ကိုမင်းကိုနိုင်ရောချနေပြီလား

phone_kyawFebruary 22, 20121min14610

“ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဆိုတာ ပိတ်ဆို့ထားတဲ့လူ့အဖွဲ့အစည်းမဟုတ်ဘူးပေါ့ဗျာ”” (မင်းကိုနိုင်)

ကျနော်တို ့ရဲ  ့အကိုကြီး ကိုမင်းကိုနိုင်က တော်တော်နောက်တယ်။ သူပြောမှပဲ ရှင်းသွားတော့တယ်။ Open Soceity or Transpency ဆိုတာကြီးကို သူပြောပုံက ထောင်ကထွက်လာတဲ့ လူလို ့မပြောရဘူး။ နဲနဲပါးပါးလောက်လေ့လာရင် ပိုပြီးကောင်းအုံးမယ်ထင်တယ်။ တော်ကြာနေ အစိုးရက မင်းတို ့ကျောင်းသားခေါင်းဆောင်တွေလည်း မသိ်ပဲနဲ ့ရွှီးပြောနေတယ်လို ့ဆိုပြီးကဲ့ရဲ  ့အုံးမယ်။ ကျနော်တော့ အိုပမ်းဆိုစိုက်တီးဆိုတဲ့ ကိစ္စစိတ်ဝင်စားတယ်။ ရွာထဲက တက်သိနားလည်းသော ပညာရှင်များဆွေးနွေးပေးစေချင်ပါတယ်။ ဗဟုသုတရချင်လို ့ပါ။

10 comments

  • MTY

    February 22, 2012 at 10:00 am

    သူပြောတဲ့အကြောင်းအရာအရှည်ကိုဖတ်ရရင်
    ကောင်းမှာ၊နှစ်ဖက်စလုံးကကိုယ်မကြိုက်တဲ့၊
    ကြိုက်တဲ့စာတစ်ကြောင်းကိုဘဲအထူးပြုပြောလေ့
    ရှိကြတယ်။

  • amatmin

    February 22, 2012 at 1:53 pm

    ကိုဘုန်းကျော်ရေ..
    ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဆိုတာ ..
    လူသားတဦးချင်းစီရဲ့ လွတ်လပ်စွာ ဖြစ်တည်ခွင့်..တွေးတောခွင့်.ဖော်ထုတ်နိုင်ခွင့်..
    တွေကိုအလေးထားစုပေါင်းထားတဲ့ မျှတလွတ်လပ်ပြီး.ကောင်းမွန်သောပြုပြင်ပြောင်းလဲရေးတွေကို
    အချိန်မရွေး လုပ်ဆောင်နိုင်တဲ့ တနည်းအားဖြင့် ကြောက်ရွံ့သောကတွေကနေ ကင်းဝေးစေတဲ့
    လူမှုအဖွဲ့အစည်း တရပ်လို့ များဆိုကြသလားလို့..
    ဝင်ရွှီးသွားပါတယ်ဗျာ..
    ဒါနဲ့ ကိုမင်းကိုနိုင်အပြောက ဘယ်နေရာမှာရောချသွားတာလဲဗျ..

  • TITAN

    February 22, 2012 at 2:21 pm

    ကိုဘုံးကျော် ဆိုတဲ့လူကြီးက အော်ဇီ မိုင်းတွင်းမှာ ဘာတာဝန်ယူထားတာလဲ
    Drillတူးတဲ့လူလား မိုင်းတွင်းလုပ်သားလား ဒရဝမ်လား
    ပညာရှင်အဆင့်ထဲကတော့မဟုတ်နိုင်ဘူးထင်တယ်နော်
    သူ့ရဲ့အတွေးအခေါ်နဲ့ ရေးထားတဲ့စာတွေကိုကြည့်ရတာ လမိုင်းမကပ်သလိုပဲ
    အကန့်လွတ်နေတယ်ထင်တယ်

  • Patriot

    February 22, 2012 at 3:08 pm

    သေချာတာပေါ့၊ ဒီလိုအတွေးအခေါ်မျိုးနဲ ဘယ် company မှာမှ အရာရှိမဖြစ်နိုင်ဘူး၊ တခုတော့ရှိတယ် မြန်မာပြည်က စစ်တပ်မှာ ဆိုရင်တော့ရနိုင်တယ်.

