ဆန်ဖရန်စစ္စကိုမြို့မှ မြတ်မိုးရွှေစင်နှင့် တွေ့ဆုံစကားပြောခြင်း

kaiFebruary 21, 20121min53427

၂၀၁၁အောက်တိုဘာလ၂ရက်နေ့မြောက်ပိုင်းကယ်လီဖိုးနီးယှားနဘေျအသစသူ မြို့ စေတော် ဝင်(၂)ဓမ္မစခန်းထီးတော်တင်တွင်ရတနာပုံနေပြည်တော်သတင်းစာအဖွဲ့သွားရောက်သတင်း ယူစဉ် မြောက်ပိုင်းကယ်လီဖိုးနီးယားဆိုင်ရာသတင်းနှင့်ဓါတ်ပုံများ ကူညီပေးပို့လေ့ရှိ သည့်’ဝမ်းကိုကို’၏ မိတ်ဆက်ပေးမှုဖြင့် ထီးတော်တင်ပွဲသို့ မိဘများနှင့် အတူ ရောက်ရှိလာသော မြန်မာဝတ်စုံဝတ်ဆင်ထားသည့် မြတ်မိုးရွှေစင်အားတွေ့ဆုံမေးမြန်းခဲ့ပါသည်။

နာမည်၊မွေးရာဇာတိ၊ယုံကြည်ကိုးကွယ်တဲ့ဘာသာနဲ့မိဘမောင်နှမအကြောင်း…

သမီးနာမည်က မြတ်မိုးရွှေစင်ပါ။ အဖေဦးအြွေးကယ်၊ အမေဒေါ်စိုးစိုးမြင့်။မွေးချင်း ၄ယောက်ရှိတယ်။ အမ၃ယောက်ရှိပြီးသမီးက အငယ်ဆုံးပါ။ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာပါ။ မွေးရပ်ဇာတိက မန္တလေးအမရပူရမြို့ကပါ။ အသက်၂၁နှစ်ပြည့်ပြီးပါပြီ။ မြန်မာပြည်ကနေဘယ်တုန်းကအမေရိကားကိုထွက်လာခဲ့တာလဲ၊

ဘယ်အတန်းထိကျောင်းတက်ခဲ့သလဲ၊

၂၀၀၆ခုဇူလိုင်လ သမီး အသက်၁၆နှစ်အရွယ်မှာ မြန်မာပြည်ကထွက်လာပါတယ်။ မိဘနဲ့ အတူလာတာပါ။ အမရပူရမြို့မှာ သူငယ်တန်းကနေ၁ဝတန်းအထိ ကျောင်းတက်ခဲ့ပါတယ်။ ၁ဝ တန်းစာမေးပွဲတော့ မဖြေဖြစ်ခဲ့ပါဘူး။ အမေရိကားရောက်တဲ့အချိန်မှာ ၁၁တန်းကို စတက်ပါ တယ်။ အခှုင်္ညေမညေခငျခသ ဃငအပ ဃသူနါန မှာ သမီးစိတ်ဝင်စားတဲ့ နြအတသမုငညါ ဘာသာကို တက်နေပြှီးင်္ညေမညေခငျခသှအအေန့ညငလနမျငအပ မှာ ဃသာစကအနမှခငနညခန ကိုအဓိကယူပြီး တက်နေပါတယ်။ နောက်၃နှစ်ကြာမှဘွဲ့ရပါမယ်။

အမေရိကားကိုလာဘို့ဘယ်လိုပြင်ဆင်ခဲ့သလဲ၊

သမီး အမေရိကားကို လာရမယ်ဆိုတာသိရတဲ့အရွယ်က ၈တန်းမှာပါ။သမီးမိဘတွေက အင်္ဂ လိပ်စာကျူရှင်နဲ့ စကားပြောသင်တန်းတွေကို ပို့ပေးလို့တက်ခဲ့ပါတယ်။ အင်္ဂလိပ်စာကိုပိုပြီး လေ့လာသင်ခဲ့တယ်။ ရန်ကုန်ကိုသွားပြီး သင်တန်းတွေဆက်တက်ခဲ့တယ်။

