သင်ကော ဘယ်လို မြင်လဲ။

manawphyulayFebruary 21, 20121min35015

money ဆိုတဲ့ ငွေအကြောင်း နည်းနည်းပြောကြည့်မယ်။ ငွေကြောင့် ဘာတွေပြောင်းလဲသလဲ။ ဒီတော့ အမြင်လေးတွေလည်း လိုချင်ပါတယ်

Money
ငွေ

If a man runs after money, he is moeny man.
ငွေနောက်လိုက်တော့ ဥစ္စာရူးတဲ့။

If he keeps it, he is capitalist.
ငွေရှာပြီး စုဆောင်းတော့၊ ဓနရှင်ဖြစ်ပြန်ရော။

If he spends it, he is a play-boy.
ငွေဖြုန်းတော့ လူ့ဘော်ကြော့လို့ ပြောကြတယ်။

If he doesn’t get it, he lacks ambition.
ငွေရှာလို့ မရတော့၊ လူပျော့လူညံ့လို့ ကင်ပွန်းးတပ်ကြတယ်။

If he gets it without working, he is parasite.
ငွေက အလိုလို အိမ်ပေါ်ရောက်လာတော့၊ အချောင်သမားဘွဲ့ထူးပေးကြတယ်။

If he gets it after of hard labour, he is a fool who gets nothing from life.
ငွေကို အပတ်တကုတ် ကြိုးစားရှာတော့ ကျွန်ဇာတာပါတဲ့သူဆိုပြီး မေးငေါ့ကြပြန်ရော…….

ref : English Digest 1955

ကဲ သင်ကော ဘယ်လို မြင်လဲ။ ဘာတစ်ခုမှ မကောင်းဘူးနော်။

15 comments

  • water-melon

    February 21, 2012 at 3:32 pm

    မရှိမကောင်း ရှိမကောင်းလို့ မြင်ပါတယ်ရှင့်
    မေ့နေလိုက်တာ မိပေါက်ထဲက နေ့ပြန်တိုးလေးသွားယူအုန်းမယ်
    ဝမ်းစာအတွက်၊မိန်းမအတွက်၊ယောက်ျားအတွက်၊သားသားမီးမီးအတွက်၊ဖေဖေမေမေအတွက်၊
    စသည့်လူတွေငွေရှာနေတာပါ

  • etone

    February 21, 2012 at 3:40 pm

    စိတ်ခံစားမှုအပိုင်းကလွဲလျှင် … ငွေနဲ့ …အရာအတော်များများကို ပြီးမြောက်အောင် အောင်ရွက်နိုင်တယ် … ။
    မိန်းမတွေက ..ဆင်းရဲတဲ့ဒဏ်မခံနိုင်ကြလို့ … အသက်ရွယ်ရှိတုန်း … ကိုယ့်တကိုယ်စာ လောက်ငှအောင်ရှာထားသင့်တယ် … မိန်းမတွေ .. အရမ်းကြပ်တည်းလာလျှင် .. ငွေရလွယ်တဲ့ ဟိုဟာတွေ ဖြစ်ကုန်တော့တာပါပဲ .. ။

    ယောကျာ်းတွေလက်ထဲမှာတော့ ငွေအများကြီး မရှိသင့်ပါဘူး …ယောကျာ်းအများစုက .. လက်ထဲငွေရွှင်တာနဲ့ … သုံးဖြုန်း ပျော်ပါးဖို့ဘက်ကိုစိတ်ကရောက်သွားရော… အရင်က … မသုံးတတ် ၊ မစွဲတတ်လည်း .. ပိုက်ဆံလက်ထဲများလာတာနဲ့.. မွေးရာပါ ပညာတတ်လာသလိုပဲ .. မဟုတ်က ဟုတ်က နေရာတွေမှာ သွားဖြုန်းတတ်ကြတယ် …. ။

    ပိုက်ဆံရှာရတာ မလွယ်ကူတဲ့လူတွေ ပိုက်ဆံရဲ့ တန်ဖိုးကိုသိတတ်ကြပြီး … ပိုက်ဆံမရှာဖူးတဲ့ လူတွေ … သိပ်နှမျော တွန့်တိုမှု မရှိတတ်ကြဘူး … ။ ဘယ်လိုပဲဖြစ်ဖြစ် .. ကိုယ်ကတော့ လူမိုက်ပါပဲ.. လူမိုက်နဲ့ငွေ .. အတူမနေဆိုတဲ့ … စကားပုံလေးရှိထားလို့ပါပဲ … ။

  • စပ်ဖြဲ

    February 21, 2012 at 3:41 pm

    မင်းဘာမှမလုပ်နိုင်သေးခင်မှာ အတော်များများကိုတော့ မင်းလက်ခံရမှာပဲပေါ့…။

  • စိန်ပေါက်ပေါက်

    February 21, 2012 at 4:14 pm

    money education ကိုနားလည်ရင်
    အဲဒီမေးခွန်းလေးတွေ မေးစရာမလိုတော့ဘူးနော့
    ဗိုက်နာလာလို့ ပြေးပြီဗျို့ ဗျစ် ဗျစ် ဗျစ်ဗျစ်ဗျစ် ဗျစ်ဗျစ်ဗျစ်ဗျစ်

