အရီးလတ်ရဲ့ ကျားမေမေအား အင်အားဖြည့်ခြင်း

ကြောင်ဝတုတ်February 21, 20121min17810

အရီးလတ်ရေးတဲ့ ကျားမေမေပိုစ့်ကို ဖတ်ပြီးနောက်

ကျွန်တော် အဲဒီစာအုပ်ကို ဖတ်ချင်စိတ်ပေါက်လာပါတယ်…

တစ်နေ့တစ်နေ့ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ် သွားနေတဲ့သူဆိုတော့ စာအုပ်ဆိုင်ပြေးဖို့ အခက်အခဲရှိသလို…

အနီးအနားကပေါ်ပြုလာစာအုပ်ဆိုင်မှာသွားမေးတော့လဲ ၃သောင်းရှစ်ထောင်တောင်းလို့ လန့်ပြီးပြန်လာခဲ့ပါတယ်….

အဲဒီတော့ အွန်လိုင်းဝယ်ဖတ်မယ်ဆိုပြန်တော့လဲ ခေတ်မီသောမြန်မာနိုင်ငံသားမို့ Credit Card ကလဲမရှိနဲ့ အခက်အခဲတွေ့ရပြန်ရော…

နောက်ဆုံး Copy Right ငြိတယ်ပဲပြောပြော…စာအုပ်ကို အင်တာနက်ပေါ်မှာ ဓားပြဗားရှင်းရှာရတော့တယ်…

နောက်ဆုံးတွေ့ပြန်တော့လဲ…တစ်ယောက်ထဲဖတ်ရမှာ တစ်ကိုယ်ကောင်းဆန်ရာရောက်တယ်လို့ ထင်လို့…

ဖတ်ချင်ရဲ့ ကျွန်တော့လိုပဲ အခက်အခဲတွေနဲ့ကြုံနေသူတွေကို ကိုယ်ချင်းစာတဲ့အတွက် Download လုပ်ရလွယ်ကူမယ်ထင်တဲ့

File Share ကနေပြီးတော့ Upload လုပ်ပေးလိုက်ပါတယ်….

Link: http://www.datafilehost.com/download-02d12c7a.html

တကယ်လို့ Copy Right နဲ့ငြိတယ်ဆိုရင်တော့ သဂျီးရယ်…တမျိုးလုပ်ကြတာပေါ့…

တကယ်လို့ အဆင်မပြေဘူးဆိုရင် Email လေးတွေထားခဲ့ပေါ့နော်…ကြိုးစားပြီး Send လုပ်ပေးပါ့မယ်…

ဒီစာအုပ်ကို ဘာသာပြန်ဖို့စိတ်ဝင်စားတဲ့ ရွာထဲက ဘာသာပြန်စာရေးဆရာအပေါင်းလဲ ပြန်ကြပါနော်…အင်္ဂလိပ်စာအားနည်းတဲ့

ကျွန်တော်တို့လို လူတွေ အဆင်ပြေပြေနဲ့ဖတ်နိုင်တာပေါ့…

ခင်တဲ့-

ကြောင်ဝတုတ်

 

 

10 comments

  • water-melon

    February 21, 2012 at 3:11 pm

    အမလေး ၃သောင်းရှစ်ထောင်
    တစ်လခစာလောက်ရှိတယ်
    တော်ပြီ download လုပ်ပြီးဖတ်တော့မယ်တော်ရေ့
    ကျေးဇူး အိမ်သာထဲက ဦးကြောင်ဝတုတ်

  • နှူးဘာဂိုဏ်းချုပ်

    February 21, 2012 at 3:21 pm

    အိခ် ..၃သောင်း၈ထောင်
    ၁ဝဒေါ်လာတန်က အဲ့ရောက်သွားရင် အဲ့ဈေးဖစ်တွားဒယ် ….
    စိတ်ထိခယက်ချင်နေတာနော်…..

    တော်ဘာဘီ ဂါယာ သွားလိုက်ပါဦးမယ်
    ပြန်လာမှ ဖတ်ဖို့ စဉ်းစားတော့မယ် …အဟီး …..
    😀

  • MaMa

    February 21, 2012 at 3:30 pm

    ကြောင်ဝတုတ်ရေ-အဲဒီဝထ္ထုကို မြန်မာပြန်ပြီးသားရှိတယ်။ ဖော်ဝဒ်မေးလ်တွေမှာ အများကြီးပဲ။ ဖိုရမ်မှာ တင်ပေးလိုက်ဦးမယ်။

  • FattyCat

    February 21, 2012 at 3:57 pm

    ဟုတ်လား မမရယ်…
    လုပ်စမ်းပါဦး…ကော်ပီလေးပဲရရ…
    ကျွန်တော် PDF သေချာလုပ်ပြီး ပြန်တင်ပေးပါ့မယ်….

