ဒဏ်ရာရဘောလုံးသမားတွေအတွက် လူနာတင်ကားတစ်စီးတောင်မစီစဉ်ပေးနှိင်တဲ့ ဦးဇော်ဇော်

မြသဲ ( 17082011 )February 21, 20121min12411

အလှုအတန်းရက်ရောတဲ့ ဦးဇော်ဇော်၊ ပိုက်ဆံတွေ အုပ်လိုက်ဝေတဲ့ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးဥက္ကဋ္ဌဦးဇော်ဇော်။ ဒီလိုဂုဏ်ပုဒ်တွေပြည့်စုံတဲ့သူဟာ ဒဏ်ရာရနေ တဲ့ ဘောလုံးသမားတွေအတွက် လူနာတင်ကားတစ်စီးတောင်မစီစဉ်ပေးနိုင်ခဲ့ပါဘူး။ မောရဝတီနှင့် ကမော္ဘဇ အသင်းတို့၏ ပဒုမ္မာကွင်း ပွဲစဉ် ဒုတိယပိုင်းတွင် မောရဝတီ ကစားသမား အောင်ဌေးဦးသည် ဒူးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ရာ ဆေးရုံကား မရှိခဲ့၍ ၁၅မိနစ်ကြာခန့် စောင့်ဆိုင်းခဲ့ရကာ အဆုံးတွင် ကြုံသလို ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည် ဟု သိရသည်။ ကမော္ဘဇ အသင်းက ၆ – ၂ ဖြင့်အနိုင်ရရှိခဲ့သည့်အဆိုပါပွဲစဉ်တွင် ဒုတိယပိုင်းပွဲချိန် ၆၃ မိနစ်ခန့် တွင် မောရဝတီ ကစားသမား အောင်ဌေးဦး သည်ဘောလုံး ယှဉ်လုရင်း ဒူးတွင်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ အောင်ဌေးဦး ကို ထူးကျော်နှင့် လူစားလဲပြီး ဆေးအဖွဲ့မှ ဒဏ်ရာပြင်းထန်သည်ဟုယူဆ ကာ ဆေးရုံ သို့ပို့ဆောင်စေရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ပဒုမ္မာကွင်း အတွင်းဆေးရုံကားအဆင်သင့်ရှိမနေသောကြောင့် ၁၅ မိနစ်ခန့်စောင့်ဆိုင်းပြီးမှ အဆုံးတွင်အခြားကားနှင့် ကြုံသလိုဆေးရုံသို့ပို့  ဆောင်ပေးခဲ့ရသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီးကိုယ်တိုင်ကြုံခဲ့သူ ပွဲကြည်ပရိတ်သတ်များအကြား ဝေဖန်သံများထွက်ပေါ်လာခဲ့ကာ အားကစားမီဒီယာကလဲ “ ဆေးရုံကား မရှိဘူးဆို ရင်တောင်မှပဲ ဒဏ်ရာပြင်းထန်ရင် ဘယ်ဆေးရုံကိုဘယ်လိုပို့မယ်ဆိုတာ ကြိုစီစဉ်ထားသင့်တယ်။ အခုတော့ ကစားသမားက ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတာတောင် ဘာကိုဘယ်လိုလုပ်ရမှန်းမသိ၊ ဆေးရုံကားလဲမရှိနဲ့ ဖြစ်ခဲ့ရပါတယ်။ အသက်အန္တရာယ်ရှိနိုင်တဲ့ ထိခိုက်မှု့မျိုးဖြစ်နေရင်ဘယ်လိုလုပ်ကြမလဲ” ဟုဖွင့်ပြောခဲ့သည်။

