မန္တလေးဂီဇက်(မိသားစု) မဟာသင်္ကြန်ရေကစားမဏ္ဍပ်

Khaing KhaingFebruary 22, 20121min48855

ရွာသူ ရွာသားအပေါင်းတို့ ဒီနှစ်သင်္ကြန်မှာ “မန္တလေးဂီဇက် မဟာသင်္ကြန်မဏ္ဍပ်” ကို ဆောက်လုပ်မှာဖြစ်ပါတယ်…. မဏ္ဍပ်ဆောက်လုပ်ရmမှာ မဏ္ဍပ်အတွက် စရိတ်စကတွေအများကြီးကုန်ကျဖို့ရှိပါတယ် …ဒါကိုလည်း ရွာသူရွာသားများက အားလုံးတာဝန်ယူပေးစေချင်ပါတယ်….. ပထမ မဏ္ဍပ်နေရာကျယ်ကျယ်ဝန်းဝန်းရဖို့အတွက် စည်ပင်ခွင့်ပြုချက် ဘယ်မြို့မှာ မဏ္ဍပ်ဆောက်ရင်ကောင်းမလဲ  မဏ္ဍပ်ဆောက်လုပ်ရာတွင်ကုန်ကျစရိတ် မဏ္ဍပ်အပြင်အဆင်အတွက်(sponer) ပြီးတော့ စတိတ်ရှိုး မြန်မာယိမ်းအကများ အကျွေးအမွေး စည်းကမ်းထိန်းသိမ်းရန်…အစရှိတာတွေအများကြီးရှိပါတယ် ဘယ်သူတွေဘယ်တာဝန်တွေယူနိုင်ပါမလဲ ပြီးတော့ မဏ္ဍပ်မှာ ဘယ်လိုအစီအစဉ်တွေထပ်ဖြည့်ရင် စည်းကားပြီး စည်းကမ်းရှိသွားမလဲ ဒါလေးတွေကိုအကြံဉာဏ်လိုချင်ပါတယ်…..

မဏ္ဍပ်က ရွာထဲမှာပဲဆောက်လုပ်သွားမှာပါ…….အနှီ မဏ္ဍပ်မှာ ရွာသူ/ရွာသားတွေပဲ ရေကစားကြသူတွေ ၊  ရေပက်ခံကြသူတွေ၊ ယိမ်းသမ၊ စသဖြင့်ပေါ့နော်……….ဒီရွာလေးထဲမှာပဲ ပြုလုပ်သွားမှာပါ……….. အပြင်မှာတကယ်လုပ်မယ်ဆိုရင်တော့ သူကြီးက တာဝန်ယူ ပါမယ်တဲ့…….:D

 

 

 

 

 

 

 

ဆက်သွယ်ရန်-

ခိုင်ခိုင်( မဏ္ဍပ်တာဝန်ခံ)

55 comments

  • စိန်ပေါက်ပေါက်

    February 22, 2012 at 11:01 am

    တွမ်!
    ဝီရိယ ကောင်းလှချည်လားအေ့
    ကိုဖြင့် သင်္ကြန်ကို မေ့နေတာ အာဟိ..
    မဏ္ဍပ်ဆောက်မယ်ဆိုတော့လဲ မုန် ့လုံးရေပေါ်လုံးပေးပါ့မယ်တော့.

    အပြင်မှာ တစ်ကယ်ဆောက်ရင်တော့ ကောင်းမှာပဲနော့် 😀

  • etone

    February 22, 2012 at 11:20 am

    မန္တလေးဂေဇက်ဟုတ်ဘူးလားဟင် …. ။
    အစ်မခိုင်ခိုင်ရေ …. ဂီနဲ့ ဇက်ကို ပေါင်းထားပေးတာ … တမင်းကြိုတင်ကြံစည်ချင်းလားဗျို့ .. 😛

