မောင်ပေ၊ မြန်မြန် လာခေါ်ပါ

ဂ်စ္စူFebruary 22, 20121min28244

“ဖလမတွေ၊မအလတွေ၊ကိုယ့်တိုက်ခန်းနဲ ့ ကိုယ်နေတာ ဘယ်သူ ့သောက်ဂရုစိုက်ရမှာလဲ

ငါ့ဘာသာနေချင်သလိုနေမယ် နင်တို ့အပူ ဘာပါလို ့လဲ..နင်တို ့…ငါ့ဘာသာ..နင်တို ့ငါ့ဘာသာ.

!@…….@………”

ဆိုတဲ့အသံ နန်းစတော့ထွက်လာတော့ နားညည်းပြီး ဆက်အိပ်လို ့မရတော့

အင်း..ဒီအသံထွက်လာပြီဆိုတော့ နာရီကြည့်စရာမလို ကိုးနာရီကျော် နေလောက်ပြီ

ဆိုပြီး အင်းအဲ.အူးအားနဲ ့ အကြောဆန် ့ဟိုလှိမ့်.ဒီလှိမ့်လုပ်ပြီး အိပ်ယာထဖို ့အားယူနေလိုက်မိတယ်။

အပျင်းကြောဆန် ့ရင်း ခဏမှေးခနဲ ့ပြန်ဖြစ်တုန်း..

ဗျောင်း..ဗျောင်း..ဂျောင်း.ဖြောင်း ‘နင့်မေအဝှာဖြစ်လား..ငါ့မေအဝှာဖြစ်လား ဗျောင်.း…ဖျောင်း.ဖျောင်း

ပါးစပ်ကလဲ ရွတ် လက်ကလဲ တုတ်တစ်ချောင်းနဲ ့ နံရံကို ဆက်တိုက်ရိုက်သံ ထွက်လာတော့

ဟမလေး ကိုးနာရီခွဲလောက်ပြီဟ ဆိုပြီး မထချင်ထချင်နဲ ့ ထပြီး ဆိုင်တံခါးရှေ ့မျက်နှာစာမှာ

ညဘက်လာလာအိပ်တတ်တဲ့ အရူးမကြီးရဲ့ အခြေအနေကို မျက်ချေးပွတ်ရင်း တစ်ချက်ကြည့်လိုက်မိပါတယ်။

 

တောက်..

သောက်ရူးမ…ကောင်းကောင်းကို အိပ်လို ့မရဘူး၊မနက်အိပ်ယာနိုးရင် ဒင်းရဲ့ ကျက်သရေမရှိလှတဲ့

အဆဲအဆို သံတွေနဲ ့ပဲ ထ.ထ နေရတယ်..

ခုလဲ သူများ ဆိုင်ရှေ ့မှာ အခန် ့သားထိုင်ပြီး လမ်းသွားလမ်းလာတွေကို ဆဲနည်းပေါင်းစုံနဲ ့ ဆဲယုံမက

တိုက်ခန်းနံရံတွေကိုလဲ တုတ်ကျိုးအောင် တစ်ဖြောင်းဖြောင်းချနေတာ.

နေ ့တိုင်း ဒီလိုလုပ်နေရင် မဖြစ်ချေဘူး….ကျက်သရေမှရှိ မင်္ဂလာမရှိ လာဘ်ပိတ်တယ်။

နဂိုထဲက ကိုယ့်ပိုင်ရှင်ရဲ့ဖုန်းဆိုင်က ဖွင့်ပေးထာတာ အစုတ်ပလုတ်။သူ ့မိတ်ဆွေကလွဲလို ့

ဘယ်သူမှ လာဝယ်တာမဟုတ်ဘူး။ 😆

ပြီးတော့..

 

ဆိုင်မှာက ကိုယ်ပါမှ ဝန်ထမ်း ယောက်ျားလေး နှစ်ယောက်ထဲ ရှိတာ။

အရူးမက အဖွားကြီအရွယ်လဲမဟုတ်ဆိုတော့ သူ ့ဘာသာ အပြင်မှာ ဖြစ်ချင်သလိုဖြစ်လာပြီး

မတော်တစ်ခုခုဆို ကိုယ်တွေ ငုတ်တုတ်မေ့မှာ။ဘာမဟုတ်ပဲ အရူးမကို ယူနေရဦးမှာမို ့

အဲတာကြီးလန် ့ပြီး နှင်ထုတ်ချင်နေတာကြာပြီ။

 

တစ်ဘက်က ကြည့်ပြန်တော့ ဆောင်းတွင်းကြီး မှာ အရူးမအတွက် ဆိုင်ရှေ ့ဝရန်တာမှာ အိပ်ရတာကက သူ ့အတွက် အဆင်ပြေဆုံး။မနက်ဆိုလဲ ထချင်တဲ့အချိန်မှထ ကိုယ်တွေနဲ ့ ပြိုင်အိပ်တာ တစ်ခါတလေ

စီးကရက်အဖြူလေး လက်ကြားညှပ်လို ့ခဲပြီး နေ ့ခင်းထိ ဆန် ့ဆန် ့ကြီး ယူနေတာ လူမြင်မသင့်တော်ဘူး။