  • MaMa

    February 21, 2012 at 4:12 pm

    မေးလ် အင်ဗောက်စ ကို ပြန်ဖွနေတာ မတွေ့သေးလို့ စိတ်ရှည်ရှည်ထားပါ ဖက်တီးကက်ရေ။
    ခု ပြန်ဖွရင်းတွေ့တဲ့ ဦးသန့်စာတစ်ပုဒ်တော့ ဖိုရမ်မှာ တင်ထားလိုက်တယ်။
    ခုတ်ရာတခြား ရှရာတလွဲ 😛

  • Khin Latt

    February 22, 2012 at 5:06 am

    အဲဒီစာအုပ်ကို အမေဇုံ အွန်လိုင်း က ဝယ်တာ ပို့ခအပြီး ကို ၆ပေါင် နီးပါးဘဲကျတယ်။
    မြန်မာ ငွေ နဲ့ ဆို ခုနှစ်ထောင်ကျပ် လောက်ပေါ့။
    အခုတော့ ၅ဆ နီးပါး ဈေးကြီးနေပါလား။
    ထားပါတော့ Import မို့။

    မဆိုင်တာ ဆက်မန့်ရရင် …..
    ဒီမှာ ကြက်ဥ အလတ်စား ၁၅လုံး တခု ကို ၁ပေါင်နဲ့ ၂၅ပြား = ၁၅၀ဝ ကျပ် (တလုံးကို ၁၀ဝကျပ်)
    မြန်မာပြည်မှာ ဘယ်ဈေးရှိလဲ?

    တကယ်တော့ လခ တွေကို အာရိုက်ပြီး တက်ပေးဖို့ လုပ်မဲ့ အစား ဖြစ်နိုင်တဲ့ အခြေခံ စားကုန်ဈေးနှုန်းတွေ ကို မကျကျ အောင်လုပ်ပေးရမှာ။
    မွေးမြူရေး သမားတွေ၊ စိုက်ပျိုးရေးသမားတွေ၊တောင်သူလယ်သမားတွေ ကို တော်တော်များများ ပံ့ပိုးပေး ပြီး ထွက်ကုန် နဲ့ လိုတဲ့ စားသုံးနိုင်မှု ကို မျှအောင်လုပ်ရမှာ။
    တောမှာ လဲ စာသင်ကျောင်းကောင်းကောင်း၊ ဆေးရုံကောင်းကောင်း တွေ ပါ ပံ့ပိုး ပေးလို့ကတော့ လူတွေလဲ အလုပ်ရ၊ ဘယ်သူမှလဲ အားယားပြီး မြို့ ကို တက်လာမှာ မဟုတ်တော့ဘူး။ မြို့က လူ တွေတောင် တောကို ပြောင်းသွားကြမှာ။

    PS – တစ်ချို့ ဒေါင်းလုပ်ဆိုက် တွေမှာ ဗိုင်းရပ်စ်အများ ပျော်ပါးစွာ စောင့်နေတတ်ပါသည်။
    မသိတဲ့ နေရာကဆို ရှောင်တာက ကိုယ့် ကွန်ပျူတာ ကျမ်းမာရေး ကို စိတ်ချရပါ၏။
    ကြုံတုန်း ဆရာ ဝင်လုပ်သွားပါ၏။ အဟိ 😉

    • Foreign Resident

      February 22, 2012 at 6:14 am

      ” မဆိုင်တာ ဆက်မန့်ရရင် …..
      ဒီမှာ ကြက်ဥ အလတ်စား ၁၅လုံး တခု ကို ၁ပေါင်နဲ့ ၂၅ပြား = ၁၅၀ဝ ကျပ်
      (တလုံးကို ၁၀ဝကျပ်)
      မြန်မာပြည်မှာ ဘယ်ဈေးရှိလဲ ? ”

      ကျွန်တော်တို့ ဩဇီ / ဆစ်ဒနီ မှာ
      Chicken Drum Stick, 1 Kilo gram = 3.00 Australia Dollars
      ကြက် ပေါင် တစ်ကီလို ၆ဝသား ကို ၃ A$ = ၃ x ၈၀ဝ = ၂၄၀ဝ ကျပ် ။

      ဒါကြောင့် ၊ ကြက်ပေါင် တပိသာ ကို ၄၀၀ဝ ကျပ် လောက် ကျမယ် ။
      မြန်မာပြည် နှင့် ဈေး အတူတူလောက်ပဲ ရှိမယ် ထင်ပါတယ် ။

      ဒါပေမယ့် ။ ( But, very big BUT )
      မြန်မာပြည်မှာ တိုင်ရီ ဖိနပ်စက်ရုံမှာ အလုပ်သမလေးတွေ
      ဆန္ဒပြနေတာ တစ်နာရီ လုပ်အားခ ၁၅ဝ ကျပ် ရချင်လို့လို့ ကြားတယ် ။

