သီလကို ပညာနဲ့ ဆေးကြောပါ၊ (တရားအညွှန်း)

ariyathitsaFebruary 22, 20121min13313

သီလကို ပညာနဲ့ဆေး၊

ပညာကို သီလနဲ့ဆေး၊

သောဏဒဏ္ဍပုဏ္ဏားမှ ဗုဒ္ဓကမေးသော ပုဏ္ဏားတို့ရဲ့ ဗြဟ္မဏဖြစ်ဖို့ရာအကျင့် (၅)ခု အကြောင်းကို

၁။ ပုဏ္ဏားမိဘစစ်စစ်နှစ်ဦးက မွေးဖွားသူဖြစ်ရမယ်။

၂။ ရုပ်ဆင်း ရူပကာယနဲ့ ပြည့်စုံသူဖြစ်ရမယ်။

၃။ ဝေဒတွေကို ရွတ်ဖတ် သရဇ္ဈာယ်နေတဲ့သူဖြစ်ရမယ်။

၄။ သီလနဲ့ ပြည့်စုံသူဖြစ်ရမယ်။

၅။ ပညာနဲ့ ပြည့်စုံသူဖြစ်ရမယ်ဟု သောဏဒဏ္ဍပုဏ္ဏားမှ ဖြေကြားသည်။

အကယ်၍ ပုဏ္ဏားမိဘနှစ်ဦးက မွေးဖွားသူ မဟုတ်ရင်ကော ဗြဟ္မဏ မဖြစ်နိုင်ဘူးလား ?

ရုပ်ဆင်း ရူပကာယနဲ့ ပြည့်စုံသူ မဟုတ်ရင်ကော ဗြဟ္မဏ မဖြစ်နိုင်ဘူးလား ?

ဝေဒတွေကို ရွတ်ဖတ် သရဇ္ဈာယ်နေတဲ့သူ မဟုတ်ရင်ကော ဗြဟ္မဏ မဖြစ်နိုင်ဘူးလား ?ဟု ဗုဒ္ဓကမေးတော့

သောဏဒဏ္ဍပုဏ္ဏားက ဖြစ်နိုင်ပါတယ်“ဟု ဖြေ၊

-အကျင့်သီလနဲ့ ပညာ မပြည်စုံရင်ကော ဗြဟ္မဏ မဖြစ်နိုင်ဘူးလား ?ဟု မေးသည့်အခါမှာတော့

သီလနဲ့ ပညာ မပြည်စုံရင်တော့ ဗြဟ္မဏ မဖြစ်နိုင်ပါဘူးဟု

သောဏဒဏ္ဍပုဏ္ဏားက ဖြေကြား၏။

ဘာဖြစ်လို့လဲဆိုတော့

ခြေထောက်နှစ်ဖက်မှာ ချေးညှော်တွေ ပေနေရင် ပေနေတဲ့ခြေထောက်နဲ့ ကျန်ပေနေတဲ့ ခြေထောက်ကို ပွတ်တိုက်ဆေးကြောရသလို

သီလ မစင်ကြယ်ဘူးဆိုရင်  ပညာနဲ့ဆေးကြောရမယ်။

ပညာ မစင်ကြယ်ဘူးဆိုရင်  သီလနဲ့ဆေးကြောရမယ်။

ဒါ့ကြောင့် ဗြဟ္မဏဖြစ်ဖို့အတွက်တော့ ဒီသီလနဲ့ ပညာကို တစ်ခုမှ နှုက်လို့ မရတော့ဘူးလို့ သောဏဒဏ္ဍပုဏ္ဏားက ဖြေကြား၏။

 

ယနေ့ခေတ် ဘာဝနာစခန်းတွေမှာ သီလခံယူဆောက်တည်တယ် ဆိုပေမယ့်

နှာခေါင်းမှ လေဝင်၊ လေထွက်နေတာကိုပဲ သိနေတာဆိုတော့ သူတို့ ဒီသီလကို ဘယ်လို ထိန်းနေကြသလဲ၊ စောင့်နေကြသလဲ၊