  • ချာလီဂဇက်ဒလဝမ်

    February 22, 2012 at 4:08 pm

    ဘာ ညာ သရကာ မသိ ဟုတ်တော့လဲ ဟုတ်နေတော့တာပဲ
    ( သများကိုယ် သများ ပြောတာ)

  • water-melon

    February 22, 2012 at 4:34 pm

    အမလေး ဘာများလဲလို့
    တစ်ခါလာလဲဒါတွေဘဲ
    ပျင်းလာပြီ

  • kyawhan21

    February 22, 2012 at 4:37 pm

    လူဆိုတာကအမျိုးမျိုးရှိကြပါတယ် ဒါပေမယ့်လူတွေမှာ လူဘောင်အတွက်တာဝန်နှစ်ရပ်ရှိပါတယ် ၊လူသားတစ်ဦးချင်းစီမှာ လူဘောင်ကောင်းးကျိုးအတွက် အကျိုးသယ်ပိုးတဲ့နေရာမှာ သူများရှေ့ကဦးဆောင်ပြီးတာဝန်ယူမှာလား ခေါင်းေ်ဆာင်ကောင်းပေါ့ ဒါမှမဟုတ်ခေါင်းဆောင်ကောင်းတို့ရဲ့ဦးဆောင်မှုနောက်က နောက်လိုက်ကောင်းဖြစ်အောင်လုပ်မှာလားဒါကကိုယ်တိုင်ရွေးချယ်ပြီး ကိုယ်တိုင်ကျိုးစားဆောင်ရွက်ရမှာပါ ရှေ့ကဦးဆောင်နိုင်တဲ့သတ္တိလဲမရှိ နောက်ကလိုက်ပြီးလုပ်နိုင်တဲ့အရည်ချင်းလဲမရှိရင်တော့ ဒါဟာသူတစ်ပါးဘေးက ကန့်လန့်လိုက်တဲ့ လူ့လွယ်အိတ် ဘဲ ဒီလိုလူမျိုးကရှိတတ်ပါတယ်
    ပုံစံကြည့်ရတာ အတိတ်ဘဝက ဂဠုံငစောနဲ့ ပြည့်တန်ဆာမတို့စပ်ပြီးမွေးတဲ့သား လူဝင်စားတာထင်တယ် ဒါကြောင့်ဘဲ ဒီခေတ် ပြည်သူ့အရေးဦးဆွေးဆံမြေ့လုပ်တဲ့လူမှန်သမျှကို တိုက်ခိုက်နေတာပေါ့

  • Wow

    February 22, 2012 at 5:58 pm

    ““ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဆိုတာ ပိတ်ဆို့ထားတဲ့လူ့အဖွဲ့အစည်းမဟုတ်ဘူးပေါ့ဗျာ”” (မင်းကိုနိုင်)
    by 7Day News Journal on Tuesday, February 21, 2012 at 7:45pm ·

    ရန်ကုန်၊ ဖေဖော်ဝါရီ-၂၁

    ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဗကသကျောင်းသားလူငယ်များပါဝင်သော အဖွဲ့သည် ယခုလ ၂ဝရက်နေ့က ဟင်္သာတမြို့သို့သွားရောက်ကာ ဦးအောင်မြတ်ကျော်ခန်းမတွင် မြို့သူမြို့သား သုံးထောင်ခန့်နှင့် တွေ့ဆုံ၍ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