      ဩဇီ ရဲ့ အနဲဆုံး တစ်နာရီ လုပ်အားခ က 15.51 A$ = 15.51 x 800 = 12408 Ks ပါ ။
      ဩဇီ ရဲ့ အနဲဆုံး တစ်နာရီ လုပ်အားခ က ၁၂၄၀ဝ ကျပ်ပါ ။
      ဥပဒေ နှင့် ပြဌာန်းထားပါတယ် ။ ဒီ့ထက်လျော့ပေးလို့ မရပါဘူး ။
      ဒီ့ထက်လျော့ပေးရင် အလုပ်ရှင် အဖမ်းခံရပါမယ် ။
      အောက်က Web Page မှာ ဖတ်ကြည့်လို့ ရပါတယ် ။
      ( http://www.fairwork.gov.au/pay/national-minimum-wage/pages/default.aspx )

      ကျွန်တော့် အမြင်တော့ ၊
      အခု တိုင်ရီ ကိစ္စ မှာလည်း တိုင်ဝမ် ပိုင်ရှင်တွေကို အပြစ်တင်လို့ မရပါဘူး ။
      ( ဒါကြောင့်လည်း အမေစုတို့လို နိုင်ငံရေးသမားတွေ လက်ရှောင် နေတာဖြစ်မယ် )
      ကိုယ့်နိုင်ငံရဲ့ ဥပဒေ ကိုယ်နှိုက်က မလုံလောက်တာပါ ။
      အလုပ်သမား ဥပဒေ တွေ ပြင်ပေးရပါမယ် ။

      • kai

        February 22, 2012 at 6:18 am

        အယ်လ်အေမှာတော့.. ကော့စကိုက..ကြက်ဥ ဆိုဒ်အကြီးစား..
        ငါးဒါဇင်.. အလုံး၆ဝကို.. ၈ဒေါ်လာလောက်( ဈေးများချိန်ဆို .).ရှိတယ်.
        ပုံမှန်ကတော့.. ၅ဒေါ်လာလောက်ပါ…။

        မဆိုင်တာမန့်တာ.. ဆောတီးနော.. ကျားဒေါ်ဒေါ်လတ်..။

        ဆိုင်တာမန့်လိုက်ရင်.. “သက်သတ်လွတ်.. အကောင်မသတ်ရ.. တိရိစ္ဆာန်များကို မသတ်ရ”…အော်ကြပြီး.. ကြက်ဥကျ..ဈေးပေါပေါစားချင်သူတွေအကြောင်း.. အသားကောင်းကောင်း မြိုဆို့ချင်သူတွေအကြောင်း… ရောက်သွားမှာစိုးလို့…။ 😆

        • နှူးဘာဂိုဏ်းချုပ်

          February 22, 2012 at 8:09 am

          ဘီလိုဖစ်လို့ ကြက်ဥဘက်ရောက်တွားတာလဲ ကိုယ့်ဆြာတို့ ….
          😀

          သည်မှာတော့ သများ ၁ဝလုံးဈေး 168円~198円 ပေးစားရပါတယ်ချင့်
          စကားပြန်စပ်ရရင်
          အနှီစာအုပ် ကို အမေဇုံက ဝယ်ရင် ယန်းထောင့်ရှစ်ရာ …(မူရင်း တန်ဖိုး၂ဆနီးပါး)…
          ဂါးးးးးးးးးးးးး
          စိတ်ဖောက်လာဘီ ….

          ဂျာပုဒွေ ..ဂျာပုဒွေ …. အခွန်အတုတ် ဖိထားလို့
          မသေရုံတမယ် ခံဇားနေကြရတာများပြောပါတယ်….
          သူများတိုင်းပြည်က ထုတ်တဲ့ပစ္စည်း ထားဦးတော့ …
          ကိုယ့်တိုင်းပြည်ကထုတ်တဲ့ ကင်မလာ ပြောင်းတောင်
          ကမာ္ဘမှာ ရောင်းတဲ့ဈေး ၂ဆနီးပါး ပေးဝယ်နေရရှာတဲ့ ဂျာပုဒွေ …
          ဇေးတခုဟင်း(ဇိမ်ခံပစ္စည်း) မို့လို့တဲ့ ….ချဉ်ထှာ …
          ဝယ်ဘူးဟေ့ ….စလုံးကမှာ မယ် …မှတ်ထား ….ခွီး ………..

  • thet pying phyo

    February 22, 2012 at 10:32 am

    ကျွန်တော့် အမြင်တော့ ၊
    အခု တိုင်ရီ ကိစ္စ မှာလည်း တိုင်ဝမ် ပိုင်ရှင်တွေကို အပြစ်တင်လို့ မရပါဘူး ။
    ( ဒါကြောင့်လည်း အမေစုတို့လို နိုင်ငံရေးသမားတွေ လက်ရှောင် နေတာဖြစ်မယ် )
    ကိုယ့်နိုင်ငံရဲ့ ဥပဒေ ကိုယ်နှိုက်က မလုံလောက်တာပါ ။
    အလုပ်သမား ဥပဒေ တွေ ပြင်ပေးရပါမယ် ။

    Yes, it’s quite correct. Basically, i believe one of country developments depends on also confirmation of labours law.

Leave a Reply