အဆီကျ အသားကျစ်ဇာတ်လမ်းထဲက ချင်းက လူကြမ်းမင်းသား ရေးသူ ဆရာထက်

htet wayFebruary 21, 20121min17517

 

တစ်ရက် အမျိုးသမီးတစ်ယောက် က “ဆရာရယ် ဆေးသောက်တဲ့ အခါမှာ ဂျင်း(ချင်း)ပြုတ်ရည်နဲ့ သောက်ရမယ်ဆိုတာကြီးက မနိပ်ပါဘူးလေ။”

တခါ ထန်းညက်နဲ့ ချင်းကြိုသောက်ရတဲ့ ခောတ်က မကုန်သေးဘူးလား။ကျမက ချင်းဆို မုန်းလွန်းလို့ပါဆရာရယ်လို့ ပြောရှာပါတယ်။တကယ်တော့

မြန်မာဆေးက ရေလဲသုံးရတာတွေရှိပါတယ်။တောင်ဇီးဖြူပြုတ်ရည်နဲ့သောက်ပါ၊ နံသာရည်နဲ့ လိမ်းပါ၊တောင်တံကြီးနဲ့ လိမ်းပါ စတာတွေကို လူအများက

စိတ်ညစ်နေကြပြီး မသုံးကြတာလည်း ဖြစ်နိုင်ပါတယ်။တစ်ချို့ကတော့ လုံးဝ အထင်မကြီးတာပါ။ရှိစေတော့။

အာယုဗေဒဆေးကျမ်းကြီးမှ အစ တိုင်းရင်းဆေးတွင် တြိကဋုတ်သုံးပါး ဟူ၍ ဖေါ်ပြသုံးစွဲ ကြသောဆေးအခေါ်အဝေါ် တွင် ပါဝင်ပစ္စည်းမှာ

၁။ ချင်း

၂။ ပိတ်ချင်း

၃။ငရုတ်ကောင်း  သုံးပါးတို့ကို ပေါင်းစပ်ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။

ထိုအထဲမှ ပူသော၊စပ်သော၊ခါးသော  ချင်းအသံထွက်(ဂျင်း)၌ အကြောင်းကို အနည်းငယ်တင်ပြလိုပါသည်။ရုက္ခဗေဒအမည်(Zingiber Officinale, Rose)ဟုခေါ်ပါသည်။ဂုဏ်သတ္တိမှာ နုတ်ကိုမြိန်ေ၏ ၊အစာကြေလွယ်၏သလိပ်သည်းခြေဒေါသကိုနိုင်၏ဟုဆိုပါသည်။လေကိုပြေစေသည်အစာကိုကြေစေသည်။

ချင်းဟာ အစာခြေလမ်းကြောင်းကို သန့်စင်စေပြီး အစာကြေခြင်းကို အားပေးပါသည်။ အစာမကြေသူများ  ချင်းကို သုံးဆောင်ပါက သက်သာလာသည်ကို

လက်တွေ့ စမ်းသတ်၍ရနိုင်ပါသည်။ဆရာဝန်တစ်ဦး၏ဆေးဆောင်းပါးတစ်ခုတွင်  “ချင်းသည်အစာအိမ်ရဲ့ PHခေါ်ဟိုက်ဒရိုဂျင်အိုင်ယွန်း ထပ်ညွန်းကိန်းကိုမြင့်တင်

ပေးတယ် PH တန်ဖိုးမြင့်လေလေ အက်ဆစ်ပြင်းအားလျှော့လေလေပါပဲ အစာခြေရာမှာ အက်ဆစ်ပါရတယ်ဆိုပေမယ့်အက်ဆစ်ပြင်းအားလိုတာထက်များနေရင်

(PH တန်ဖိုးနည်းနေရင်)အစာခြေအင်ဇိုင်းတွေအကောင်းဆုံး အလုပ် မလုပ်နိုင်လို့ အစာမကျေ  လေပွ  ရင်ပူခြင်းကိုခံစားရတာဖြစ်တယ်။ချင်းက အကောင်းဆုံးဆေး