    ဂေဇက်နာမည်နဲ့ မဏ္ဍပ်ဆောက်ပြီး … ပိုက်ဆံရှာ … ပရဟိတ္တအလုပ်တွေလုပ်… ဟိဟိ … စဉ်းစားတာပါ ..
    သင်္ကြန်က အရမ်းကို တာဝန်ကြီးတယ် … မူးရူးမယ့် လူတွေကများတယ် … 🙄

    • စိန်ပေါက်ပေါက်

      February 22, 2012 at 11:32 am

      တွမ်!
      စေ့စပ်လှပါဘေ့ 😆
      မန္တလေး ဂီဇက် ဆိုဘဲ
      အာဟိ.. 😀

    • နွယ်ပင်

      February 22, 2012 at 11:36 am

      etone ရေ အစ်မလဲ အခုလေးတင် ဒီပိုစ့်ဖတ်ပြီး
      ညီမတွေးသလို တွေးနေသေးတယ် ဂေဇက်နာမည်နဲ့
      မဏ္ဍပ်ဆောက်ပြီး … ပိုက်ဆံရှာ … ပရဟိတ္တအလုပ်တွေလုပ်ဖို့ အတွက်ပေါ့
      ဒါပင်မယ့် သင်္ကြန်က မူးမယ့် ရူးမယ့် သူတွေများတော့ တာဝန်အရမ်းကြီးလောက်တယ်

      • Diamond Key

        February 22, 2012 at 2:18 pm

        ဒါလေးများနော် …….. ရွာထဲက ဘတ်စ်ကား ပေါ်မှာ သိုင်းချတဲ့ ဦးလေးကြီးရယ်၊ ရွာ့အမျိုးတွေထဲက ကုလားကြီးကို ညှစ်ဆုံးမတတ်တဲ့ အပျိုကြီးဟိုအဒေါ်ကြီးရယ်၊ ရွာထဲက သိုင်းတတ်သူတွေရယ် ခေါ်ထားကြမယ်လေ :mrgreen:
        မူးရူးမယ့် လူတွေကို ထိန်းဖို့ ၊ အင့်ခနဲ၊ အွတ်ခနဲ၊ အိခနဲ နဲ့ကို မြည်အောင်ထိန်းမယ်လေ။ 😛

  • jujuma

    February 22, 2012 at 11:25 am

    အယ်..ရွာထဲမှာဆောက်မယ်ဆိုတော့ …

    ရွာထုံးစံအရ ရွာထဲမှ ယိမ်းသမ များအား အိုးမဲ ဖြင့် အလှဆင်ခြင်းအားတာဝန်ယူပါ၏..

  • Burmese or Chinese

    February 22, 2012 at 11:46 am

    မုန် ့လုံးရေပေါ် အတွက် အားလုံးတာဝန်ယူပါ၏………

    • Thel Nu Aye

      February 22, 2012 at 11:58 am

      ငရုတ်ပင်စိုက်ထားပါတယ်ဗျို့။ ကူညီပြစေ ကူညီပြစေ။

      • Burmese or Chinese

        February 22, 2012 at 12:13 pm

        ဟုတ်ကဲ့ ကျေးဇူးပါ…..

  • Khaing Khaing

    February 22, 2012 at 11:56 am

    အိတုံနဲ့နွယ်ပင်ရေ အပြင်မှာတော့ မဆောက်ရဲဘူး တာဝန်ကြီးတယ်…..မစဉ်းတောင်မစဉ်းစားနဲ့ တစ်ခုတော့ရှိတယ် စိုင်းစိုင်းမွေးနေ့ရှိတယ် ဒီနှစ်လုပ်မလားတော့မသိဘူး အဲမှာ ရေသန့်ဗူးရောင်းရင်တောင် အရမ်းမြတ်တယ်တဲ့ ……အဲဒါဆို မဆိုးဘူး…..ဂီဇက်က ခေါ်နေကြဖြစ်နေလို့ ဂီဇက်လို့ပဲရေးမိတာ…စောရီး ကိုယ့်အသံထွက်ကိုကမှားနေတာကို….