  • အကယ်၍များ ‘ငွေ’ က ကျနော်နဲ့ မျက်နှာကြော မတည့်တဲ့ လူတစ်ယောက် ဆိုပါစို့ … ။
    ဒါဆို ကျနော်က ဒီလို ပြောမယ် … ။ အဲဒီ ငွေက ဘာမှ ဟုတ်တာ မဟုတ်ဘူး။ ခပ်ရူးရုး တစ်ယောက်ပါ … ဘာကြာကွိကွ .. ဝေဖန်မိမယ် … ။
    __________________________________
    အကယ်၍များ ‘ငွေ’ က ကျနော် ချစ်ရတဲ့ ကျနော့်ရဲ့ ညီငယ်လေး ဖြစ်မယ် ဆိုပါတော့ …
    ဒါဆို ကျနော်က ဒီလိုပြောမယ် … ။ ဟာ … အဲဒီ ငွေ က အရမ်းတော်တာ။ တကယ် လိမ္မာတဲ့ ကောင်လေး .. စသည်ဖြင့် ဘာကြာကွိကွ … ချီးကျူးစကားတွေ ပြောပါမယ် … ။

  • Green Rose

    February 21, 2012 at 9:55 pm

    ငွေဆိုတာ ကုန်စည်ဖလှယ်ဖို့အတွက် ကြားခံအနေနဲ့ သုံးခဲ့တာကနေစခဲ့တာပါ။ သေချာတာက ငွေဆိုတာ လူက ဖန်တီးခဲ့တာပါ။ လူက ဖန်တီးတဲ့ငွေနောက်ကို လူက ပြန်လိုက်နေရတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ငွေက လူကိုသုံးသွားတာမျိုး မဟုတ်ပဲ လူကငွေကို သုံးတယ်ဆိုတာမျိုးပဲဖြစ်သင့်ပါတယ်။

    လေးစားစွာဖြင့်
    (Green Rose)

  • unclegyi1974

    February 21, 2012 at 10:31 pm

    ငွေဆိုတာခိုင်းတတ်ရင်အလွန်အသုံးတည့်တဲ့ကျေးကျွန်ကြီးပါကွယ်

  • mg mg

    February 22, 2012 at 10:25 am

    ပိုက်ဆံလို့မြင်တယ်။

  • Diamond Key

    February 22, 2012 at 10:29 am

    တို့က စိန်သော့ ဆိုတော့ ငွေကို သော့လို့ မြင်တယ်။ 😛
    ဘာမဆို ဖွင့်လို့ရတယ် ။ 😀
    ဖွင့်မဲ့တဲ့ ခလောက်ကတော့ ဖွင့်မယ်သူနဲ့ ဆိုင်တယ်။ 🙄
    ကောင်းတာတွေ ရွေးဖွင့် မလား ဆိုးတာတွေ ရွှေးဖွင့်မလားပေါ့။ 😛
    မနောလို သက်ကြီးတွေကို ကုသိုလ်လုပ်ပြီး နိဗ္ဗာန်တံခါး ဖွင့်လဲရတာပဲ။ 😡
    ဟိုလူကြီးတွေလို .. ကာရာအိုကေမှာ ငွေသော့နဲ့ …. ဟို xxxxxxxxxx လဲရတာပဲလေ။ (ဆိုင်တံခါးနဲ့ သီချင်းဆိုစက် ဖွင့်တာပြောတာနော် … တစ်မျိုးမတွေးကြနဲ့) :mrgreen:
    ဟိ …. 😉

  • htoosan

    February 22, 2012 at 10:50 am

    ငွေဆိုတာ .. ရေလို သုံးရင်.. လုပ်သမျှသင့်တယ် …. (ရှေးရှေးက)

    ငွေဆိုတာ် .. ရေလိုသုံးရင် .. လုပ်သမျှ ဖေ့ဘုတ်ပေါ်တက်တယ် …. (ယခုခေတ်)

  • htoosan

    February 22, 2012 at 10:53 am

    ဆောရီး .. စာလုံးပေါင်းမှားသွားတယ် … လုပ်သမျှတင့်တယ်…

    သူကြီးက အက်ဒစ်လုပ်ခွင့်လည်း မပေးတော့ပြန်ဘူး ။။
    ခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ အစိုးရလိုပါဘဲလား …. 😀 😀

  • ahnyartamar

    February 22, 2012 at 3:22 pm

    If you follow by money, money go away.
    when money looking to you, you can’t run away.

  • snow white

    February 22, 2012 at 4:51 pm

    ငွေကိုအစကသိပါဘူမိဘဆီကတောင်းလိုက်တာဘဲခုတော့ကိုယ်တိုင်ရှာဖွေတော့မှငွေကရှာရတာမလွယ်ပါဘူးသုံးတာမြန်တယ်လေတကယ်ငွေတန်ဖိုးကိုသိနားလည်တဲ့လူမှငွေရဲ့တန်ဖိုးကိုနားလည်တယ်ချွေတာတက်လိမ့်မယ်

  • thanzin cho

    February 22, 2012 at 5:16 pm

    ငွေဆိုတာ လူတိုင်းအတွက် သည်းခြေကြိုက်တစ်ခုပါပဲ။ မရှိလို့လည်း မဖြစ်ဆိုတော့ ရှာလေ သုံးလေ ကုန်လေပေါ့နော်။ သုံးတာ လွယ်ပြီး ရှာတာခက်တာတော့ တကယ့်ကို မလွယ်တဲ့ကိစ္စပါပဲ။

Leave a Reply