အမေရိကားစရောက်တဲ့အချိန်မှာကြုံတွေ့ရတဲ့အခက်အခဲအတွေ့အကြုံတွေရှိသလား၊

အများကြီးရှိတာပေါ့။ သမီး မြန်မာပြည်က ၁ဝတန်းမဖြေပဲ ထွက်လာခဲ့တယ်။ ဒီရောက်တော့ ၁၁တန်းကိုစတက်ပါတယ်။ အမေရိကားလာဖို့ ဘယ်လိုပဲပြင်ဆင်လာခဲ့တယ်ဆိုပေမယ့်လည်း ဒီရောက်တော့လဲ စကားပြောဆိုတာ (နားထောင်ရတဲ့အပိုင်း) မှာ အခက်အခဲတွေ့ရတာပါပဲ။ မြန်မာပြည်ကိုပြန်ချင်စိတ်ပေါ်ခဲ့တယ်။ ဒီမှာ မြန်မာပြည်မှာ တက်ခဲ့ပြီးတဲ့အတန်းတွေကို တက်စရာ မလိုတော့ပဲ မတက်ခဲ့ရတဲ့ အတန်းတွေကို တက်ရတယ်။ အင်္ဂလိပ်စာနဲ့သင်္ချာက သမီးအတွက် တော့ အခက်အခဲ သိပ်မရှိခဲ့ပါဘူး။ အခက်အခဲဖြစ်တဲ့အပိုင်းက သိပ္ပံနဲ့ဇီဝဗေဒဘာသာ တွေမှာ လက်တွေ့ လုပ်ရတဲ့အပိုင်းတွေမှာ ဒုက္ခရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ငယ်ငယ်ကတည်းက စာတွေ့ပဲရှိပြီး လက်တွေ့လုပ်ရတာ တခါမှမရှိခဲ့ဘူးတော့ သမီးအတွက်အရမ်းအခက်အခဲ ဖြစ်စေတာပေါ့။ ဒီမှာက ကျောင်းသားတွေစုပြီး လက်တွေ့လုပ် ကြရတယ်။ သမီးကဘာမှနားမလည်လို့ မေးချင်ပေမယ့်လည်း ဘယ်ကစပြီးမေးရမှန်း မသိ ဘူး။ ကျောင်းမှာက သမီးလို နိုင်ငံခြားက ပြောင်းလာတဲ့ကျောင်းသားသိပ်မရှိဘူး။ ဒါပေမယ့် သမီးမလိုက်နိုင်လို့ နားမလည်တာတွေရှိလို့မေးရင် စိတ်ရှည်ရှည်နဲ့ ဖြေကြပါတယ်။ ကျောင်း ချိန်ပြီးလို့ အားလပ်ချိန်မှာ ဆရာတွေကို လိုက်မေးရတယ်။ မသိနားမလည်လို့ ကျောင်းစာ မပြီးရင်လဲ ဆရာတွေဆီမှာ ရက်ပိုတောင်းပြီးလုပ်ရပါတယ်။ ဆရာ၊ ဆရာမတွေကလဲ အချိန်ပို သင်ပေးပါတယ်။ စိတ်အညစ်ရဆုံးအချိန်ကတော့ ထမင်းစားချိန်ပါပဲ။ ဘယ်နေရာမှာ ဘာသွားစားရမှန်း မသိသေးတော့ အိမ်ကယူလာတဲ့ထမင်းဘူးကိုပဲ တယောက်တည်း တနေရာ မှာ စားရတယ်။ ရောက်စဆိုတော့ သူငယ်ချင်းလဲမရှိတော့ စိတ်တော်တော်လေးညစ်မိပါတယ်။ မြန်မာပြည်ကို အရမ်းသတိရမိတယ်။ နောက်ကြာလာတော့မှ သူငယ်ချင်းတွေရှိလာပြီး နေသား ကျသွားပါတယ်။ ၆လလောက်ကြာမှနေသားကျလာပါတယ်။

မြန်မာပြည်ကနေအမေရိကားကိုနောက်ထပ်လာမယ့်လူငယ်တွေကိုဘယ်လိုအကြံပေးချင်သလဲ၊

အမေရိကားကို နောက်ထပ်လာကြမယ့် ကျောင်းသူကျောင်းသားတွေကို အင်္ဂလိပ်စာကို သေသေချာချာပြင်ဆင်လာပါလို့။ သမီးမြန်မာပြည်ကနေ ပြင်ဆင်လာကြတယ် ဆိုပေမယ့်လဲ ဒီမှာကမတူဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် အင်္ဂလိပ်စာကို အထူးကြိုးစားသင်ပြီးလေ့လာခဲ့ပါလို့ မှာချင်ပါတယ်။