တစ်လက်ဖြစ်တယ်လို့ ဆိုတာ ဖတ်ဖူးပါတယ်။

အဆီကျ အသားကျစ်ဆေးတစ်မျိုးတွင် ချင်းပြုတ်ရည်နှင့်သောက်ရန် ဆိုခြင်းအပေါ် အမျိုးသမီးတစ်ဦး၏ ဖွင့်ဟ ချက်ကို ဆိုခဲ့ပြီးဖြစ်ပါသည်။ ၎င်း မှ ဆရာရယ်

ဆေးကို ၁ဝရက်သောက်လိုက်တာ ဗိုက်ချပ်တယ်၊ လိမ်းဆေးလည်းပုံမှန်လိမ်းတာပါ။ အစက ကိုယ်လက်လေးလံတယ် မလုပ်ရှားခြင်းဘူး အခုပေါ့ပါးတယ်

ညနေစာကိုလည်း အရင်လို စားချင်တဲ့ စိတ်မရှိဘူးလို့ ပြောပါတယ်။ ဆေးကို သုသေသနလုပ်နေတုန်း အဆင့်ပါခင်ဗျား။ဒီဆေး ကို ဖေါ်စပ်ရခြင်းရည်ရွယ်ချက်

ကို နည်းနည်းလောက်ပြောပါရစေ။ ဗိုက်ချပ်စေလိုခြင်း၊စလင်းဘော်ဒီဖြစ်စေလိုခြင်း ကို ရည်ရွယ်ဖေါ်စပ်ခြင်းလုံးဝမဟုတ်ပါ။

အဝလွန်ခြင်းကြောင့် ဖြစ်ပေါ်လာမည့်   နှလုံးသွေးကြောကျည်းရောဂါ ထိုမှ တစ်ဆင့် သွေးတိုး ဆီချိုသွေးချိုရောဂါ များ

လေဖြတ်ခြင်းစတဲ့      အန္တရာယ်ကိုလျှော့ချပေးစေလိုုခြင်း ကာကွယ်စေလိုခြင်းဖြစ်ပါသည်။

ဆေးတွင် ဝမ်းမှန် ၊ဆီးမှန်ခြင်း အဆီကျခြင်း အညောင်းပြေခြင်းသွေးတွင်မကောင်းတဲ့ ကိုလက်စထရော (Triglyceride)ကို ကျစေခြင်းတို့ကို ကျစေတဲ့

တိုင်းရင်းဆေးစစ်တွေကို သုံးစွဲထားပါတယ်။ဆေးနည်းကို ယခင် အပတ်တွင်ဖေါ်ပြထားပြီးဖြစ်ရာ ဆေးတွင်ပါသော ရှားဇောင်းလက်ပတ်သည် အစာအိမ်နာ

ဆီး ရောဂါ အပူနာတို့ကို ကောင်းမွန်စေပါသည်။

ချင်း အကြောင်းကို ဆက်ပါရစေ။   ချင်းတစ်မျိုးတည်း သည် တေဇောဓါတ် အပူကို အားပေးပါသည်။အဆီဆဲလ်တွေကို လောင်ကျွမ်းစေသည်ဟု အနောက်တိုင်း

ဆေးပညာရှင်များက ဆိုပါသည်။Thermogenic Effect ရှိတယ်လို့ ဆိုပါသည်။ဒါကြောင့်သွေးကြောများကျယ်လာစေခြင်းကို အားပေးသည်ဟုဆိုပါသည်။