သီလထိန်းတယ်ဆိုတာ မမေ့လျော့သောသတိနဲ့ သီလကိုပြည့်စုံကြဖို့ပြောတာ။

အခုက သီလစောင့်ထိန်းတယ်ဆိုပြီး သီလယူလိုက်တာကိုပဲ သီလစောင့်တယ်လို့ ထင်နေပုံရတယ်။

ဥပုသ်စောင့်တယ်ဆိုတာ သီလယူပြီးရင် သီလကိုစောင့်ရှောက်ရမှာ။

အခုဥပုသ်စောင့်နေတာတွေက သီလယူပြီးရင် ပြီးပြီဆိုသလိုမျိုးဖြစ်နေတယ်။

တကယ်က ဥပမာအားဖြင့်

ပါဏာတိပါတာ ဝေရာမဏိကို သတိထားပြီးစောင့်ရမှာ၊

ဘယ်လိုစောင့်ရမှာလဲဆိုတော့

ကိုယ်ကကျူးလွန်မိတယ်ဆိုရင် သတိထားပြီး ချက်ချင်းပြင်ရမယ်။

မကျူးလွန်မိလည်း ကျူးလွန်ဖို့ဦးတည်မိနေရင် ချက်ချင်းဖျက်၊

အဲဒီလိုမျိုးစောင့်တာကို သီလစောင့်ထိန်းတယ်ပြောတာ၊

အဲဒီသီလကို အောက်ပါအချက် (၃) ချက်ဖြစ်တဲ့

၁။ သီလကို သမ္မာဝါယမဆိုတဲ့ ဝါယမ (ဝီရိယ)ထားပြီးစောင့်ထိန်းရမယ်၊

၂။ သီလကို သမ္မာသတိဆိုတဲ့ သတိထားပြီးစောင့်ထိန်းရမယ်၊

၃။ သီလကို သမ္မာသမာဓိဆိုတဲ့ လက္ခဏာ ဈာန်ဝင်စားပြီး စောင့်ထိန်းရမယ်၊

အဲဒီသီလကျိုးပျက်စေမှုကို သတိနဲ့ ဖမ်းမိပြီဆိုရင် ဝီရိယနဲ့အားထုတ်ပြီး ပညာနဲ့သုတ်သင်ရမယ်။

သီလကို ပညာနဲ့ ဆေးကြောမယ်၊

ပညာကိုလည်း သီလနဲ့ဆေးကြောမယ်ဆိုရင်

ပညာကြောင့် သီလစောင့်တည်ဖြစ်မှာဖြစ်သလို
သီလကြောင့်လည်း ပညာစင်ကြယ်သွားမှာဖြစ်ပါတယ်။

ဒါ့ကြောင့် သီလကို ဝီရိယနဲ့ ပွားမယ်။
သီလကို သတိနဲ့ ပွားမယ်။
သီလကို သမာဓိနဲ့ ပွားများလို့ ဈာန်ဝင်စားမိပြီး

နောက်ဆုံး အဘိဉာဏ်တွေပေါက်သွားကာ ပညာအထိ ရောက်လာခဲ့ရင်တော့

ဒါဟာ သီလကို ပညာနဲ့ဆေးကြောတာပါဟု

ဓမ္မဝိဟာရီဆရာတော် ဟောကြားသည့် သီလကို ပညာနဲ့ဆေးကြောပုံ၊ ပညာကို သီလနဲ့ ဆေးကြောပုံတို့ကို www.ariyathitsa.org/html/mp-3_2.html  website ရှိ ” သီလကို ပညာနဲ့ဆေးကြောပါ ” တရားတော်ကို download ယူ၍ နာယူနိုင်ပြီဖြစ်ကြောင်း တရားအညွှန်းပြလိုက်ရပါသည်။