ကိုယ်တွေကလဲ သနားလို ့မပြော၊မိန်းမနဲ ့ ယောက်ျား ဘယ်လိုနည်းနဲ ့ အရူးမကို ဆုံးမဩဝါဒ ပေးရမှန်းမသိမိုလို ့ လွှတ်လွှတ်ပေးထားတာ။

 

ဒါကြောင့်လဲ အရူးမက တခြားနေရာတွေမှာ မအိပ်ပဲ ညဘက်ဆို ဆိုင်ရှေ ့မှာ လာလာအိပ်တာကလား။

ဘာပဲဖြစ်ဖြစ် တတ်နိုင်ဘူး နှင်ထုတ်ကာမှ တန်ရာကျမဲ့ အရူးမ မိုလို ့ သနားတာတွေ၊ကိုယ်ချင်းစာတာတွေ

ချောင်ပို ့ပြီး အချိန်ရတိုင်း အရူးမကို နှင်ထုတ်လို ့ရနိုင်မဲ့  သိုင်းကွက်ပဲ ရှာရှာနေမိတော့တာပေါ့။

အဲတာနဲ ့ နောက်နေ ့တွေ အရူးမ အိပ်မဲ ့ နေရာ ရေဖြန်းထားလိုက်တယ်။ခဏပဲ အောင်မြင်တယ်

နောက်နေ ့လာအိပ်ပြီး ဆဲတယ်။နောက်တော့ လက်ရှော့ သနားပြီး မနက်မိုးလင်း မဆူပါနဲ ့မဆဲပါနဲ ့

မရိုက်ပါနဲ ့မှာတယ် မအောင်မြင်ဘူး။အဲတော့ အရူးမ အိပ်မဲ့နေရာ ပုလင်းထောင်ပြီး ညဥ့်နက်တဲ့အထိ

ထိုင်သောက်တယ်..။အလယ်..အဲအခါကျတော့ အရူးမက ဟိုဘက်ကားလမ်းကနေ ကိုယ်တွေကို ဘုရှိုး

ရှိုးပြီး အိပ်ချင်တာမထိန်းနိုင်တော့ပဲ တခြားနေရာ သွားအိပ်တယ်။ဒီနည်း မဆိုးဘူးဟဆိုပြီး နောက် နေ ့ကျတော့ ပုလင်းထောင်

ဉာဥ့်နက်ထိ ထိုင်သောက်ကြပြန်ကော။အဲနေ ့ကျတော့ သောက်လို ့ ဝိုင်းတောင် မသိမ်းသေးဘူး

မစာဥက အထုတ်ဆွဲပြီး သူ ့ဘိချ် ကို နေရာလာယူပါကောဗျာ..။

 

လူတွေက မူးနေပေမဲ့လဲ

မစာဥကလဲ ဇရိုက်ကြမ်း အပေါက်ဆိုး ဆိုတော့ ပေါ်တင်နှင်မထုတ်ရဲပြန်ပဲ ဂျီးဒေါ်

မနက်မဆဲပါနဲ ့..ပတ်ဝန်းကျင်က တိုင်တယ်.ကျနော်တို ့မကောင်းဘူး..အဲတာ ဂျီးဒေါ်ဆင်ခြင်ပါ..ဘာညာ

နားချတော့ မစာဥက ထုံးစံအတိုင်း သူ ့ကို ဆရာမလုပ်ဖို ့သူအကုန်သိတယ်တို ့ ပြောပါလေရော

အဲတော့ ..

ဂျီးဒေါ် ကြောင်တောင်တောင်မလုပ်နဲ ့ ပြောမရရင် ခင်ဗျား နောက်နေ ့လာမအိပ်တော့နဲ ့ တခြားနေရာသွားအိပ်

ခင်ဗျားက ပြီးရင် ဆဲဆိုနေတာ လက်မခံနိုင်ဘူး ပြောတော့

နင်တို ့ကနှင်လွှတ်ရအောင် င့ါလက်မှတ်ပါလား..ငါကပိုင်ရှင်…နင်တို ့က ဘာလဲ ဆိုပြီး အရူးကွက်နင်းပါကော။

အဲတာနဲ ့

ကိုလဲ ပေါက်ကွဲပြီး…မူးကလဲမူးနေတော့..အရူးမအထုတ်ဆွဲပြီး ခင်ဗျားမသွားရင် ဒီအထုတ် လွင့်ပစ်လိုက်မှာ

သောက်ကြီးသောက်ကျယ်တော့ လာမပြောနဲ ့ဆိုပြီး အထုတ်ဆွဲပြီး လွှင့်ပစ် ဟန်ဆောင်ပြလိုက်တော့

အရူးမလဲ နဲနဲ တော့  လန် ့သွားပုံပေါ်လာကော။ဆက်ပြီး ကျန်တဲ့ အရူးမရဲ့ ဖက်စလတီတွေ တစ်ခုပြီးတစ်ခု

ဆွဲထုတ်ပြီး မယူရင် လွှင့်ပစ်မယ်လုပ်ပြတော့ အရူးမလဲ သူ ့ပစ္စည်းလွှင့်ပစ်ခံရမှာဆိုးလို ့ တစ်ခုပြီးတစ်ခုလိုက်ဆွဲပါကော

 

ရေဘူးကိုင်လိုက်..အရူးမက လိုက်ဆွဲလိုက်…ထမိတ်ထုတ်ကိုင်လိုက် အရူးမကလိုက်ဆွဲလိုက်..

