အမျိုးသမီးသီးသန့်ဆိုက်ကား

WowFebruary 21, 20121min21827

Gender equality ရှိနေဘီလို့ပြောရမလား ရွေတောင်ကြားလမ်းနားမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးပါ။ ဘဝကို ရိုးသားစွာဖြတ်သန်းနေသူတစ်ယောက် အဖြစ် လေးစားမိပါတယ်။

kokyaw thu facebook မှကူးယူဖေါ်ပြပါသည်။

27 comments

  • water-melon

    February 21, 2012 at 3:24 pm

    လေးစားပါတယ်
    အနော်တို့လို့ အားတောင်းမားတန် အခြောက်တွေတောင် ဆိုက်ကားမနင်းနိုင်တာ
    သူကနင်းနိုင်တယ်ဆိုလို့ အားကျပါကြောင်း။
    စိန်ပေါက်ရေ ကြီးမိုက်နဲ့အံလေးကို ဆိုက်ကားနင်းတတ်အောင် သင်ပေးလိုက်ပါကွယ်။

  • etone

    February 21, 2012 at 3:28 pm

    တယ်ဟုတ်ပါလားဗျို့ .. အမျိုးသမီးများရဲ့ … လုပ်ကိုင်နိုင်ခွင့်နဲ့ အခန်းကဏ္ဍအရင်ကထက်ပိုများလာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ….။

    ဒါပေမယ့် .. သင့်တဲ့ လျှောက်ပတ်အောင်တော့ .. ဝတ်ဆင်ဖို့ လိုမယ်ထင်ပါတယ် … ။
    ဆိုက်ကားနင်းတာဆိုလျှင် ဘောင်းဘီရှည်လိုမျိုးတွေ ဝတ်နင်းသင့်ပြီး အင်္ကျီ လည်ပင်းမဟိုက်တာတွေ ..ဖြစ်သင့်ပါတယ် … ။ဆံပင်ကိုလည်း ..သေချာ စည်းနှောင်ထားသင့်ပါတယ် .. ဒီပုံထဲက ဆံပင်က တိုလို့ .. အရှည်သာဆို .. ခရီးသည် လည်ပင်ပတ်နေလျှင် ဘယ်လို လုပ်မလဲ .. ။ဓါတ်ပုံထဲက နေရာက .. ကားရှုပ်တဲ့နေရာမျိုးပဲ … ဘောင်ထရီနားမှာလေ … ။
    ရွှေတောင်ကြားလိုနေရာမျိုးမှာ .. တစ်ကိုယ်တော်ဆိုက်ကားနင်းတာကတော့… မိန်းမတစ်ယောက်အနေနဲ့ သတိတော့ ရှိသင့်ပါတယ် … ။

    ကိုယ်ပိုင်ကားလောက်သာ အဖြတ်များပြီး … ခြံကျယ်ကြီးများနဲ့ … လမ်းလျှောက်တဲ့ လူနည်းတဲ့ နေရာမျိုးမို့ … မကောင်းကြံသူတွေရှိလျှင် … အိန္ဒြေပျက်ပြားစေနိုင်လို့ပါပဲ … ။ 🙄

  • နှူးဘာဂိုဏ်းချုပ်

    February 21, 2012 at 3:57 pm

    Oops…!

  • kyeemite

    February 21, 2012 at 4:26 pm

    ဖြဲသီးမ..ငါနင်းတတ်တယ်အေ့…အီးတုံးပြောသလို သူများအနိုင်ကျင့်မှာ စိုးလို့မနင်းဒါ…

  • စိန်ပေါက်ပေါက်

    February 21, 2012 at 4:37 pm

    များတို ့နင်းရင်တော့ အီးထွက်သွားနိုင်တယ်
    ဗျစ်..ဗျစ်..စ်..ဘစ်စ်..

  • intro

    February 21, 2012 at 4:46 pm

    အဆန်းပဲနော်…. တစ်ခါမှ မမြင်ဖူးဘူး။

  • Harumoto

    February 21, 2012 at 4:47 pm

    ဘဝကို ရိုးသားစွာ ဖြတ်သန်းနေသူတို့အားအစဉ်လေးစား ဂုဏ်ယူပါတယ်။

  • အလို … ဟို အမျိုးသမီးက ဆိုက်ကား တက်ခွထားပါလား ..
    အမြင်တော့ မတော်ပေဘူး …
    သို့သော် တကယ် အလုပ်လုပ်တာဆိုရင်တော့ ချီးကျူးဖို့ အလွန်ကောင်း၏ ….

