အသံတွေ..ကပ်ထားတဲ့ နံရံ…

alinsettFebruary 21, 20121min2308

______________________________________________________

မျက်လုံးမှ ထွက်သော အခိုးအငွေ ့များကို ထုတ်ပိုး ၍ မရောင်းချရ ။

အစွယ်ပါသော လက်ချောင်းများမှ ထိန်းမနိုင် သိမ်းမရ ထွက်ကျလာသော.. စကားလုံးများကို အမည်တစ်ခုခု တပ်၍ မရောင်းရ ။

ထို နှစ်ချက်ကို မလိုက်နာ နိုင်လျှင် အနုပညာသမား..မလုပ်ရ ။

သို ့သော်…လှိုင်းများ..လှေများ ကြားမှာ မျောချင်ရာ..မျော နေရသော ဘဝမျိုးကို သင် ကြိုက် မှာ မဟုတ်ပါ ။

သင် မကြိုက်သော..ထို ဘဝ မျိုးကို ပင် ကျွန်တော်က ကြိုက်နေပါသည် ။ ကြိုက် လွန်း၍ ခက်.နေသောကြောင့် အငိုက် မိ လျက်သား….-×××××××××××××××××××××××××××

×××××× ××××× ××××××× ×××××××× ××××××××××××× ×××××× ×××××× ။ ။
________________________________________________________

ဘယ်လို လုပ် ရမယ်..မသိပါ ။

ထို ့ကြောင့် နွေရာသီမှာ မိုးကလေး တစ်ဖြိုက် နှစ်ဖြိုက် ရွာ ခဲ့ရပါသည် ။

တကယ်တော့…. နှင်းဆီများကို အဆိပ် ထုတ်ယူခဲ့သူမှာ ကျွန်တော်….မဟုတ်ပါ ။ နှင်းဆီများကို ရနံ ့ထည့်ပေးခဲ ့သူမှာလည်း ကျွန်တော် မဟုတ်ပါ ။

ကျွန်တော့် အရိပ် လည်း မဟုတ်ပါ ။ ( အလင်းဆက် ဆိုသည်မှာ…. မရှိမဖြစ် လူတစ်ယောက် မဟုတ်သောကြောင့် ကျွန်တော်..ကျေနပ် ဝမ်းသာနေရပါသည် ။)

အနုပညာ ဆိုသည်မှာ…ဆိုးခြင်း ၊ ကောင်းခြင်း မဟုတ် ။ မြင့် ခြင်း၊ နိမ့်ခြင်း မဟုတ် ။ ဖြူစင်ခြင်း၊ ညစ်နွမ်းခြင်းလည်း မဟုတ်ပါ ။

အနုပညာသည် အနုပညာ သာ….ဖြစ်ကြောင်း….ကျွန်တော် ..မကြခဏ ပြောလေ ့မရှိပါ ။

___________________________________________________

၁ ။ ။ ဘယ်တုန်းကမှ…… မလွမ်းဖူးသေးသော သူငယ်ချင်းတစ်ယောက်ကို လွမ်းရဦးမည် ။

၂ ။ ။ ခရေပန်းများဖြင့် ပြုလုပ်ထားသော….ဝိုင်တစ်ခွက် သောက်ရဦးမည် ။

၃ ။ ။ လူတစ်ချို ့၏ အတ္တများ ၊ မာန များ..ကို.ကြိတ် ခွဲ.ပြီး…ညစာ (တစ်ကြိမ် ) ချက် စားရဦးမည် ။

၄ ။ ။ မရိုးနိုင်သော သီချင်းတစ်ပုဒ်ကို အသံ မထွက်စေရအောင်..ဆို..တီး ရဦးမည် ။

၅ ။ ။ နံရံတွင် ကပ်ထားသော…အသံများကို အသံများဖြင့် ထပ်..ကပ်ပြီး..ကျွန်တော့်ဘဝကို ပန်းချီကားတစ်ချပ်ပမာ..ထိုင်ကြည့်ရဦးမည် ။

___________________________________________________________

အမှားများနှင့် အမှန်များကို ရောမွှေပြီး…( ချစ်ရသူတစ်ယောက်က ) ကျွန်တော့်ကို

“” မုန်းတယ်….”” ဟု ပြောသွားသည် ။

အဲသည် အဖြစ်လောက် ရင်နာစရာကောင်းတာ မရှိတော့ပါ ။

အမှားသည် အမှားစစ်စစ် ဖြစ်ပါသလား ။

အမှန်သည် အမှန်စစ်စစ် ဖြစ်ရဲ့လား… ။

အဖြေ တစ်ခုတော့ ရှိရပါမည် ။

မနက်ဖြန် ညနေ တွင်… အမှားတစ်ခု နှင့် အမှန်တစ်ခုကို သေချာ ထုတ်ပိုး၍ ဓါတ်ခွဲခန်းတစ်ခုခုဆီ ပို ့လိုက်ရဦးမည် ။

အဖြေသည် ကဗျာတစ်ပုစဒ် ဖြစ်ချင် ဖြစ်နေပါလိမ့်မည် ။

______________________________

“” I CLOSE MY EYES AND DREAM ABOUT YOU

HOLDING ME DEEP IN YOUR SOUL

I LOVE YOU MORE THAN YOU ‘LL EVER KNOW . “”

_________________________________

အားလုံးကို ခင်မင်လေးစားစွာ..ဖြင့် ..