13 comments

  • mgmaung

    February 22, 2012 at 12:32 pm

    သီလစောင့်ထိန်းတယ်ဆိုတဲ့အတိုင်း ကိုယ့်ရဲ့ အပြု၊ အပြော၊ အနေတွေကို သတိ၊ ဝီရိယ၊ ပညာနဲ့ထိန်းရမှာ/
    အခုက ရိပ်သာတွေမှာက သီလစောင့်ထိန်းတယ်ဆိုပြီး ရုပ်၊ နာမ်တွေ သွားစောင့်ထိန်းနေကြတော့ /
    သီလစောင့်ထိန်းတာ မဟုတ်တော့ပဲ၊ ရုပ်၊ နာမ်စောင့်ထိန်းတာပဲဖြစ်သွားတော့တာပေါ့။
    ဒါသည် သီလခံယူတာမဟုတ်ပဲ၊ ရုပ်၊ နာမ်တွေကို ခံယူနေတဲ့ ပရမတ္တသစ္စာဒဿနဖြစ်နေလို့ပါပဲ/
    ဗုဒ္ဓရဲ့ လူ့အမှုကို လမ်းညွှန်ပေးတဲ့ အရိယသစ္စာသိမှသာလျှင် သီလကို ခံယူစောင့်ထိန်းတတ်မှာပါ။

  • uzin

    February 22, 2012 at 1:43 pm

    အမှန်ကတော့ ရုပ်ကို စောင့်ထိန်းတယ်ဆိုတာ ဒီရုပ်ကြီး ဖြစ်ပျက်တာကို စောင့်ကြည့်ရမှာ မဟုတ်ပါဘူး။ ဒီရုပ်မှာပါတဲ့ ဒွါရတွေရဲ့ အမြင်၊ အကြား၊ အတွေး၊ အနံ့၊ အရသာ၊ အတွေ့ တွေအပေါ်မှာ စိတ်က လွန်ကျူးမှုနဲ့ ခံစားသလား၊ သာမန်လား ဆိုတာ စောင့်ကြည့်ရမှာပါ။ စိတ်ဆိုတဲ့ နာမ်တရားကိုလည်း ကိုယ့်စိတ် ဘယ်လိုတွေးတယ်၊ ဘယ်လိုမြင်တယ် ဆိုတာကို စစ်ရမှာပါ။ တံခါးမှူး သည် တံခါးစောင့်တဲ့အလုပ် လုပ်တယ်ဆိုတာ တံခါးကြီးကို စောင့်တာမဟုတ်ပါဘူး။ သည်တံခါးဝမှ ဝင်သူထွက်သူ တွေကို စောင့်ကြည့်ရတာပါ။ ရန်သူလား၊ မိတ်ဆွေလား ဆိုတာကို စောင့်ကြည့်ရတာပါ။
    ရုပ်၊ နာမ်လည်း ဒီလိုပါပဲ၊ မိမိ ရုပ်နာမ်ကို စောင့်ကြည့်တယ်ဆိုတာ ဒီရုပ်ဖြစ်ပျက်၊ နာမ်ဖြစ်ပျက်ကို စောင့်ကြည့်ရမှာ မဟုတ်ပါဘူး။ ဒီရုပ်က ဒေါသရုပ်လား၊ သာမန်ရုပ်လား။ ဒေါသစိတ်ဦးစီးပြီဆိုရင်တော့ ရုပ်ကလည်း ဒေါသရုပ်ပေါ်ပါပြီ။
    ဒါကိုပင် မြတ်ဗုဒ္ဓက အဝိဇ္ဖာ ပစ္စယာ သင်္ခါရ၊ အစချီပြီး ဟောကြားထားတာပါ။

