ်ထင်တယ်

  • MaMa

    March 2, 2012 at 5:20 pm

    ကိုဆွာမိ ကျေးဇူးနဲ့ အရှင်လတ်လတ် နတ်ပြည်တက်ရတယ်။ ကျေးဇူးးးးးးးးးးးးးးးးးးးးးး 🙂

  • padonmar

    March 13, 2013 at 7:17 pm

    ခုမှပဲ ကဆာမိကြော်ငြာကောင်းလို့ သင်္ကြန်စာအဟောင်း ပြန်ဖတ်ရတယ်။
    အသစ်ရေးတဲ့အခါ ညှိုးညှိုးငယ်ငယ်မနေဘူးနော်။
    ဒါဗျဲ။

    • surmi

      March 13, 2013 at 11:49 pm

      ဟုတ်ကဲ ့ပါဗျ
      နောက်ဆို ရယ်ရယ်ပြုံး ပြုံး လေးရေးပါ ့မယ် ဟဲဟဲ

  • Shwe Ei

    March 14, 2013 at 9:46 am

    အဲတော့ နတ်သမီးတောင် ဖြစ်လိုက်သေး..
    တော်လိုက်တဲ့ အန်ကယ်ဆာ..
    နောက်နှစ်ကျရင်..ကယ်ဗင်ကလိန်း ဖျန်းပီး ရက်ဗလွန်ပဖ်တို့ပေးအုံးမာ… ခိခိ :mrgreen:

  • kyeemite

    March 14, 2013 at 11:57 am

    ကိုရင်ဆာမိ..
    ၂၀၁၃ အတွက်မဟာဒဂျန်စာဂျီးရေးပါအုံးဗျ.. :mrgreen:

Leave a Reply