မှတ်ပုံတင် ပါသော ပိုက်ဆံအိတ်တစ်လုံး ကောက်ရထားပါသည်။

padonmarFebruary 21, 20121min21516

၁၉ . ၂ . ၂၀၁၂ ည ကျိုက်ဝိုင်းဘုရားပွဲတော်

ဈေးတန်း၌ ပိုက်ဆံအိတ်တစ်လုံး

ကောက်ရထားပါသည်။

မအေးအေးအောင် သရတောကျေးရွာ တွံတေး

( အသက်- ၃၁ – နှစ်ခန် ့) ၏မှတ်ပုံတင် ပါသည်။

သက်ဆိုင်သူသည် မှတ်ပုံတင်နံပါတ်နှင့်

ပါဝင်သော ပစ္စည်းများဖော်ပြ၍

စက်ရုံမှူး မမိုးဝါ ( Tri Diamond အထည်ချုပ်စက်ရုံ)

ကျိုက်ဝိုင်းဘုရားအနီး ဖုန်း – ၆၆၅၃၆၈ ထံ တွင်ဆက်သွယ်ရယူနိုင်ပါသည်။

16 comments

  • water-melon

    February 21, 2012 at 8:05 am

    တေးဇူးရှင့်
    တမီးပိုက်ဆံအိတ်ပါရှင့်
    အိတ်ထဲမှာ ရွှေငါးကျပ်သားလက်ကောင်၂ ကွင်း
    တစ်ရှူးတစ်ထုပ်၊ ပြီးတော့ ဟိုဟာတစ်ခု၊
    မှန်ကန်ပါသလားရှင့်

  • ချစ်ရင်ထူးနှစ်

    February 21, 2012 at 8:49 am

    ဟိုဟာ ဆိုတာ ဘာတုန်း ဖရဲ. ကြာပွင့် တို့ကတော့ နိုင်ငံကြီးသား ပီသ လိုက်တာ
    ကောင်းပါတယ် အဲဒီလိုလုပ်ပေးတာလေ
    ဆိုဒ် အားလုံးကို မေးလ် ပို့လိုက်ရမှာ
    ခက်တာက သူ အင်တာနက် သုံး လား မသုံး လား ဆိုတာပါ
    သူ့ အသိ ထဲတော့ ရှိနှိုင်လောက်ပါရဲ့
    မတ်ပုတင် ဆိုတာက အရေးကြီးတယ်လေ
    ပျောက်တဲ့သူကလဲ ရဲစခန်း ကိုအရင် အကြောင်းကြားသင့်တယ်
    သာဓက တွေ အများကြီးမို့ပါ
    မေတ္တာဖြင့်
    ချစ်ရင်ထူး

  • စိန်ပေါက်ပေါက်

    February 21, 2012 at 10:46 am

    ဒေါ်လှတွေပါရင် များပိုက်ဆံအိတ်
    တပြားမှ မပါရင် များအိတ် မဟုတ်လောက်ဘူးတော့
    😀

  • we R one

    February 21, 2012 at 11:17 am

    သေချာတယ် တို့ဟာမဟုတ်လောက်ဘူး..

  • မိုက်ကယ်ဂျော်နီငပွ

    February 21, 2012 at 12:21 pm

    ပေါ့လျှော့ကြတာက တစ်ကဏ္ဍ
    ပြည်သူ့နိတိရှိကြတာက တစ်ကဏ္ဍဘဲ နော
    ပို့မယ့်ပို့ ကတို့ရောက်အောင်ဆိုလား
    မထူးပါဘူး အန်တီရယ် လိပ်စာအတိုင်းသာ ပို့ပေးလိုက်ပါတော့ 😀 😀 😀
    သူများတွေရွာမှာတော့ ကိုယ့်မှတ်ပုံတင်မှာ ဖုံးနာမည်တွေ အီးမေးနံပါတ်တွေ
    အိမ်လိပ်စာတွေရေးထားကြတာဘဲ
    ပြည်သူ့နိတိရှိတဲ့သူနဲ့ တွေ့တော့ ပြန်ရကြတာပေါ့ဗျာ
    တစ်ချို့များ စိတ်ကောင်းရှိပုံ စာတိုက်ကနေတောင်ပို့လာသေးတယ်
    ဒါက သူတို့ရွာမှာပြောတာ
    ကျုပ်တို့များရွာမှာတော့သွားမလုပ်နဲ့
    စိတ်ကောင်းရှိတဲ့လူက အိမ်တိုင်ရာရောက်လာပို့တာတောင်
    ရပ်ကွက်လူကြီးက တာဝန်ပျက်ကွက်မှု့နဲ့ ဖြတ်အုပ်မှာ
    ဟင်းဟင်း မယုံမရှိနဲ့
    သာကီတွေ သာကီတွေ

  • Wai Phyoe

    February 21, 2012 at 2:34 pm

    အာာပာုတ်လားဂျ ပိုက်ဆံတွေပါရင် အဲ့ဂျာ တားပာာ တားပာာ

  • kyeemite

    February 21, 2012 at 2:37 pm

    mayanmardailymail@googlegroups.com ကိုဒီအင်ဖေါ်မေးရှင်းလေးပို့လိုက်ပါ။
    ဂျီမေးတော်တော်များများကိုပြန့် သွားပါလိမ့်မယ်။…လေးစားပါဒယ် ဦးပုဒုံမာ..

