ကျွန်ုပ် ကြုံခဲ့သော ဆာကမ်စီးရှင်း

မောင် ပေFebruary 22, 20121min45927

တစ်ရက်ကပေါ့ဗျာ ။ အသိ ချာတိတ်တစ်ဘွေ ဆေးခန်းသွားမလို ့တဲ့ ၊ အဲဒါ အဖော်အဖြစ် လိုက်ပေးဖို ့ခေါ်တာနဲ ့၊ သူ ့ကားနဲ ့အတူ လိုက်သွားပေးမိတယ် ။ အထူးကု ဆေးခန်းကြီးပေါ့ဗျာ ။ ဟိုရောက်မှ သိရတာ ချာတိတ်က ရှင်ပြုမလို ့တဲ့ဗျ ။ ရှင်ပြုတယ်ဆိုတာ ယောက်ျားလိင်တံ က အရေပြား ကို ဖြတ်တာပေါ့ဗျာ ။ ချာတိတ် က မုဆိုးမသားဆိုတော့ ၊ သူ ့အမေ က ဒါမျိုးတွေ လုပ်ပေးရကောင်းမှန်း ဘယ်သိမလဲ ။ ချာတိတ်က ကျုပ် ကို အဖော်ခေါ်ပြီး ချာတိတ်က ခွဲစိတ်ခန်း ဝင်သွားတာဗျ ။ ချာတိတ်လို ့သာ သုံးရတယ် ။ သူ ့အသက်က ၂ဝကျော်ပေါ့ ။ ကျုပ်လဲ ခွဲစိတ်ခန်းအပြင်ဘက်မှာ ချပေးထားတဲ့ ထိုင်ခုံတွေမှာ ဂျာနယ်ဖတ်ရင်း ထိုင်စောင့်ရတာပေါ့ ။ တစ်နာရီ နဲ ့၅မိနစ်လား ၁ဝ မိနစ်လား ကြာတယ်ဗျ ။ ချာတိတ် ခပ်ပြုံးပြုံး ၊ ကွတ ကွတ နဲ ့ခွဲစိတ်ခန်းထဲက ပြန်ထွက်လာတယ် ။ ကျုပ် လဲ သူ ့နားပြေးသွားပြီး တွဲလမ်းလျှောက်ပေးရမလား ဆိုတော့ ၊ ရတယ်တဲ့ဗျ ။ သူ ့ဟာသူ လျှောက်နိုင်တယ် ။ အဲ့မှာ ထိုင်ခုံမှာ ခဏထိုင်စောင့် ၊ ခဏနေကြတော့ သူ ့ကို ခွဲစိတ်ပေးတဲ့ ဆရာဝန်ကြီးဆီမှာ ခဏဝင်စကားပြော ၊ ဆေးခန်းက ငွေရှင်းကောင်တာ မှာ သောက်ဆေးတွေယူ ၊ ပိုက်ဆံ ရှင်းပြီး ၊ ချာတိတ်ကား ကို ကျုပ်ကမောင်းပေးပြီး ပြန်ခဲ့ကြတာပေါ့ဗျာ ။ တစ်လမ်းလုံး ကျုပ်မှာ သူ ့ကို မေးစရာစကားတွေ နဲ ့ကို ပလုံစီနေခဲ့တာဘဲ ။ သူ က လဲ ပြောပြချင်နေတဲ့ကောင် ဆိုတော့ ၊ လဘက်ရည်ဆိုင်တစ်ဆိုင်ဝင်ထိုင်ပြီး ပြောဖြစ်ခဲ့ကြတယ် ဗျ ။ ဆာကမ်စီးရှင်းအကြောင်း ဒီရက်ပိုင်းတွေ အတွင်း ဂျာနယ်အချို ့မှာ ရေးလာတာကို သူဖတ်ရတဲ့အကြောင်း ။ သူ က ဒီအကြောင်း ကို သိနေခဲ့တာကြာပြီ ဖြစ်တဲ့အကြောင်း ။ ဘာလို ့သိကတဲက မလုပ်ခဲ့တာတုန်းဆိုတော့ ၊ အသားနာမှာ ကြောက်တာရယ် နဲ ့၊ ခွဲစိတ်ခန်းဝင်ရင် နာ့စ်မလေးတွေ အကူကောင်မလေးတွေ ကို သူ ့ရွှေပန်း ပြရတော့မှာ ကို ရှက်တာတစ်ကြောင်း တဲ့ဗျ ။ အခုမှ ဘယ်က ဘယ်လို သတ္တိရှိသွားတာလဲ လို ့ထပ်မေးတော့ ၊ သိပ်မကြာသေးခင် က သူ ့ပါတနာ နဲ ့ဆက်ဆံတဲ့အချိန် ၊ သူ ့လိင်တံထိပ်က ပြဲသွားသတဲ့ ။ သူ ့လိင်တံရဲ ့ ပုံစံ ကို လဲ ပြောပြတယ် ။ သူ ့လိင်တံ အရေပြားက အနဲငယ် ရှည်နေပြီးတော့ ၊ သူ ့လိင်တံထိပ်နဲ ့အရည်ပြားနဲ ့က ကပ်နေတာတဲ့ဗျ ။ ဆိုတော့က လိင်ဆက်ဆံတော့မယ်ဆိုရင် ၊ သူ ့လိင်တံအရေပြားကို ဆွဲလှန်ပြီးမှ ပြင်ရတော့တာပေါ့ဗျာ ။ ခါတိုင်းမပြဲဘဲနဲ ့၊ အခုမှ ဘာလို ့ပြဲတာတုန်းလို ့မေးလိုက်တော့ ၊ သူလဲ မသိဘူးတဲ့ ။ ခါတိုင်းတော့ အဆင်ပြေပါတယ်တဲ့ ။