အလင်းဆက်

21 . 2 .2012 . pm

alinsett.art@gmail.com

8 comments

  • အော့ကြောလန်နန့်နန့်ထိုး ခွေးလယားသီး ဗြားကြီး

    February 21, 2012 at 7:35 pm

    သိပ်ကောင်းပါတယ်
    တခါတလေ စကားလုံးရှားပါးမှု့(တခါတလေ မဟုတ်ပါဘူး) ကြုံတဲ့အခါသိပ်ဒုက္ခရောက်ပါတယ်
    အားပေးပါတယ် ရသနှစ်ခု ပေါင်းစပ်မှု့ကို..

  • pooch

    February 21, 2012 at 8:57 pm

    ……………ပျော်ရွှင်မှုဆိုတာ
    ……………..ကိုယ့်ကိုယ်ပေါ် တစ်စက်နှစ်စက်မဆွတ်ဘဲနဲ့
    ………………..သူများအပေါ် သွန်းဖျန်းလို့ မရနိုင်တဲ့
    ………………………ရေမွှေးနံ့သာပါတဲ့။

    ဒါလေးက ခုတလော ကျမနှစ်သက်နေမိတဲ့ အဆိုလေးတခုပါ။

  • mandalarthu

    February 21, 2012 at 10:16 pm

    ကိုအလင်းဆက်ေ၇…
    သိပ်ကို ရသမျိုးစုံပေးစွမ်းနိုင်တဲ ့မော်ဒန်art ဖန်တီးမှု တခုပါဘဲ။
    ပထမဦးဆုံးပုံ နဲ ့စာနှစ်ကြောင်းကိုု ကြိုက်တယ်။
    နောက်ဆုံးပုံ နဲ ့ကဗျာလေးကလည်း အဓိပါယ်ရှိပါတယ်။
    အလယ်ပိုင်းကတော ့ခေါင်းစဉ်ရဲ ့ အဓိက အချက်ကို ဖော်ပြထားတယ်လု ိ့ခံစားမိပါတယ်။
    ကိုယ် ့နားလည်မှုနဲ ့ကိုယ်ပေါ ့……….
    အနုပညာဆိုတာ ဖန်တီးမှုတခု ဘဲမို ့
    ထို အနုပညာကို လူတိုင်း ပုံ စံ အမျိုးမျိူးနဲ ့ ခံစားခွင် ့ရှိသလို
    သူတို ့ကိုယ်တိုင်လည်း ဖန်တီးခွင ့်လည်းရှိတယ် ဆိုုတာ ……….
    အလင်းဆက် က ………………….
    …………………………………….
    ထို နှစ်ချက်ကို မလိုက်နာ နိုင်လျှင် အနုပညာသမား..မလုပ်ရ ။
    ဆိုတာကတော ့..သိပ်မရှင်းဘူး။
    အနုပညာ သမားစစ်စစ်ဖြစ်ဖို ့
    ဘာစည်းဘောင်တွေမှ ခတ်ထားဖို ့မလို ဘူးထင်ပါတယ်။ ကျွန်မ အမြင်ပါနော်။

  • အမှားများနှင့် အမှန်များကို ရောမွှေပြီး…( ချစ်ရသူတစ်ယောက်က ) ကျွန်တော့်ကို
    “” မုန်းတယ်….”” ဟု ပြောသွားသည် ။
    အဲသည် အဖြစ်လောက် ရင်နာစရာကောင်းတာ မရှိတော့ပါ ။
    အမှားသည် အမှားစစ်စစ် ဖြစ်ပါသလား ။
    အမှန်သည် အမှန်စစ်စစ် ဖြစ်ရဲ့လား… ။
    အဖြေ တစ်ခုတော့ ရှိရပါမည် ။
    မနက်ဖြန် ညနေ တွင်… အမှားတစ်ခု နှင့် အမှန်တစ်ခုကို သေချာ ထုတ်ပိုး၍ ဓါတ်ခွဲခန်းတစ်ခုခုဆီ ပို ့လိုက်ရဦးမည် ။
    အဖြေသည် ကဗျာတစ်ပုစဒ် ဖြစ်ချင် ဖြစ်နေပါလိမ့်မည် ။
    မရှင်းမလင်းနားမည်နိုင်တာဟာလဲ အနုပညာလားဘဲလား မသိပါဘူး ကိုအလင်းစက်ရေ။
    ကြိုက်လို ့ကူးပြီးပြန်မန် ့တာပါ။

  • kyeemite

    February 22, 2012 at 9:50 am

    အလင်းစက်ခင်ဗျား..ခင်ဗျားရဲ့အစွယ်ပါသောလက်ချောင်းများ ကချရေးလိုက်တဲ့ စာစုလေးကို
    တော်တော်ကြိုက်ပါဂျောင်း နဲ့…အဲဒီထဲကမှ…မျက်လုံးမှ ထွက်သော အခိုးအငွေ ့များကို ထုတ်ပိုး ၍ မရောင်းချရ ။