ချင်းမှာဒဏ်ထိနာနှင့်သံသာအင့်ခိုး၊လေကြို့ထိုးအင့်၊ဝမ်းနှင့်သင့်၏…….ထိခိုက်ဒဏ်ရာရလျှင် ချင်းနှင့်မိဿလင် သက်ရင်းကြီးကိုရောစပ်၍စည်းနှောင်ပေးက သက်သာပါသည်။နှာစေးချောင်းဆိုးခြင်းနှင့်ရင်ကြပ်ပါကချင်းစိမ်းကို မီးဖုတ်၍ ပျားရည်နှင့်တို့စားပါ။အဆစ်အမြစ်ကိုက်ခဲလျှငချင်း၂၅ကျပ်သား ၊ မုန့်ညင်းဆီ၁၂ကျပ်သား အဆီပြန်အောင်ချက်၍ ပရုပ်၃ကျပ်သားရောစပ်၍ အသားထဲစိမ့်ဝင်အောင်လိမ်းပေး၍ ပတိတီစည်းပေးပါ။

ကိုယ်ပူ၍ လုံးဝအပူမကျသော ကလေးကို ချင်း၁ဝကျပ်သားကို ပါးပါးလှီ၍ နှမ်းဆီ  စစ်နှင့် ကြော်ပြီး ၎င်း အဆီကိုလိမ်းပေး၍ အဝတ်နှင့်စည်းပေးပါက

မကြာခင် အပူကျကြောင်း သဘာဝဓမ္မ ဆရာကြီးတစ်ဦးကုသပေးသည်ကို မြင်တွေ့ ဖူးပါသည်။

အမျိုးသမီးဓမ္မတာမှန်ဆေးအဖြစ် ချင်းကို မသုံးမဖစ်သုံးကြရပါသည်။ ချင်းပြုတ်ရည်ဖြင့် မီးယပ်ဆေး၊ မီးမကင်းဆေးများကို သုံးစွဲရာတွင် မသုံးမဖြစ်သုံးရပြီး

အကြောရောဂါလိမ်းဆေး၊ ကြပ်ထုပ်ဆေးတွင် ချင်းသည် မပါမပြီး မင်းသားတစ်လက်ဖြစ်ပါသည်။

ကျွန်တော်သည်အထက်ကဆိုခဲ့ပြီးသည့်အတိုင်း အဆီကျအသားကျစ်ဆေးဖေါ်စပ်ရာ ဆေးတစ်မျိုးကို ချင်းပြုတ်ရည်နှင့်သောက်ခိုင်းရာ အခက်တွေ့နေကြပါသည်။

ပြုတ်အုံး ဟဲ့ သောက်အုံးဟဲ့ နှင့်စိတ်ပျက်ကြပါသည်။ ဆေးသောက်သူများကတော့ ချင်းကိုမုန်းသည်မှလွဲ၍ ဗိုက်ချပ်ကြောင်း ခန္တာကိုယ်ပေါ့ ပါးကြောင်း အဆီကျကြောင်းပြန်ပြောကြ၍  ဝမ်းသာခဲ့ရပါသည်။ ဆေးမှတ်ပုံတင်၍ ထုတ်ရောင်းရန်တော့ အစီအစဉ်မရှိသေးပါ။

 

ဝန်ခံချက်။   ။ကျွန်ပ်၏ အမည်မှာဆေးဆရာအဖြစ် ဆရာထက် ၊ ကလောင်အမည် ထက်ဝေး ဖြစ်ပြီး အမည်အရင်းမှာ ဇော်မင်းထက်ဖြစ်ပါသည်။

တစ်ခါက တိုင်းရင်းဆေးသုသေသနစာတမ်းတစ်စောင်တင်ရာတွင် (ကလောင်အမည် ထက်ဝေး) ဟုရေးမိ၍ ပယ်ချခံရပါကြောင်း ။ရွာသားရွာသူများကို

