MPT ရဲ ့စိတ်ကူး ယဉ်အိပ်မက် ပျက်ပြယ်တော့မှာလား???

YE YINT THUFebruary 21, 20121min20017

MPT ရေ  face book မှာဒီနေ ့ကြားရတဲ့  သတင်းအရ ကြံ့ဖွံ ့က ၅၀၀ဝ ဆင်းကဒ် ကိစ္စကို အခုကျင်းပနေတဲ့ လွှတ်တော်မှာ proposal တင်ပြီးဆွေးနွေးတော့ မယ်တဲ့နော်။

ဥပဒေအရ လောလောဆယ် မဖြစ်နိုင်သေးပါဘူး လို ့တွင်တွင်အော်ပြီးငြင်းချက်ထုတ် မင်း  အကာအကွယ် ပေးနေတဲ့  ကုမ္ပဏီ ၂၃ ခုရဲ့  အကျိုးစီးပွားအတွက်  ဘယ်လိုဆက်ပြီးဆင်ခြေပေးရမလဲဆိုတာ စဉ်းစားထား ပေတော့။ အကယ်၍သာ ၅၀၀ဝ ဆင်းကဒ်ကိစ္စကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖေါ် ဖို ့များ လွှတ်တော်ကဆုံးဖြတ်ခဲ့ရင်မင်းရဲ့စိတ်ကူးယဉ်ထားတဲ့အိပ်မက်တွေ…မြောင်းဘေးရောက်သွားမှာဘဲ…………….။

ကြုံကြိုက်တုန်း သိချင်တာတစ်ခုလောက်မေးချင်တာက  မင်းဆီက အင်ဂျင်နီယာတွေကဘဲ တကယ်မ တတ်တာလား???  အရည်အချင်းမရှိတာလား???     ကမ္ဘာနဲ ့အဝှမ်းပေါ်ပေါက် သုံးစွဲနေတဲ့ နောက်ဆုံးပေါ် ဆက်သွယ်ရေးနည်းပညာတွေကို မသိတာလား??? တိုု ့ထက်ဆင်းရဲတဲ့ နိုင်ငံက ပြည်သူတွေတောင် ဈေးသက်သက်သာနဲ ့mobile phone သုံးစွဲနိုင်တဲ့ အဆင့်ရှိတယ်။

အများပြည်သူအတွက် အသက်သာဆုံးဖြစ်အောင်လုပ်မေးမယ်ဆိုတဲ့ စိတ်ရင်းစေတနာ သာရှိခဲ့မယ်ဆိုရင် မင်းရဲ့ ဘဝသမိုင်းက  မရိုင်းနိုင်ပါဘူး။

ဘာဘဲပြောပြော ဒီကိစ္စ တကယ်သာ အကောင်အထည်ဖေါ်နိုင်ခဲ့မယ်ဆိုရင် ကြံ့ဖွံ အမတ်တွေရဲ့ performance ကိုပြည်သူတွေကအသိအမှတ်ပြုကြမှာ……………….။

17 comments

  • laypai

    February 21, 2012 at 4:47 pm

    အောက်ပါအတိုင်း ရေးသားထားသည် ကို တွေ့ ရပါသည်။
    ဧပရယ် ရွေးကောက် ပွဲ အတွက် စည်းရုံးမှု တခု အနေနဲ့ အဆို တင်တာပါ။
    ဒီ ၅၀၀ဝ တန် ဂယက်က မြစ်ဆုံ ကိစ္စ နီးပါး ကြီးမားတဲ့ ပြည့်သူ့ အသံ ဆို တော့ အသုံးချပြီ ပေါ့။

    ( ပြည်သူလူထုအကြား ငါးထောင်တန် မိုဘိုင်းလ် တယ်လီဖုန်းများ အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး နေကြချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေနှင့် လိုက်လျောညီထွေ ဖြစ်မည့် ငွေကျပ်ထောင်ကျော်တန် ဆင်း(မ်)ကတ်များ ပေါ်ထွက်လာရန် အဆို တင်သွင်းသွားမည် ဖြစ်ကြောင်း ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားသည်။

    ယင်းအဆို တင်သွင်းနိုင်ရေးအတွက် လတ်တလောတွင် ပညာရှင်များထံမှာ အကြံဉာဏ်နှင့် သတင်းအချက်အလက်များ ရယူနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

    ” ပြည်သူအများကြီး အကျိုးရှိမယ့် ကိစ္စလို့ မြင်လို့ အဆိုတင်ဖို့ စီစဉ်တာပါ ” ဟု ၎င်းက The Voice Weekly သို့ ပြောကြားသည်။

    မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မတ်လဆန်းတွင် ထုတ်လုပ်ရောင်းချမည့် တန်ဖိုးနည်းဖုန်းများ၏ ဈေးနှုန်းမှာလည်း ကျပ်တစ်သိန်းခွဲ ဝန်းကျင်သာ ရှိမည် ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်လျက် ရှိသည်။ )

    • the best

      February 21, 2012 at 6:13 pm

      လမ်း တစ် ခြမ်းခင်းလို အပြော မရဘဲ နားထောင်ဘဲရတဲ့ ‘နားထောင် တန်းဆင်းကဒ် စီမံကိန်း ‘ ဖြစ် ရင်တော ့…..