ဖျာ ဆွဲထုတ်လိုက် အရူးမက လိုက်ဆွဲလိုက်..ခေါင်းအုံးလွှင့်ပစ်မယ်လုပ်လိုက် အရူးမက လိုက်ဆွဲလိုက်

နောက်ဆုံး ကိုယ်ကတောင် မဆွဲထုတ်ရပဲ  လွှင့်ပစ်ခံရမှာဆိုးလို ့အရူးမလဲ သူ ့အလိုလို တိုလီမိုလီတွေအကုန် ထမိန်စုတ်မကျန်  ရှာဖွေဆွဲထုတ်ပြီး ပွစိပွစိနဲ ့ ဆဲဆိုအော်ဟစ်ကာ အထုတ်တွေ တစ်ပွေ ့တစ်ပိုက်သယ်လျက်

ထွက်ချသွားပါကောဗျာ။အဲတော့မှ အရူးမနဲ ့ရန်ဖြစ်တာ လူလဲမော အမူးလဲပြေ ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့

အလား… တိုက်ခန်းတွေက ခေါင်လေးတွေပြူလို ့ ထွက်ကြည့်နေကြတာ..။

တတ်နိုင်ဘူး..ရှက်နိုင်ဘူးဗျာ..ဒီလိုမှရန်မဖြစ်ရင်…………ကောင်းကောင်း မအိပ်ရ၊ကောင်းကောင်းမထရနဲ ့

မနက်တိုင်း ကျက်သရေယုတ်ပြီးထနေရဦးမှာ အသေအချာပဲ။

 

အရူးမ ထွက်သွားတာ ဒီနေ ့ထိတော့ ပြန်မလာတော့ဘူး..။အရူးမအတွက် အိပ်ယာစီစဉ်ပေးမဲ့လူရှိရင်ပြောဗျ..

တွေ ့ခဲ့ရင် လက်တို ့လိုက်မယ်။

ကောင်းကောင်းပြောတုန်းကတော့ မရဘူး..နားမလည်တဲ့ အရူးမ..အထုတ်လွှင့်ပစ်မယ်ဆိုမှ လန် ့ပြီးမလာတော့တဲ့ ဂျီးဒေါ်ကြီး..မျိုးကြီး သီချင်းလေးနဲ ့ နှုတ်ဆက်ပါရစေ..

မလာပါနဲ ့……………………လို ့ပဲ..…….။

 

 

44 comments

  • etone

    February 22, 2012 at 11:11 am

    အရူးမ နှင်ထုတ်ပုံကို တယ်လည်း မိုက်သကိုး …. ။
    အဲ့ကောင်လေး …သူ့အထုတ်တွေသွားဆွဲနေတာ …. အရူးမက သူ့ပစ္စည်းလာလုပြီး ..လူကိုပါ ကြံပါတယ်လို့ .. လျှောက်မအော်တာ ကံကောင်းတယ်မှတ် …. ။

    ထမိန်ထုတ်ဆွဲထားတဲ့ လက်ကြီး … အဝတ်လျှော်စက်ထဲထည့်ပြီး .. သုံးလေးခါလောက်ဆေးပါဗျို့ …. 😆

    • စိန်ပေါက်ပေါက်

      February 22, 2012 at 11:16 am

      ကျန်ကျောင်း အိတ်ထဲ ထည့်ထားတာဂျ
      တစ်ခါတလေ အစုတ်ပလုတ်တွေ ဒီတိုင်းပုံသွားတာ
      ခြေမနဲ ့ကလော်ပြီး မြောင်းထဲ လွှင့်ပစ်ရတယ်
      🙄
      မောင်ပေရေ…ခုတော့
      နင်ပစ်ထားရက်ပြီပေါ့လေ
      😆
      သူမဖဲ့ခင် ဦးအောင် အရင်ဖဲ့ထားရတာ

      • ကိုရင်စည်သူ

        February 22, 2012 at 11:22 am

        ကိုပေ ညန်ညန်လာခေါ်ဘာ…
        ရှင်ကြီး သများတွေကို လုပ်တုန်းက
        လုပ်ပြီး.. အခုတော့ အထုပ်တစ်ခုနဲ့ ထားခဲ့ပီပေါ့လေ..
        ရှူးရှူးပေါက်ချင်တိုင်း ဟိုင်းဝေဘတ်စ်ကားပေါ် ရောက်နေပါစေ…
        အဲအဲပါချင်တိုင်း အိမ်သာမတွေ့ပါစေနဲ့… ဟီးး.. ဟီးး..
        ကျောက်သငှေးကို ဆွပြီး ခေါ်ထုတ်ရတာဘဲ.. တက်နိုင်ဝူး… 😎 😎