ယခုရေးသူဟာ ထက်ဝေးမဟုတ် တိုင်းရင်းဆေး ကို ဖက်တွယ်ထားသောဆေးဆရာဆရာထက်ဖြစ်ပါကြောင်း။

17 comments

  • နှူးဘာဂိုဏ်းချုပ်

    February 21, 2012 at 7:19 pm

    ဟုတ်ကဲ့ပါ ဆြာ ထက်
    မှတ်ထားပါ့မယ်ဗျ …

    😀
    ဆြာ တို့က နီးတာတွေ ဝေးတာတွေ
    သိပ်သိပ် သုံးသကိုးဗျား …ပ
    ကျုပ်တို့လို ကဗျာ့ဉာဏ်တိမ်တဲ့ လူသာမန်တွေအဖို့ ..
    မှားတတ်တာပေါ့ …နော…
    နောက် မမှားအောင် မှတ်ထားပါ့မယ်ဆြာထက်

    ခင်တဲ့
    ဂီ

  • ဝန်ခံချက်။   ။ကျွန်ပ်၏ အမည်မှာဆေးဆရာအဖြစ် ဆရာထက် ၊ ကလောင်အမည် ထက်ဝေး ဖြစ်ပြီး အမည်အရင်းမှာ ဇော်မင်းထက်ဖြစ်ပါသည်။
    တစ်ခါက တိုင်းရင်းဆေးသုသေသနစာတမ်းတစ်စောင်တင်ရာတွင် (ကလောင်အမည် ထက်ဝေး) ဟုရေးမိ၍ ပယ်ချခံရပါကြောင်း ။ရွာသားရွာသူများကို
    ယခုရေးသူဟာ ထက်ဝေးမဟုတ် တိုင်းရင်းဆေး ကို ဖက်တွယ်ထားသောဆေးဆရာဆရာထက်ဖြစ်ပါကြောင်း။
    ဆရာထက်ရေ ဘာလို ့ပယ်ချခံရတာပါလိမ့်ဗျာ။

  • ဦးဦးပါလေရာ

    February 22, 2012 at 12:53 am

    ချင်းကတော့ ကြောက်စရာမကောင်းပါဘူး
    ကျုပ်ဖြင့် အအေးမိရင်လဲ ချင်း (ချင်းသုတ်လုပ်ဘို့နှပ်ထားတဲ့ဟာမျိုး) နဲနဲစားလိုက်တာပဲ။
    ဗိုက်နာရင်လဲ ချင်းနဲနဲစားလိုက်တာပဲ
    အစာမကြေရင်လဲ ထို့အတူပဲ

    ခက်တာက ချင်းကိုပြုတ်ပြီးသောက်ရမယ်ဆိုတာကြီးကတော့ သိပ်မမိုက်ဘူး
    အလုပ်လဲရှုပ် အဝင်လဲဆိုးမယ်ထင်တယ်
    အမှုန့်လုပ်ပြီးဆေးထဲထည့်လို့ရရင်ကောင်းမယ်နော်။

  • mg mg

    February 22, 2012 at 9:56 am

    အလုပ်ရှုပ်ပေမဲ့ အဟုတ်ကောင်းတာဗျ၊ ဂျင်းကိုထညက်(ထန်းလျက်)နဲ့ပြုတ်သောက် အင်မတိအင်တန်ကောင်းတာ၊ တုတ်ကွေးရာသီအစဆို အဲဒါသောက်ပေးရတယ်၊ ကျနော်တို့ငယ်ငယ်တုန်းက ဘကြီးဘုန်းကြီးက မသောက်မနေရဇွတ်တိုက်တာ၊ ကြာတော့လဲကြိုက်သွားတာပါဘဲ။
    တိုင်းရင်းဆေးဆရာဆိုလို့ တစ်ခုလောက်ပြောချင်လို့ ကျနော်တို့တစ်တွေ လျှာနဲ့မကြာမကြာ ဆန့်ကျင်ဘက် လုပ်ပေးရတယ်လို့ ပြောသံကြားဘူးတယ်၊ ပြောတာက လျှာ-ဗျာ ဝက်သားလေးဆိုသိပ်ကြိုက်၊ အဆီ-အဆိမ့်- အချို ဆိုအမြဲတမ်း ဝဲလ်ကမ်းတဲ့၊ အချဉ်-အခါး- ကြားတောင်မကြားချင်ဘူးတဲ့၊ တကဲ့တကယ် အချဉ်တို့ အခါးတို့ဆိုတာဟာလဲ ခန်ဓါကိုယ်အတွက် အမှန်တကယ်လိုအပ်တဲ့အရာတွေတဲ့၊ အဲဒါကြောင့် မကြိုက်ပေမယ့် တစ်ခါတစ်ရံ ကိုရွှေလျှာနဲ့ ဆန့်ကျင်ဘက်လုပ်ပြီး စားပေးရမယ်လို့ပြောပါတယ်။
    ဘာပဲပြောပြော တန်ဆေးလွန်ဘေးလို့တော့ ကြားဘူးတာပါပဲ။