  • စိန်ပေါက်ပေါက်

    February 21, 2012 at 5:11 pm

    ကဲ…
    ဘင်လာဒင်နဲ ့ချောစုခင်နဲ ့…အဲမှာ စတွေ ့တာဘဲ
    ကြက်ဖွတ်နဲ ့ မပုတင်(MPT)
    ကြည့်ကြသေးတာပ
    😀

  • စပ်ဖြဲ

    February 21, 2012 at 5:33 pm

    အံ့ပ ဗျာ … ကြံ့ဖွတ်ပြောတာများ ဝမ်းသာအားရ ယုံသေးတယ်
    သူတို.နေရာရရင် လုပ်ပေးမယ်များထင်လို.လား
    ခေါင်းသုံးဗျ .. ခေါင်းသုံး

    • zarlay

      February 22, 2012 at 1:56 pm

      တော်ပါပြီ မဖြစ်နိုင်တဲ့အကြောင်းမကြားချင်တော့ပါဘူး ပြည်သူတွေကိုမျှော်လင့်ချက်တွေ ပေးမ နေပါနဲ့တော့

    • Harumoto

      February 21, 2012 at 10:40 pm

      လောင်းကစားပွဲတွေမှာဆို အလံရှူး..
      ပွဲစားတွေမှာတော့…ဒလံ..
      နိုင်ငံရေးလောကမှာတော့..သူသျှို..
      တခြား…နှစ်ဘက်ချွန်…သူ့လူကိုယ်ဘက်သား…
      (ဒီလိုများသုံးရင် အဆင်ပြေမလားလို့)
      ကျွန်တော်တော့ဒီလိုမြင်ပါတယ်..

  • အများပြည်သူအတွက် အသက်သာဆုံးဖြစ်အောင်လုပ်မေးမယ်ဆိုတဲ့ စိတ်ရင်းစေတနာ သာရှိခဲ့မယ်ဆိုရင် မင်းရဲ့ ဘဝသမိုင်းက  မရိုင်းနိုင်ပါဘူး။
    ဘာဘဲပြောပြော ဒီကိစ္စ တကယ်သာ အကောင်အထည်ဖေါ်နိုင်ခဲ့မယ်ဆိုရင် ကြံ့ဖွံ အမတ်တွေရဲ့ performance ကိုပြည်သူတွေကအသိအမှတ်ပြုကြမှာ……………….။

    စာရေးသူရေ ခုထိတော့မဖြစ်နိုင်သေးဘူးငြင်းခဲ့တဲ့ မဆရ အနေနဲ ့ကြံ့ဖွံ ့ကတင်မှလက်ခံတယ်ဆိုရင်တော့ ဒါဟာလက်ရှိအစိုးရနဲ ့
    ကြံ့ဖွံ ့ကနှစ်ပင်လိမ်ဇာတ်ခင်းပြီး ပြည်သူကိုလိမ်လိုက်တာပါဘဲ။ခုလို စွမ်းဆောင်နိုင်တာနဲ ့ဘဲပြည်သူကအသိအမှတ်မပြုနိုင်ပါဘူး။
    စွမ်းအားရှင်ပုံစံနဲ ့အများပြည်သူကိုငြင်းဆဲခဲ့တာတွေ၊မဲခိုးမဲလိမ် အာဏာယူထားသူတွေ၊ရဟန်း၊သံဃာတွေကိုရိုက်နှက်ထားတဲ့
    ဒီ ကြံ့ဖွံ ့ကိုထောက်ခံသူပြည်သူဟာ ဖွတ်သူတောင်းစားဘဲဖြစ်မှာပါ။

  • the best

    February 21, 2012 at 6:34 pm

    Posted by YE YINT THU
    ကြုံကြိုက်တုန်း သိချင်တာတစ်ခုလောက်မေးချင်တာက ကမ္ဘာနဲ ့အဝှမ်းပေါ်ပေါက် သုံးစွဲနေတဲ့ နောက်ဆုံးပေါ် ဆက်သွယ်ရေးနည်းပညာတွေကို မသိတာလား???

