စဉ်းစား စရာလေးများ (၁)…

Ko out of...February 21, 20121min18015

၁။ တခါကမိုင်းရှုးတောင်ပေါ်သို့ ကျောက်မျက်ရတနာရောင်းဝယ်ရန် ရက်ကောင်းရက်မြတ်ကိုရွှေးချယ်ပြီးမှ စီးပွါးရေးရှာတဲ့ ကုန်သည်တစ်ဦးသည် ဒီနေ့ကပြသဒါးဆိုတော့ မတက်ဘူးဆိုပြီး ရက်ရာဇာဖြစ်တဲ့ နောက်တစ်ရက်ကိုရွှေးချယ်လိုက်တယ်။ ဒီလိုဘဲတဖက်မှာ ဓါးမြတိုက်ဖို့ ဓါးပြအဖွဲ့တွေကလည်း ဒီနေ့ဓါးမြတိုက်ရင် ပြသဒါးနေ့ဆိုတော့ တိုက်လို့ပစည်းရမှာမဟုတ်ဘူးဆိုပြီး နောက်နေ့ရက်ရွှေ့လိုက်တယ်။ နောက်တနေ့ ရက်ရာဇာရွှေးတာချင်းအတူတူ ကုန်သည်နှင့် ဓါးမြလမ်းမှာဆုံကြပါလေရော. . . ဓါးမြကဘဲ လူတွေ အများစု ဟာ ရက်ရာဇာရွှေးလွန်းလို့ သမင်တကာ အဲဒီရက် ကိုရွှေးလိုက်တာဘဲလား…(သို့) အရွှေးချင်းတူလို့ တိုက်ဆိုင် တာဘဲလား..

 

၂။ တခါတုံးက ခလုတ်တိုက်ပြီး ခြေမကွဲလို့ ဆေးဆရာတစ်ဦးထံလူနာတစ်ဦးရောက်သွားလေသည်။ ထိုလူနာသည် မိမိခြေထောက်ခလုတ်တိုက်မိလို့ ခြေမကွဲသွားကြောင်းအကြောင်းစုံ ပြောပြကာ ဆေးဆရာက သူ၏ခြေထောက်ကို ခဏလေးကြည့်ကာ.. ထိုဆေးဆရာက ခြေထောက်ကို ဆက်မကြည့်တော့ဘဲ သူ၏  မျက်စိကို ထပ်ခါတလဲလဲကြည့်ကာ လူနာသည်စိတ်မရှည်ဖြစ်ပြီး… ဆေးဆရာအား ခင်ဗျာကခြေမကွဲပါတယ်ဆိုမှ ဘာဖြစ်လို့ မျက်စိသွားကြည့်ရတာလဲ။ ခင်ဗျားဆေးဆရာအရူးဘဲ လို့စိတ်တိုတိုနဲ့  ဆေးဆရာကိုပြန်ပြောလေ၏။ ထိုအခါ ဆေးဆရာက ခင်ဗျုားရူးသလား ငါကဘဲရူးလေသလားဆိုတာ ငါရှင်းပြမယ်။ ခင်ဗျုားအခုလို ခလုတ်တိုက်တာ ခင်ဗျားမျက်စိ ကောင်းကောင်းမမြင်ရလို့ ခလုတ်တိုက်နေရတာ ခြေထောက်က အပြစ်မဟုတ်ဘူး။ မျက်စိကကောင်းကောင်းမမြင်လို့ကွလို့ဆိုလိုက်သတဲ့။ ဒါကြောင့် ကျွန်တော်တို့တတွေလည်း တစ်ယောက်နဲ့တစ်ယောက်မမြင်ရဘဲ ခလုတ်တိုက်နေကြတာတွေဟာ အမြင်မှန် မရရှိကြသေးလို့ပါ . . .အမြင်မှန်ရဖို့ ကလည်းဘုရားညွှန်ပြခဲ့ပြီးပြီ ဖြစ်တယ်… နောက်လိုက်တွေကဘဲ…တခုခုများမှားနေလား  ဆိုတာ…တွေးတောရင်း…