    ဒီလို ကိုယ့်မှာ ဖြစ်နေရင်တော့ ဒီလိုဖြစ်တာ မကောင်းဘူးလို့ ပညာအမှန်နဲ့မြင်၊ သမာဓိ သုံးချက်ထဲမှ တစ်ခုဖြစ်တဲ့ သတိတရားချက်ချင်းထား၊ ကြိုးစားမှု၊ နိုးကြားမှုလိုက်၊ မှားမိတဲ့ လွန်ကျူးချက်ကို သမ္မာသီလ ဖြစ်အောင် လုပ်။

    မဂ္ဂင်ရှစ်ချက်မှာ အပေါ်ဆုံးနှစ်ချက်က (ပညာ)ပိုင်းပါ။ အလယ် သုံးချက်ကတော့ (သီလ)ပိုင်းဖြစ်ပြီး၊ နောက်ဆုံး သုံးချက်ကတော့ (သမာဓိ)အပိုင်းပါ။

    ပထမဆုံးကတော့ ပညာကိုအခြေခံပြီး ကိုယ်၊နုတ်၊စိတ် မလွန်းကျူးအောင်စောင့်ထိန်း၊ သတိလွတ်လို့ (သို့) အလေ့အကျင့်မရှိလို့(သို့) အကျင့်မပျောက်လို့ တစ်ခုခုကြောင့် လွန်ကျူးမိသည်ကို သမာဓိထဲမှ သတိဖြင့် ပြန်ဖော်။ လွန်ကျူးမိချက်ကို သံဝေဂ(ပညာ)ဖြင့် ပြန်မြင်၊ နောက်နောင် မလွန်ကျူးအောင် ပြန်စောင့်ထိန်း ဒီလို အာရုံပြု၊ ပြုပြင်ရမှာပါ။

  • ba gyi

    February 22, 2012 at 4:42 pm

    ဟုတ်ပါလေ့ဗျာ၊ မှန်ပါပေ့ဗျာ။
    ဒါကြောင့်
    သီလ၊သမာဓိ၊ပညာ လို့ တွဲပြီးခေါ်ဆိုလေ့ရှိကြပါသဗျား။
    တစ်တွဲထည်း၊တစ်ဆက်တည်းခွဲလို့မရပါ။

  • realman

    February 22, 2012 at 4:50 pm

    မဂ္ဂင် ၈-ပါးမှာ
    သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုသည့် – ကံမဂ္ဂင်ကို
    သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုသည့် – သတိ၊ ဝီရိယမဂ္ဂင်နဲ့
    သမ္မာသင်္ကပ္ပ၊ သမ္မာဒိဋ္ဌိ ဆိုသည့် – ပညာ မဂ္ဂင်တို့နဲ့ အကဲခတ်ပွားများနေခြင်းနှင့်

    ရုပ်၊နာမ်တွေကို
    သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုသည့် – သတိ၊ ဝီရိယမဂ္ဂင်နဲ့
    သမ္မာသင်္ကပ္ပ၊ သမ္မာဒိဋ္ဌိ ဆိုသည့် – ပညာ မဂ္ဂင်တို့နဲ့ အကဲခတ်ပွားများနေခြင်းဆိုတဲ့ပွားနည်းနှစ်နည်းတော့ တွေ့ရပါတယ်။
    ပထမနည်းက အမှု ကံတွေကို အဓိက ထားရှုတဲ့ အရိယသစ္စာနည်း၊
    ဒုတိယနည်းက ရုပ်၊နာမ်တွေကို အဓိက ထားရှုတဲ့ပရမတ္တသစ္စာနည်း၊