    • Thel Nu Aye

      February 22, 2012 at 12:03 pm

      မလုပ်ပါနဲ့။ ရန်ဖြစ်ရင်ရေသန့်ဗူးနဲ့ပေါက်တတ်ကြလွန်းလို့။ မတော်ရန်ဖြစ်ပြီးရေသန့်ဗူးတွေ နဲ့ပေါက်ကြရင်ရောင်းတဲ့ကိုယ်တွေ အရင် အောင်မယ်ငီး မတွေးရဲတော့ဘူး။

  • thuyazaw21451

    February 22, 2012 at 12:11 pm

    ကဲကဲ မဏ္ဍပ်ကြီးကို တာဝန်ခံမယ့်သူလဲပေါ်လာပီဆိုတော့ Setting အတွက် တာဝန်ယူပါတယ်……….. အဲဒီအတွက်လည်း စီစဉ်ပြီးသွားပါပြီ……….အုန်းလက် (၂)လက်နဲ့ ရေအတွက် တိုင်ကီဝက်………ငှားဖို့စီစဉ်ထားပါတယ်……….. ရေကစားချင်သူတွေအနေနေ့ မဏ္ဍပ်ကြေးက သင့်သလိုပေးနိုင်ပါတယ်………. အစားအသောက်ကတော့ အကုန်လုံးတာဝန်ယူသွားမှာပါ……… မိန်းကလေးများအတွက် မုန့်ဖက်ထုပ်နဲ့ဂျင်းသုပ်ဖြစ်ပြီး………..ယောက်ျားလေးများအတွက်တော့ ပဲလှော်နဲ့ ဘဲကြော်ပါ……….မဏ္ဍပ်မှူးအတွက်တော့ တိုင်းဗုံးနဲ့ လိုင်းဖုန်း ကြိုက်ရာရွေးနိုင်ပါတယ်…… ကျေးဇူးတင်ပါတင်ချင့်………….

    • Diamond Key

      February 22, 2012 at 3:32 pm

      ကိုပေါက်၊ တီးဝိုင်း ခေါင်းဆောင် လား ဝိုင်းတီး ခေါင်းဆောင်လားဟင်။ တူ့ အဖွဲ့ထဲ ပါရအောင်လို့ 😛

  • blackchaw

    February 22, 2012 at 12:21 pm

    ဟိုးထားကိုပေါက်ရေ။
    ကျွန်တော်က
    မိုက်
    ခဲ
    ဗျ။
    သောက်လိုက်
    ဆိုလိုက်
    ကလိုက်
    ရေပက်လိုက်
    ပြန်သောက်လိုက်…။
    စောစော ပြောထားကြပါဗျို့။
    ဒီနှစ် ဘုန်းကြီးဝတ်မလားလို့
    အကြီးအကျယ် စဉ်းစားနေတာ….။ 😆 😆 😆

  • kai

    February 22, 2012 at 12:31 pm

    ရံပုံငွေရှာတာ.. တခုခုလုပ်ဖို့ကောင်းတယ် တွေးနေတာ..
    သင်္ကြန်နဲ့ရောပြီး.. ကားဆေးပေးရင်း ဖန်ရေ့စ်လုပ်ကြပါလား..။

    လူရောကားရော ဆေးပေးမယ်ပေါ့..။
    ကားဆေးခ.. အလှူခံပေါ့..။

    အဲဒီအလေ့အကျင့်ကိုလည်း.. ရစေချင်တယ်..။ 😆

    • thuyazaw21451

      February 22, 2012 at 12:35 pm

      အလဲ့ ကျောက်ဖျာပူလာတော့ သူကြီးလဲမနေနိုင်ဖြစ်လာပီပေါ့…….. ဒီထက်ကြီးတဲ့ အကြံလေးများရှိရင် စဉ်းစားပေးပါဦးလား…………. သူကြီးရေ ရွှေတိုက်နဲ့ ဖက်ကပ်ကို လူထူးလူဆန်းများဆိုပီး မဏ္ဍပ်ပေါ်တင်ပြရင်ကောင်းမလားလို့………:D