အမေရိကားအပြင်တခြားဘယ်နိုင်ငံတွေရောက်သေးသလဲ၊

အမေရိကားရောက်ပြီးမှ ၂၀၀၆ခုနှစ်ကုန်မှာ အင်္ဂလန်ကို မိဘတွေနဲ့အတူ သွား လည်ဖြစ်ပါတယ်။၂ပတ်လောက်ကြာပါတယ်။လန်ဒန်မြို့အနီးအနားတဝိုက်ကမြို့တွေကိုလျှောက်လည်ဖြစ်ပါတယ်။ အမေရိကနဲ့အင်္ဂလန်ကွာခြားချက်က၊ အမေရိကနဲ့ အင်္ဂလန်နဲ့ အရမ်းကွာပါတယ်။ အိမ်ပုံစံနဲ့ အစားအသောက်တွေ မတူပါဘူး။ အစားအသောက်တွေ သိပ်မတူဘူး။ ဒီဇင်ဘာလမှာ ရောက်သွား တော့အရမ်းအေးပြီးအရမ်းချမ်းတယ်။ရာသီဥတုဆိုးတယ်လို့ထင်ပါတယ်။

မြန်မာပြည်ကိုရောပြန်လည်ဘို့ရှိသလား၊

မြန်မာနိုင်ငံမှာဘယ်မြို့တွေရောက်ဘူးသလဲ၊ နောက်နှစ်မှာပြန်လည်ဖို့ရှိပါတယ်။ မြန်မာပြည်မှာတုန်းက အများဆုံး ရောက်ဖြစ်တာက ပုဂံကိုပါပဲ။ ရန်ကုန်မြို့လောက်ပဲရောက်ဖြစ်တယ်။တခြား ဘယ်မှသိပ်မသွားဖူးပါဘူး။ ဒီတခေါက်ပြန်ရင် မရောက်ဘူးတဲ့နေရာတွေ သွားလည်မယ်လို့ စိတ်ကူးနေတယ်။ ကျိုက်ထီးရိုး၊ တောင်ကြီး၊ မြစ်ကြီးနား တို့ကိုသွားလည်ချင်တယ်။

မိဘရဲ့စီးပွားရေးအလုပ်အကိုင်ကဘာလဲ၊

မိဘများကအမရပူရမှာ’ရွှေလွန်းအိမ်’ဆိုတဲ့ယက်ကန်းစင်တွေရှိပါတယ်။အခုအမတွေကဆက်လက်လုပ်(ကိုင်)နေကြပါတယ်။ အထည်လုပ်ငန်းနဲ့ပတ်သက်တဲ့ကွန်ပျူတာဒီဇိုင်းမျိုးကိုစိတ်ဝင်စားသလား၊ မြန်မာပြည်က ထွက်မလာခင်အထိ စိတ်ဝင်စားလို့ ဝင်လုပ်ကြည့်ပါသေး တယ်။ ခုထွက်လာတာလဲ နဲနဲကြာတာရယ်၊ နောက်ပိုင်းမှာ ဆေးရေးတို့၊ပန်းဖေါ်တာတို့အများကြီးထပ်ထွက်လာတော့လိုက်မမှီတော့ဘူး။

အဝတ်အစားမှာဘယ်လိုဒီဇိုင်းမျိုးကိုဝတ်သလဲ၊

သမီးကတော့ နာမည်ကြီးအမှတ်တံဆိပ်တွေမှ မဟုတ်ပါဘူး။ ဝတ်ကြည့်လို့ အဆင်ပြေတာမျိုးကိုဦးစားပေးဝယ်ဝတ်ပါတယ်။

ဘာအားကစားဝါသနာပါသလဲ၊ဘယ်လိုအနုပညာမျိုးကိုဝါသနာပါသလဲ၊

သမီး ငယ်ငယ်ကတော့ သီချင်းဆိုတာဝါသနာပါတယ်။ အိမ်မှာနဲ့ ကာလာအို ကေတွေမှာသီချင်းတွေဆိုဖြစ်တယ်။ နောက်တော့ ကိုယ့်အသံကလဲ မကောင်း ဘူး။ အဆိုတော်လဲဖြစ်မှာမဟုတ်ဘူးဆိုတာ သိလာတယ်။ ခုနောက်ပိုင်းမှာ သူငယ်ချင်းတွေ အကူအညီတောင်းရင် ဓါတ်ပုံရိုက်ပေးတာနဲ့ ဗီဒီယိုရိုက် ပေးတာတွေတော့ လုပ်ဖြစ်ပါတယ်။ အားကစားအနေနဲ့ မြန်မာပြည်မှာတုန်း က ရေကူး၊ကြက်တောင်ရိုက်၊ဘတ်စကက်ဘော ကစားတာ ဝါသနာပါပါ တယ်။ ခုဒီမှာ ကြက်တောင်ပဲရိုက်ဖြစ်တာများပါတယ်။