  • ဆူး

    February 22, 2012 at 10:42 am

    ချင်းတော့ မကြိုက်တာ အမှန်ပါပဲ..
    ဟင်းထဲမှာ ချင်းဖတ် ပါရင် သေးသေး ကြီးကြီး ထွေးထုတ်တတ်တယ်။
    ချင်းသုတ်လည်း မစားတတ်ဘူး။ ချင်း နုကို ဟင်းထဲ ထည့်ချက်ရင် ကြိုက်တယ်။ ချင်းရင့်တော့ မကြိုက်ဘူး။

  • htet way

    February 22, 2012 at 10:45 am

    ဘာကြောင့်ပါယ်ခံရလဲဆိုတာကိုတွေးကြည့်တော့ အဖြေတော့ရလာတယ်
    စာရေးဆရာဗျာ ဆေးအကြောင်းနားမလည်ပဲနဲ့ စာဖတ်ပြီးရေးတာလို့ ူတို့ထင်ကြတယ်လေ
    ဒါကြောင့်လို့ထင်ပါတယ်။အဲ့ ဒီကာလက …ဆရာနာဂရချစ်သူသိတဲ့ အတိုင်းပါပဲ.
    အခုလို ဖတ်ပြီး ဆွေးနွေးတာ ကျေးဇူးပါခင်ဗျား။
    ဆရာ ဦးဦးပါလေရာခင်ဗျား အမှန်တော့ အလုပ်ရှုပ်တာပေါ့ ခက်တာက ဒီလိုလေးတပတ်ကို တစ်ကြိမ်လောက်တော့ သည်းခံသင့်မယ်ထင်တယ်။ချင်းက လူကြမ်းလို့ ဆိုတဲ့ အတိုင်း
    လူတိုင်းက ဆရာ့လိုပဲပြောပါတယ်။ ကိုမောင်မောင်ပြောသလို အစာလည်းဆေး ..ဆေးလည်း အစာပါခင်ဗျား။
    ဂိုဏ်ချုပ်ကြီးခင်ဗျား ကျွန်တော်ဟာ စတန့်ထွင်လိုက်တာမဟုတ်ပါဘူးဗျာ
    ကဗျာပေါ်မှာ ဝါသနာကြီးလွန်းလို့ ကဗျာသမားဘဝ၊ ဆရာလုပ်ရတာစိတ်ဝင်စားလွန်းလို့
    ကျူရှင်ဆရာဘဝ ၊ နောက် အဖေက တိုင်းရင်းဆေးသမားတော်ကြီးဆိုတော့ အရိုးကျိုး
    အရိုးကျီးပေါင်းကုတဲ့ ဆေးဆရာလေးဘဝမှာ ကျွန်တော် သုံးကိုယ်ခွဲနေပါတယ်
    ဆရာတို့ကို ကျွန်တော်လေးစားခင်မင်လျှက်ရှိပါကြောင်း ပြောပါရစေခင်ဗျား…….။