    • etone

      February 22, 2012 at 1:32 pm

      သဂျီးရေ .. လူရော ကားရော ဆေးဖို့ကတော့မဖြစ်နိုင်ပါဘူး … တော်ကြာ … အချိုးမပြေတာနဲ့ တွေ့လျှင် တုံမမစိတ်ထက် လက်မြန်တာမို့ … ဟိုရှင်း .. ဒီရှင်း … ရှင်းရချည်ရဲ့ … :mrgreen:

      • စောဝေတင့် (ပုဂံ)

        March 6, 2012 at 3:31 pm

        စိတ်မြန် လက်မြန် သလိုပဲ
        ပြေးရမယ်ဆိုလည်း
        အပြေကလဲ သွက်သဗျ………..

    • kaung kin pyar

      March 23, 2012 at 1:15 pm

      ဆပ်ပြာပါ တိုက်ပေးဆို ခက်မယ် သဂျီးရေ……။ ရွာသားတွေတော့ ဒီအစီအစဉ်ကို သဘောကျကြပါလိမ့်မယ်။ ရွာသူတွေတော့ ကြောက်တယ်တော့…။

  • Khaing Khaing

    February 22, 2012 at 1:59 pm

    သူများတွေ အလကားနေ ရေပက်နေတဲ့သင်္ကြန်မှာ ရေဆေးခတောင်းရမယ်ဆိုတော့ နည်းနည်းတော့လှန့်ရ တယ်သူကြီးရေ သူကြီးခိုင်းလို့ လုပ်ကြည့်ပါမယ် ဒါပေမယ့် ပိုက်ဆံတောင်းဖို့ခွက် အဲလေ ကိစ္စကသူကြီးပဲတာဝန်ယူလိုက်နော်…..

  • Burmese or Chinese

    February 22, 2012 at 2:03 pm

    အင်း
    ပုံ/သူကြီး

  • Uncle Lay

    February 22, 2012 at 2:28 pm

    ရွာသူ ရွာသား အားလုံး ရိပ်သာဝင်…။သင်္ကြန်မှာ သုံးမဲ့ ငွေတွေဂေဇက် အကောင့်ထဲထည့်ဝင်လှူဒါန်းကြရင် မကောင်းလား..။

      • Uncle Lay

        February 22, 2012 at 3:14 pm

        (၁၂-၂-၂၀၁၂ နေ့က ) ပထမဆုံး အလှူမှာ အလုပ်တစ်ခုပေါ်လာလို့ ကိုယ်တိုင်တော့မလိုက်ဖြစ်ပါဘူး …. ( ညီလေး ရွှေတိုက်စိုး ထံ) အလှူငွေ ထည့်လိုက်ပါတယ် အလှူရှင် စာရင်းမှာလည်း ပါပါတယ်။ ရွာသူရွာသားတွေ စုပေါင်းလှူတဲ့ အစီအစဉ်တိုင်းမှာ ပါဝင်နေမှာပါ။

      • etone

        March 6, 2012 at 3:21 pm

        မော်မော်သီးရေ … အန်ကယ်လေးက … ရွှေတိုက်စိုးက တဆင့် … အလှူငွေ သုံးသောင်းကျပ်တိတိကို …ကမန်းကတန်း ထည့်ဝင်လှူဒါန်းလာပါတယ် …. ။ အန်ကယ်လေးရေ .. ပါဝင်ကုသိုလ်ယူ ပူးပေါင်းပေးတာ ကျေးဇူးတင်ပါတယ် … ။

  • manawphyulay

    February 22, 2012 at 2:31 pm

    ဂီဂီအတွက် မဏ္ဍပ်ဆောက်ပေးမယ်ဟုတ်လား… ဂေဇက်အတွက် မစဉ်းစားပေးတော့ဘူးလားလို့ … 😛

    • နှူးဘာဂိုဏ်းချုပ်

      February 22, 2012 at 2:46 pm

      တိန်…
      ဘယ့်နှယ့် သများနာမည်က ပါလာရတာတုန်းကွယ်…
      မပြန်ရလို့ စိတ်ထိခယက်နေပါတယ် ဆိုမှ …