ဘယ်ရုပ်ရှင်မင်းသားမင်းသမီးအဆိုတော်ကိုကြိုက်သလဲ၊

ဆန်ဖရန်မှာလုပ်တဲ့ရိုှုးပွဲတွေကိုကြည့်ဘူးသလား၊ မင်းသားထဲမှာမင်းမော်ကွန်း၊ မင်းသမီးထဲမှာ အိန္ဒြာကျော်ဇင်တို့ကို ကြိုက် ပါတယ်။ အဆိုတော်ထဲမှာ ဝိုင်းဝိုင်းနဲ့ဇော်ပိုင်ကိုကြိုက်တယ်။ မြန်မာပြည် မှာ ငယ်ငယ်ကတည်းက ပွဲတွေသိပ်မကြည့်ဖြစ်တော့ ဒီမှာလည်းပွဲတွေ တခါမှ သွားမကြည့်ဖြစ်ဘူး။

ဘဝမှာအမှတ်တရအဖြစ်ဆုံးအဖြစ်အပျက်တခု…

အမှတ်တရဖြစ်တာတွေကတော့အများကြီးပါပဲ။ အဲဒီအထဲမှာ အမေရိကား ကို ထွက်လာတဲ့နေ့မှာ အမတွေက လေဆိပ်ကိုလိုက်ပို့ကြတာကို အမှတ်တရ ဖြစ်မိတယ်။ သမီးက လုံးဝမတူတဲ့ တိုင်းပြည်နေရာသစ်ကို သွားရမှာမို့ စိတ် အရမ်းလှုပ်ရှားမိခဲ့တယ်။ ဒီရောက်လာတော့ မြန်မာပြည်က သမီးတို့ရဲ့ မိသားစု အသိုင်းအဝိုင်းကို သတိရလွမ်းတယ်။ ဒီမှာက သားအမိသားအဖ ၃ယောက် တည်း ရှိတယ်။ မြန်မာပြည်မှာ မိသားစု သိုက်သိုက်ဝန်းဝန်းရှိတာ တွေကို လွမ်းမိတယ်။

ဘဝရည်မှန်းချက်ကဘာလဲ၊ဘာဖြစ်ချင်သလဲ၊

သမီးကစာသင်ပေးတာဝါသနာပါတယ်။ ခုတက်နေတဲ့ နြအတသမုငညါ နဲ့ ကျောင်းမှာစာပြန်သင်ပေးချင်ပါတယ်။သမီးပုံမှန်အထက်တန်းကျောင်းကိုပြောင်းတက်ပြီးတဲ့နောက်မှာစာသင်ပေးတာလုပ်ခဲ့ပါသေးတယ်။ နြအတသမု ဗိာငည အလုပ်လုပ်ချင်ပါတယ်။ ြေျအနမ ဘွဲ့လွန်လဲဆက်ချင်ပါတယ်။

ကျောင်းတက်ရင်းအလုပ်လုပ်သလား၊အားလပ်ရက်မှာဘာလုပ်သလဲ၊

သမီးက အခုကျောင်းကို အချိန်ပြည့်တက်နေလို့ အလုပ်တော့မလုပ်ဖြစ်ပါ ဘူး။ အားလပ်ရက်တွေမှာ အိမ်မှာနေရင်း အင်တာနက်ဝက်ဘ်ဆိုဒ်တွေကို ကြည့်တယ်။ သူငယ်ချင်းတွေနဲ့လျှောက်လည်တာလောက်ပဲရှိပါတယ်။

အင်တာနက်သုံးရင်ဘယ်လိုမျိုးဝက်ဘ်ဆိုဒ်တွေကိုအကြည့်များသလဲ၊

ကွန်ပျူတာ၊ အီလက်ထရွန်နစ်၊အတတ်ပညာတွေနဲ့ဆိုင်တွဲ့ငဖာသအသ.ခသာ ကိုကြည့်တာများတယ်။ ဖေ့စ်ဘွတ်ကတော့ တနေ့၂ခါလောက် ဝင်ကြည့်ပေ မယ့်ကျောင်းစာများလို့အချိန်သိပ်မပေးဖြစ်ဘူး။

