မြန်မာကလေးငယ်များနှင့်ဒီမိုကရေစီ

ko htaikFebruary 21, 20121min826

ယနေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးနေပြီဖြစ်သည်

ရာနှုံးပြည့် အောင်မြင်သည်မအောင်မြင်သည်အသာထား လမ်းကြောင်းပေါ်တော့ မေးတင်နေပေပြီ

ဘယ်အချိန်မှာ အကောင်းဆုံးဖြစ်မယ်ဆိုတာ တော့မသိသေး

နိုင်ငံသားအားလုံး အလွှာအားလုံးက ကြိုးစားရပေမည်

ယနေ့နိုင်ငံသားအားလုံး ဒီမိုကရေစီဆိုတာ ဘယ်လိုဆိုတာသိပြီလား

ထားတော့ သိသူလည်းရှိမယ် မသိသူလဲရှိမယ် နဲနဲသိလဲရှိမယ်

ယနေ့ အခြေခံပညာ မူလတန်းကလေးတွေကို ဒီမိုကရေစီနဲ့ မိတ်ဆက်လေ့ကျင့်ဖို့လိုနေပြီဖြစ်သည်

ဘယ်လိုလေ့ကျင့်ကြမလဲ

ကလေးတွေကို ပုံစံသွင်းရပေတော့မည်

ဘယ်လိုသွင်းမလဲ

မိဘကလဲ ပုံစံသွင်းရမယ်

ဆရာတွေကလဲပုံစံသွင်းရမယ်

လွတ်လပ်မှု၊ တရားမျှတမှု၊ ကိုယ်ချင်းစာတရားထားရှိမှု၊ အထက်အဖွဲ့အစည်း အာဏာပိုင်ကို ယုံကြည်ကိုးစားမှု စတာတွေကို စတင်လေ့ကျင့်ဖို့

လိုအပ်လာပေသည်။

ယခင်က ကျောင်းနေအရွယ် မှုလတန်းကလေးတွေကို မိဘတွေက

သားကျောင်းမှာသူများက သားကို လုပ်ရင် မခံနဲ့ ပြန်ချ လို့ဆုံးမနေတာကို

သား ကျောင်းမှာ သားကို သူများက အနိုင်ကျင့်ရင် ဆရာမနဲ့သေချာသွားတိုင်နော်

ပြန်မလုပ်ရဘူး လို့ဆုံးမရတော့မည်

ဆရာများကလဲ ကလေးများတိုင်တန်းချက်ကို သေချာ အလေးထားဆောင်ရွက်ပေးရပေမည်

တနိုင်ငံလုံးမှာရှိတဲ့ ဆရာဆရာမအားလုံးက ယခုတည်းက ပျိုးထောင်လေ့ကျင့်ပေးရပေတော့မည်

ဒီနေရာမှာ ဆရာတွေရဲ့ အရည်အသွေး၊ စေတနာ၊ နားလည်သဘောပေါက်မှုအလွန်အရေးကြီးလာပါတယ်

မြန်မာ့ယဉ်ကျေးမှုထုံးစံ၊ နိုင်ငံတော်က ဆရာတွေကိုပေးထားတဲ့လုပ်ပိုင်ခွင့်၊ ဥပဒေ ၊ သီးခံအနစ်နာခံမှုတွေ ရှိဖို့က

အရမ်းကိုလိုအပ်ပါတယ်

တလောက ရန်ကုန်မြို့မှာ ကလေးတစ်ဦးကို ကျောင်းအုပ်တဦးက ဆုံးမလို့ အမှုဖြစ်ကြတယ်ဆိုတာကို

စာစောင်တွေ အင်တာနက်စာမျက်နှာတွေတော်တော်များများမှာဖတ်လိုက်ရပါတယ်

ကဲ မြန်မာလူနေမှု ယဉ်ကျေးမှုထုံးစံနဲ့ ဒီမိုကရေစီသဘောတရားကို ပညာရေးဝန်ထမ်းတွေအတွက်

စဉ်းစားကြည့်ကြမယ်

 

မြန်မာ ယဉ်ကျေးမှု ဓလေ့ထုံးစံအရကြည့်မယ်

ဆရာတွေသည် မိဘနဲ့တဂိုဏ်းထဲ အနနေအနတဂိုင်းဝင်

ဆရာတွေသည် ကျေးဇူးရှင်တွေ

ငယ်စဉ်ထဲက ကောင်းစေချင်လို့ဆုံးမကြရတယ်

ရိုက်နှက်မရမဲ့ကလေးကို ရိုက်နှက်ဆုံးမကြရတယ်

နာစေလိုတဲ့ စိတ်မရှိ ကောင်းစေလိုတဲ့စိတ်ပဲရှိလို့ဆုံးမကြရတယ်

ဆရာဆိုတာ ပီတိကိုစားပြီး အားလုပ်ကာ အသက်မွေးကြရတယ်

 