      မေလပထမပါတ်… ဂိုးလ်ဒင်န်း ဝိခ် ပိတ်ရက်မှ ပြန်ရမယ်ဒဲ့ ….
      အဲ့…
      အူးနိုရေ …. ဂိုးလ်ဒင်းန်း ဝိခ် အတွက် ဗမာဝေါဟာရ အသစ်….
      ထွင်လိုက်ရမား ???? ခွိခွိ …

      @သဂျီး
      သဂျီးလုပ်မှ
      တသောင်းမပေးရင် လောင်းမပေးဘူး ဆိုတဲ့ ရေကစား မန်းဒပ်တွေပေါ်လာတော့မယ်….

      ရင်မောပါ့…
      ဂါယာ ပဲသွားတော့မယ်..
      😀

      • Khaing Khaing

        February 22, 2012 at 3:39 pm

        ကျွန်မ မှားရေးမိ ဝန်ဒါမိ ဂေဇက်ပါရှင် နောက်ဆိုအင်္ဂလိပ်စကားကိုမှန်အောင်ဖတ်ပါ့မယ် ဂီအတွက်လည်း မဏ္ဍပ်မဆောက်ပေးပါဘူး….အားလုံးအတွက်ပါ…

      • kai

        February 22, 2012 at 4:31 pm

        တသောင်းမပေးရင် လောင်းမပေးဘူး
        လောင်းပေးချင်ရင် တသောင်းပေး

        ဟေ့.. လောင်းပေးချင်ရင် တသောင်းပေး
        လောင်းပေး သောင်းပေး အကောင်းလေး

        ညောင်းပြီးပြေးမှ ဆိုးမဆိုနဲ့
        လောင်းပေး သောင်းပေး အကောင်းလေး

        မဟောင်းသေးတဲ့ အကောင်းတွေ
        စုပြီးလောင်းတဲ့ ဒီသင်္ကြန်ပွဲ

        စုပြီးလောင်းတဲ့ ဒီသင်္ကြန်ပွဲ
        ကောင်းပြီး ကောင်းတဲ့. ကောင်းဆုခြွေ

        ..
        (ဆက်ရေးကြပါခင်ဗျ… 🙂 )

        • pooch

          February 22, 2012 at 8:46 pm

          မရေးချင်ဘူးသူကြီး ရိပ်သာသွားမှာမို့ ဘာလုပ်လုပ်ပါနိုင်မှာမဟုတ်လို့ ဟီး.. :D:

        • Khaing Khaing

          March 6, 2012 at 2:12 pm

          ကောင်းဆုခြွေတဲ့ သင်္ကြန်ပွဲ သူကြီး kai နဲ့နွှဲ
          တသောင်းမပေးတော့ သူကြီးဆူ
          မလောင်းတဲ့သူတွေပူ
          ပူပါတယ်ဆို နွေရာသီပဲ
          သင်္ကြန်ပွဲတော်နွဲ……
          သင်္ကြန်ပွဲမို့ပျော်စရာ တူရပျော်နေရှာ….
          ဖက်ကတ်မူးတာ ဝါးလုံးကွဲ….
          ရွှေတိုက်ဘေးကဆွဲ…..တွဲလဲ …..

          (ဆက်ရေးကြပါရှင်)