  • htet way

    February 22, 2012 at 10:48 am

    ဆရာမဆူးခင်ဗျား
    ချင်းကို မကြိုက်တာကို သိရတော့ ကျွန်တော်ဆရာ တရုတ်အပ်စိုက် ဆရာကြီးကို
    သတိရမိပါတယ်။ ချင်းက တရုတ်ဆေးတွေမှာ မပါမဖြစ်ဆေးတစ်ပါးပါ
    သို့သော် ကျွန်တော်ဆရာ တရုတ်သမားတော်ကြီး အပ်စိုက်ပညာရှင်က
    လုံးဝမကြိုက်ပါဘူး။
    အော်ချင်းတက်ခမျာ ………

  • ကိုရင်စည်သူ

    February 22, 2012 at 11:01 am

    ဆရာထက်… ရေ…
    ကျနော်က ဂျင်း၊ ကြက်သွန်ဖြူ၊ အနီ၊ အသီးအရွက် အကုန်ဝါးတယ်ဗျ..
    ဆေးဖက်ဝင်တယ်ဆိုလားပဲ… မသက်နိုင်ဘူးလေ… ကိုယ်ကလည်း
    အသောက်သမားဆိုတော့… ဒါလေးတွေနဲ့ ဖမ်းပြီး ထိန်းထားရတယ်…
    ရောဂါ… ရောဂါ… 😆 😆

    • ကိုရင်စည်သူ

      February 22, 2012 at 11:04 am

      ဆရာထက်ရေ… စကားမစပ်ဗျ…
      ကိုရင့်အသဲက သိပ်မကောင်းဘူး…
      ဘယ်အသီးအနှံတွေကများ အသည်းအားကို ဖြည့်ပေးနိုင်လည်း
      ဖြေပေးလို့ရမလားခင်ဗျာ… ???
      ပြီးတော့ ကျနော်က ဆေးလိပ်အရမ်းသောက်တော့
      အဆုတ်ကလည်း သိပ်မကောင်းချင်ဘူးရယ်…
      နှစ်ခုလုံး အားကောင်းစေတဲ့ အစားအစာ ဘာရှိလဲခင်ည…

      • နှူးဘာဂိုဏ်းချုပ်

        February 22, 2012 at 11:20 am

        အဆုတ်ကောင်းတဲ့ဆေး က အာနာပါန တဲ့ခည…။
        အသည်းအတွက် ကတော့ ငါးပါးသီလ…။

        အင်း …ပြောသာပြောရတာ …
        ကျုပ်လည်း အဲ့ဆေးတွေမှန်မှန်မသောက်ဖြစ်ပါဘူးဗျာ …

        ခင်တဲ့
        နှူးဘာဂျုပ်

    • စိန်ပေါက်ပေါက်

      February 22, 2012 at 11:16 am

      ဟုတ်ပါတယ် ဆရာထက်ရေ
      ကျနော်လဲ ကိုရင်စည်နဲ ့ အတူ သိချင်ပါတယ်ဗျို ့
      ဂျင်းအကြောင်းလေးလဲ မှတ်သွားပါတယ်

  • blackchaw

    February 22, 2012 at 11:06 am

    ဘာမှ စားစရာမလိုဘူး ကိုရင်ရေ။
    အရက် ရှောင်လိုက်ရုံပါပဲတဲ့။
    အရက် သောက်မယ်ဆိုရင်တော့
    ဘာဆေးတွေပဲ စားစား အသည်း ကွဲ မှာ သေချာတယ်ဗျာ။
    😆 😆 😆