        • စိန်ပေါက်ပေါက်

          February 22, 2012 at 11:23 am

          ကျောက်သထေး
          ခုတော့ ခုန်လို ့တောင် မရတော့ဘူးဆိုပဲ
          ကောင်းတယ်..ကောင်းတယ်..အရူးမကြီးကို ပစ်ပြီး ကဲချင်ဦး
          😀

  • blackchaw

    February 22, 2012 at 11:20 am

    မောင်ပေက နင့်ကို ဒီအချိန်မှာ
    ပြန်မဖဲ့နိုင်ပါဘူးတဲ့။
    အိပ်ယာထဲမှာ ပက်လက်ကလေးပါတဲ့ဗျာ။
    သတင်းလေးဘာလေး မေးလိုက်ကြဦး။
    😆 😆 😆 😆 😆

    • TTNU

      February 22, 2012 at 8:25 pm

      ကိုချောရေ…
      မောင်ပေရောကွေးနေပြီလား။

  • nozomi

    February 22, 2012 at 11:23 am

    ဒါ စွန့်ဦးတီထွင်ပဲဗျ
    ရန်ကုန်မှာ ဘယ်သူမှ ဒီလုပ်ငန်း မလုပ်သေးဘူး
    သူကြီးပြောတဲ့ မီလီယံ ဘိဇနပ်နော်

    မြို့ထဲ အရှုးနှင်ချင်သူများ ကိုပေါက်ဖော်နဲ့ ဆက်သွယ်နိုင်ပါတယ်

  • မဟာရာဇာ အံစာတုံး

    February 22, 2012 at 11:41 am

    ဟာ … အတော်ပဲ …
    တိုတိုပေါက်ပေါက် … များတို့ အိမ်ရှေ့မှာလည်း အရူကြီးတစ်ယောက် (အရူးမ မဟုတ်) အဲဒီလိုပဲ …
    အဲဒီ အရူးကြီးကို များတို့က ကြောက်လို့ နှင်ထုတ်ရဲဘူး …
    အဲဒီ အရူးကြီးက သူ့ကို မကြိုက်တာ သွားကြောရင် ဟိုဟာကြီး လှန်လှန် ပြတာ … 😀
    ပြီးတော့ ကြောတော့ပါဘူး ….
    အဲဒါ တိုတိုပေါက်ပေါက် လာရောက် တူညီပေးပါလားဟင် …. လို့
    😀 😀

  • ကြောင်ကြီး

    February 22, 2012 at 11:42 am

    စိန်ပေါက်ကို ကြိတ်ခိုက်နေတဲ့ ရှေ့တိုက်က ကောင်မလေး (မော်ဒယ်ဂဲ အသစ်စက်စက်လေး) အထင်လွဲသွားဘီ။ အသဲနှလုံး မရှိတဲ့လူဂျီးတဲ့…။ အရူးမကို ပြန်ခေါ်လိုက် ပြန်ခေါ်လိုက်..။ ထောင်မြင်ရာစွန့်ဆိုတာ မကြားဖူးဘူးလား…။ ဟိုက လုံးဝ အမှန်အကန်လေးနော်…။

    • စိန်ပေါက်ပေါက်

      February 22, 2012 at 11:48 am

      ထောင်မြင်ရာစွန် ့တာ ပြဿနာမဟုတ်ဘူး
      အရူးမနဲ ့ညားနေဦးမယ် ဘိုးကြောင်ရဲ့

  • Thel Nu Aye

    February 22, 2012 at 11:57 am

    တော်သေးတာပေါ့ဒေါ်စိန်ပေါက်ရဲ့။ မတော်ဟိုကသူ့အထုပ်ဆွဲလို့နပန်းဖက်လုံးရင်ဒွတ်ခ။ ဒေါ်စိန်ပေါက်ဗလ နဲ့တော့အင်း ဒွတ်ခဒွတ်ခ။

    • စိန်ပေါက်ပေါက်

      February 22, 2012 at 12:06 pm

      များဗလနဲ ့ နပန်းဖက်လုံးရင်တော့ အီးထွက်သွားနိုင်ပါရဲ့တော်
      ဗျစ်..ဗျစ်.ဗျစ်.

  • နှူးဘာဂိုဏ်းချုပ်

    February 22, 2012 at 11:58 am

    သိဘီ သိဘီ …
    အဲ့လက်ကြီး သေချာမဆေးဘဲ အရက်-ဝါးဒီး ဆက်ဆွဲတယ်မဟုတ်လား..
    အဲ့လာကြောင့် ညည်း တဗျစ်ဗျစ် ဖြစ်နေတာ…
    😀

    ကျောက်ဆြာ ဘောပေ ကိုတော့ မနေ့က ချက်ရွမ်းထဲ တွေ့မိသား

  • နွယ်ပင်

    February 22, 2012 at 12:14 pm

    အရူးမ နှစ်ထုတ်ပုံလေး တော်တော် သဘောကျသွားတယ်
    ဒါနဲ့ စကားမစပ် မောင်ပေနဲ့ အရူးမနဲ့က ဘာတော်တာလဲဟင် ….. 😛

