မြန်မာလူမျိူးတွေရဲ ့အုံးနှောက်ကို ဖွင့်ပေးပါ ဒေါ်အောင်ဆန်းစုကြည်

phone_kyawFebruary 22, 20121min35224

တိုင်းပြည်ပျက်စီးတဲ့အထဲမှာ မြန်မာလူမျိူးတွေရဲ  ့ပညာနဲ ့ဗဟုသုတမဲ့လို ့ပဲ။ ဒါ့ကြောင့် သူနဲ ့တန်တဲ့အစိုးရကို ရပါတယ်။ ကျနော်နဲ ့မတန်တဲ့အခါကြတော့ ဩစတျေးလျနိုင်ငံမှာ နေရတာပေါ့ဗျာ။ ဒီအစိုးရနဲ ့တန်လို ့ဖြစ်မယ်။ မြန်မာပြည်ကလူတွေ ဒါကို ကြပ်ကြပ် သတိထားကြ။ လေ့လာပါလိုက်စားပါဆိုရင် သတင်းစာကိုဇောက်ထိုးဖတ်ပြီး ကားမှောက်တယ် မလုပ်ကြနဲ ့။ နားလည်လား။

24 comments

  • စိန်ပေါက်ပေါက်

    February 22, 2012 at 4:14 pm

    ခင်ဗျား ဗျာ
    သူများ မကောင်းကြောင်း ပြောချင်တာလဲ ပြောချင်တာပေါ့
    မြန်မာအပြင် ကမ္ဘာ့အသိအမှတ်ပြု ပုဂ္ဂိုလ် တစ်ယောက်ရဲ့ နာမည်လေးတော့ မှန်အောင် ရေးသင့်ပါတယ်ဗျာ
    နားနားပြီးလွတ်ပါဗျ…
    ပြောပြန်ရင်လ ဒေါ်စိန်ပေါက်လွန်ရာကျဦးမယ်..
    😆

    • စိန်ပေါက်ပေါက်

      February 22, 2012 at 4:28 pm

      အေးလေ.အေးလေ
      ဘာတဲ့
      ဒေါ်အောင်ဆန်းစုကြည် ကိုလဲ ဒေါ်အောင်ဆန်းစုကြည် တဲ့
      ဦးနှောက် ကိုလဲ အုံးနှောက်တဲ့
      ဘောက်ချာဘဲ
      😀

  • ချာလီဂဇက်ဒလဝမ်

    February 22, 2012 at 4:25 pm

    ဂယ်တမ်း ပြောရရင်ဖြင့် တီးခေါက်မိသလောက် ဥနှောက် အစားထိုးကုသမှ ဖစ်မကွယ့်
    ဒေါ်လေးစိန် ပြောတာလဲ မလွန်ပါဘူး သတ်ပုံလေး ဂရုစိုုက်ပေးဦး ။

  • စပ်ဖြဲ

    February 22, 2012 at 4:31 pm

    ဟုတ်ပါတယ် … ဒေါ်စု နိုင်ငံခြားကလာပြီး(စိတ်ထားကောင်းပီး) မြန်မာပြည်မှာနေတယ်(ဦးနှောက်ကောင်းတယ်)
    ဖုန်းကျော်
    မြန်မာပြည်ကသွားပီး(ဦးနှောက်မကောင်း) ဩစတျေးလျမှာနေတယ်(စိတ်ထားမကောင်း)
    ကျွန်တော် ခွဲခြားတာ ကောင်းတယ်မဟုတ်လား …… ဒါနဲ. ဩစတျေးလျမှာ ကားကိုဘီးနဲ.မောင်းတုန်းလားဟင် 😛

  • Anaconda MMT

    February 22, 2012 at 5:43 pm

    ဦးဖုန်းကျော်ရဲ့ ..တစ်ချို့သောစာတွေဟာဖတ်လို့ဗဟုသုတရသလို
    တစ်ချို့သောစာများဟာဖြင့် မြန်မာပြည်သူများနှင့်သံဃာတော် ပေါင်း သန်း60 ကျော်ကို
    တိုက်ရိုက်စော်ကားမော်ကား ပြောဆို ချိုးနှိမ်နေတာတွေတွေ့ရတော့ စိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာ
    အများကြီးလဲ မဝေဖန်လိုပါ..