  • kai

    February 21, 2012 at 5:01 pm

    အမျိုးသမီးဆိုတာ.. ခန္တာသဘာဝအရကို.. ယောက်ျားထက်စာရင်..အားအင်နည်းတယ်…။
    ဆိုတော့..
    ဆိုက်ကားနင်းတာလို.. အားအင်စိုက်ထုတ်ရတဲ့..အလုပ်နဲ့မအပ်စပ်ပါဘူး..
    ဒါဟာ.. ဒီခေတ်..ဒီအချိန်ရဲ့.. မြန်မာပြည်အခြေအနေ မီးမောင်းထိုးပြနေတာပါ..။

    အင်း..
    ယောကျာ်းတွေဘာလုပ်နေကြသလည်း တွေးမိသွားပါရဲ့..။
    တိုင်းပြည်ရဲ့..အလုပ်လုပ်နိုင်တဲ့.. အရွယ်ကောင်းယောကျာ်းတွေလေ…
    ဘာလုပ်နေကြသလည်းဟေ့….
    ဘာလုပ်နေကြသလည်းဟေ့….
    ဘာလုပ်နေကြသလည်းဟေ့…. 👿

    • သဂျီး … များက အလုပ်နဲ့ အကိုင်နဲ့နော် ..
      ဗျို့ … စိန်ပေါက်တို့၊ ဗြဲသီးတို့၊ ကြီးမိုက်တို့ …
      ဒီမှာ သဂျီးအော်နေတယ် …
      ခီများတို့ ဘာလုပ်နေကြသလည်းဟေ့ … တဲ့
      😀 😀

      • စိန်ပေါက်ပေါက်

        February 21, 2012 at 5:15 pm

        အဝတ်လျှော်-မီးပူတိုက်နေပါတယ်တော့

  • Thel Nu Aye

    February 21, 2012 at 5:12 pm

    ရိုးသားစွာလုပ်ကိုင်စားသောက်တာ ဂုဏ်ယူစရာပါ။

  • cobra

    February 21, 2012 at 6:57 pm

    တကယ်ကိုမကြုံဘူးတာပဲ
    ဘာပဲပြောပြော သူ့လိုစိတ်ဓာတ်ကို ယောက်ျားတန်မဲ့လိုက်တောင်း
    နေတဲ့သူတွေကိုပြရမှာ။

  • mg mg

    February 21, 2012 at 9:43 pm

    ပရိသတ်ကြီး အဆင်ပြေတယ်မဟုတ်လား၊
    အဆင်ပြေရင်လက်ခုပ်သံလေးကြားချင်တယ်။
    မိဘလုပ်စာထိုင်ဖြုန်း၊ ကလေကချေ၊ အလေနတော၊ အုတ်ကြားမြက်ပေါက် 109/110-မဟာပုရိသများ မြင်စေသတည်း။

  • ဦးဦးပါလေရာ

    February 22, 2012 at 12:32 am

    ကြားကိုမကြားဖူးဘူး….
    ဓါတ်ပုံတွေ့တော့ တော်တော်အံ့ဩတယ်
    တနေ့ ကားပြန်ဝယ်ဖြစ်ရင် သွားရှာပြီးတော့ကို ကိုယ်တိုင်ချီးကျူးစကားပြောမယ်။

    စီးပွားရေးအကြောင်းပြပြီး ပြည့်တန်ဆာလုပ်သူတွေ
    ခိုးဝှက်တောင်းရမ်းသူတွေ ကြည့်ဘို့ကောင်းတယ်။

    ကျုပ်ဆီကအမျိုးသမီးဝန်ထမ်းတယောက်ဆို
    သူ့သားနဲ့ချွေးမကို အိမ်ပေါ်တင်ရှာကျွေးနေရတယ်
    သူ့သားက ပျင်းလို့ ပင်ပန်းမှာကြောက်လို့ မနက်စောစောမထနိုင်လို့
    ဘာအလုပ်မှမလုပ်ပဲ အမေ့လုပ်စာကို အားပေးနေတာ
    အဲလို နွားတွေ ဒါမျိုး မြင်ဘူးတယ်ရှိအောင် ခေါ်ပြချင်လိုက်တာ။