  • htet way

    February 22, 2012 at 11:24 am

    ရတယ်ဆရာရေ….
    ဒီလိုလူမျိုးရှာနေတာပါတွေ့တော့လည်း ကိုယ့်မိတ်ဆွေကြီးပဲ
    အသဲဆေး။ ။၁။ တောင်ဇီးဖြူ နှင့်ကြိတ်မှန်ရွက်ပြုတ်ပါ အရည်ကို သကြားရောစပ်ပြီးတစ်နေ့ရေသန့်တစ်ဗူးလောက်သောက်
    ၂။ သခွပ်ရွက်ကို ၃ခွက်တစ်ခွက်တင်ကြို နေ့စဉ်သောက် အသဲကောင်းစေသတည်း
    တစ်လတော့ သောက်စေဗျား။
    အဆုတ်ဆေး။ ။ ဟင်းနုနယ်ရွက်ပင်ကို ပဉ္စငါးပါး ထောင်း အရည်ညစ်
    ဆန်အရက်တစ်ဇွန်း အရည်တစ်ဇွန်းသောက် ကောင်းစေသတည်း
    ကိုရင်ရေ စာတွေရေးပါအုံးဗျာ။ အသဲတော့ မကွဲစေနဲ့ ။အရက်ကတော့ ပြတ်ချင်ရင်
    စွန့်လို်က်ဗျာ
    အစားထိုးတဲ့ အနေနဲ့ မိန်းမ ယူလိုက်ပါ။………
    တခါတလေဖုန်းဆက်ဗျာ။(မိတ်ဆွေကိုပြောတာနော်)

  • manawphyulay

    February 22, 2012 at 11:37 am

    ချင်း(ဂျင်း) မကြိုက်ပေမယ့် ခရီးသွားတဲ့အခါ ဂျင်းတက်ဆောင်ထားရင်တော့ အမူးအမော်ပြေစေတဲ့အပြင် အန်တာလည်း ပျောက်ကင်းတယ်ဆိုတာ လက်တွေ့သိပါတယ်။ ခက်တာက အဆီကျတာပဲ ဆရာထက်က ပေးတယ်။ ဝဆေး ဘယ်လိုဆေးကိုစားရမယ်ဆိုတာ ညွှန်းလည်းမပြထားဘူး။ 😛

  • etone

    February 22, 2012 at 11:40 am

    ဆရာထက်ရေ … ဂျင်းကိုတော့ အရမ်းကြိုက်ပါတယ် …
    ဟင်းချက်တဲ့ အခါ .. ခွာရတာ ပျင်းလို့ .. တစ်ခါ တစ်လေလောက်ပဲ ထည့်စားဖြစ်တယ် … ။
    ဂျင်းကို အပူစာလို့လည်းပြောကြတယ် … ။ ဂျင်းက အသားလှတယ်လို့လည်း ကြားဖူးတယ် .. တစ်ချို့ အလှပြင် ပစ္စည်းတွေဆို ဂျင်းကို အခြေခံပြီး ထုတ်ထားကြတာလည်း ..ကြားခဲ့ဖူးတယ် … ။

    ဂျင်း ၊ ငရုတ်ကောင်း ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းတွေကို အရမ်းကြိုက်ပေမယ့် … အများကြီးစားလျှင် … မျက်စိစွန်တာတွေ .. မျက်နှာမှာ .. ဘုတွေ ထွက်လာတာတွေကြောင့် … ချင့်ချိန်ပြီးပဲ စားဖြစ်ပါတယ် … ။

    ဂျင်းထဲမှာမှ .. ဂျပန်ဂျင်းနုလိုမျိုးဟာလေးတွေကျတော့ .. ဘယ်လောက်စားစား … သိပ်မပူလို့ … နင်းကန်စားလိုက်လျှင် .. ချက်ချင်း မသိသာပေမယ့် …. အတော်များများစားပြီးမှ .. ဘုလေးတွေ ထွက်လာပါရောလား … 🙄

  • awra-cho

    February 22, 2012 at 3:34 pm

    ချင်းက လုူကြမ်းဆိုတော့ ရခိုင်က မင်းသား ထင်နေတာ။ လက်စသတ်တော့ ဂျင်းကိုး၊ အားပေးသွားပါတယ်၊

  • htet way

    February 22, 2012 at 8:28 pm

    ဖတ်ရှု့ပေးတာကျေးဇူးတင်ပါတယ်
    လူကြမ်းမင်းသားဆိုတော့ ပရိတ်သတ်က မကြိုက်ပေမယ့် ဆေးဘက်ကတော့
    အတော်ဝင်ပါတယ်

Leave a Reply