အမေရိကန် ကွန်ဂရက် ကိုဗုံးခွဲရန်ကြံစည်သူအားဖမ်းမိ

Wai PhyoeFebruary 21, 20121min1022

အမေရိကန် ကွန်ဂရက် လွှတ်တော် (Capitol) ကို အသေခံ ဗုံးခွဲ တိုက် ခိုက် ရန် စီစဉ် ထား သည့်
မော်ရိုကန် လူမျိုး အမိုင်း အယ်(လ) ခါလီဖာ (Amine El Khalifi ) FBI တန်ပြန် အကြမ်းဖက်
အဖွဲ ့ က ဖမ်းဆီး နိုင်ခဲ့ သည်။

ကနဦး တရား ရုံး တွင် စစ်ဆေး မှု အရ ၎င်း သည် လူ အသေအပျောက် များ စေနိုင် သည့် ပေါက်
ကွဲ စေတတ် သော လက်နက် ခဲယမ်း များ သယ်ဆောင် လာ သည် ဟု CNN သတင်း တွင် ဖော်
ပြထား သည်။

၎င်း သည် ပြစ်မှု ထင်ရှား ပါက အစိုးရ အဆောက် အဦ ကို ဖျက်ဆီး ရန် အား ထုတ်မှု နှင့် အကြမ်း
ဖက်မှု ကျူးလွန် ရန် ကြံစည် မှု တို ့ကြောင့် ထောင်ဒဏ် တစ်သက် အထိ ကျခံ နိုင်ဖွယ် ရာ ရှိ သည်
ဟု အမေရိကန် တရား ရေးဌာန တာဝန် ရှိ သူ တစ်ဦး က ပြောသည်။

အမေရိကန် အထူး လုံခြုံရေး တပ်ဖွဲ ့ များ က သံသယ ရှိ သည့် အယ်(လ) ခါလီဖာ ကို သီတင်း ပတ်
ပေါင်းများ စွာ စောင့် ကြည့် နေခဲ့ ပြီး FBI အထူးယူနစ် မှ အကြမ်းဖက် သမား ဟန်ဆောင်ထား
သည့် အထူး ဧဂျင့် များ နှင့် ဆက် သွယ်မှု တွင် Washington DC  ရှိ ကက်ပီတိုလ် လွှတ်တော်ကို
အသေခံ တိုက် ခိုက် မည့် သူ ၏ အစီအစဉ် များ ကို ပြော ဆို ခဲ့ သည်။

၎င်း သည် ၁၉၉၉ ခုနှစ် က အမေရိကန် နိုင်ငံ တွင်း သို ့ B2 ဗီဇာ ဖြင့် ဝင်ရောက် ခဲ့ ခြင်း ဖြစ်ပြီး ဗီဇာ
သက်တမ်း ကုန် ဆုံး သွား ပြီး နောက် အမေရိကန် နိုင်ငံ အတွင်း ဆက် လက် ပြီး တရား မဝင်
နေထိုင် ခဲ့ သည်။

အသက် ၂၉ နှစ် အရွယ် ရှိ အမိုင်း အယ်(လ) ခါလီဖာ သည် အယ်(လ)ကာယီးဒါး နိုင်ငံ တကာ အကြမ်း
ဖက် ကွန် ယက် နှင့် ဆက်သွယ် မှု မရှိပဲ  ယခု တိုက် ခိုက် မှု ကို သူ တစ်ဦး တည်း ကြိတ်ပြီး ဆောင်ရွက်
ခြင်း ဖြစ်သည် ဟု ဆို သည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလ က အမေရိကန် နိုင်ငံ သား Rezwan Ferdaus သည် ကက်ပီတိုလ်
လွှတ်တော် ကို တိုက်ခိုက် ရန် စီစဉ် ခဲ့ ပြီး ၂၀၀၈ ခုနှစ် စက် တင်ဘာလ နှင့် ၁၉၉၉ ခုနှစ် ဇူလိုင်
လ များ အတွင်း ကလည်း အကြမ်းဖက် ူသမား အချို ့ က တိုက် ခိုက် ရန် စီစဉ် ခဲ့ သည်။

2 comments

  • Sandy

    February 21, 2012 at 1:49 pm

    မောင်ဝေဖြိုးကတော့ သတင်းအသစ်တွေပေးလိုက်ပြန်ပြီ ။ ကျေးဇူးပါ ။

  • Wai Phyoe

    February 21, 2012 at 2:24 pm

    ရှဲရှဲပါ Sandy Lay ရယ် မင်းလေးလည်းခုမှပဲကို့ကို ကွန်းမက်ပေးတော့တယ် မင်းလေးရဲ့ကွန်းမန့်လေးကိုလွမ်းနေတာ ဂလု

Leave a Reply