  • FattyCat

    February 22, 2012 at 10:03 am

    တစ်မျိုးတော့မထင်ပါနဲ့နော်…
    ကျွန်တော့်အလုပ်က အဲဒီနားမှာပါ…
    နေ့တိုင်းလိုလိုအဲဒီရှေ့ကနေ ဖြတ်သွားနေကျ…
    အဲဒီအမျိုးသမီးကို သုံးလေးခါတွေ့ဖူးပါတယ်…
    တစ်ခါက အဲဒီဆိုက်ကားကို ငှားစီးဖူးပါတယ်…
    အဲဒီအမျိုးသမီးရဲ့ ယောင်္ကျားက ဆိုက်ကားဂိတ်မှာနင်းပါတယ်…
    တစ်ခါတစ်လေ အဲဒီအမျိုးသမီးက ဟိုနားဒီနားကိုအဲဒီဆိုက်ကားသုံးပြီးသွားပါတယ်…
    ဆိုက်ကား Professional နင်းစားတာမဟုတ်ပါဘူး…

    ကြောင်ဝတုတ်
    Professional ဆိုက်ကားအသင်း

    • Thel Nu Aye

      February 22, 2012 at 12:27 pm

      ဟမငေး ဖက်ဖက်ရေ ဆိုက်ကားစီးတယ်လာ့။ အောင်မယ်ငီးးးးးးးးးး။ နာ့ဆိုက်ကားလေးနာ့ဆိုက်ကားလေး။

    • thuyazaw21451

      February 22, 2012 at 12:54 pm

      အဲဒီဆိုက္ကားဆရာ တော်တော်ကံဆိုးပီပဲ………..အဲဒီနေ့က ဘုရားရှိခိုးမလာဘူးထင်ပါ့…… ဒါနဲ့ အနှီမိန်းမက ဂယ်နင်းတာလား………..ဖက်ကပ်ကကော ဂယ်စီးခဲ့တာလား…….. ဂယ် စီးခဲ့ရင် တနားပါတယ်နော်………….:D

      • jujuma

        February 22, 2012 at 1:37 pm

        ဂယ်နင်းပါဘူးး.. ဂဲလ် နင်းတာပါ..:D
        ဟုတ်ပါတယ်..သူ့အမျိုးသားဆိုဒ်ကားကို ဟိုသွားဒီသွား ခဏငှားစီးတာပါ..အဲလေ
        ခဏယူသွားတတ်တာပဲရှိတာပါ..စီးပွားဖြစ် ဆိုကက္ကားသမားမဟုတ်ပါဘူးးးး
        မိန်းကလေးတစ်ယောက်အင်အားနဲ့လဲ မဖြစ်နိုင်လောက်ပါဘူးဗျ ….

  • ahnyartamar

    February 22, 2012 at 3:28 pm

    try hard Mummy, children are waiting at home, when you coming back.

  • Wow

    February 22, 2012 at 4:45 pm

    မေးတဲ့သူနဲ့ ဖြေတဲ့သူ သူ့ဟာသူ အဆင်ပြေနေတော့ နာဝင်ပါစရာမလိုဒေါ့ဘူး… 😀
    ကြောင်ဝတုတ်ကသိတယ်ဆိုရင် အားတဲ့နေ့သူ့ကို သွားဗျုးပါလား ပီးရင် ပို့စ်ပြန်တင် .

  • manawphyulay

    February 22, 2012 at 6:08 pm

    အင်း ဒီပုံကတော့ လင့်လမ်းကွေ့နားက နေရာထင်တယ်… အင်းလျားလမ်းကို တက်မှာလား…

  • FattyCat

    February 23, 2012 at 10:05 am

    ကြောင်ဝတုတ် ။ ။ အစ်မက ဆိုက်ကားသီးသန့်နင်းတာလား
    ဆိုက်ကားဆရာမ ။ ။ ဆိုက်ကားက တစ်ယောက်နင်းဆိုက်ကားမို့ သီးသန့်နင်းပါတယ်…

