မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ်

manawphyulayFebruary 22, 20121min1158


ခွဲရကြာလျှင်
ရင်မှာ ဆယ်စင်း
နေမင်းသို့ပင်
လွမ်းလှပါ့အရှင်
ကြင်သူယုယ
သမုဒ္ဒရာနွယ်မျှင်
တမ်းတရှာချစ်သူ
မြင်မြင်သမျှ
မင်းမှ မင်းထင်
မှန်းဆပါရင်
ချစ်သူ့ရုပ်သွင်
ပေါ်လာပြီရှင်….

8 comments

  • snow white

    February 22, 2012 at 4:39 pm

    ဘယ်မှာပေါ်လာတာလဲဟင် မမ မနော…

    • စောဝေတင့် (ပုဂံ)

      March 5, 2012 at 3:09 pm

      ဘယ်မှာပေါ်ပေါ် သူ့အပူပါတာကျနေတာပဲနော်
      မေးရက်လိုက်တာ
      မေးစရားလား………နော်
      မမ နနော
      အိ……….

  • htet way

    February 22, 2012 at 7:58 pm

    ကဗျာက ကောင်းပါတယ်
    ချစ်သူကိုမျှော်တတ်တာက လှပါတယ်
    အောင်ဘညို ရေးတဲ့ အမျှော်လေးက
    ဒီအချိန်မှာ ဖယောင်းတိုင်တိုလေးနဲ့
    ချစ်ဇနီးလေး မိနန်း မျျှော်နေရှာရော့မယ်…တဲ့
    ကဲ ဘယ်လောက်လှလည်း
    ငါ့မိနန်းကတော့ မျှော်တတ်ပါ့မလား …တတ်ပါ့မလား
    ကိုရင် စည်သူရေ မိနန်း ဘယ်မှာလဲ ..တနင်္ဂနွေ အောက်က ကြက်ခြေဆိုလား
    ဆွဲခွာပစ်ချင်ပြီနော်

    • manawphyulay

      February 23, 2012 at 3:14 pm

      ဘယ်သူ့ကိုမေးတာလည်းဟင်… ချောမယ်ထင်တာပဲ(ဘီလူးသံပုရာသီးစားထားတဲ့အတိုင်းပဲဆိုလား) 😛

  • bluerose

    February 23, 2012 at 3:09 pm

    ကဗျာလေးကကောင်းပါတယ်
    ချစ်သူ့ရုပ်သွင်ကနှလုံးသားမှာပေါ်လာတာမလား
    လွမ်းရရက်များလွန်းလို့လွမ်းရတာမောလှပေါ့
    မမနောရဲ့ကဗျာလေးကကွက်တိပါပဲ

  • etone

    February 23, 2012 at 4:44 pm

    မျှော်သာမျှော် ပေါ်မလာရှာတဲ့ …………ကိုလူချော
    ကညာဆို………… ဖွဲနဲ့ ဆန်ကွဲလို့သူညာပြော
    ကွယ်ရာမှာ ယုံတမ်းစကားတွေဒရဟောနဲ့ ………
    ……… လိမ်ခဲ့သူရေ ….
    ချစ်သူကို အပြစ်မယူရက်လို့ …. လစ်လျူရှုပဲ နေလိုက်တော့မယ် 😉

    • စောဝေတင့် (ပုဂံ)

      March 5, 2012 at 3:13 pm

      အယ် …………..
      အီးတုံး တို့က အပစ်လဲမယူဝူးဒဲ့
      လစ်လျှူရှုမယ်တဲ့
      ဥပေက္ခာပါပြုလိုက်ပါ့လား
      အီးတုံး ရယ်
      ဟီးးးးးးး

Leave a Reply