အခုတစ်လော အမျိုးသမီးသီးသန့် ယာဉ်လိုင်းတွေ ပေါ်လာလို့ ကားပေါ်မှာ မိန်းကလေးတွေကို နှောင့်ယှက်တဲ့ ကာအိန္ဓြပျက်ပြားစေတဲ့ အပြုအမူတွေ နည်းသွားတော့မှာပါဆိုပြီး ဝမ်းသာလို့မှ မဆုံးဘူး … မနေ့က အလုပ်ကို ပြန်ရောက်ပြီး သိပ်မကြာဘူး အိမ်ကိုလာနေကျ အစ်မဝမ်းကွဲ အပျိုကြီးတစ်ယောက် ဒေါကြီးမောကြီးတက်လာပါရော ဒါနဲ့ ဘာဖြစ်လာတာလဲ ဆိုပြီးမေးတော့ ကားပေါ်မှာ ထောက်လှမ်းရေးတစ်ယောက်နဲ့ ကြုံတာ ပညာပေးခဲ့ပြီး ဒေါပွလာခဲ့တာပါတဲ့ အဲ့တာနဲ့ နွယ်ပင်ကလည်း စိတ်လျှော့ပါ ကိုယ်ကလည်း ပညာပေးခဲ့တယ်ဆိုသေး ဘာဖြစ်လို့ ဒေါသထွက်ရတာလဲဆိုပြီးမေးတော့ သူက ဖြစ်ကြောင်းရယ် ကုန်စင်ကိုပြောပြပါတော့တယ် …..
Xxxxxxxxxxxxxxxxxxxxxxxxxxxx
အစ်မက သူ့တို့အိမ်မှာ အလှူရှိလို့ အမျိုးတွေအိမ် လိုက်ဖိတ်ပါတယ်တဲ့ ဇဝန မှာ၇ှိတဲ့ အမျိုးအိမ်ကို ဖိတ်ပြီး နောက်ဆုံး နွယ်ပင်တို့ အိမ်ပဲ ကျန်တော့လို့ အဲ့ကနေ ကားတက်စီးလာတာ သူစစစီးချင်းတုန်းက ကားက သိပ်မကြပ်ပဲ ချောင်လို့ နေရာတောင် ရနေတာ နောက် နှစ်မှတ်တိုင်လောက်လည်း ရောက်ရော ကားက လူတက်များပြီး ကြပ်လာတယ် အစ်မရှေ့မှာလည်း ခပ်သေးသေး ခပ်ပိန်ပိန် အသက် နှစ်ဆယ်ဝန်းကျင်လောက် ကလေးမလေး တစ်ယောက်လာရပ်နေပါတယ်တဲ့ ကောင်မလေးနားမှာတော့ သူ့သူငယ်ချင်းလို့ ယူဆရတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် စကားပြောရင်းပါလာပါတယ် တာမွေဈေးလဲ ရောက်ရော ကောင်မလေးရဲ့ သူငယ်ချင်း နှစ်ယောက်က ဆင်းသွားပြီး ကောင်မလေးနားကို အသက် 40 နီးပါး ကုလားတစ်ယောက်လာရပ်ပါတယ်တဲ့ ကားစထွက်တော့ ကောင်မလေးက အစ်မထိုင်နေတဲ့ ခြေထောက်နားကို အရမ်းတိုးပြီး လာကပ်တော့ အစ်မကလည်း ခြေထောက်ကို နည်းနည်းနေရာရွေ့ပေးလို့ ကောင်မလေး လက်ထဲက ခြင်းတောင်းလေးကိုလည်း ကိုင်ထားပေးလိုက်ပါရော ဒါပင်မယ့် ကောင်မလေးက အစ်မနားကို ထပ်ပြီးတိုးလာတော့ အစ်မကလည်း စိတ်ထဲ ဒီကောင်မလေး ဘာလို့ ဒီလောက်တိုးရတာလည်းဆိုပြီး ကောင်မလေးကို ကြည့်လိုက်တော့ ကလေးမလေးရဲ့ မျက်နှာက မျက်ရည်တွေနဲ့ ဝါးပြီး ခန္ဓာကိုယ်ကလည်း တုန်နေပါတယ် ဒါနဲ့ အစ်မကလည်း ဘာဖြစ်တာလဲဆိုပြီး စူးစမ်းလိုက်တော့ ဘယ်ဟုတ်မလဲ ကောင်မလေးရဲ့ အနောက်က ကုလားက ကလေးကိုမဖွယ်မရာလုပ်နေတာကို တွေ့လိုက်ရပါတယ်တဲ့ ဒါနဲ့ ဒေါသကြီးပြီး ထင်ရာလုပ်တက်တဲ့ အစ်မက ကောင်မလေးကို သူ့နေရာဖယ်ပေးပြီး သူကတော့ ကောင်မလေးနေရာမှာ ရပ်လိုက်ပါရော အစကတော့ နောက်ကရပ်နေတဲ့ ကုလားက အစ်မကို ဒေါသထွက်သလို မျက်နှာနဲ့ ကြည့်နေပါတယ်တဲ့ အစ်မကိုလည်း မှတ်တိုင်ရောက်လို့ဆင်းမယ်ထင်သွားတာပေါ့ ဒါပင်မယ့် အစ်မက မဆင်းပဲ ကောင်မလေးနေရာဝင်ရပ်လိုက်တော့ သဘောကျသွားတဲ့ ပုံစံနဲ့ အနောက်မှာ ရပ်မြဲ အတိုင်း ရပ်နေပါရော . အစ်မကတော့ သူ့ကို ကုလား ဘယ်အချိန်ထောက်လှမ်းရေး လာလုပ်မလဲဆိုပြီး နောက်ကို လက်ပစ်ပြီး စောင့်နေပါတယ်တဲ့ သိပ်မကြာတဲ့ အချိန်မှာ ကုလားက သူ့လုပ်ငန်းလဲ ပြန်စလာရော အစ်မက ဘာမပြောညာမပြောနဲ့ ကုလားရဲ့ဖွားဖက်တော်ကို အားပါးတရကို လက်နှစ် ဖက်နဲ့ အင့်ကနဲဆိုပြီး ပါးစပ်ကအသံမြည်အောင်ကို ဆွဲညစ်ပစ်လိုက်ပါတယ်တဲ့ ပြီးမှ ကုလားခြေထောက်ကို အားပါးတရ စောင့်နင်းလို့ နွယ်ပင်တို့ အိမ်မှတ်တိုင်ရောက်လို့ ဆင်းလာခဲ့တာပါဆိုပြီး ပြောပြတယ်
အစ်မကလည်း အပျိုကြီးပီပီ အရမ်းလဲစွာပြီး သူလုပ်ချင်တယ်ဆိုရင်ေ၇ှ့နောက်မစဉ်းစားပဲ လုပ်တက်တဲ့ အကျင့်ကရှိနေတော့ အခုလည်း သူနဲ့မဆိုင်တဲ့ကိစ္စမှာ မနေနိုင်မထိုင်နိုင်ဝင်ပါခဲ့ပြီး (တစ်ခြားနည်းနဲ့ ကူညီပေးလို့လဲ ရရဲ့သားနဲ့) ဒေါသတွေထွက်နေတာ မပြီးနိုင်မစီးနိုင်ကို ဖြစ်လို့ အဲတာနဲ့ နွယ်ပင်က ကဲကဲ ဒေါသကိုလျှော့ ထမင်းစားချိန်လည်းရောက်ပြီ ထမင်းစားဆိုပြီး ထမင်းခူးကျွေးတော့မှ ဇာတ်လမ်းက စတော့တယ် သူ့မှာ လက်ကိုဆေးလိုက် ဝေါ့ ဆိုပြီး အန်လိုက် ထမင်းစားမယ်လုပ်လိုက် သူ့လက်ကိုကြည့်ပြီး အန်လိုက်နဲ့ မနေ့က ပြန်တဲ့ အချိန်ထိ နွယ်ပင်တို့ အိမ်မှာ ထမင်းမစားဘဲ ပြန်သွားလေရဲ့ ………………

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..