စာဖတ်တာဝါသနာပါသလား၊ ဘယ်လိုစာအုပ်မျိုးတွေဖတ်သလဲ၊

သမီးစာဖတ်တာကြိုက်ပါတယ်။ မြန်မာစာအုပ်တွေထဲမှာ စာရေးဆရာ အကြည်တော်ရဲ့ဝတ္ထုကို ဖတ်ပါတယ်။ မြန်မာပြည်မှာ ဝတ္ထုတွေ ဖတ်ဖြစ်ပေ မယ့် ခုဒီမှာကျောင်းနဲ့ဆိုင်တဲ့စာတွေတော်တော်များများဖတ်ဖြစ်ပါတယ်။

ကွန်ပျူတာကိုအခုပြင်နိုင်သလား၊

ဟုတ်ကဲ့။ သမီးသူငယ်ချင်းရဲ့ကွန်ပျူတာတွေနဲ့ ကိုယ့်ကွန်ပျူတာတွေ ပျက်ရင် ပြင်ပါတယ်။

ဘယ်လိုတီဗီအစီအစဉ်မျိုးတွေကိုကြည့်သလဲ၊

ကျောင်းစာတွေများလို့တီဗီကိုမကြည့်ဖြစ်တာများတယ်။ ဘယ်လိုအစားအစာတွေကိုကြိုက်သလဲ၊ မြန်မာစာကြိုက်တယ်။ ရခိုင်မြီးရှည်ကြိုက်တယ်။ အာရှစာပိုကြိုက်တယ်။ခုတော့အိမ်မှာကိုယ့်ဖာသာကိုယ်ကြိုးစားချက်ပါတယ်။ အမေက အမြဲချက် ပေးနေပေမယ့် ကိုယ်စားချင်တာလေးတွေ ချက်တတ်အောင် သင်ပါတယ်။ကိုယ့်ဖာသာကိုယ်ချက်ကြည့်ပါတယ်။ စားလို့တော့မကောင်းသေးဘူး။

ဘယ်လိုအသုံးအဆောင်ပစ္စည်းမျိုးတွေကိုကြိုက်သလဲ၊

သမီးကဖိနပ်ကြိုက်တယ်။

မော်တော်ကားမောင်းသလားဘာကားကိုကြိုက်သလဲ၊သုံးနေတဲ့ကွန်ပျူတာ၊ဆဲလ်ဖုံး၊ကင်မရာအမျိုးအစား…

သမီးကားမမောင်းသေးဘူး။ ကားအကြောင်းလဲသိပ်မသိဘူး။လူအများ ကြိုက်ကြတဲ့ တိုယိုတာကားတွေကိုပဲ ကြိုက်ပါတယ်။ ကွန်ပျူတာက ဗခနမ ျွနမငနျ ကိုသုံးပါတယ်။ ဖုံးက ငဏ့သညန ကိုသုံးပါတယ်။ ငဏေိ တော့မရှိသေး ဘူး။ ကင်မရာရှိပေမဲ့ သိပ်မသုံးဖြစ်လို့ ဘယ်ရောက်နေမှန်းတောင်မသိဘူး။အခုကင်မရာအသစ်တလုံးဝယ်ဖို့စဉ်းစားနေပါတယ်။

မြတ်မိုးရွှေစင်လက်ကိုင်ထားတဲ့ဆောင်ပုဒ်…

ုညသတနူါန ငျ ဏသတနမ… စာဖတ်ပါတယ်၊ အင်တာနက်အွန်လိုင်းကနေ လည်းအသိပညာဗဟုသုတတွေရအောင်လေ့လာပါတယ်။

ရတနာပုံနေပြည်တော်သတင်းစာကိုဘယ်လိုမြင်သလဲ၊

အရင်က သမီး ဒီသတင်းစာရှိမှန်းတောင် မသိပါဘူး။

သတင်းစာတွေ့ရတော့ တော်တော်လေးဝမ်းသာပါတယ်။ သမီး ဒီသတင်းစာကို အမြဲဖတ်ဖြစ်ပါ တယ်။ သတင်းစာမှာပါတဲ့ အစားအသောက်ချက်နည်းပြုတ်နည်းတွေကိုလဲ ချက်ကြည့်ပါတယ်။ နိုင်ငံအနှံမှာရှိတဲ့ မြန်မာသတင်းလေးတွေကို ဖတ်ရတာ ကြိုက်ပါတယ်။ ခုလဲ သတင်းတွေက များတော့များပါတယ်။ ဒါပေမယ့် ဒီ့ ထက်သတင်းတွေ ပိုစုံပိုများစေချင်ပါတယ်။