ပြီးခဲ့သည့်စက်တင်ဘာလ ကလည်းအောင်ဆန်းကွင်းတွင် ကစားခဲ့သည့် အာဆီယံလူငယ်ပြိုင်ပွဲ ပွဲစဉ်တခုတွင် ထိုင်းကစားသမားတစ်ဦးသတိလစ် သွားခဲ့ရာ ကွင်းအ တွင်း ဆေးရုံကားရှိသော်လည်း ဝင်းတံခါးသော့ခတ်ထားသောကြောင့် ၅ မိနစ်ကြာခန့်စောင့်ဆိုင်းပြီးမှ ကွင်းအတွင်းမှထွက်ခွာခွင့်ရခဲ့သည်။

ထို့ကြောင့်လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသည့် ကစားသမား များအတွက် ကြိုတင် ပြင်ဆင်မှု အားနည်းချက်များ ရှိနေခြင်း အပေါ် ယခုကဲ့သို့ ဝေဖန်သံများ ထွက်ပေါ် ခဲ့ခြင်းလည်း ဖြစ်သည်။

11 comments

  • htoosan

    February 21, 2012 at 12:49 pm

    မီးသတ်ကား လှုတာတို့ လူနာတင်ယာဉ် လှုတာတို့ သတင်းစာထဲတော့ တွေ့ဖူးပါတယ် … ဘယ်ရောက်နေလဲတော့ သိဘူး …

    • Thel Nu Aye

      February 21, 2012 at 12:58 pm

      ပါတယ်လေ။ သော့ခတ်ထားပါတယ်ရှို။

  • water-melon

    February 21, 2012 at 1:18 pm

    KTV မှာ လှူထားတာထင်တယ်။
    မမတွေအကဲလွန်ပြီး သတိလစ်ရင် အဆင်ပြေအောင်လို့။

    • zarlay

      February 22, 2012 at 1:45 pm

      ပြောတော့မယ် မှန်တာတွေကို …လူဆိုး

  • ပိုက်ပိုက်တွေက ဘောလုံးသမားတွေတွက်ဟုတ်ဘူးလေ။မယ်လိုဒီတို ့ဂျင်းနီတို ့ဂျင်းပြာတို ့အတွက်…
    ဟွင်း. ငတ်လို ့ဘောလုံးကန်စားနေသလိုဖြစ်နေပီ။ဟန်ပြဘောလုံးလိဂ်လို ့ယူဆမိပါကြောင်း…

  • နှူးဘာဂိုဏ်းချုပ်

    February 21, 2012 at 1:35 pm

    ဒီနေ့ဘဲ အော်ဇီ ကစားသမား ဒဏ်ရာရလို့ စာချုပ်ဖျက်ရပြီး
    မြန်မာကစားသမားတယောက် ကျိုးလို့ ရာသီကုန်သွားတယ် ဖတ်လိုက်ရသေး..။

    ငှက်ကဌခမျာ မလဲ ခုတလော ကံနိမ့်တယ်ထင့် ….
    ၁၀ဝဖိုး ၃ယောက် လေးတွေနဲ့ ကာကာ ဆိုနေတဲ့ပုံ တက်လားတက်ရဲ့…
    တရားဟောပွဲ ပိတ်တယ်ထင်လို့ ဝိုင်းကလော်ခံထိလား ထိရဲ့ ….
    ၆လလောက် ဘာပွဲမှ မကစားတဲ့အသင်း အဆင့်ကျသွားလို့
    ဝိုင်းဆွမ်းကြီးလောင်းခံထိလား ထိရဲ့
    စိတ်ထိခယက်သွားလို့ … ဒီ၁ပုဒ်မှာတော့ဖြင့်.. ငှက်ကထ
    ဘက်က ရှေ့နေလိုက်ပါ့မယ်..