    နည်းနည်းကိုတော့ ကွဲပြားဖို့ လိုလို့ ခွဲပြလိုက်ပါသည်။

  • မိုက်ကယ်ဂျော်နီငပွ

    February 24, 2012 at 12:39 am

    မိမိနားလည်သလောက်ကတော့ ဆိုခဲ့တဲ့ အကြောင်းက အောက်ပါစာပေမှာ ပါရှိတယ်လို့ဆိုခြင်ပါတယ်
    မိမိ အလွန်နှစ်သက်လှတဲ့ အကြောင်းအရာတစ်ခုပါ
    ……………………………..
    ဒီဃနိကာယ် – သီလက္ခန်ပါဠိတော် – ၄ – သောဏဒဏ္ဍသုတ် – သီလနှင့်ပညာကို အမြတ်ဆုံးဟု ဆိုခြင်း
    ……………………………..
    ၃၁၇။ ။ အသျှင်ဂေါတမ ပညာကို သီလဖြင့် ဆေးကြောရပါ၏၊ သီလကို ပညာဖြင့်ဆေးကြောရပါ၏။
    အကြင်ပုဂ္ဂိုလ်၌ သီလရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာရှိပါ၏။ အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိပါ၏။
    သီလရှိသော သူအား ပညာရှိပါ၏၊ ပညာရှိသော သူအား သီလရှိပါ၏၊
    သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်၏၊
    အသျှင်ဂေါတမ လက် (တစ်ဖက်) ဖြင့်လက် (တစ်ဖက်) ကို ဆေးကြောရာသကဲ့သို့ လည်းကောင်း၊
    ခြေ (တစ်ဖက်) ဖြင့် ခြေ (တစ်ဖက်) ကိုဆေးကြော ရာသကဲ့သို့ လည်းကောင်း
    အသျှင်ဂေါတမ ဤအတူပင် ပညာကို သီလဖြင့် ဆေးကြော ရပါ၏၊ သီလကို ပညာဖြင့် ဆေးကြောရပါ၏။
    အကြင်ပုဂ္ဂိုလ်၌ သီလ ရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာရှိပါ၏။ အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိပါ၏။
    သီလရှိသော သူအား ပညာ ရှိပါ၏၊ ပညာရှိသော သူအား သီလရှိပါ၏၊
    ………………………………………….
    အထက်ပါ အကြောင်းအရာကတော့ ပုဏ္ဏား မှ မြတ်စွာဘုရား ရှင်တော်မြတ်ကို လျှောက်ထားချက်ဖြစ်ပါတယ်
    ထိုသောအခါ မြတ်စွာဘုရားရှင်တော်မြတ်က အောက်ပါအတိုင်း မိန့်ကြားတော်မူပါတယ်
    ……………………………………………..
    ……………………………………………….
    သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်ပါ၏။ ပုဏ္ဏား ဤစကားသည် ဤအတိုင်းပင် မှန်ပေ၏၊
    ပုဏ္ဏား ဤစကားသည် ဤအတိုင်းပင် မှန်ပေ၏၊ ပုဏ္ဏား ပညာကို သီလဖြင့် ဆေးကြောရ၏၊
    သီလကို ပညာဖြင့် ဆေးကြောရ၏။ အကြင် ပုဂ္ဂိုလ်၌ သီလရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာရှိ၏။
    အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိ၏။ သီလရှိ သော သူအား ပညာရှိ၏၊ ပညာရှိသော သူအား သီလရှိ၏၊
    သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်၏။
    ပုဏ္ဏား လက် (တစ်ဖက်) ဖြင့် လက် (တစ်ဖက်) ကို ဆေးကြောရာသကဲ့သို့ လည်းကောင်း၊
    ခြေ (တစ်ဖက်) ဖြင့် ခြေ (တစ်ဖက်) ကို ဆေးကြောရာသကဲ့သို့ လည်းကောင်း ပုဏ္ဏား ဤအတူပင်
    ပညာကို သီလဖြင့် ဆေးကြောရ၏၊ သီလကို ပညာဖြင့် ဆေးကြောရ၏။ အကြင် ပုဂ္ဂိုလ်၌ သီလ ရှိ၏၊
    ထိုပုဂ္ဂိုလ်၌ ပညာ ရှိ၏။ အကြင် ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိ၏။ သီလရှိသော သူအား
    ပညာရှိ၏၊ ပညာရှိသော သူအား သီလရှိ၏၊ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်၏။
    ………………………………..
    ………………………………..
    ဒီနေရာမှာ မိမိ ကြည်ညိုမိတာကတော့ မြတ်စွာဘုရားရှင်တော်မြတ်၏ လွန်စွာ တည်ကြည်တော်မူသော
    အဂတိကင်းတော်မူသော သမာဓိတော်မြတ်ကိုဖြစ်ပါတယ်
    ပုဏ္ဏား ပြောတဲ့အကြောင်းထည်းက မှန်သောအကြောင်းကို မှန်တယ်လို့ ထောက်ခံပြောဆိုမိန့်တော်မူခြင်းပါ
    သေခြာတွေးမှ မြင်နိုင်တဲ့အကြောင်းလို့ဆိုခြင်ပါတယ်
    နောင်များကြမှ လိုအပ်သည်ကို ဖြည့်စွက်ဟောကြားတာပါ
    ( မိမိတို့စိတ်များနှင့်သာဆိုလျှင်ဖြင့် ငါပြောမှ မှန်ရမည် ငါသာသိသည် ငါသာတတ်သည်ဖြစ်တတ်ပါသည်
    မြတ်စွာဘုရားရှင်တော်မြတ်တို့သည်ကား ထိုသို့မဟုတ်ပါ )
    အညွှန်းပါ စာကို သေချာရှာဖွေဖတ်ရှု့ကြဘို့တိုက်တွန်းပါတယ်