15 comments

  • water-melon

    February 21, 2012 at 8:29 am

    သိတော့ဘူး သူများ ဦးနှောက်က သိပ်မမှီလို့
    ဒီတိုင်းဘဲ ဖတ်သွားပါတယ်။

  • kotun winlatt

    February 21, 2012 at 8:48 am

    လွတ်လပ်စွာကွဲလွဲကြတာ ဒီမိုကရေစီကျတယ်ပဲပြောရမလားးး…။

  • ရက်ရာဇာမို ့ပြဿဒါးမို ့ဘယ်နေ ့၊ဘယ်ခါရွေးမနေတာ အကောင်းဆုံးပါ။အားလုံးသောနေ ့သည်
    မင်္ဂလာရှိတယ်လို ့ယူဆပါတယ်။
    ဆေးဆရာပြောတာလဲ မမှား၊လူနာပြောတာလဲမမှားလေတော့ နှစ်ဦးနှစ်ဖက်ညှိယူလိုက်ပေါ့နော့်။

  • yoeyar may

    February 21, 2012 at 8:05 pm

    ဟဲဟဲတိုက်ဆိုင်သွားတာနေမှာပါ ပေါက်ပေါက်ရှာရှာ ရက်ရွေးရတယ်လို့

  • Harumoto

    February 21, 2012 at 9:19 pm

    ဆေးဆရာမို့လို့ပေါ့..မျက်စိ မကောင်းဘူးပြောတာ
    သူ့မိန်းမ ကို သွားပြလို့ကတော့..
    “တော့်ဖါသာ နမော်နီ နမော်မဲ့ လျှောက်လို့ဖြစ်တာ..”
    ဘာဘာညာညာနဲ့. .စိတ်အခန့်မသင့်ရင် ခေါင်းပါ ပေါက်မဲ့ အဆင်ကြီး..

  • sandawchain

    February 22, 2012 at 6:32 am

    ဟုတ်ပါတယ် စပ်ဆက်ပြီးတွေးမယ်ဆိုရင် မှန်နေတာတွေ အများကြီးပဲ သို ့ပေမယ့်လည်း မှန်တဲ့အရာတိုင်းဟာ ဘဝတိုးတက်ဖို ့အတွက်ဖြစ်ချင်မှဖြစ်မှာပါ ခလုတ်တိုက်နေတာတွေဟာလည်း ၂ဖက်အမြင်မရှင်သန်မရင့်ကျက်သေးလို ့ပါ…
    အားလုံးရှုထောင့်စုံကနေသုံးသပ်ပြီး အမြင်မှန်တွေရကြပါစေ။

  • etone

    February 22, 2012 at 11:34 am

    ကို အောက်အော့ဖ်ရေ …
    ပထမတစ်ခုကတော့ … မဆုံသင့်ပဲ ဆုံရတာပါ … ။ ကုန်သည်ကတော့ … ရက်ရာဇာ ၊ ပြသဒါးရွေးတာ … သူ့ပိုက်ဆံရင်း အလုပ်လုပ်ရတဲ့အတွက်လို့ … ဖြည့်တွေးလို့ရပေမယ့် …. ဒီနေ့ ကုန်ကူး ..ဒီနေ့ငွေရွှင်မှ … စိတ်ချရမှာ .. အချိန်ဆွဲနေလို့ .. ကိုယ့်ရဲ့ ကုန်က .. ပုပ်ကုန်ဆိုလျှင် … ရက်ရာဇာ ၊ ပြသဒါးစောင့်နေတာနဲ့ .. စီးပွားရေးထိခိုက်မယ် … ။
    ဓါးပြကတော့ … တကယ်မငတ်တဲ့ ဓါးပြမို့လို့ ရက်ရာဇာတွေ ၊ ပြသဒါးတွေ စောင့်နိုင်တာလို့ ထင်ပါတယ် ….. တကယ်ငတ်လာလျှင် .. ရက်ရာဇာရောက်ဖို့ မစောင့်နိုင်ပဲ လှုပ်ရှားမယ်လို့ ထင်ပါရဲ့ … ။