        • သူရဇော်

          March 6, 2012 at 2:32 pm

          ကောင်းဆုခြွေတဲ့ သင်္ကြန်ပွဲ သူကြီး kai နဲ့နွှဲ
          တသောင်းမပေးတော့ သူကြီးဆူ
          မလောင်းတဲ့သူတွေပူ
          ပူပါတယ်ဆို နွေရာသီပဲ
          သင်္ကြန်ပွဲတော်နွဲ……
          သင်္ကြန်ပွဲမို့ပျော်စရာ တူရပျော်နေရှာ….
          ဖက်ကတ်မူးတာ ဝါးလုံးကွဲ….
          ရွှေတိုက်ဘေးကဆွဲ…..တွဲလဲ ….. (Khaing Khaing)……..
          တွဲလွဲထဲမှာ နွယ်ပင်ပါ အရမ်းကဲနေရှာ(သူရဇော်)
          မမအုံက အသားကုန်စွဲ
          မဏ္ဍပ်အောက်မှာကဲ
          မအိတုံက အမူးလွန်
          စိန်ပေါက်ပေါက်ကဖွန်…….
          သဲနုအေးနဲ့ မဖရဲ
          နို့ဆီခွက်နဲ့ကဲ………..
          Black Chaw နဲ့ M လုလင် မိတ်ကပ်အသားကုန်ပြင်………
          ချာတူးလန်က ကောက်တေးစွဲ
          အလဲလဲ အကွဲကွဲ…………
          နာဇီပါတီ သီချင်းဆို
          အမတ်မင်း ဟန်မူပို………
          အင်ဇာဂီက ဘရိတ်ဒန့်ဆွဲ
          ပိုးစိုးပက်စက်ပဲ…………
          မမဆူးက ဝတုတ်တုတ် ရေစိမ် ကောက်ညှင်းထုပ်…………..
          ကိုကြီးကမ်းနဲ့ အံစာတုံး လမ်းဘေး
          အရက်ပုန်း……..
          (ဆက်ရေးကြပါ)

        • etone

          March 6, 2012 at 3:30 pm

          ကိုသူရ …. အချဉ်မှတ်သလား .. 😀 အချို … အချို ….. 😆
          ပုလင်းပဲ လဲ မလား ၊ လူပဲ လဲမလား သိချင်လျှင် ….. တိုက်ကြည့်ပါဗျို့ … 😛

        • နွယ်ပင်

          March 6, 2012 at 4:42 pm

          နွယ်ပင်တို့များ ကဲရတဲ့ကြားထဲ တွဲလွဲပါ ဖြစ်ရဦးမယ်ဆိုတော့
          သိပ်တော့မဟန်ဘူး ကိုသူရဇော်ရေ
          etone နဲ့တူတူပဲ ပုလင်းလေးထဲ နေတာကမှ ဟုတ်ဦးမယ် 😀

      • Swal Taw Ywet

        February 23, 2012 at 1:05 am

        OK, Ko Gi,
        Please try to meet at Yangon.
        I will arrive back in second week of May, 2012.
        We can create late Water festival by MG brothers Lay.
        ( Notes- No Ywa Thu Allow . )
        We will invite MDY group to come down to Yangon.
        After that all together can go to Mandalay.
        OK?

        With respect,
        Swal Taw Ywet.

  • ကျုပ်တော့ ဒီသင်္ကြန် မဏ္ဍပ်ထဲ မပါတော့ပါဘူးဗျာ … ။
    ဘာလို့လဲဆိုတော့ ကျုပ်က သင်္ကြန်ကျရင် တောထွက်တော့မှာလို့ ကြေညာပြီးသားမို့ပါ …
    😀

  • ချစ်ရင်ထူးနှစ်

    February 22, 2012 at 3:07 pm

    ဘယ်တော လဲ ဗျို့ ကိုအံဇာတုံး

    • အဟီး … ရွာပြန်မယ်ကို ပြောတာပါဗျ … 😀
      ရှူး … တိုးတိုးနော် …
      ကျနော့်ကို လာဆော်မယ့်လူတွေ ကြားသွားဦးမယ် …
      😀

      • စိန်ပေါက်ပေါက်

        February 22, 2012 at 4:02 pm

        ဪ..
        ရွာက ခလေးကို ရှင်ပြုပေးဖို ့ထင်ပါ့
        ဘယ်ရွာလဲတော ့မမေးတော့ပါဘူး..နာမည်ကြည့်ရတာ တွတ်ပီတို ့ရွာက ထင်ပါ့