  • aye.kk

    February 24, 2012 at 1:25 am

    သိထားတာလေးထပ်ဖြည့်ပြောပါရစေ..
    သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူပြီး..
    မြောက်အရပ်သို့ခြေ(၇)လှမ်းကြွလှမ်းပြီးကါ..
    ရဲရဲတောက်ပြောဆိုဟစ်ကြွေးသံ(၅)ခွန်း..
    ၁။အဂ္ဂေါဟ မသ္မိလောကဿ.?
    လောကမှာ ငါ အမြတ်ဆုံးဖြစ်တယ်။
    ၂။ဇေဠောဟ ယသ္မိလောကဿ?
    လောကမှာ ငါ အကြီးဆုံးဖြစ်တယ်။
    ၃။သေန္ဒောဟ ဟသ္မိလောကဿ?
    လောကမှာ ငါ အချီးမွမ်းအပ်ဆုံး။
    ၄။အယမန္တိ ဇာတိလောကဿ?
    ဒီဘဝဟာနောက်ဆုံးဘဝပဲ။
    ၅။နတ္ထိဒါနိပုဗ္ဘဝေါ?
    ယခုမှနောင်ဘဝသစ်ဆိုတာမရှိတော့ဘူး။

    • True Answer

      February 24, 2012 at 10:13 am

      ((((၄။အယမန္တိ ဇာတိလောကဿ?
      ဒီဘဝဟာနောက်ဆုံးဘဝပဲ။
      ၅။နတ္ထိဒါနိပုဗ္ဘဝေါ?
      ယခုမှနောင်ဘဝသစ်ဆိုတာမရှိတော့ဘူး။)))

      မိုးပြာ ဆရာတွေ နဲ့ သူကြီးမင်း ဦးခိုင်က ယခုမှနောင်ဘဝ ဆိုတာ တွေ မပြောရဘူး။ မစဉ်းစားရဘူး။
      ပြောရင် စဉ်းစားရင် ဒိဌိတွေ ဆိုတော့ ကာာာာ….