    ““ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဆိုတာ ပိတ်ဆို့ထားတဲ့ လူအဖွဲ့အစည်း မဟုတ်ဘူးပေါ့ဗျာ။ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဆိုတာ မလိုလားအပ်တဲ့ တားမြစ်မှုတွေမရှိတော့ပါဘူး။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကို ကြောက်လို့မရပါဘူး။ မှန်မှန်ကန်ကန် အသုံးချဖို့ပဲလိုပါတယ်။ ပြည်သူလုထုအပေါ်မှာ ဖိနှိပ်ချုပ်ချယ်မှုနဲ့ အခွင့်ထူးခံမှုတွေ ကို တော့ ရှောင်တိမ်းဖို့လိုမယ်။ ဒါဆို ပြည်သူထူလု ပူးပေါင်းမှာပဲ””ဟု ကိုမင်းကိုနိုင်က ဟင်္သာတမြို့သူမြို့သား သုံးထောင် ခန့်ကို ပြောကြားခဲ့သည်။

    ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဗကသကျောင်းသားများပါဝင်သော အဖွဲ့သည် ဟင်္သာတမြို့သို့ နေ့လည်တစ်နာရီခန့် တွင် ရောက်ရှိလာပြီး မြို့သူမြို့သားငါးထောင်ခန့်က ခွပ်ဒေါင်း၊ ကဒေါင်းအလံငယ်များဝှေ့ယမ်းကာ တခဲနက်ကြိုဆိုခဲ့ကြသည်။

    ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုဂျင်မီတို့က လူထုနှင့် မိတ်ဆက်ခဲ့ ကြပြီး ကိုမင်းကိုနိုင်က ကျဆုံးခဲ့ပြီးသော ဟင်္သာတမြို့သား နိုင်ငံရေးသမားများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပန်းစည်းများချခဲ့ကာ ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်းနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

    ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ ဟင်္သာတခရီးစဉ်အား ဇလွန်မြို့နယ်မှစတင်ကာ လမ်းတစ်လျှောက် ကျေးရွာများမှ ကြိုဆိုအားပေးခဲ့ကြပြီး ဆိုင်ကယ်အစီးရေ ၁၀ဝ ခန့်နှင့် ကားအစီးနှစ်ဆယ်ခန့်က လိုက်ပါပို့ဆောင် ခဲ့ကြသည်။

    ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် ဟင်္သာတမြို့မှပြန်လည်ထွက်ခွာလာပြီး ဇလွန်ပြည်တော်ပြန် ဘုရားသို့ ဝင်ရောက်ဖူးမြော်ခဲ့သည်။

    ည ရှစ်နာရီခွဲခန့်တွင် ဓနုဖြူမြို့သို့ရောက်ရှိကြပြီး ဓနုဖြူမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ နှုတ်ခွန်းဆက် စကားပြောကြားကာ ကျိုက္ကလွန်ဗွန်းဘုရားအား ဝင်ရောက်ဖူးမြော်ခဲ့သည်။

    (ဥက္ကာကိုကို)

  • mg mg

    February 23, 2012 at 10:10 am

    ကျနော်တို့ သိကြပြီလား၊ သိပြီဆိုလျင် ပြင်ကြမယ်လေဗျာ၊ လူ့ဂဏန်းမဟုတ်ဖူးဆိုလျင်ပေါ့ ဂဏန်းကတော့ ဂဏန်းသွားပဲသွားမှာပေါ့၊ မှားလျင်ပြင်ပေး အားနည်းလျင်လက်တွဲခေါ်ပေါ့၊ ပြင်နိုင်တာမပြင်နိုင်တာသူ့အပိုင်း လိုက်တာမလိုက်တာ သူ့အပိုင်းလေ၊ မပြင်နိုင်တဲ့သူကို မပြင်ရကောင်းလားလို့ ဒေါမနသပွါးနေလျင် မလိုက်တာကို ထိုင်စောင့်နေလျင် ခရီးဖင့်မယ်လေ။ အဲဒီလိုလူမျိုးအတွက်တော့ ကမ္မသကာ ပေါ့

Leave a Reply