        • တွေ့ရား … တွေ့ရား …
          အဲဒါကို ကျုပ်ကပြောတာ …
          ဒီမှာ တီယောက်က လာဆော်ပြီ …
          စိန်ပေါက် နာက လူဂျိုဟဲ့ ။
          နင်ကသာ ကလေးဆယ်ယောက် အမေ … ။ ကဲ … ငါ မပြောလိုက်ဘူး .. ဟင်း ..။
          😀

  • FattyCat

    February 22, 2012 at 3:49 pm

    စိတ်ကူးတစ်ခုပြောရရင်
    ဂေဇက်ဈေးရောင်းပွဲတော်လုပ်ချင်တယ်…
    ကိုယ်စီစိတ်ပါတာလေးတွေရောင်းရင်း…
    ရန်ပုံငွေရှာ…အလှူလေးတွေလုပ်ပေါ့…
    ဒါမျိုးဒါမျိုး….

  • water-melon

    February 22, 2012 at 4:07 pm

    သများတို့ အခြောက်အုပ်စုကရော ဘာလုပ်ရမှာလဲဟင်
    တကယ်ဆောက်ရင်ပြောနော် မိန်းမလိုဝတ်ပြီးကဲမယ်ကွ 😀
    တူနယ်တူနယ်ပြောင် မန်းလေးဂဇတ် မဏ္ဍပ်ကွ
    တူဂျီးရော ဘော်လီဝယ်ဖို့ ကြိုထုတ်ငွေလေး 😀

    • nature

      February 23, 2012 at 9:34 am

      ဟိုးးး အရင်က ဇာဇာရတနာဦးစီးတဲ့ မိုးကြိုးငှက်ငယ်လေးများအဖွဲ့ အရမ်းနာမည်ကြီးခဲ့တယ်။
      အဲဒါ အခု သူတို့အဖွဲ့ကို ဆက်ခံမယ့် မျိုးဆက်သစ်တွေ လိုနေတယ်တဲ့…. သတင်းပေးတာပါ။ 😆

  • Khaing Khaing

    February 22, 2012 at 4:16 pm

    ဆူရှီရောင်းမှာလား ကိုဖက်….

  • ချာလီဂဇက်ဒလဝမ်

    February 22, 2012 at 6:26 pm

    အပျိုဂျီးတွေကိုတော့ မပက်ရဲပေါင် ၊ အပျိုပိစိ လေးတွေ ဆိုရင်တော့ စိတ်ပါသဗျို့ ၊

  • မိုက်ကယ်ဂျော်နီငပွ

    February 22, 2012 at 6:56 pm

    တော်တော်လည်တဲ့သဂျီး
    ဘယ်နေရာမှာလည်းသိဘူး သဂျန်ဆိုတာ ပုဏ္ဏာတွေဘာဖြစ်တာညာဖြစ်တာ
    မြန်မာ့ယဉ်ကျေးမှု့နဲ့ မကိုက်ဘူး ရေချိုဖြုံးတီးတယ်လို့လုပ်ပြီတော့
    ခု သူ့ဆိုဒ်နံမယ်နဲ့ မန်းဒတ်ဆောက်မယ်ဆိုတော့
    မြှောက်ပါပေးလိုက်သေးတယ်
    စစ်ကြောင်းမှူးလုပ်ပါလား မြန်မြန်ရာထူးတက်တာပေါ့

  • Khin Latt

    February 23, 2012 at 3:42 am

    သင်္ကြန်မှာ အသက်ကြီးသူ တွေကို ရေကန်တော့ ရမယ်။ ခေါင်းလျှော်ပေးရမယ်။
    အဝတ်အထည် တွေ၊ မန်းနီး တွေ နဲ့ ကန်တော့ရမယ်။
    ဒီတော့ ကန်တော့ခံ အသက်ကြီး သူများကို စာရင်းကောက်မယ်။

    PS –
    ကိုယ့်ဟာကိုယ် အရင် စာရင်းသွင်းသွားပါသည်။
    နီးစပ်ရာ တွေ့လိုက်သော ဘဂျော်နီဘု အတွက်လဲ ကိုယ်စား စာရင်းသွင်း ခဲ့ပါ၏။ 😆

