1 ကန်တော်ကြီးသဘာဝမြက်ခင်းဘောလုံ့းကွင်းမှာဘောလုံးကစားနေကြတာ

2 ဘောလုံးပျောက်သွာုးလို့ ထိုင်ပြီးရှာနေတာလေ

3 သူများဂိုးပေါက်ကနေသွားစောင့်ကွာ တင်ပေးလိုက်မယ်

4 ဟိုကောင်ငါ့ကိုပြန်ပေးလေကွာ

5 ပိတ်သွင်းလိုက်လေကွာ ဂိုးပေါက်ေ၇ာက်နေတာကို

6 ဟေ့ကောင်နောက်ပြန်ပေးလိုက်လေ

7 ဘောက ပြန်လည်သွားပြန်ပြီနော်

8 ဟေ့ကောင်ငါဆီပေးလိုက် .............အော်နေ ဘောလုံးကဖြင့်လေထဲရောက်နေပြီ

9 မင်းဆီရောက်မှ ပြန်မပျက်ပေ့စေနဲ့နော်

10 လေထဲမှာ လေထဲမှာ.................

12 ဂိုးရှေ့ချပေးမယ် အသင့်စောင့်နေနော်

13 ဟိုကောင် နောက်ပြန်လည်သွားအုံးမယ်နော်

14 ကာထား မင်းအဖေက သွင်းသွားလိမ့်မယ်

15 ဟိုကောင် ငါ့ရှေ့က မပိတ်ထားနဲ့လေ (ပရီးမီးယားမှ ဂိုးသမားလေသံဖြင့်အော်)

16 တော်သေးတယ် ဂိုးတော့မလို့

 

“မြန်မာ့ဘော့လုံးလောက တိုးတက်အောင်ဆိုရင်”

 

ဟိုနေ့က ဂျာနယ်ထဲမှာ မြန်မာ့ပြည်ရဲ့ဘော့လုံးအဆင့်အတန်းနိမ့်ကျသွားတယ်ဆိုတာကို

ဖတ်လိုက်ရပါတယ်။

ဟိုအရင်ရွှေထီးဆောင်းခဲ့တဲ့ခေတ်က ဗဟာဒူးတို့ အေးမောင်ကြီးဆို့အေးမောင်လေးတို့

အကြောင်းတွေလဲ မကြားရပြန်တာအတော်ကြာသွားပြီ။

မြန်မာပြည်မှာအရင်က ရပ်ကွက်အဆင့်၊မြို့နယ်အဆင့် အမြင့်ဆုံးကတော့

တိုင်းနဲ့ပြည်နယ်အဆင့်ဘဲရှိပါတယ်။

ဒါတောင်မှာ နိုင်ငံတကာ ဘောင်ဝင် အဆင့်မီအောင် အောင်မြင်အောင်လုပ်ခဲ့ကြပါတယ်။

သူ့နောက်မှာတော့ လူတွေပိုသိလာတဲ့  ၀င်းအောင် မျိုးလှိုင်ဝင်း သန်းတိုးအောင်

အောင်ကျော်ကျော်တို့ခေတ်။

ဟိုးရှေးရှေးကစလို့ သူတို့ခေတ်ထိအပျော်တမ်းပါဘဲ။

နိုင်ငံတကာပွဲလေးများနိုင်ရင်ပြုရင်သာ မြေကွက်လေးဘာလေးလောက်နဲ့ကျေနပ်ခဲ့ရတဲ့

ခေတ် တကယ့်ကိုဝါသနာပါလို့ ကစားကြတဲ့ခေတ်ပေါ့၊

ဟောသူနောက်တော့ အခုလက်ရှိ ခင်မောင်ထွန်းတို့ခေတ်ရောက်ရော။

ဘောလုံးသမားရွှေခေတ်ရောက်သွားတာဘဲ။

ဦးဇော်ဇော်ကောင်းမူ့ကြောင့်ပါဘဲ။

ကြေးစားဘ၀ရောက်သွားတာကိုးဗျ။

ကြေးစားလို့ပြောရတာ မမိုက်ပါဘူးဗျာ ဘိုလို ပရိုခေတ်ရောက်သွားတာပေါ့။

စစခြင်းကတော့ မြန်မာ့ဘောလုံးလောက က အခုဘဲမြင့်တက်သွားမှာလိုလိုနဲ့။

ထားလိုက်ပါတော့။

ကျုပ်တို့မန်းလေးမှာတော့ ဘောလုံးဝါသနာအိုးလေးတွေက ရရာကွင်းမှာကန်ကြတာပါဘဲ။

တစ်ချို့အရပ်တွေဆို ကိုရင်တွေနဲ့တောင်ချိန်းကန်တာ အရပ်သားက မနိုင်ဘူးဆိုဘဲ။

ကိုရင် မက်ဆီ၊ ကိုရင်ဒိုလေး၊ကိုရင်ဘက်ခမ်း၊ကိုရင်တေဗက်၊ကိုရင်ကောက်စားတဲ့

ကိုရင်တွေထဲက ဘောလုံးသမားသွားရွေးရင်တောင်ရလောက်တယ်။

ဒီပုံလေးတွေကတော့ မန်းလေးကန်တော်ကြီးကွင်းမှာ လေကျင့်ခန်းဆင်းနေကြတာ။

ဘယ်သူတိုက်တွန်းတာမှာမပါဘူး။

တစ်ရက်မှာမပျက်။

အားရင်မနက်စောစောထပြီးလာကြည့်လှည့်ပါ့လားဗျ။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ရလာတဲ့ အတွေးပါးပါး

(23-2-2012)

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။