    • စိန်ပေါက်ပေါက်

      February 22, 2012 at 12:17 pm

      ငယ်ချစ်လေ
      မောင်ပေအရမ်း ပေလို ့ ရူးသွားတာ..
      ဒီရောဂါ မောင်ပေကုမှရမှာလေ

  • thuyazaw21451

    February 22, 2012 at 12:43 pm

    စိန်ပေါက်ပေါက်ကြောင့် အရူးမတောင်ထွက်းပြေးရတယ်တဲ့တော်ရေ့………ရွာထဲလိုက်ဖွဦးမှ……… ပိုမြန်အောင် မြင်းလေးစီးသွားမယ်…….. ဒက်ကလောက် ……ဒက်ကလောက်……ဒက်ကလောက်…

  • kyeemite

    February 22, 2012 at 1:41 pm

    မိစိန်ပေါက် နင်ရူးရင်ဘယ်နားသွားအိပ်မလဲစဉ်းစားထား…ဒါမျိုးဆိုတာ ဝဋ်လည်တတ်တယ်အေ့…

  • Diamond Key

    February 22, 2012 at 2:06 pm

    ဟုတ်ပါ့ အတော်ဆိုးလိုက်ထှာ …. ဒီမိန်းမကြီး သူ့ယောင်္ကျားဆိုင်များ မှတ်နေသလား 😛
    နင်တို ့ကနှင်လွှတ်ရအောင် င့ါလက်မှတ်ပါလား.. ဆိုတော့ ရူးနေတာတောင် ကွာရှင်းရင် လက်မှတ်ထိုးပေးမှ ရတာ သိနေသေးတယ် … အတော်အရူးပါးပဲ 😀
    ဒီလိုဖြစ်နေတာတောင် ဒီဆိုင်သူပိုင်တယ် ထင်နေသေး …. “ငါကပိုင်ရှင်…နင်တို ့က ဘာလဲ” ဆိုပြီး အရူးကွက်နင်းသေးဗျယ။ :mrgreen:
    တော်သေးတယ် ကိုစိန်ပေါက် နည်းရှိပေလို့ …. အတော်ဆိုးတဲ့ အရူးမနော် 😆

    • စိန်ပေါက်ပေါက်

      February 22, 2012 at 2:09 pm

      ဟုတ်တယ်ဗျာ
      ကောင်းကောင်းမွန်မွန်ပြောပြတော့ နားမထောင်ဘူး
      သူ ့အထုတ်တွေလွှင့်ပစ်မယ်ဆိုမှ ဥစ္စာခြောက်ပြီး ပြေးတာ
      တယ်မလွယ်ဘူး

      ဒီမနက်လဲ ဘယ်တိုက်မှာ သောင်းကျန်းနေလဲမသိဘူး
      အိမ်တစ်အိမ်က ရဲစခန်းဖုန်းဆက်တိုင်လို ့ အရူးမကို လိုက်ရှာနေကြတယ်
      တော်သေး..
      များတို ့ရှေ ့ပြန်မလာတာ
      😆

  • water-melon

    February 22, 2012 at 3:18 pm

    အရူးမတောင်အရှုံးပေးရတယ်ဆိုတော့
    တိုရီးပေါက်ဖော်တော်လိုက်တာ
    ညီလေးကိုလဲ သင်ပေးအုန်းနော်
    အရူးမကို တိုရီးကိုကြွေနေလို့ထင်တယ်။
    ကိုပေကလာမခေါ်နိုင်သေးဘူး ဘောမှန်နေလို့တဲ့။

    • စိန်ပေါက်ပေါက်

      February 22, 2012 at 3:22 pm

      တော်လိုက်တာမလုပ်နဲ ့ဟ
      အန်ဇာတုံးတို ့ရပ်ကွက်ထဲက အရူးလို လှန်ပြရင် နင့်ကိုပဲ လာနှင်ထုတ်ခိုင်းရမှာ

      • နှီယောက်လုံး လာလည်း
        စိတ်ချိုးဘူးနော် …
        ဟိုကတော့ ဘယ်နှယောက်လာလာ လှန်ပြမှာပဲ … တဲ့ … 😀

  • မဟာ ထမိန်ကြီးဝါဒ

    February 22, 2012 at 3:34 pm

    ဒီရွာထဲမှာလည်း အရူးတကောင်ရှိတယ်..လူတကာကို ဝါးလုံးချီးသုတ်ပြီး လိုက်ရမ်းနေတတ်တဲ့ အရူးလေ..
    သူက ဘဝင်ရူး ၊ သူ.ကိုရော နှင်ထုတ်ပေးပါလား မပေါက်ပေါက်ရဲ.။

    • ပေါက်ဖော်ရေ ..
      ဘင်လာဒင်နဲ့ မပုတင် ဟုတ်တော့ဘူးဟ …
      ဒီမှာ ကိုဝါဒ က ….
      ကပေါက်ဖော်နဲ့ …. ကွက်လပ် ဖြစ်အောင် လုပ်နေဘီ …
      😀

    • စိန်ပေါက်ပေါက်

      February 22, 2012 at 3:52 pm

      အဲအရူးကတော့ မင်းအုပ်စိုးဒုံးကျည်နဲ ့ထုတောင် ရမှာမဟုတ်ဘူး
      အဆဲဆို အထုအရိုက်ခံပြီးကို ရွာထဲ အရူးကွက်နေမဲ့
      😀