ဥပဒေအရ

ဆရာသည် ကလေးများကို ရိုက်နှက်ခြင်းခွင့်မပြု

ကလေးသူငယ်ညှင်းပမ်းနှိပ်ဆက်မှုမပြုလုပ်ရ

ဆရာများအား ကလေးများကို ပညာသင်ပေးရန် နိုင်ငံတော်မှ

လစာငွေချီးမြှုှင့်ပေးထားသည် အလကား စေတနာဗလပွနှင့်လုပ်ခိုင်းနေသည်မဟုတ်

ရိုင်းရိုင်းပြောလျှင် တန်ရာတန်ကြေးပေးထားသည်

 

အထက်ပါတင်ပြထားသော အချက်များအရ

ဆရာသည် ကလေးကို လုံးလုံးရိုက်နှက်မဆုံးမပဲနေလျှင်လဲမဖြစ်

ရိုက်ပြန်လျှင်လဲ အပြစ်မလွတ်ပေ

ထို့ကြောင့် ကလေးများကို ဒီမိုကရေစီ စနစ်မှာ စည်းကမ်းပြည့်ဝပြီး

ပညာရည်တိုးတက်ဖို့ရန်အတွက်

ဆရာများရဲ့ လုပ်ရည်ကိုင်ရည် မှာ အထူးပင်အရေးကြီးနေသည်ကိုတွေ့ရပေသည်။

ထို့ကြောင့် ဆရာဆရာမများ ဥပဒေ ယဉ်ကျေးမှုဓလေ့ထုံးစံများအကြား ပါးနပ်စွာဖြင့်

ကလေးများကို တိုးတက်သထက်တိုးတက်အောင် ပညာတက်သထက်တတ်အောင်

နည်းလမ်းများရှာဖွေ သုံးသပ်ရန် အထူးလိုအပ်ပေသည်။

 

 

6 comments

  • အင်းလိုအပ်လို ့ ရိုက်နှက်ဆုံးမရင်လဲ အခက်တော့ အခက်သားဗျ။
    တုတ်ကလေးဆပြီး အပြစ်ပေးမယ်လို ့တွန်းမှ စာလုပ်တဲ့ ကလေးတွေ
    ရှိပြန်ရောဗျ။ကလေးကို ဘယ်လိုပျိုးထောင်သင်ကြားရမလဲ ဆိုတဲ့
    နည်းလမ်းတွေ ထိရောက်ဖို ့လိုလာလိမ့်အုံးမယ်။

  • စိန်ပေါက်ပေါက်

    February 21, 2012 at 2:19 pm

    နိုင်ငံကြီးသာလေးတွေ မွေးထုတ်ပေးနိုင်ကြပါစေဗျာ
    နောင်တက်လာမဲ့ ခလေးတွေ ကိုတွေထက် ပိုကံကောင်းနိုင်ကြမှာပါ..
    စနစ်တကျ ပြုစုပျိုးထောင်ပေးကြဖို ့ပဲ လိုပါတော့တယ်..

  • kyeemite

    February 21, 2012 at 3:42 pm

    ဘယ်လိုလေ့ကျင့်ကြမလဲ

    ကလေးတွေကို ပုံစံသွင်းရပေတော့မည်

    ဘယ်လိုသွင်းမလဲ
    ဲမိဘကလဲ ပုံစံသွင်းရမယ်
    ဆရာတွေကလဲပုံစံသွင်းရမယ်

    လွတ်လပ်မှု၊ တရားမျှတမှု၊ ကိုယ်ချင်းစာတရားထားရှိမှု၊ အထက်အဖွဲ့အစည်း အာဏာပိုင်ကို ယုံကြည်ကိုးစားမှု စတာတွေကို စတင်လေ့ကျင့်ဖို့