ရတနာပုံနေပြည်တော်သတင်းစာ၏ တွေ့ဆုံမေးမြန်းခြင်းကို စိတ်ရှည်လက်ရှည် အချိန်ပေး ၍ဖြေဆိုပေးသော မြတ်မိုးရွှေစင်၊ မိတ်ဆက်အကူအညီပေးသော ဝမ်းကိုကို နှင့် အလှ ဓါတ်ပုံရိုက်ပေးသောမြတ်ကောင်းတို့အားအထူးကျေးဇူးတင်ပါသည်။♦

မိုးသက်ကို တွေ့ဆုံမေးမြန်းသည်။

မှတ်ချက်။ ။ မန္တလေးဂေဇက်ဖေဖော်ဝါရီ ၂၀၁၂ တွင်ဖေါ်ပြပြီးဖြစ်သည်။

27 comments

  • kai

    February 21, 2012 at 4:54 pm

    အင်္ဂလိပ်စာတွေနောက်နေ့မှ.. ပြန်ပြင်တင်တော့မယ်..။
    သည်းခံဖတ်ကြပါခင်ဗျား…

  • နှူးဘာဂိုဏ်းချုပ်

    February 21, 2012 at 4:58 pm

    ဂီဂီ မှတ် မှတ်…
    ညာဘက်ပေါင် ဘေးဘက်ခြမ်း …
    အညိုရောင် ဒင်္ဂါးဝိုင်း အရွယ် အမှတ် -၁ ရှိ…
    😀

    • water-melon

      February 21, 2012 at 5:01 pm

      ညည်းက ဒါဘဲချောင်းနေတာလား
      ရွာသူတွေ သတိထားကြပါ
      မောင်မောင်နှာရောက်နေသည်။

      • နှူးဘာဂိုဏ်းချုပ်

        February 21, 2012 at 5:05 pm

        ဘာတုန်းဟ ….စကင်းတုန်း ပြန်တို့ရင်
        မမေ့အောင် သတိပေးတာပါကွယ်…
        အနုပညာ မျက်ချိ နဲ့ ကြည့်ဇမ်းဘာကွယ်…

        😀

  • water-melon

    February 21, 2012 at 4:59 pm

    သူကြီးတင်ထားတာဆိုတော့ သိပ်မမန့်ရဲဘူး
    အရဲစွန့်မန့်လိုက်ပါတယ်
    ချောတယ်နော့

  • kai

    February 21, 2012 at 5:04 pm

    သတင်းစာထဲ..အလှပန်းဆိုတဲ့ ကဏ္ဍရှိပြီး.. အမြဲ.. မြန်မာပြည်အပြင်မှာနေတဲ့.. တယောက်ယောက်ကို.. အင်တာဗျုးလုပ်ပါတယ်..။
    ဒီထဲ.. တင်ပြီဆို.. ကာယကံရှင်..လာဖတ်ချင်လည်းဖတ်မှာပါ..။

    ဒို့ရွာသူားတွေ… နည်းနည်းတော့.. ဘရိပ်ကလေးဆွဲထားပါနော…။ 😆

  • စိန်ပေါက်ပေါက်

    February 21, 2012 at 5:04 pm

    ကွိစိကွစတွေကလွဲ ကျန်တာဖတ်လို ့ရ၏..
    ခေးမလေးက မဆိုးဘူးနော်..
    လိမ်မာတယ်လို ့ပြောမို ့ဘာ 😆

    ခေးမပြောသလို သတင်းများများ ထည့်ပေးစေချင်ပါတယ်သဂျီးရဲ့
    ဒီနေ ့ ပီဒီအက်ဖ် ဒေါင်းပြီး ဖတ်ကြည့်တာ ဖတ်စရာလဲ သိပ်မတွေ ့သလားလို ့….

  • memeseku

    February 21, 2012 at 5:23 pm

    ရွာသားများထဲမှ လူငယ်ခြေတက်စိန်ပေါက်ပေါက်အတွက်… သဂျီးမှကြိုတင်… ဘွတ်ကင်လုပ်ခြင်းလို့မြင်ပါတယ်… သတိ နှူးဘာဂိုဏ်းသားများမကပ်ရ….

  • memeseku

    February 21, 2012 at 5:26 pm

    ဟင်ကမန်.ကငါအရင်ဆုံးမဟုတ်ဘူးလား… ဘာဖစ်တွားတာလဲ..