    YE YINT THU ရေ…
    ဆက်သွယ်ရေးက မစ်စ်ကောကို ပိုက်ဆံယူ တာ အင်ဂျင်နီယာတွေကဘဲ တကယ်မ တတ်တာလား??? အရည်အချင်းမရှိတာလား??? ရှင်းပါတယ်။

    MPT ရေ..
    တရားဝင် ဝန်ခံပါ… တရားဝင် ရှင်းပြ ပါ…
    ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာ နှင့် အညီ နိုင်ငံနှင့် နိုင်ငံသားများ ကို မဖြစ်မနေ တင်ပြ ရှင်းလင်းပေးပါ ။
    ကျနော်တို့က MPTဆက်သွယ်ရေးကို မယုံပေမယ့် မဆက်ဆံလို့ကလည်းမရတော့ ဆက်ဆံနေကြရတယ် ဗျား ။

    • Harumoto

      February 21, 2012 at 10:11 pm

      miss call က ပိုက်ဆံယူတာ မတတ်လို့ ဖြစ်သွားတာ မဟုတ်ဘူးဗျ။
      အတတ်လွန်သွားတာ..ဒီဂွင်ကို ဆင်ချင်လို့ prepaid စနစ်ကို ကြိုလုပ်လိုက်တာ။
      prepaidစနစ်က သူတို့အတွက် အားသာချက်တွေ အများကြီး။
      လူထုကို လူလိုမကြည့်ဘဲ လုပ်ချင်သလို လုပ်လို့ရအောင် ဂွင်ဆင်ထားတာဗျ။
      သူတို့ဘဲ တတ်တယ်.. သူတို့ကလွဲပီး ဒါကို မသိနိုင်ဘူးလို့ တွက်ထားကြတာ။
      တကယ်လဲ အသားထဲက လောက်မထွက်ရင် မသိနိုင်ဘူး။
      အခု သိကုန်တော့ ခလေးတွေပြောသလို “အရူးကွက်နင်း”ပြီး လုပ်ချလိုက်တာပေါ့။
      တွေးကြည့်ရင်တော့ တကယ် မိုက်ရိုင်းတာတွေ့ရမယ်။

  • အဲဒီမှာ စတွေ့တာပဲ …
    ကြံ့ဖွတ်က ဆိုတော့ …
    ကဲ … ဒီတစ်ခါ ပယ်ချမှာ ဟုတ်လောက်ဘူး …
    ဘာလို ဖြစ်လာမလဲဆိုတာ စောင့်မျှော်လျက်ပါ ………. ။

  • chityimhtoo

    February 21, 2012 at 8:08 pm

    ဖွတ်ကြီးကွ…..ဒါဒေဒေဒါဒေဒါဒေ….ဒါဒေဒေဒါဒေဒါဒေ…

  • Thel Nu Aye

    February 21, 2012 at 10:07 pm

    ကြံဖွတ်မဲအကြီးကြီးဆွယ်နေပါဒယ်ဗျို့။

  • ကြံ့ဖွတ်မဲဆွယ်လို ့ကောင်းအောင် အတမင်ဖန်တီးထားတဲ့ လှည့်ကွက်ဖြစ်နိုင်တယ်လို ့ကျနော်ယူဆမိတယ်။
    ခုလက်ရှိလာမယ့် မတ်လ(၅)ရက်နေ ့စပေးတော့ မှာဖြစ်တဲ့တန်ဖိုးနည်းဖုန်းတွေဟာ နောင်နှစ်တွေမှာ ၅၀၀၀
    ဖြစ်မသွားဘူးလို ့ဘယ်သူငြင်းမှာလဲ။

  • Patriot

    February 22, 2012 at 1:02 pm

    အဲဒါ့ နိုင်ငံတစ်ခုမှာအတိုက်အခံပါတီအင်အားများလာခြင်းရဲ အကျိုးကျေးဇူးပဲ၊ သူတို လဲပြည်သူ့အကျိုးကိုမကြည့်လို မရတော့ဘူးလေ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးပြည်သူအကျိုးရှိဖို့အရေးကြီးတယ်

  • manawphyulay

    February 22, 2012 at 2:50 pm

    ဂယက်ဒီတစ်ခုက သူတို့ထဲက လာတာပဲ သူတို့ဘာသာ ငါးပွက်ရာ ငါးစာချပြီး ငါးလာဟက်မှ ကောက်သိမ်းသွားရင်တော့ မပြောတတ်ဘူး… ဘယ်လိုတွေဖြစ်လာဦးမလဲဆိုတာ…. သုံးတော့ သုံးချင်တာပေါ့နော်။ လောလောဆယ် ၂ သိန်းခွဲတန်လေးတွေတောင် မချပေးသေးဘူး။ ၅ ထောင်တန်ဆိုတာ အသံကောင်းလို့ ဖားများ အော်နေသလားကွယ်…

Leave a Reply