    လိုအပ်လာပေသည်။
    ဆိုတဲ့အပိုဒ်မှာ….အထက်အဖွဲ့အစည်း အာဏာပိုင်ကို ယုံကြည်ကိုးစားမှု ဆိုတာဘာကိုဆိုလိုတာပါလိမ့်
    သိပ်မရှင်းလို့…
    နောက်တခုက…..ကလေးတွေကို ပုံစံသွင်းရပေတော့မည်။ တဲ့..ဒုက္ခော…ပုံစံသွင်းတယ်ဆိုတဲ့
    အသုံးက..ဇွတ်ကြီးမဆန်လွန်းဘူးလား…ဒီမိုကရေစီဆို…
    ဘာပဲပြောပြော..ko htaik ရဲ့ ပထမဆုံးပို့စ်လေးကိုအားပေးသွားပါဂျောင်း…

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 21, 2012 at 3:54 pm

    ဒီမိုကရေစီဆိုတာ ရုတ်တရက်ကြည့်ရင် တအားကိုလွတ်လပ်သလိုနဲ့ တကယ့်တမ်းကျ တခြားအုပ်ချုပ်ရေး
    စနစ်တွေနဲ့စာရင် ပိုအကျဉ်းအကျပ်ထဲရောက်သွားစေနိုင်တဲ့စနစ်ကြီးတစ်ခုပါ သူကအပြည့်အဝလုပ်ပိုင်ခွင့်ပေး
    ထားတာပါ သူများကိုထိခိုက်ခြင်းမရှိဘူးဆိုရင် ကိုယ်လိုချင်တဲ့ဘဝပုံစံကိုကိုယ့်အားကိုယ်ကိုးတဲ့စနစ်နဲ့တည်
    ဆောက်ခိုင်းခြင်းပဲဖြစ်ပါတယ်။ လူတစ်ယောက်ကိုမိမိရဲ့ဆင်ခြင်တုံတရားနဲ့ မိမိဘဝကိုထိန်းကျောင်းစေခိုင်း
    စေခြင်းပဲဖြစ်ပါတယ်။ မှားရင်ပြန်တည့်မှန်သွားရင်ဆက်လျှောက် ဘယ်လိုမှပြန်တည့်မရရင်ဒီစနစ်ထဲက ထွက်သွားရရော။ ကျွန်တော်မြင်တဲ့ဘက်ကကြည့်ရင်ပြောပါတယ်။ ဝေဖန်ရေးဆရာတော့မဟုတ်ပါဘူးဗျာ။
    ဒီတော့ကိုထိုက်ပြောတဲ့အတိုင်းဆိုရင် ဆရာတွေဆရာမတွေကကျောင်းသားတွေကိုသင်ကြားပေးတဲ့နေရာမှာ
    ရိုက်နှက်ခြင်းလဲမရှိရဘူး တတ်အောင်လည်းသင်ရမယ်။ အဲတော့တတ်အောင်လည်းသင်ဖို့ခက်ခဲတယ်
    ရိုက်ရဲရိုက်ကြည့်ဆိုတဲ့ကျောင်းသားတွေနဲ့ကြုံလာကြတဲ့အခါဆရာဆရာမတွေက ကျောင်းသားလေးတွေကို ဘယ်လိုလုပ်ကြမှာတဲ့လဲ ကျောင်းကထုတ်ပယ်ပစ်ကြမှာလား?
    ဂါရဝေါစ ၊ နိဝါတောစဆိုတဲ့စကားနဲ့အညီကော ကျောင်းသားတွေက ဆရာဆရာမတွေရဲ့ပြောဆိုဆုံးမမှု
    တွေနာခံကြမှာတဲ့လား ။ မနာခံရင်ကော ကျောင်းကထုတ်ပစ်ကြမှာလား?
    သူတို့ဒီလိုလုပ်မှာမဟုတ်ပါဘူး ကျောင်းသားကျောင်းသူတွေကို နားလည်နိုင်လာတဲ့အထိ သဘောပေါက်အောင် သင်ကြားပေးနေကြဦးမှာပါ။ ပညာသင်သားတွေမရှိရင် ဆရာဆိုတာလဲမရှိနိုင်တော့
    ဘူးလေ။ အဲတော့အဓိကက ကျောင်းသားတွေကိုမိဘတွေကရိုက်လည်းမရိုက်စေချင်ရင် ပညာကိုလည်း
    ကောင်းမွန်စွာသင်ကြားစေချင်ရင် ဆရာ၊ဆရာမတွေကိုရိုသေလေးစားတတ်ဖို့၊ ပြောစကားတွေကိုနားထောင် တတ်ဖို့ကိုကြိုတင်သင်ကြားပေး
    ရမှာပါ မူလတန်းမရောက်ခင်မူကြိုအရွယ်ကတည်းက ဒီ့မတိုင်ခင် မူကြိုမထားခင်ကာလကတည်းက
    မိဘဆိုတာသားသမီးတွေအတွက်လက်ဦးဆရာပဲဖြစ်တာမို့ သင်ကြားပေးထားကြမှသာလျှင် ဒီမိုကရေစီ
    ပညာရေးစနစ်ကိုအပီအပြင်ဖော်ဆောင်နိုင်မှာပါ။ ဆရာ၊ဆရာမများဟာလည်း စေတနာစစ်၊စေတနာမှန်
    များထားရှိပြီး အနစ်နာခံသင်ကြားပေးဆုံးမပေးပဲ့ပြင်ပြုစုပေးရမှာပါ။ မူလတန်းဆရာဆရာမတွေဆိုရင်
    စိတ်ရှည်သည်းခံမှုတွေပါပေါင်းစပ်ပြီး မြတ်ဆရာတစ်ယောက်ဖြစ်အောင်ကြိုးစားလာကြရတော့မှာပါ။
    ဒီမိုကရေစီခေတ်ကြီးက အပြိုင်အဆိုင်အရမ်းကိုများပြားပြီး အောင်မြင်မှု၊ကျရှုံးမှုတွေကကိုယ့်ရဲ့လက်တစ်
    ကမ်းကြိုးစားမှုရလဒ်တွေပေါ် အခြေခံမှာဖြစ်တဲ့အတွက် မိဘများကလည်းကိုယ့်ကလေးကိုသူများတွေထက်
    သာစေချင်ရင် မိမိရဲ့သားသမီးပညာရေးကို မဆိုင်သလိုလျစ်လျူမရှုထားကြပဲ ဂရုတစိုက်နဲ့ကျောင်းသားမိ
    ဘဆရာသမား ပူပေါင်းကြိုးစားမှသာလျှင်ဒီမိုကရေစီပညာရေးဟုခေါ်ဆောင်အပ်သော ကောင်းမွန်သည့်
    ပညာရေးစနစ်ကြီးတစ်ခုပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း ကျွန်တော့်ဖက်မှမြင်နိုင်စွမ်းရှိသလောက်
    ချောင်းကြည့်ပေါက်မှ ဝင်ရောက်ဆွေးနွေးအပ်ပါသည်။ မှားယွင်း၍ဆွေးနွေးမိသော အကြောင်းတရားများ
    ရှိခဲ့သော် ကျွန်တော်၏ချောင်းကြည့်ပေါက်ကလေးမှာ ကျဉ်းမြောင်းပေ၍အမြင်မှားပေသည်ဟုခွင့်လွှတ်ပြီး
    ရီပလိုင်းလေး ကွန်မန့်လုပ် တောင်ပေါ်သားစုတ်ကလေးကိုသွန်သင်ဆုံးမပေးစေလိုကြောင်း
    20အရွယ်လူငယ်တစ်ဦးအနေဖြင့်တောင်းပန်အဆိုပြုအပ်ပါသည်။
    လေးစားလျက်
    ရှမ်းပြည်သား(တောင်ပိုင်း)