  • kai

    February 22, 2012 at 4:00 pm

    အရူး၊ကလေး၊သဘင်သည်.. စကားပြောရင်မှန်တတ်တယ်တဲ့..။
    နံပါတ်တောင်းလိုက်တာမဟုတ်ဖူး..။ 🙂

    • စိန်ပေါက်ပေါက်

      February 22, 2012 at 4:08 pm

      အားနေ ဆဲဆိုနေတဲ့ အရူးမ
      သူ ့ဆီက သွားတောင်းရင်
      နံပတ်တော့ မရဘူး နံပြားပဲ ရလိမ့်မယ် သဂျီးရေ
      😆

      • water-melon

        February 22, 2012 at 4:11 pm

        တောင်မကလည်း ညံလိုက်တာ
        သူ့ဆီက နံပြားနဲ့ နင့်နံပြားလဲလိုက်ပါလား
        နင့်ဟာက ကြာပြီဆိုတော့ ဒိတ်ဖြစ်နေပြီ။

  • Harumoto

    February 22, 2012 at 4:06 pm

    အော် အရူး အရူး ကြာကြာနေ သူမရူးဘဲ ကိုယ်ရူးရမှာတောင်စိုးရတယ်

  • ba gyi

    February 22, 2012 at 5:11 pm

    အော် အော်၊ ကိုစိန်ပေါက်ဖေါ်ကြီးရယ်
    သူကလေးဘယ်လောက်များ စိတ်နာကြည်းသွားမလည်းနော်၊
    အဟုတ်ကိုပြန်မလာတော့ဘူးဆိုတော့လေ။
    ကိုပေ ကလည်း တစ်ကယ်ပြတ်မပြတ် စောင့်ကြည့်နေတာနေမှာဘာ၊
    ခင်လို့နောက်မိပြန်ပေါ့ဗျား။
    ခက်တာက စိတ်ရောဂါသည်တွေကို လာခေါ်ဘို့ စိတ်ကျန်းမာရေးဆေးရုံအကြောင်းကြားရင်၊လူနာအတွက်
    တာဝန်ခံသူရှိမှ သူတို့ကလက်ခံတာမျိုး၊အဲ ဒါ၊ တစ်ခါတည်း သူ့ဆေးဘိုးတို့ ဘာတို့အလှူထည့်ရရော၊ ဆက် သွယ်ဘို့လိပ်စာတွေပါပေးရရော ၊ရွှေမျိုးရင်းခြာမဟုတ်ရင်ရပ်ကွက်၊ ရဲထောက်ခံစာတောင် လိုအပ်ရင်တောင်းသေး ဆိုတော့ ၊တော်ရုံဘယ်သူမှမပို့ရဲတော့ဘူးလေ။ မဖြစ်မနေဆုရင်တော့၊ရပ်ကွက်
    အုပ်ချုပ်သူတွေအကူညီတောင်းပြီးပို့ရင်တော့ရမှာပါ။ စားရိတ်စကတော့ခံရသဗျို့။

  • မိုက်ကယ်ဂျော်နီငပွ

    February 22, 2012 at 6:32 pm

    အံမာအံမာ
    လူတွေရှေ့ကျရင် အရူးမ အရူးမ နဲ့
    ဘယ်သူမှ မတွေ့တဲ့အခါကြရင် ညီမလေး ညီမလေး ဆိုပြီး
    ဟွမ်း လူဂျိုးဂျီး
    ပုံ
    မစာဥ

  • ကိုခို်င်
    အရူး၊ကလေး၊သဘင်သည်.. စကားပြောရင်မှန်တတ်တယ်တဲ့..။
    နံပါတ်တောင်းလိုက်တာမဟုတ်ဖူး.
    တကယ်ယူမှာလား ညနေတိုင်းနံပါတ်လာပေးတဲ့အရူးမရှိတယ်။
    တစ်ခါလာ 200 ပေးရတယ်။
    သူ့ပေးလိုက်တဲ့ပိုက်ဆံကို ပွားလိုက်ရအောင်ဆိုတော့
    ငါများအရူးမှတ်နေလားတဲ့…………………………….

  • pooch

    February 22, 2012 at 7:57 pm

    ဆွေမျိုးသားချင်းတွေက နွမ်းပါးလို့ ရူးမှန်းသိရက်နဲ့ မကြည့်နိုင်လို့ မစောင့်ရှောက်နိုင်လို့ လေလွင့်နေတာ၊ ဒါမှမဟုတ် အကြောင်းတခုခုကြောင့် စိတ်ထိခိုက်ပြီး ရူးသွားတာလားမသိဘူး။ ရဲစခန်းက လူတွေ က စိတ်ရောဂါကု ဆေးရုံကို ပို့ပေးရင်တောင် ပို့ဖြစ်ရင်တောင် ဆေးရုံက စောင့်ရှောက်ပေးနိုင်တဲ့ အနေအထားရှိပါ့မလား မသိဘူး။