    ကြောင်ဝတုတ် ။ ။ အစ်မဆိုက်ကားနင်းသက်ဘယ်လောက်ရှိပြီလဲ
    ဆိုက်ကားဆရာမ ။ ။ ကိုယ်ပိုင်ဆိုက်ကားဆိုတော့ စာချုပ်စာတမ်းမရှိလို့ အတိအကျတော့မသိပါဘူး

    ကြောင်ဝတုတ် ။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ဆိုက်ကားနင်းဖို့ ဘာလို့စဉ်းစားမိတာတုန်း
    ဆိုက်ကားဆရာမ ။ ။ သွားချင်တဲ့နေရာကို ယောင်္ကျားလိုက်ပို့ဖို့ပြောရတာနဲ့ စောင့်ရတာ စိတ်မရှည်လို့

    ကြောင်ဝတုတ် ။ ။ အမျိုးသမီးဆိုက်ကားနင်းတယ်ဆိုပြီး အွန်လိုင်းမှာ နာမည်ကြီးနေလို့
    ဆိုက်ကားဆရာမ ။ ။ အွန်လိုင်းဆိုတာ နေပြည်တော်က လိုင်းခန်းအသစ်တွေလား

    ကြောင်ဝတုတ် ။ ။ အွန်လိုင်းဆိုတာ အင်တာနက်ကိုပြောတာပါ
    ဆိုက်ကားဆရာမ ။ ။ ဒါဆိုရင်တော့မဖြစ်ဘူး…အိမ်ကယောင်္ကျားသိရင်ပြသနာတက်လိမ့်မယ်
    အင်တာနက်ပေါ်ရောက်ရင် မိန်းမတွေ အကျီ င်္မကပ်တော့ဘူးကြားတယ်

    ကြောင်ဝတုတ် ။ ။ အဲလောက်လဲမဆိုးပါဘူးအစ်မရယ်
    ဆိုက်ကားဆရာမ ။ ။ မဖြစ်ဘူး သမ္မတကြီးဆီ စာရေးတိုင်ရမယ်…

    • Wow

      February 23, 2012 at 7:01 pm

      ထိုသို့ကြောင်ဝတုတ်မှ အမျိုးသမီးသီးသန့်ဆိုက်ကားဆရာမကို အင်တာဗျူးနေစဉ်….

      ဆိုက်ကားဆရာမ၏ယောက်ကျား ။ ။ ဟေ့ကောင် မင်းငါ့မိန်းမနားကပ်ပီး ဘာလုပ်နေတာလဲ

      ဆိုက်ကားဆရာမ ။ ။ ဒီမှာတော့ကျုပ်ကို အင်တာနက်မှာ တင်ပေးမလို့တဲ့….

      ဆိုက်ကားဆရာမ၏ယောက်ကျား ။ ။ ဘာ…..ကွ….. မင်းက ငါ့မိန်းမကို ဟိုလိုဒီလိုပုံတွေ ဒါ့ပုံရိုက်ဖို့ လာဖျာရောင်း အဲလေ ဖြားယောင်းနေတာပေါ့….

      ကြောင်ဝတုတ် ။ ။ အဲ့လိုမဟုတ်ပါဘူး အစ်ကိုတို့ရဲ့ ကျွန်တော်တို့ မမWow က ကျွန်တော့်ကို အင်တာဗျူးလုပ်ဖို့လွတ်လိုက်လို့ပါ…

      ဆိုက်ကားဆရာမ၏ယောက်ကျား။ ။ ဘာမှလာရှင်းမပြနဲ့… ဟေ့ ဂိတ်သားတွေ ဒီကောင်ကိုဝိုင်းကြစမ်း …. တစ်ခါထဲ ကုန်းကုန်းလုပ်ပစ်မယ်….
      ဟေ့ကောင် မပြေးနဲ့….

      ထိုသို့ဖြင့် မိမိကျမ်းမာရေးအတွက် စိုးရိမ်စရာအခြေအနေရောက်လာသဖြင့် ကြောင်ဝတုတ်မှာ အင်တာဗျူး မဆက်နိုင်တော့ဘဲ …. ဖနောင့်နှင့်တင်ပါးတစ်သားထဲ နောင်တော်ကြီး မင်းအုပ်စိုး နီးပါးဖြစ်လုဖြစ်ခင် အသက်လွတ်ရုံ ပြေးခဲ့ရပါကြောင်း….. 😀 😛 🙂

Leave a Reply