  • mg mg

    February 23, 2012 at 9:23 am

    လက်ခုပ်တီးမယ်ဗျို့၊ ဂေဇက်တို့ပွဲဆို အားပေးပြီးသား

  • ba gyi

    February 23, 2012 at 10:07 am

    ဟ့ ဟေ့ သင်္ကြန်နှစ်ဦး တူးပို့ တူးပို့ တူးသံပေးသာယာ ဟ ၊
    ဟောတစ်ရုံ ဟောတစ်ရုံ ပန်းမျိုးစုံလို့ပင်–
    ဖြူဖြူဝါဝါ နီနီပြာပြာ ဝေဆာလျှမ်းလို့ပင်–
    မန်းမြို့သူဇာမေ မန်းမြို့သူဇာမေ—
    မောင်ကြီးတို့နွဲပျော်ကြတဲ့ ပွဲတော်အလှရဲ့ တာသင်္ကြန်ပေ–
    ရှာပုံတော်မင်းသားကြီး မဏ္ဍပ်တစ်ကာရောက်ခဲ့ပြီ–
    ဟေ့ ဟေ့ ဟေ့ ဟေ့ ဒို့ကိုကြီးကျော် ဒို့ကိုကြီးကျော်
    ဟေ တုပစ္စယော– အာရမ္မနပစ္စယော ၊ အဓိပတိပစ္စယော—အနန္တရပစ္စယော–
    ဒုံး ဂွမ်း အုန်း ဆော်ပြီဟ– ပြေး ဟ–
    စားလိုက်ရင်လျှာလည်သွားမဲ့ မုန့်လုံးရေပေါ်၊ ရှုးရဲသံ ညံစီသွားတဲ့ မုန့်လုံးရေပေါ်–
    ဝုန်း အုန်း ဗွမ်း ဟဲ့ ဘလာစီရာကြိုးပြတ်အောင်ထိုးရလား သောက်ကောင်ရဲ့ —
    ကိုင်း ပရိတ်ရေအိုးများ လာယူလို့ရပါပြီဗျို့ —ဒုံး ဂွမ်း၊ ချမ်းချမ်းချမ်းချမ်း၊ ဘုံးဘုံးဘုံးဘုံး ၊မကောင်ဆိုးဝါး
    ဒွေ တောထုတ်ပါပြီဗျို့။
    နှစ်သစ်ကြီးမှာအနှောက်ယှက်ကင်းပြီး ရွာသားဒွေ ကျန်းမာကြပါစေ ဟေဟေဟေ ချမ်းသာကြပါစေ။
    ကိုင်းစိတ်ကူးထဲမှ သင်္ကြန်ပြီးပါပြီဗျား။

  • luu noutlay

    March 1, 2012 at 9:18 am

    ကျနော် တို့ရွှာ မှာငရုန်ခင်းပေါတယ်ခင်ဗျ
    အကူအညီလိုရင်းလည်းပါရစေ……….။

  • Rose Minn

    March 6, 2012 at 3:29 pm

    သင်္ကြန်လို့ပြောလိုက်တာနဲ့ရင်ထဲမှာနွေးသလိုခံစားရသလို။ ပျော်ရွှင်မှုဆိုတာ ပါလာတယ်။ တရားအလုပ်လုပ်တာပဲဖြစ်ဖြစ် ပျော်စရာလုပ်တာပဲဖြစ်ဖြစ် အားလုံးစိတ်တူကိုယ်တူ ရွာသားတွေလုပ်မယ်ဆိုရင် rose တို့က ပါပြီးသားပဲ။ တူရ နဲ့ခိုင်ခိုင် ရဲ့ကဗျာ က ရွာမဒက် ကို အသက်ဝင်သွားစေတယ်

  • စနေ

    March 6, 2012 at 4:57 pm

    မုန့်လုံးရေပေါ်လာစားမယ်ဗျို့ ………. 🙂

Leave a Reply