    ဒီလိုမျိုး ရူးပြီး လေလွင့်နေတဲ့သူ တွေ မန ္တလေးမှာ လည်း တွေ့ဖူးတယ်။ မနက်တိုင်းကျုံးဘေးမှာ လမ်းလျှောက်စဉ်တုန်းကပါ။ လူလတ်ပိုင်းအရွယ် ခပ်ပိန်ပိန်အမျိုးသမီးတယောက်။ အဲ့လိုပဲ ကျုံးဘေးမှာ မနက်စောစော ဆို ခွေအိပ်နေတတ်တယ် ။ အကျီ င်္လည်း တခါတခါ မကပ်ဖူး ။ ထမိန်ရင်ခြားနဲ့။ နောက်တော့ မမြင်မိပြန်ဘူး။ နောက်တခေါက်ပြန်တွေ့ဖြစ်တော့ ကလေးလေးမွေးပြီးနေပြီ။

    အော် ..လူတွေ လူတွေ အရူးလည်း ချမ်းသာမပေးဘူးလို့ တွေးမိတယ်။ ကလေးကလည်း ဝဋ်ကြီးရှာတယ် ထင်ပါတယ်။ နွေမိုးဆောင်းမှာ အကျီ င်္မပါတာ များတယ်။ တုံးလုံးလေး။ တော်သေးတာက ယောက်ျားလေးဖြစ်နေတာပါ။ မိန်းကလေးသာဆို ဘဝက နစ်ပြီးရင်း နစ်မယ်။ နောက်မနက်လမ်းလျှောက်တဲ့သူတွေက သူတို့ဝတ်လာတဲ့ ဂျာကင်လို အားကစား အကျီ င်္လေးတွေ ချွတ်ပြီး ပေးသွားတာတောင် ဝတ်ရကောင်းမှန်း မသိရှာဘူး။ ဟိုပစ်ဒီပစ် ။ နောက်နေ့ နောက်တယောက်ကထပ်ပေး ။ ဒီလိုနဲ့ သံသရာလည်နေတယ်။ သားအမိ နှစ်ယောက်တညလုံး ဘယ်လိုနေကြရှာတယ် မသိပါဘူး။

  • MaMa

    February 22, 2012 at 8:38 pm

    ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံကို ရောက်တုန်းက ကုသလို့ သက်သာနေတဲ့လူတွေ ရှိတယ်။
    ဒါပေမယ့် မိသားစုတွေက လာမခေါ်ကြတော့ဘူးတဲ့လေ။
    မိသားစုက ဖေးဖေးမမလေးနဲ့ အတူနေရရင် လူကောင်းပြန်ဖြစ်နိုင်ပေမယ့် ….
    ခုတော့လည်း ဆေးရုံမှာ မကောင်းတကောင်းနဲ့ နေကြရရှာတယ်။ 🙁

  • windtalker

    February 22, 2012 at 9:13 pm

    ဦးပေါက်ခင်ဗျာ
    ခင်ဗျားကြီးဖာသာ မူးကြောင်ရူးကြောင် နဲ ့ပင့်တုန်းခဲ့ပင့်ခဲ့တဲ့ အမျိုးကောင်းသမီးလေး ကို အဲ့လို ရက်ရက်စက်စက် မပစ်ပယ်သင့်ကြောင်း ၊ အီကွန်မင့်ဖြင့် ကျွန်ုပ်မောင်ပေ မှ အသိပေးလိုက်ပါဒယ် ခင်ဗျား ။

  • surmi

    February 22, 2012 at 11:30 pm

    ဒေါ်စိန်ပေါက်ရေ—ကျွန်တော်တို.နားမှာလည်း အသက် ၂ဝ အရွယ် အဖေမသိ
    ကလေးတစ်ယောက်အမေ မရူးတဲ. သူတစ်ယောက်ရှိတယ် ၊သူ.ကလေးပါတဲ.ချီးနေ.တိုင်း
    ကျုံးနေရပါသဖြင်.——ရွာသားချင်းမို.ကူညီပါဦး ။။အားကိုးပါတယ်ဗျ—။