  • alinsett

    February 22, 2012 at 6:18 pm

    အိမ်း………………………………………………………

  • မြန်မာလူမျိုးတွေရဲ ့ ဦးနှောက်ကိုဖွင့်ပေးပါ ဒေါ်အောင်ဆန်းစုကြည် ဆိုတော်သေးတယ်ဗျာ။
    အော် ဆယ်တန်းကို နှစ်ခါဖြေတာ မအောင်တဲ့လူ အဲလောက်တော့ရှိမှာပေါ့ဗျာ။သနားလိုက်တာ။
    ရှိတာလေးထုတ်ကြွား၊ဖြစ်နေတာလေးအကောင်းထင်နေတဲ့ ဇာတ်ပျက်တစ်ကောင်ဘဝ သနားတယ်။

  • memeseku

    February 22, 2012 at 6:39 pm

    ကပုန်းကျော် အားမငယ်နဲ.နော် ဒီရွာမှာခင်ဗျားကဗီလိန်…. ဆက်လုပ် အားပေးတယ်…နောက်သမိုင်းကျန်အောင်ပေါ့…
    စာပေဗျစာပေ…. စကားလိုမေ့သွားမှာမဟုတ်တော့ခက်တယ်…
    ခေါက်ရိုးမကျိုုးစေနဲ.လို့တော.ငယ်ငယ်ကဆရာတယောက်ကပြောဘူးတယ်… ခင်ဗျားလဲခေါက်ရိုးကျိုးဘဝကနေရုန်းထွက်နို်င်ပါစေဗျာ….

  • မိုက်ကယ်ဂျော်နီငပွ

    February 22, 2012 at 6:40 pm

    ကျုပ်တို့ ဗဟုသုတနည်းတာကကိစ္စမရှိဘူး
    ခင်ဗျားတို့ တော်လှန်ရေးလုပ်သလိုလိုဘာလိုလိုနဲ့ ချောင်းဟိုဖက်ကူးသွားပြီး
    ဟိုဖက်ကမ်းက မြက်သွားစားတဲ့ကောင်တွေဘဲ
    ကိုယ်စားတာ မြက်လား ကောက်ရိုးလား သိအောင်လုပ်ကြအုန်း
    လီးလိုဘဲ 😀 😀 😀

  • ကိုဘုန်းကျော် စကားပြောတာ ကျုပ်ညီရဲ့ လေသံနဲ့ တစ်ထေရာတည်းပဲဗျ … ။
    အဲဒီကောင် ပြောလိုက်ရင် အထက်ဆီးက ကြီးပဲ၊ ဘာမှ တတ်တာမဟုတ်ဘဲနဲ့ ဆရာကြီး လေသံနဲ့ လာလာပြောတာဗျ … ။
    ကျုပ်ကို အဲဒီလို လာပြောလို့ကတော့ အဲဒီကောင် နရင်းကို ဖြန်းခနဲ တီးထည့်လိုက်တာပဲ …
    လေသံ တူကြောင်းကို ပြောတာပါနော့ … 😀

  • htet way

    February 22, 2012 at 8:20 pm

    ဂေဇက်မှာ ဖုန်းကျော်က လူကြမ်းးပဲ
    အင်းလေ ဇာတ်မှာတော့ လူကြမ်းလည်းမရှိမဖြစ်ပဲ

  • htoosan

    February 22, 2012 at 10:25 pm

    ကိုနာဂကြီး မပြောတော့ဘူးဆို ..
    စီန်ပေါက်ပေါက် ဆိုင်ရှေ့ လာလာ အိပ် သူလို သဘောထားလိုက်ရင် အားလုံးပြေလည်သွားမှာပါ .. 😀 😀