  • True Answer

    February 24, 2012 at 10:14 am

    ((((၄။အယမန္တိ ဇာတိလောကဿ?
    ဒီဘဝဟာနောက်ဆုံးဘဝပဲ။
    ၅။နတ္ထိဒါနိပုဗ္ဘဝေါ?
    ယခုမှနောင်ဘဝသစ်ဆိုတာမရှိတော့ဘူး။)))

    မိုးပြာ ဆရာတွေ နဲ့ သူကြီးမင်း ဦးခိုင်က အရင် ဘဝ၊ နောက်ဘဝ ဆိုတာ တွေ မပြောရဘူး။ မစဉ်းစားရဘူး။
    ပြောရင် စဉ်းစားရင် ဒိဌိတွေ ဆိုတော့ ကာာာာ….

    • kai

      February 26, 2012 at 11:46 am

      သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူပြီး..
      မြောက်အရပ်သို့ခြေ(၇)လှမ်းကြွလှမ်းပြီးကါ..
      ရဲရဲတောက်ပြောဆိုဟစ်ကြွေးသံ(၅)ခွန်း..

      ဆိုကတည်းက..သိပ်တော့မဟုတ်တော့ဘူးထင်မိတယ်..

      အမိဝမ်းကထွက်ထွက်ချင်း.. ဖွားမြင်ပြီးကလေးဟာ.. ခန္တာဖွဲ့စည်းပုံအရ.. လမ်းထလျှောက်ဖို့.. ကြွေးကျော်ဖို့.. မဖြစ်နိုင်ပါဘူး..
      ဆိုတော့..
      မိုးပြာတော့ဘယ်လိုလည်းမသိ… ကျုပ်ကတော့.. အဲဒီအဖြစ်နဲ့..စကားကို.. နောက်ထွက်..ဖြည့်စွက်စကားအဖြစ်ယူဆပြီး.. ပယ်ပါတယ်.။
      အလွန်အကျွံ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု.. ဒါမှမဟုတ်.. ဗုဒ္ဓကို.. ဖျက်စီးလိုတဲ့ရည်ရွယ်ချက်နဲ့.. ပြုခဲ့ဖြန့်ခဲ့တာတွေလို့.. ယူဆပါတယ်..။

      ဟုတ်ပြီလား..ခင်ဗျား..။ 😆

      • ဆူး

        February 26, 2012 at 11:54 am

        အင်တာနက်မှာ ရှာကြည့် မွေးကတည်းက သွားပါတဲ့ ကလေးတောင် ရှိသေးတာပဲ.. မွေးကတည်းက လမ်းလျှောက် စကားပြောတာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး.. မသိသေးတာပဲ ရှိမယ် ဆိုတာ ပြန်စမ်းစစ်ပါဗျို့…

      • မဟာရာဇာ အံစာတုံး

        February 26, 2012 at 12:13 pm

        ကျနော် တွေးမိသလောက် …
        သဂျီးရဲ့ အတွေးအခေါ်ဟာ သဘာဝ ကျလွန်းတဲ့ အတွေးအခေါ်တစ်ခုလို့ ဆိုနိုင်သလို၊ ယေဘုယျ ကျလွန်းတဲ့ အတွေးအခေါ် တစ်ခုလို့လည်း ဆိုကောင်း ဆိုနိုင်ပါတယ်။ သူဟာ သဘာဝထက် လွန်ကဲတဲ့ အယူအဆ၊ အဖြစ်အပျက်တွေကို လက်မခံဘူး။ ပြီးတော့ လက်တွေ့ မကျတဲ့ အတွေးအခေါ်၊ အယူအဆ၊ အဖြစ်အပျက်တွေကိုလည်း လက်မခံပါဘူး။
        ဒီတော့ လေယာဉ်ပျံတွေ မပေါ်ခင် ခေတ်ကာလ ကသာ သဂျီး တစ်ယောက် ရှိနေခဲ့မယ်ဆိုရင် မိုးပေါ်ပျံသန်းဖို့ လူအချို့ အားထုတ်နေကြတာကို ကြည့်ပြီး ဝေဖန်နေမလားပဲလို့ ထင်မိပါတယ်။