  • awra-cho

    February 21, 2012 at 4:18 pm

    အပ်ချိတ် တစ်ချောင်း၊ ဝီစီတစ်ခု၊ မိတ်ကပ် နှုတ်ခမ်းနီ တို့ပတ် မှန် ၊စတစ်၂ဂစ်၊ပက်၊ ဆေးကဒ်၊ သရေပင်၊ တစ်ရှုး ဒါဗျဲ

  • “ဘီလူးကြီး”ogre

    February 21, 2012 at 8:27 pm

    ပိုက်ဆံအိတ်ထဲတွင်
    နှုတ်ခမ်းနီတစ်တောင့်
    မှန်တစ်ချပ်
    မိတ်ကပ်တစ်ဗူး
    တို့ဖတ်တစ်ခု
    လက်သဲညှပ်တစ်ချောင်းပါ၏
    မှန်တစ်ချပ်ပါနေပါလျှက် ဘီး မပါသဖြင့်
    ကတုံးမဟုယူဆသည် ဆံပင်မပါသူအမျိုးသမီး ဂတုံးများသာ
    လာရောက်ထုတ်ယူပါရန် 🙂 😛

  • Harumoto

    February 21, 2012 at 10:30 pm

    အဖေါ်မပါလို့..
    များဟာ မဟုတ်တာသေချာတယ်.
    ဒါဆို များအိတ်က ဟို တေဂျင်းဇိုး ဆီ ကျန်ခဲ့တာနေမှာ….း((

  • မိုးချမ်းမြေ့

    February 22, 2012 at 1:37 pm

    သူကြီးရေ…။ တကယ့်ကျက်သရေရှိတဲ့ အခြေအနေလို့ပြောရမှာပါ..။
    တသက်မှာ (လက်ရှိချိ်န်အထိ) ဒါမျိုးပွင့်လင်းပြီး ရိုးသားလို့ရတဲ့ စာမျက်နှာကြော်ငြာမျိုးကို
    မဖတ်ဖူးခဲ့ပါဘူး..။(သူများတော့မသိပါ)။ ဒါကလည်း…ဒီဂေးဇက်ရွာကြီးမှာ..ပထမဆုံးကြော်ငြာ
    ထင်ပါရဲ့..။ နည်းနည်း၊ များများဗျာ…..အခုလိုရိုးသားစိတ်နဲ့ သူတစ်ပါးတွေကိုပါ..ရိုးသားမှုကူးစက်အောင်
    ဆောင်ရွက်ခဲ့တဲ့..စက်ရုံမှူး မမိုးဝါ ( Tri Diamond အထည်ချုပ်စက်ရုံ) ကို ချစ်ခြင်းအားဖြင့်…
    လေးစားမိပါကြောင်း……

  • padonmar

    February 23, 2012 at 6:36 am

    ပိုက်ဆံအိတ်ထဲမှာ ဒေါ်လာတွေ တကယ်ပဲပါပါတယ်တဲ့။
    (စိန်ပေါက်ပေါက် နဲ့များဆိုင်နေမလား)
    နိုင်ငံကြီးသားပီသတာ ကျွန်မ မဟုတ်ပါဘူး၊
    အဲဒီ စက်ရုံက အလုပ်သမ လေးပါ။
    သူ့လစာထက်တောင် ပိုတဲ့ ငွေတွေ အဲဒီ ပိုက်ဆံအိတ်ထဲမှာပါပါတယ်။
    ကျိုက်ဝိုင်းဘုရားပွဲတော် ကြီးကြပ်ရေး ရုံးခန်းကို အကြောင်းကြားပြီး ကြေငြာခိုင်းတာလည်း လာမယူတော့ အနီးတဝိုက်နေ မဟုတ်လောက်ဘူးပေါ့။
    အိတ်ထဲမှာ ဘလေဇွန် စိန်ဂေဟာတွေမှာ တန်ဖိုးကြီး cosmetics တွေ ဝယ်ထားတဲ့ ဘောက်ချာပါတော့
    ဒီငွေလောက်ကို ပိုင်ရှင်က အရေးမထားလောက်ပေမယ့် မှတ်ပုံတင်လေးတော့ ပြန်ရချင်မှာပါ။
    ဒီတိုင်းပြည်မှာ မပုတင်ပြန်လုပ်ရတာ သိပ်စိတ်ညစ်ရပါတယ်။
    (ဓာတ်ပုံကလည်း ချောချောလေးနော်၊နှူးဘာတွေ မြင်ရင် ကူညီပရစေ ဖြစ်သွားမယ်)
    ကြီးမိုက်ပေးတဲ့ address ကိုပို့လိုက်ပါမယ်။မှော်ဆရာဂရုကိုပို့တာတော့ နောက်တယ်ထင်လို့လားမသိ၊တက်မလာဘူး။

  • padonmar

    February 24, 2012 at 1:09 am

    ကြီးမိုက် ပေးတဲ့ address ကို ပို့တာ ဒီလိုပြန်လာပါတယ်။

    We’re writing to let you know that the group you tried to contact (mayanmardailymail) may not exist, or you may not have permission to post messages to the group. A few more details on why you weren’t able to post:

    * You might have spelled or formatted the group name incorrectly.
    * The owner of the group may have removed this group.
    * You may need to join the group before receiving permission to post.
    * This group may not be open to posting.

Leave a Reply