  • mg mg

    February 22, 2012 at 10:31 am

    ပုံစံသွင်းတယ်နဲ့ အထက်အဖွဲ့အစည်း အာဏာပိုင်ကို ယုံကြည်ကိုးစားမှု ဆိုကြီးကတော့ သိပ်မနိပ်ဘူးလားလို့

    • ko htaik

      February 22, 2012 at 3:46 pm

      ပုံစံသွင်းတယ်နဲ့ အထက်အဖွဲ့အစည်း အာဏာပိုင်ကို ယုံကြည်ကိုးစားမှု
      ဆိုလိုချင်တာက
      ငယ်ငယ်တည်းက ဥပဒေပြင်ပက အနိုင်ကျင့်ခံရတယ်ဆိုရင်
      သက်ဆိုင်ရာက သေချာတိုင်ကြားပေးဖို့ကိုဆိုလိုတာပါ
      ကျောင်းကကလေး အနိုင်ကျင့်ခံရတယ်ဆို ဆရာမပေါ့
      ဆရာမက မဆုံးမရင် မိဘက ကျောင်းအုပ်ပေါ့
      အဆင့်ဆင့် ထိထိရောက်ရောက်လုပ်ဆောင်ဖို့ လေ့ကျင့်စေချင်တာပါ
      ဒါမှလဲ အဲကလေးတွေ ကြီးလာလို့ အကြီးအကဲဖြစ်လာရင် အကြောင်းအရာတွေကို
      သေချာကိုင်တွယ်ဖြေရှင်းနိုင်မှာပေါ့

Leave a Reply