    ပြိုင်ပွဲကျင်းပရေးခေါ်မထီ ဆိုတာ ငှက်ကထ ၁ကောင်တည်းနားတဲ့ ကိုင်း
    မီဟုတ်ပါဝူးချင့် ….
    ပီး ..
    ၂ဖက်အသင်းကလည်း ဖိုတိစီတာ အိပ်စပရက်စ်ကြီး ဒွေဘဲ စီးနေပြီး
    အရေးဟယ် အကြောင်းဟယ် လက်တိုလက်တောင်း သုံးဖို့ ကွန်မျူတာလေး
    ၆စီတာ တူ တွဲလ်စီတာ လေးတစင်းစီတောင် ပါမလာတော့ ရုပ်ပျက်တာပေါ့ …။

    ဘောလုံးသမား ခညာ ကြုံရာ အမိုးမပါတဲ့ ဟိုက်အေ့ နောက်ခန်းမှာ ပက်လက်လိုက်
    ရတဲ့ပုံ ကြည့်ရတာ ရင်ထဲ မချိလို့ပါ….။

    ဝေဖန်စရာတွေ ရှိလင့်ကစား လုပ်တော့ လုပ်ပေးနေသူမို့ သများ တို့ ငှက်ကထ ဂျီးဟာ
    သများ မီးဒုတ်ရှို့တဲ့ ဘွဲ့ဝယ်ထားတဲ့ ဟိုလူဝဂျီးထက်တော့ အပုံဂျီးသာတဲ့လူပါချင့်

    😀

  • Burma

    February 21, 2012 at 8:16 pm

    ဒီဟာက နည်းနည်း တစ်ဖက်သတ် ဦးဇော်ဇော်ကိုပြောချင်တဲ့ပုံပေါက်နေတယ်။

    Soccer Myanmar က ကူးယူထားသလားဗျ?? ဦးဇော်ဇော် လူနာတင်ကား လေးတောင်မစီစဉ်ပေးနိုင်ဘူးဆို ဒီပြသနာတက်လာတာ ၃ ခါရှိသေးတယ် MNL က လေးနှစ်ရှိတော့မယ်။ ဘာလို့ ခုမှ ဒီပြသနာတက်လာတာလဲ?? ၊ ဦးသန်းရွှေကိုဖားဖား ၊ ဦးသန်းရွှေမြေးကိုပဲဖားဖားဗျာ ၊ ဦးဇော်ဇော်ကြောင့် Myanmar National League ဆိုတာ ပေါ်လာခဲ့တာမလား။ ဦးဇော်ဇော်ကျေးဇူးတွေ မြန်မာဘောလုံးကစားသမားတွေ ပေါ်မှာ မြန်မာပွဲကြည့်ချင်တဲ့ မြန်မာပရိတ်သတ်တွေ အပေါ်မှာရှိတယ်။နောက် သူ အိုမန်နဲ့ပွဲမှာ ဖြစ်တဲ့ပြသနာကြောင့် အပိတ်ခံရတယ် မြန်မာအသင်းပြန်ကစားရအောင် ကြိုးစားပေးတာ၊ ဒီ MNL မလုပ်ခင် လဲ နိုင်ငံခြားသွားပြီး သူ လ နဲ့ချီ လေ့လာ ၊ အစည်းအဝေးတွေတက်ခဲ့တယ်။ ဒါတွေကိုမစဉ်းစားပဲ “ဒဏ်ရာရဘောလုံးသမားအတွက် လူနာကားတစ်စီးတောင် မစီစဉ်ပေးနိုင်ဘူး” ဆိုတဲ့ခေါင်းစဉ်နဲ့တပ်ဖဲ့လို့မရဘူးလို့ထင်တယ်။ ပြီးတော့ Soccer Myanmar က ကူးခဲ့တာဆို ဒီဟာကိုပဲ ဆက်ကူးပါ။ ထိုကဲ့သို့ ကစားသမားများ ဆေးရုံသို့ ပို့ဆောင်ရန် အခက်အခဲ ကြုံနေရခြင်းနှင့် ပတ်သက်၍ မော်ရဝတီ အုပ်ချုပ်သူ ဦးငြိမ်းဝင်းအောင်က “သူ့ (ဥက္ကဋ္ဌ) အနေနဲ့ ကိုယ့်အိတ်ထဲက ပိုက်ဆံနဲ့စိုက်ပြီး လုပ်နေရတဲ့အချိန်မှာ အခုလို ဆေးရုံကားကိစ္စကအစ အသေးအမွှားတွေကို လိုက်ပြီး မတင်ပြလိုပါဘူး။ ဥက္ကဋ္ဌ စိတ်ညစ်သွားမှာ စိုးတယ်။ ဒါကြောင့် အသင်းအနေနဲ့ အဆင်ပြေအောင် လုပ်လိုက်ပါတယ်” ဟု ဆိုခဲ့သည်။ ထိုစကားနှင့် ပတ်သက်၍ မီဒီယာတစ်ဦးက ကစားသမား ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခြင်းအပေါ် အသေးအမွှား ကိစ္စဟု မြင်ပါသလားဟု မေးမြန်းခဲ့ရာ ဦးငြိမ်းဝင်းအောင်က “ကစားသမား ဒဏ်ရာရမှုဟာ အရမ်းကို အရေးကြီးတဲ့ ကိစ္စပါ။ ဒါဟာ ကစားသမား ဘဝကိုပါ ထိခိုက် နိုင်တာမျိုးပါ” ဟု ပြန်လည် ဖြေရှင်းခဲ့သည်။