  • Khin Latt

    February 23, 2012 at 3:11 am

    စိန်ပေါက်ပေါက် ရဲ့ လက်စွမ်း ကလဲ မခေ ဘဲကိုး။
    ရေးထားတာများ အဲဒီ စိတ်မနှံ့သူလေး ကိုတောင် မြင်မိပါသေးရဲ့။
    တကဲ့အဖြစ်ထင်ပါရဲ့။
    အရီးသာဆိုလဲ ဖြစ်အောင် နှင်ထုတ်မိပါဘဲလေ။
    ပေးလိုက်တဲ့ မှတ်ချက် ဖတ်ရင်း ငယ်တုန်း ကကြည့်ရတဲ့ “ဘယ်ပန်းချီရေးလို့ မမှီ” ဆိုတဲ့ရုပ်ရှင်ကို သတိရမိသေးတယ်။
    မင်းသမီး က မရူးခင် မင်းသား နဲ့ ရီးစား။ နောက် မိဘတွေကို ဓားမြတွေ သတ်တာတွေ့ပြီး ရူးသွားရော။
    အဲဒါကို မင်းသားအဖေကြီး က ယုတ်မာလို့ ကိုယ်ဝန်ရ။ အဲဒါ သူ့အဖေ လက်ချက်လို့ မင်းသားက အတတ်သိတယ်။
    သူက မင်းသမီး ကို အနားမှာ နေပြီး အမြဲ စောင့်စောင့် ကြည့် နေတော့ ပါတ်ဝန်းကျင် က သူ့ကို စွတ်စွဲ ပြီး ယူခိုင်းတာကို မယူဘဲ ငြင်းတော့ ပြဿနာတွေဖြစ်ပြီးထိုးကြ နှက်ကြရင်း နောက်ဆုံး သေရော။
    သေတဲ့ အထိ အဖေကို ဘာမှ မပြော နဲ့ လို့ ပိတ်သွားသေးတယ်။
    အတော် ဂေါက် တဲ့ မင်းသား။
    ဒီလောက်တောင် မိဘ ကျေးဇူး စပ် ချင်ရင် ကိုယ့်အဖေ တာဝန်ကို အေးအေးကြည်သာ ယူလိုက်ပါလား။
    မပြောချင်တော့ပါဘူး။
    အမှန် က ဒါကို ပြောဖို့ မဟုတ်ပါဘူး။
    လိုရင်း ပြောရရင် အရူးမ က အဲဒီရုပ်ရှင်ထဲ ကလို ချောချော လေး ဆိုရင်၊ သူ ဆိုပုံ၊ ကပုံ လေးကလဲ နားဝင်ချိုမယ် ဆိုရင်ပေါ့လေ။
    စိန်ပေါက် တစ်ယောက် အဲဒီ အရူးမလေး အိပ်မဲ့နေရာမှာ ရေတွေ မဖြန်းဘဲ ပန်းတွေများ သွားခင်း ပေးမလား လို့ ……….
    တွေးကြည့် မိတာပါ။ 🙄 😉

    • Khin Latt

      February 23, 2012 at 3:12 am

      Pooch ပေးလိုက်တဲ့ မှတ်ချက် (နာမည် ကျန်ခဲ့လို့)

  • mg mg

    February 23, 2012 at 8:47 am

    အရူးမ သွားရင်းနဲ့ သီးချင်းလေးတစ်ပုဒ်ငြီးသွားတယ်“မောင်အရင်လို ဟုတ်တော့ဘူး ဟုတ်တော့ပါဘူးကွယ်”တဲ့

  • စိန်ပေါက်ပေါက်

    February 23, 2012 at 11:56 am

    အရီးလတ်ရေ.
    အရူးမက သူ ခလေးမွေးပြီးကာစ သူ ့ယောက်ျားရယ် မောင်ရယ် ရန်ဖြစ်တာ
    မောင်က ယောက်ျားကို သတ်လိုက်လို ့ ထောင်ထဲရောက် .ယောကျ်းက သေ
    အဲတာမြင်ပြီး ရူးသွားတာလို ့ပြောတယ် အရီးရေ
    သေချာတော့ မသိပါဘူး..ရပ်ကွက်ထဲက လူတစ်ယောက်ပြောပြတာပါ..

    အရူးမ အိပ်ယာကို ရေဖြန်းတဲ့လူလဲ
    အဲညက ရေဖြန်း၊နှင်ထုတ်ပြီးတော့ မနက်ကျ အကြောအအေးပတ်ပြီး ခြေထောက်တစ်ချောင်း
    လှုပ်လို ့မရတော့ဘူး.
    အခု
    ဆေးလိမ်း.ဆေးထိုးလုပ်နေရတယ်..
    ထော့နဲ ့ ထော့နဲ ့ဘဝရောက်နေတယ်
    အဲဒီမနက်က အချိန်မီ မနိုးရင် တစ်ခြမ်းလုံး သေသွားနိုင်တယ်ပြောတယ်.

    အားပေးတဲ့ မအီတုံး,ကိုရင်စည်သူ,ကိုဘလက်,တီချယ်ကြီး,ဦးနိုဇိုမိ,
    မအံဇာတုံး,အူးကြောင်ကြီး,အန်တီသဲနုအေး,နှူးဘာဂိုဏ်းချုပ်,
    မောင်သန်းထွဋ်ဦး,မနွယ်ပင်,ကိုသူရဇော်,ဒေါ်ကြီးမိုက်,ဦးစိန်သော့,
    ဖျဲသီး,မဟာ ထမိန်ကြီး ဝါဒ,သဂျီး,ဒေါ်Harumoto,ဘကြီး,မိုက်ကယ်ချီးပွ,
    လေးပေါက်,မပူးချ်,ကိုကို အဲလေ..မမ,ဒေါ်ပေ,ကိုSurmi,,ဦးရီးလတ်,ဦးmg mg နဲ ့
    ကိုကို.မမတွေ ကျေးဇူးပါဗျို ့
    သဂျီး နှစ်လုံးပြူးကို ကြောက်လို ့တစ်ယောက်ချင်းစီ အကြောင်းမပြန်တော့ပါဘူး.
    ကျေးဇူးတင်ပါတယ်

  • windtalker

    June 3, 2012 at 12:08 am

    အခုမှ သဂျီး၂လုံးပျူးကို ကြောက်နေဘီပေါ့ ဟုတ်စ
    သင်္ကြန်မှာ သဂျီးလာတုန်းက ပြသွားတယ် မို့လား

Leave a Reply