  • NK

    February 23, 2012 at 9:23 am

    ဖုန်းကျော် ကြုံးဆော်

  • NK

    February 23, 2012 at 9:26 am

    ခညားဂျီးကရော အရမ်းတော် အရမ်းတတ်နေလို့လား ” လဖုန်းကျော်ရ “

  • ba gyi

    February 23, 2012 at 11:05 am

    ကို ဖုန်းကျော်ရဲရည်ရွယ်ချက်က ဘာ့ကြာင့် ဘယ်လို ပစ်နေတယ်ဆိုတာကာယကံရှင်ပဲသိမှာပါ။
    တစ်ချို့ ပိုစ့်တွေမှာ သက်သေပြလို့မရနိုင်သေးတဲ့ ဆန္ဒစောမှုတွေပါသလို
    ကိုယ်တွေ့တာအခိုင်အမာလို့တစ်ယူသန်တာတွေဖြစ်နေပါတယ်။
    တစ်ချို့ပိုစ်တွေ တွေးတာမှန်ပေမည့် တင်ပြပုံ မှာအရမ်းကာရောမလိုအပ်ပဲ ပုတ်ခတ်တာတွေကြောင့် ဖတ်ရ
    သူတွေ အတွေးနားဝင်မချိုပါဘူး၊
    ရဲရင့်တာ ၊ပြတ်သားတာ သဘောကျပါတယ်။
    ဒါပေမည့် မစော်ကားမိဘို့လိုပါမယ်။
    ခု ကိုဖုန်းကျော်စာကို ကျနော်ကောက်မိသမျှ ပြောပါမည်၊
    (၁)။ တိုင်းပြည်ပျက်စီးတာမြန်မာတွေ ပညာ၊ဗဟုသုတမဲ့လို့ ဆိုတာ ဟုတ်သလိုပါပဲ ဒါပေမည့် ခွဲခြမ်းစိတ်ဖျာတွေးဘို့လိုမယ်၊ နယ်စပ်ဒေသတွေ၊ခေါင်တဲ့ကျးရွာတွေမယ် ဟုတ်မယ်၊
    ဒါပေမည့် တစ်ချို့ပညာတတ်လွန်ပြီး ကိုယ့်အတွက်၊အတွက်အချက်ကောင်းပြီး၊တစ်ကိုယ်ကောင်းဆန်စွာ
    တောခိုသလိုနဲ့ နိုင်ငံတစ်ကာ အကူညီတောင်းကြီးပါွးအောင်လုပ်သွားသူပညာတတ်တွေတစ်ပုံကြီးပါ။
    ဒါ ပညာမဲ့လို့မဟုတ်ဘူး။
    အဲလို ပြည်ပမထွက်ပဲ ကိုယ်ကျိုးပျက်မှာစိုးလို့ နိုင်ငံရေးနဲ့တို့နဲ့မဆိုင်ဆိုတဲ့ ပညာတတ်တွေအများကြီး၊
    သူတို့တတ်တာသူ့တို့အကျိုးအတွက်ပဲ၊ငါ့ဘို့တွေများနေတာပဲ။
    အဲလိုကိုယ်ကျိုးရှာပညာတတ်တွေပေါနေကြလို့ ၊ပြည်သူအများဟာကိုယ်ကျိုးရှာအစိုးရကိုရတာပါ။
    ပညာမတတ်တဲ့ တောသူတောင်သားဘဝတွေကတော့ ဘယ်အစိုးရတက်တက်၊ နီးရာဓါးကြောက်ကြရတာ။
    ဒါကိုသိလို့ ဒေါ်စုက မကြောက်ကြပါနဲ့၊ အများအတွက်သတ္တိရှိကြပါလို့ဟောပေါင်း၊ပြောပေါင်းများခဲ့သလို
    အကြောက်တရားမှကင်းဝေးခြင်းဆိုတဲ့စာအုပ်တောင်ထုတ်ဖေါ်ရေးခဲ့တယ်၊တွေးပြခဲ့တယ်၊ကိုယ်တိုင် မကြောက်မရွှံ့ရင်ဆိုင်ပြခဲ့တယ်။ဒီမှာ တစ်ကယ်တွေးကြည့်ရင် မြန်မာပြည်သူတွေ အတန်းပညာသာ မတတ်ရင်ရှိမယ် – ကိုယ်မခံရအောင်ဘယ်လိုနေရမယ်ဆိုတဲ့ ပညာကပိုကြီးမားတတ်နေကြတာ
    လက်တွေ့ပါပဲ။ အဲဒါရဲ့အရင်းခံက၊ အတ္တ ကစတယ်၊ အဲသည်အတ္တ ကနေ ကြောက်စိတ် ဖြစ်ပြီး၊ မဟုတ်တဲ့ အတွေးအခေါ်ပညာတွေပိုတတ်နေကြလို့ပါ။
    ကိုဖုန်ကျော်ရေ ခုခါက ပေါ်ပြူလာနိုင်ငံရေးအချိန်မဟုတ်တော့ပါဘူးဗျာ။
    မိုးသီးဘယ်လိုလွင့်သွားရသလည်း။
    သူ့မှာစေတနာပါရင်ပါမယ်- ဒါပေမည့် ခင်ဗျားသိမှာပါ။
    ဖွရမည့်၊ ဆွရမည့် နိုင်ငံရေးထက် ပညာနဲ့ သတိနဲ့ ယှဉ်ပြီး သတ္တိအေးအေး နဲ့ခိုင်ခိုင်မာမာသွားရမည့် နိုင်ငံ
    ရေးအချိန်ဆိုတာသိစေချင်ပါတယ်။ခင်ဗျားအားမလိုအားမရဖြစ်နေတာတွေ ကျနော်ခံစားနိုင်ပါတယ်။
    ပြောတဲ့ပုံစံပြောင်းဘို့တိုက်တွန်းပါတယ်ဗျာ။
    မိုးသီးကို ကိုဝ ရေးခဲ့တဲ့ ကြိုးမဲ့လေတံခွန်မျိုးခင်ဗျားလည်းကြိုက်မှာမဟုတ်ပါဘူး။
    ခင်ဗျား ရင်ထဲမှာ တိုင်းပြည်ကိုချစ်တယ်ဆိုတာ ကျုပ်ခင်ဗျားစာတွေအရ မြင်တယ်။သည်ထက်ပိုချစ်ဘို့- လူတွေကိုအရင်ချစ်တတ်အောင်၊သဘာဝတွေကိုအရင်ချစ်တတ်အောင်သင်သင့်ပါတယ်။
    လေးစားလျှက်။