    ခပ်ရှင်းရှင်းပြောရရင် ဥကဌဟာ ပွဲတစ်ပွဲစဉ်အထိကို လိုက်ပြီးကြီးကျပ်စရာမလိုဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲကျင်းပရေးကော်မတီဆိုတာရှိတယ်လေ။ သူတို့အနေနဲ့ဘောလုံးပွဲတစ်ပွဲမှာ ဘာလိုတယ် ဘာလိုတယ်ဆိုတာ သူတို့သိရမယ်။

    • Thel Nu Aye

      February 21, 2012 at 10:04 pm

      Soccer Myanmar ကိုမသိပါ။ မဖတ်ဖူးပါ။

      • Burma

        February 22, 2012 at 3:38 pm

        ဒါဆိုဆောရီး။ ဆက်ပြောချင်တာ ခုနက ဖတ်လိုက်ရတဲ့ အဲ့ website မှာတင်ထားတာအရဆို ဦးဇော်ဇော်ဟာ FIFA ကပေးတဲ့ ထောက်ပံ့စရိတ် ဒေါ်လာ 2 သိန်း ၂ သောင်းခွဲကို စီးပွာရေးပိတ်ဆို့မှုကြောင့် မရပဲ တစ်နှစ်ကုန်ကျစရိတ်၂ သန်းမှာ အများစုက သူ့အိတ်ထဲက စိုက်ထုတ်ထားရတယ်။ အဲ့ဒါ နှစ်နှစ်ရှိပြီလို့သိရတယ် ။ဒါမျိုးအခြေအနေမှာ ဒီလိုမျိုးဖြစ်တာဟာ မပြော ပ လောက်သေးဘူးလို့ပြောလို့ရပါတယ်။ သူ လဲ သိမှာပါ။ ဒါပေမဲ့ ချက်ချင်းကြီးလုပ်ဖို့ဆိုတာ အဆင်မပြောတာလဲဖြစ်နိုင်ပါတယ်။

  • unclegyi1974

    February 21, 2012 at 10:42 pm

    ဟုတ်တယ်ဗျဘားမားပြောသလိုပုဂ္ဂိုလ်ရေးပါနေတယ်ထင်ပါတယ်
    ဒီလိုကိစ္စမျိုးကကွင်းမှာတာဝန်ရှိတယ်လို့မြင်ပါတယ်
    ဦးဇော်ဇော်လိုလူကတင်ပြလာရင်သာဘယ်လိုဆိုပြီးအကြံဉာဏ်ပေး
    ငွေထောက်ပံ့ပေးလောက်လုပ်ပေးနိုင်မှာပါ
    လက်တွေ့လုပ်ဆောင်ဖို့ကကွင်းတာဝန်ခံတွေလို့မြင်ပါတယ်ဗျာ

Leave a Reply