    အစွယ်ပါသော လက်ချောင်းများမှ ထိန်းမနိုင် သိမ်းမရ ထွက်ကျလာသော.. စကားလုံးများကို အမည်တစ်ခုခု တပ်၍ မရောင်းရ ။

    ထို နှစ်ချက်ကို မလိုက်နာ နိုင်လျှင် အနုပညာသမား..မလုပ်ရ ။

    ဆိုတဲ့စာပိုဒ်ကိုအနှစ်သက်ဆုံးပါ…အားပေးနေပါတယ်…

  • စိန်ပေါက်ပေါက်

    February 22, 2012 at 10:17 am

    ထိထိမိမိ ခံစားသွားတယ်ဗျာ
    တော်ကီအလန်းလေးတွေ မှတ်သားသွားပါတယ်..

  • etone

    February 22, 2012 at 11:58 am

    အလင်းဆက်ရေ …
    မိုးတိမ်တွေ ဒီလောက်များပါလျှက်
    နေမင်းကြီးကို ဖုံးအုပ်မသွားဘူး ။
    နေမင်းကြီး ပူပူပြင်းပြင်း တောက်လောင်နေပါလျှက်
    မြက်ခင်းတွေကို … မခြောက်သွေ့ မညှိုးနွမ်းစေဘူး .. ။
    စာနာခြင်းနဲ့ ချစ်ခြင်းတွေကြောင့် အရာရာလှပနေတဲ့ပုံဖြစ်လာတယ်ထင်ပါရဲ့ 🙂

  • alinsett

    February 22, 2012 at 6:00 pm

    pooch ရေ.. မင် းကြိုက် နှစ်သက်နေတဲ ့စကားစုလေးက အရမ်းကောင်းပါတယ် ။
    ___________________
    အော့ကြောလန်….ရေ..။ ကျွန်တော့် စာကို ဖတ်ရှု အားပေးလို ့ ကျေးဇူးပါပဲ..နော် ။
    ________________
    mandalarthu …ရေ..။ ကျွန်တော် ရေးတဲ ့”‘အချက်နှစ်ချက် မလိုက်နာ နိုင်လျှင်.”‘.ဆိုတာက စည်း၊ ဘောင် တစ်ခု ဖြစ်နေနိုင်ပါတယ် ။ ကျွန်တော်ကတော့…စည်းတစ်ခု ဘောင် တစ်ခုဖြစ်စေ..တော့ လို ့ ရေးလိုက်တာမဟုတ်ပါဘူးနော်.။

    လက်ရှိ အနုပညာလောက မှာ အတွေ ့ရများနေတဲ ့ တချို ့ အနုပညာသမား အမည် ခံ..တွေ…အကြောင်းတွေးမ်ိလို ့.ခံစားပြီး..ချရေးလိုက်ရုံပါ ။
    အဓိပ္ပါယ်.အတိအကျကိုတော့ ကျွန်တော်…မပြောလိုပါဘူး။ ……. ပြောလိုက်ရင်..ပေါ့သွားမှာ စိုးတယ်လေ..။
    .ကျွန်တော့် ပို့စ်တိုင်းလိုလိုကို အားပေး..ဖတ်ရှု ပေးသော…mandalarthu ကို အထူး ကျေးဇူးတင်ပါတယ် ဗျာ..။
    _______________________

    နာဂရ ချစ်သူ..ရေ..။ ကျေးဇူးးပါပဲ.ဗျ။ ကျွန်တော့် ပို ့စ်တိုင်းလိုလို ကို အားပေး နေလို ့ ။
    __________________________

    ုkyeemite ရေ..။
    ကျွန်တော်ကတော့ ကျွန်တော့် လက်ချောင်းတွေမှာ အစွယ်မပါဘူးလို ့ ယုံကြည်နေမိတာ..။

    အစွယ် တစ်ခုခု ပါနေတယ်..ဆိုရင်လည်း..ကျွန်တော့်….ပြောင်းလဲ..မှုတစ်ခုခု လုပ်မှာပါ။
    ကျွန်တော် ဖန်တီးတဲ ့စာပိုဒ်ကလေးတွေ ကို ကြိုက်တယ်..ဆိုလို ့ ကျေးဇူးပါပဲ.နော် ။
    _________________________

    တော်ကီ အလန်းလေးတွေ ကို မှတ်သားသွားတဲ ့ ဒေါ်စိန်ပေါက်..ကိုလည်း အရမ်းကျေးဇူးတင်နေတယ်နော် ။
    ဒေါ်လေးရဲ ့ တော်ကီတွေလည်း..လန်းပါတယ် ။
    _____________________

    မအိတုန်.ရေ..။
    ပုံလေးကို ခံစားပြီး..မန်းသွားတာ အရမ်းကောင်းပါတယ် ။

    အားလုံးကို ခင်မင်လေးစားလျက်ပါ…။

    alinsett.art@gmail.com

Leave a Reply