    ခြေမကွဲတဲ့ လူနဲ့ ဆေးဆရာကတော့ .. လွဲတော့လွဲနေတယ် ..နည်းနည်းလေးပါပဲ …. ။
    ခြေမကွဲတဲ့ လူက … အကျိုးကို အရင်ကုခိုင်းတာ …
    ဆေးဆရာကတော့ .. အကြောင်းကို အရင်ကုချင်တာ …. ။
    (ကျွန်မအမြင်) ဖြစ်သင့်တာက .. အကျိုး(ခြေမကွဲခြင်း) ကို အရင်ကုပြီးမှ .. အကြောင်း(မျက်စိမကောင်းလို့ မမြင်တာ) ကို ကုသင့်တယ်လို့ ထင်ပါတယ် …
    ဆေးဆရာ သဘောအရ အကြောင်းကိုအရင်ကုလျှင် .. နောက်အလားတူ ကိစ္စတွေ ထပ်မဖြစ်တော့ပေမယ် ့ ရထားတဲ့ ဒဏ်ရာလေးက .. တဆစ်ဆစ်နာလို့ … စိတ်ခုနေရမယ့်အတူတူ … ခြေမကွဲတာ အရင်ကု ပြီးမှ .. မျက်စိပါဆက်ကု … :mrgreen:

  • ahnyartamar

    February 22, 2012 at 11:45 am

    Hinn…..should be thanks carefully about that.

  • rocker tun

    March 1, 2012 at 12:40 am

    ဟုတ်ကဲ့ပါ။ဖတ်သွားပါတယ်မှတ်သွားပါတယ်ပြန်စဉ်းစားလိုက်ပါဦးမယ်။

  • yan shin

    October 7, 2012 at 12:01 pm

    ၁၃ ဂဏန်း အိမ် ခြံ မြေ ကား ဝယ်ရင် လွယ်ပြီး ရောင်းရင် ခက်တာ ဘာကြောင့်လဲ

    • kai

      October 8, 2012 at 2:58 am

      ခရစ်ယန်အယူအဆလို့ ထင်မိပါတယ်..။
      တချို့မြန်မာတွေကတော့..(ဘာမှန်းမသိ) ကော်ပီကက်လုပ်ပုံရပါကြောင်း.. :kwi:

      Why is 13 an unlucky number?
      Answer:
      There are a few explanations of just why 13 has developed the reputation for being unlucky:

      In Christianity, the Last Supper had thirteen attendants, during which Jesus Christ revealed that one of the guests would betray him. Legend tells that afterward one of the Apostles, Judas Iscariot, did so and turned Jesus over to the Romans. This led to the crucifixion of Jesus. It is also claimed that Judas sat at the thirteenth place at the Last Supper’s table. As a result of this betrayal, the number 13 has maintained a bad reputation and has a superstitious characteristic in Christian culture.
      Bearing some similarity to the Christian tradition, in Norse lore, a banquet of twelve deities was interrupted by the evil god Loki, making thirteen the number of gods present when the nigh-immortal god Balder was killed by an arrow made from mistletoe (his only weakness). His death marked the beginning of Ragnarok, the end of everything.
      Thirteen is the number of circles used in Kaballah’s Metatron’s Cube. Although this glyph was typically used as a protective ward against demons and evil, its use in alchemy and magic may have led to a darker association with the form, much as a pentagram or pentacle has.
      In Meso-American divination, a trecena is a 13-day period used in pre-Columbian Meso-American calendars to mark the occurrence of important cycles of fortune/misfortune.
      The ancient Persians, assigning the twelve constellations of the Zodiac to the months of the year, believed that each sign ruled over Earth for a millennium. After the passing of this thirteenth era, chaos would ensue. The Persian tradition of Sizdah Bedar refers to this belief, in which people leave their houses to avoid bad luck on the thirteenth day of the Persian Calendar.
      The foiled Gunpowder Plot that threatened 17th Century England’s government consisted of thirteen original conspirators.
      Apollo 13 was the only unsuccessful mission by the United States of America’s NASA program to land a mission on the moon, although fortunately all of the craft’s crew returned to Earth safely.
      Traditionally thirteen is reported as the number of steps leading up to a gallows.
      In numerology, twelve is considered the number of completeness and thus thirteen was seen as disturbing that balance,
      Witches were claimed to gather in groups (a coven) of twelve and during such ceremonies, the devil would appear as the thirteenth attendee.
      On Friday, 13 October 1307, Philip IV of France ordered the arrest of the (Christian) Knights Templar and seizure of all of their assets based on accusations of various forms of heresy. Some were later tortured and then burned at the stake. This is commonly believed to serve as the origin for the observance of Friday the 13th as an unlucky day, however, no record of the date’s importance as a superstitious holiday is believed to exist before the 19th century.
      Friday the 13th is also theorized to originate from the claim that Jesus Christ was crucified on a Friday.