  • ginny

    February 23, 2012 at 12:06 pm

    ခင်ဗျားစာတွေကိုဖတ်မိရင် ဒေါသဖြစ်စရာတွေတော်တော်တွေ့ရတယ်။ စေတနာနည်းနည်း..စော်ကားချင်တာကများများပဲ။

  • ငပွကြီး

    February 23, 2012 at 12:17 pm

    ရှေးလူကြီးတွေ ဆိုဆုံးမခဲ့တဲ့စကားလေးတစ်ခု သတိရမိတယ်..
    လူ ၁၀ဝ လောက်မင်းကိုချစ်လို့ မင်းဘဝသိပ်ပြီးထူးမသွားဘူး..
    လူ ၁ ယောက်လောက် မင်းကိုမုန်းရင် မင်းဘဝပျက်တဲ့ အထိဖြစ်သွားနှိင်တယ်…တဲ့
    အခုမင်းက လူ ၁၀ဝ မက လူတကာမုန်းအောင် သက်သက်များရှောက်လုပ်နေတာ ဘာရည်ရွယ်ချက်လဲတော့မသိတော့ဘူး..
    မင်းရဲ့ အာဘော်ကိုကြည့်ရတာတော့ ကိုယ့်ဘဝ ကို ကိုယ်တိုင်တော်တော်လေးကျေနပ်နေပုံရတယ်
    လောက် ကို ကတ္တီပါ ခင်း ရွှေခင်း နဲ့ထားတာထက် ချီးခင်းထဲထားတာက လောက်အတွက် နတ်ဘုံနတ်နန်းပါဘဲ..ကိုယ်ပျော်ရာ ကိုယ်နေကြမှာပါဘဲ..