  • MaMa

    February 21, 2012 at 6:23 pm

    နိုင်ငံရပ်ခြားမှာ မြန်မာဝတ်စုံကို အမြတ်တနိုးဝတ်တတ်တာနဲ့တင် အမှတ်ပြည့်ပေးလိုက်မယ်။ အလှပန်းကဏ္ဍမှာ သတင်းထောက် မလိုဝူးလား သဂျီး။
    ထူးချွန်မယ့် တက်သစ်စလေးတွေ တွေ့ထားလို့ပါ။ (ဝေးဝေးရှာရန်မလို) 😆

    • nigimi77

      February 26, 2012 at 1:37 am

      @ MaMa

      အဓော်ရီး

      ကျုပ်ကျပ်လဲ လိဦး

      ဖင်နဲ ့ ရင်ကို အဲသလို ဖုံးတာနဲ ့ပဲ မြန်မာ ဝတ်စုံ

      ဖြစ်ကယောလား

      ပဏာယူချင်ယင်များ ကြံဖန် ယူတတ်တယ်

      ဓာနဲ ့ နေပါအူး

      အဲသည် နီကြောင်ကြောင် ခေါင်းမွှေးတွေကယော

      မြန်မာ အမွှေးတွေပဲလား

      • myatmoe fri

        August 26, 2012 at 12:42 am

        ဆံပင်နီတော့ရောမြန်မာမဟုတ်တော့ဘူးလား
        မြန်မာနိုင်ငံထဲမှာနေပြီး
        ဆံပင်အရောင်ဆိုးထားတဲ့သူတွေကြတော့
        ့ဘာမှမပြောပဲအခုကျမှပြောစရာလား
        ု့နေရာဒေသဆိုတာရှိသေးတယ် ို့ပြောစရာအပြစ်မရှိတာနဲ့ရှာကြံပြီးမပြောကြပါနဲ့..

  • အော့ကြောလန်နန့်နန့်ထိုး ခွေးလယားသီး ဗြားကြီး

    February 21, 2012 at 6:24 pm

    သဟာမျိုးကို အဘတို့က လက်ဖက်ထက်ကြိုက်တယ်
    အဟေး..ဟေးးး

  • မိုက်ကယ်ဂျော်နီငပွ

    February 21, 2012 at 6:59 pm

    ချောလိုက်တဲ့သမီးလေး
    ပညာတွေတတ်အောင်သင်ပြီး ဦးကြီးတို့ရွာမှာ ကျောင်းဆရာမလာလုပ်ပါလားကွယ်
    ဘာဖြစ်လို့ အမေဒိကန်ရွာကိုပြောင်းသွားတာလည်းသိဘူးနော်
    မော်ဒယ်လုပ်သိလား အိန်းကျီးတွေအလကားဝတ်ရတယ်
    ဖနပ်တွေကိုမှာ ကြိုက်တယ်လား
    ဟမလေး စိတ်ရှိလက်ရှိ ကဗျာဖွဲ့ပြလိုက်ခြင်ပါဘိတော့
    အင်တာဗျူးကြီးကလည်းညံ့ပါ့
    ငါးငပိကြိုက်သလား
    ဒညင်းသီးအိုးစိမ်ကြိုက်သလား
    မျှစ် နဲ့ချင်ပေါင်ကြော်ကြိုက်သလား
    ဘာညာကွိကွ သံးနာရီလောက်ကြာအောင်ဗျူးခဲ့တာမဟုတ်ဘူး 👿

  • chityimhtoo

    February 21, 2012 at 7:27 pm

    ရှောလိုက်တာနှမတော်ရယ်။မောင်တော်နှမတော်ကိုအရမ်းဂျစ်ဒယ်….တဂျီးကိုပြောပြီးလာတောင်းပါ့မယ်။

    • မဟာ ထမိန်ကြီးဝါဒ

      February 26, 2012 at 11:49 am

      တိုင်ပြောမယ်…ဟင်းးး

  • noob

    February 21, 2012 at 9:17 pm

    ဖျားဖျား စိုင်း2 သီချင်းထဲ က လို “မင်းလေးက ဟော့တယ်”

  • kyeemite

    February 22, 2012 at 9:48 am

    ငယ်ငယ်ရွယ်ရွယ်နဲ့ အမေဒိကားလိုနိုင်ငံမျိုးမှာ ပညာကျိုးစားသင်ယူနေတာ အားကျလိုက်တာ..
    အင်း ဘဝပေးကောင်းတာကိုး..ဘာဖြစ်ဖြစ်လေ..ပညာတွေအများကြီးတတ်ပီးရင်..အဲဒီမှာမနေဘဲ…
    ကိုယ့်တိုင်းပြည်ပြန်လာပီး အကျိုးပြုနိုင်ပါစေလို့သာ ဆုတောင်းပါရဲ့…

  • နှူးဘာဂိုဏ်းချုပ်

    February 22, 2012 at 9:58 am

    အော် …ခေးရယ်….
    ရွာသူလေး လုပ်ချင်ဝူးလား ကွယ်…
    ထိပ်တုံးကြောက်လို့ ညက အိပ်မက်မက်ကြောင်း ပြောပြဖို့ မေ့သွားပါတယ်ခေးရယ်….