      Read more: http://wiki.answers.com/Q/Why_is_13_an_unlucky_number#ixzz28eB9yxpb

      • etone

        October 8, 2012 at 2:04 pm

        အဲ့ဒီ 13 ဂဏန်းပေါ့ .. ကျွန်မနဲ့ အတော် ကံစပ်တာ …. ။
        ဖဲရိုက်လို့ 13ဆိုလျှင်အရမ်းသဘောကျတယ် … လုံးဝ ကုလားမတက်ဘူးတော့ … ။ ကျောင်းတက်တုန်းကပါ … ကားစီးရတာဝေးတော့ တလမ်းလုံးဆော့သွားကြတာ …… ဟီး :mrgreen:
        သူများတွေက 13ကို အထူး တလည်ကြောက်ကြပေမယ့် … ကျွန်မတော့ … လုံးဝ .. လုံးဝ မကြောက်ပါ ။ အယူလည်း မသီးပါ .. ဂဏန်းကို .. ဂဏန်းလို့သာ မှတ်ပါတယ် .. 13 ပဲဖြစ်ဖြစ် .. 4 ပဲဖြစ်ဖြစ် … နိုးပလုံပလုံ …. :kwi:

        • Moe Z

          October 8, 2012 at 3:56 pm

          ၁၃ရက် ၄ ဂဏန်းကတော့ မိုးစက်အတွက် Lucky No. ပဲ ..
          အဲဒီရက်ဆို လက်ဆောင်တွေ အစုလိုက်အပြုံလိုက်ကိုရတာ 😉

  • kai

    October 8, 2012 at 2:46 pm

    တခါတလေက.. အယူသည်းတာကောင်းပါတယ်..။
    ဥပမာ.. ​၁ ဂဏန်းဆိုပါတော့.. ထိပ်ဆုံးစ ဖြစ်တာမို့.. ကောင်းတယ်ယူတာမျိုး..
    ၂ – ဆိုပါတော့.. မိနဲ့ဘ.. ၂ပါးမို့.. ကောင်းတယ်ယူတာမျိုး..
    ၃ – ဆိုပါတော့.. ရတနာသုံပါး.. ကောင်းတယ်ယူတာမျိုး..
    ၄ ဆိုပါတော့.. လေးလေးပင်ပင်.. နက်နက်နဲနဲရှိတာမို့.. ကောင်းတယ်ယူတာမျိုး..
    ၅ ဆိုပါတော့.. ပဉ္စ ဝဂီ္ဂငါးဦးမို့… ကောင်းတယ်ယူတာမျိုး.. ကောင်းတယ်ယူတာမျိုး..
    ၆ ဆိုပါတော့.. ဗုဒ္ဓက.. ဒုက္ခရစရိယာကို ခြောက်နှစ်ကျင့်ရတာမို့.. ကောင်းတယ်ယူတာမျိုး..
    ရ ဆိုပါတော့.. လပ်ကီးဆဲဗဲင်း… ကောင်းတယ်ယူတာမျိုး.. ကောင်းတယ်ယူတာမျိုး..
    ၈ ဆိုပါတော့.. ၈ပါးသီလမို့… ကောင်းတယ်ယူတာမျိုး.. ကောင်းတယ်ယူတာမျိုး..
    ၉ ဆိုပါတော့.. ဂဏန်းကြီးမို့ .. ကောင်းတယ်ယူတာမျိုး.. :kwi:

  • ကျန်တာတော့ မပြောတတ်ဘူး..တနင်္လာနှစ်ခါပြန် ဆိုတာတော့ မှန်တယ်တော့… နှစ်ခါပြန်လုပ်ရတဲ့နေ့ကို ပြန်သတိထားကြည့်လိုက်တိုင်း တနင်္လာနေ့ ဖြစ်နေတာချည်းပဲ… မယုံချင်ဘဲ ယုံထားရတာ… 🙂

Leave a Reply