  • True Answer

    February 23, 2012 at 1:54 pm

    မြန်မာပြည်မှာက သတင်းစာကို ဇောက်ထိုးဖတ် ပြောင်းပြန်ယူမှအမှန်ဗျ။
    မြန်မာသတင်းစာကို အတည့်ဖတ်ပြီး သတင်းစာ ရေးတာတွေ အမှန်ထင်နေရင်တော့ …..

    စကားချပ်။ ခုတော့ မြန်မာသတင်းစာတွင် အတည့်သတင်းများလည်းပါလာပြီ ဟူသတတ်။

  • amatmin

    February 23, 2012 at 2:49 pm

    “လယ်ကွင်းထဲတွင်အသီးအနှံမအောင်သောစပါးတို့သည်ခြောက်စထောင်လျက်ရှိသည်။
    အသီးအနှံအောင်၍ ပြည့်ပြည့်ဝဝရှိသော စပါးပင်တို့ မှာကား၊ လယ်ကန်သင်းဘေးတွင်ကိုင်းညွှတ်၍ နေလေသည်။
    လူ ့လောက၌လည်း မပြည့်သူတို့မှာခြောက်စထောင်မြဲတည်း။
    ပြည့်ဝသူတို့ကားကိုင်းညွှတ်လျက်ရှိတတ်သည်။”
    (မောင်ထင်၏..ဗမာ့နိုင်ငံရေးသုခမိန်)

    ကိုရင်ဘုန်းကျော်ရေ..နည်းနည်းတော့လျော့ပါဗျာ….

  • etone

    February 23, 2012 at 4:24 pm

    ရှင်ကတော့ သွက်သွက်ခါအောင် ရူးနေတာတော့သေချာပြီ … ။
    ရေးလိုက်တိုင်း ဆရာကြီးလေသံနဲ့ …… သူ့ပဲတတ် ၊ သူပဲတော် … သူ့လောက်သိတတ်တာမရှိတော့ဘူးထင်နေပုံရတယ် … ။ ပေါကြောင်ကြောင် လက်ချာရိုက်ချင်လျှင် အခန်းထဲ တစ်ယောက်တည်း မှန်ကြည့်ပြီးပြော … ။

    ကိုဘုန်းကျော်ရေ .. ဘယ်နိုင်ငံရောက်နေနေ … ကိုယ်မွေးခဲ့တာ ဘယ်နေရာလဲ .. ဘယ်အမျိုးနွယ် မိဘတွေက ပေါက်ဖွားလာသလဲ သတိရစမ်းပါ … ။ ဘဝင်သိမ့်မြင့်ပြီး … အခြေသိပ်လွတ်လျှင် .. ပြန်ကျတဲ့အခါ .. အကျနာလိမ့်မယ် .. မြဲမြဲမှတ် … ။ အပြောင်းလဲဆိုတာ .. မျက်စိတမှိတ်အတွင်းမှာ ဖြစ်နိုင်တယ် … လူပီသတဲ့ လူတိုင်း သူတပါး စိတ်အနှောက်ယှက်ဖြစ်အောင် အကြိမ်ကြိမ် မပြုမူသင့်ပါဘူး …အရူးနဲ့ .. ကြပ်မပြည့်တဲ့ လူကလွဲလျှင်ပေါ့ လေ … ။

    ဟိုးတလောက မျက်နှာ သနပ်ခါး ပေါင်သေးကြောင်းဆိုပြောထားပြီး .. အခုမှ … ဘာဦးနှောက်ကို လာဖွင့်ခိုင်းနေတာလဲ …. သူများ ဦးနှောက် မဖွင့်ခိုင်းခင် အသိစိတ်ဓါတ်ပြန်လည်လာအောင် … ရှင့်ဦးနှောက်ကို သံဘရပ်ရှ်နဲ့ အရင်တိုက်သင့်နေပြီ … ။ 👿

  • alinsett

    February 23, 2012 at 6:34 pm

    မမအိတုန်ရေ..။
    ကျေးဇူးပါပဲ.။

  • captainamerica

    February 25, 2012 at 7:22 pm

    ရူးတာတော်ရုံတန်ရုံပဲကောင်းတယ်ဟေ့လူ :angry

Leave a Reply