    😀

  • ကြောင်ကြီး

    February 22, 2012 at 10:34 am

    ခလေးမနှယ် အနေမတတ်လိုက်တာ…။ ဘာမှ မမြင်ရဘူး..ဟူး..ဟူး… 🙁

  • manawphyulay

    February 22, 2012 at 5:52 pm

    အင်း အင်တာဗျူးလေးတွေ ဖတ်မိရင်ဖြင့် ကိုယ့်ဘာသာ အလိုလိုအားငယ်မိတယ်။ ဘယ်သူကတော့ ဘယ်နေရာမှာ ဘာကျောင်းတက်နေတာ နောင်ကို ဘာပညာဆက်သင်မယ်ဆိုတဲ့ အဖြေလေးတွေ ဝေဝေဆာဆာနဲ့ တွေ့ရတဲ့အခါ ဘဝချင်းတွေ မတူသလို ခံစားရတယ်။ ဘဝပေးကောင်းလိုက်ကြတာနော်လို့လည်း တွေးမိတယ်။

    • kai

      February 23, 2012 at 4:16 am

      Is the glass half empty or half full? is a common expression, used rhetorically to indicate that a particular situation could be a cause for optimism (half full) or pessimism (half empty); or as a general litmus test to simply determine an individual’s worldview. The purpose of the question is to demonstrate that the situation may be seen in different ways depending on one’s point of view and that there may be opportunity in the situation as well as trouble.

      This idiom is used to explain how people perceive events and objects. Perception is unique to every individual and is simply one’s interpretation of reality. The phrase “Is the glass half empty or half full” can be referred to as a philosophical question.

      • နှူးဘာဂိုဏ်းချုပ်

        February 23, 2012 at 4:19 am

        Marketer thinks ur glass needs “Re-sizing”

        😛
        lol

  • Khin Latt

    February 22, 2012 at 8:45 pm

    မနောရေ –
    တကယ်တော့ ဘဝ မှာ ကိုယ့်ထက် နောက်မှာ ရှိ တဲ့ လူတွေကို လဲ မြင်ကြည့်လို့ ရပါသေးတယ်။
    ဖြစ်သင့်တာကတော့ ကိုယ့်ဘဝ ကို သူများ နဲ့ နှိုင်းတာထက် စာရင် ဒီနေ့ နဲ့ မနေ့က မနော ကို သာ ယှဉ်လိုက်ပါ။
    ဒီနေ့ မနော က မနေ့က မနော ထက် ပိုပြီး ကြိုးစားမယ် ဆိုရင် မနက်ဖြန် မနော ဟာ နောက် ကျန်နေစရာ၊ အားငယ်နေစရာ အကြောင်းမရှိပါဘူး။
    မြန်မာပြည် အပြင်မှာ နေတဲ့ သူတိုင်းမှာ လဲ သူ့ ဒုက္ခ နဲ့ သူ ချည်း ပါဘဲ သမီးရေ။
    လက်ရှိ မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး စိတ်ကောင်းမွေး နေနိုင်ရင်ဘဲ လူဖြစ်ကြိုးနပ်ပါတယ် ကွယ်။

    ခင်မင်စွာဖြင့်
    အရီးလတ် 🙂

  • Swal Taw Ywet

    February 23, 2012 at 1:49 am

    Wow,
    This is the girl from Amarapura. It was my home town.
    I am proud of you for Amarapura.
    Dear Ko Pauk ( MDY ),
    Can we visit to her sisters when we go Taung Tha Man?
    ( To learn their weaving business Only- Don’t think wrongly ).
    OK?

    With respect,
    Swal Taw Ywet.

  • del one

    February 23, 2012 at 8:31 am

    မိမိတတ်သောပညာဖြင့်ကျေးဇူးရှင်
    အမိနိုင်ငံတော်အားကျေးဇူးဆပ်နိုင်
    ပါစေ။

  • မောင်ပေ

    August 26, 2012 at 9:09 am

    အလို အခုမှပဲ သူလေးအကြောင်းနဲ့ သူလေးပုံတွေ မြင်သိရတယ်
    ချောလှပါ၏ နှမငယ်

Leave a Reply