        ကျနော်က သဂျီးရဲ့ အတွေးအခေါ်၊ အယူအဆကို ကျနော် တတ်သလောက် ပြန်လည် ဝေဖန်ကြည့်မိတာ။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်ပေါ့။

        သဂျီး ကျနော့်ကို စိတ်ဆိုးရဘူးနော်။ ဒါဗြဲ ………. 😀

      • မိုးချမ်းမြေ့

        February 28, 2012 at 9:00 am

        အင်း…ကမ္ဘာပေါ်မှာ…သဘာဝလွန်တွေကို အတွေးအခေါ်မဲ့ယုံကြည်တာဟာ
        ဗုဒ္ဓ(သိဒ္ဓတ္ထမင်းသား)ရဲ့….အလိုနဲ့တော့…လုံးဝကိုက်ညီမယ်မဟုတ်ဘူး။
        ဘယ့်နှယ်ဗျာ..။ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ဆိုတာ…ဘယ်လောက်များဝေးလို့တုန်း။
        ခုပြောနေကြတာတွေဟာ…ဘုရား(သိဒ္ဓတ္ထမင်းသား)ဟာ..လူဆိုတာ..ယုံရခက်ခက်
        ဖြစ်အောင်ကိုဖြစ်နေတယ်…။ ဒီကြားထဲ…မြင့်မိုရ်တောင်ကတစ်မှောင့်..။
        ှုငရဲတွေ့ပြီဆိုတာကတစ်မျိုး..။ အဲ့ဒါတွေက..အဲသလောက်…စကားထဲထည့်ပြော
        ရလောက်အောင်..အရေးကြီးနေသလား..။

  • ကိုသစ္စာ

    February 26, 2012 at 10:39 am

    ဘဝဆိုတာ အစွဲနဲ့ပြုလုပ်သော (ကံ)တွေကြောင့် ဖြစ်နေရတဲ့ အခြေအနပါ။ ဗုဒ္ဓမြတ်စွာဘုရားဟာ အစွဲနဲ့ ဘာတစ်ခုမှ
    မလုပ်၊ မပြုတော့ခြင်းကြောင့် ဘဝဆိုတာတွေမဖြစ်တော့ပါဘူး။ အဲဒီဘဝတွေမဖြစ်တော့တာကို သေပြီးနောင်ဘဝတွေ
    မဖြစ်တော့ဘူးလို့ ယူဆမယ်ဆိုရင်တော့၊ အဲဒါ ဂျိမ်းဘုရားရဲ့အယူပဲဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓရဲ့အယူတော့ မဖြစ်နိုင်ပါ။
    ဘာ့ကြောင့်လဲဆိုတော့ ဗုဒ္ဓဘုရားဟာ သေပြီးနောက်ဖြစ်တယ်ဆိုတဲ့ သဿတမိစ္ဆာဒိဋ္ဌိ၊ သေပြီးနောက်မဖြစ်ဆိုတဲ့
    ဥစ္ဆေဒမိစ္ဆာဒိဋ္ဌိ၊ ဒီဒိဋ္ဌိနှစ်ခုလုံးကို ပယ်ထားလို့ပါပဲ။ ဒါကြောင့် ဗုဒ္ဓဘုရားဟာ နောင်ဘဝတွေမဖြစ်တော့ဘူးဆိုတဲ့
    သဘောကို၊ သေပြီးနောက်ကိစ္စတွေနဲ့ မစဉ်းစားပဲ၊ အခု ပစ္စုပ္ပန်မှာ အစွဲနဲ့အလုပ်(ကံ)တွေ မလုပ်တော့ခြင်းကြောင့်
    နောက်ဆက်တွဲဖြစ်ရမယ့် အခြေအနေ(ဘဝ)တွေ၊ မဖြစ်တော့တာကို နားလည်ပေးဖို့ လိုအပ်ပါတယ်။

Leave a Reply