မဖြတ်ခင်
မဖြတ်ခင်

ပြီးနောက်
ပြီးနောက်

အပေါ်က ပုံလေးတွေကတော့ ဂူးဂဲထဲကနေ ရှာလို ့ရတာလေးတွေပါဗျာ ။
ဝီကီပီဒီယား ထဲ မှာတော့ ဒီလို ရေးထားတယ်ဗျ
“Male circumcision is the surgical removal of some or all of the foreskin (prepuce) from the penis.”
အဲဒါတွေ က တော့ ဒေါက်တာတို ့၊ ဆေးပညာနားလည်သူတွေ ပိုသိမှာပေါ့ဗျာ ။ သူရို ့တွေ ထပ်ရေးပါလိမ့်မယ် ။ ကျုပ်ကတော့ ကျုပ် ကြုံခဲ့တာဘဲ ဆက်ရေးမယ် ။ အရပ်ဖြစ်လေးပေါ့ဗျာ ။
အပေါ်က ချာတိတ်နဲ ့ဇါတ်လမ်းကို ဆက်ရရင်ဗျာ ။
သူ ့လိင်တံ ပြဲသွားတဲ့အခါကြတော့ ၊ သူလဲ ကြောက်ပြီတဲ့ ။ နောက်တစ်ခါ ထပ်ဖြစ်မှာကိုး ။ ချာတိတ် က သားအမိ နှစ်ယောက်ဘဲ ရှိတာ ဆိုတော့ ။ တိုးတိုးတိတ်တိတ် အသိတွေထဲကို လိုက်မေးတော့ ၊ အခုခွဲပေးလိုက်တဲ့ ဆရာဝန်ကြီး ကို သိလာရတာတဲ့ ။ ဒါနဲ ့ထိုင်တဲ့ဆေးခန်းမေး ။ ဆရာဝန်ကြီးနဲ ့တွေ ့၊ ရက်ချိန်းယူပြီးတော့မှ အဖော်ခေါ်စရာ လူကလဲ မတွေ ့၊ အဲဒါနဲ ့ကျုပ် ပါသွားခဲ့တာပေါ့ဗျာ ။ ခွဲစိတ်ခန်းထဲမဝင်ခင် တောရှင်းရတယ်တဲ့ဗျ ။ ယောက်ျားနာ့စ် လား အကူကောင်လေးလား မသိဘူးတဲ့ ။ သူ ့ကို အခန်းတစ်ခုထဲ ခေါ်ပြီး တောရှင်းပေးသတဲ့ ။ တောရှင်းတယ်ဆိုတာ လိင်တံကအမွှေးတွေနဲ ့လိင်တံဘေးပတ်လည် ဆီးခုံတစ်ဝိုက် က အမွှေးတွေ ရှင်းရတာပေါ့ဗျာ ။ ဟိုက ပိုက်ဆံမတောင်းပေမယ့် သူက အလိုက်တစ်သိ နဲ ့မုန် ့ဖိုးပေးလိုက်တယ်တဲ့ ။ အဲဒါပြီးတော့ ၊ သူ ဝတ်ခဲ့သမျှ အင်းကျီ ပုဆိုး အကုန်ချွတ် ၊ ကိုယ်တုံးလုံး နဲ ့ ခွဲစိတ်ခန်းဝတ်စုံ ကို ဝတ်ရသတဲ့ဗျ ။ သူပြောမှ ပြန်ကြည့်တော့ ၊ ခါတိုင်း ဂျင်းဘောင်းဘီ ဝတ်နေကျ ချာတိတ်က ပုဆိုးနဲ ့ဖြစ်နေတာကလား ။ ဒါမှ ခွဲစိတ်ပြီး အဆင်ပြေမှာကိုး ။ ခွဲစိတ်ခန်းထဲ ရောက်တော့ သူ ဝတ်ထားတဲ့ ခွဲစိတ်ခန်းဝတ်စုံ ကို အောက်ကနေ အပေါ်ကို မတင်လိုက်သတဲ့ ။ ခွဲစိတ်ခန်းထဲမှာ လဲ အကူမိန်းခလေးတွေ ၊ နာ့စ်မလေးတွေ နဲ ့၊ ထုံဆေးအထူးဆရာဝန်မကြီး ဘဲ ရှိသေးသတဲ့ ။ သူ ့ခဗျာ ပြောရင်းနဲ ့ကို မျက်နှာတွေနီလာတယ် ။ ဟားဟား ။ အေးပေါ့ဗျာ ။ ရှက်စရာကြီးပေါ့ ။ သို ့ပေသည့် ကျန်းမာရေး က အရေးကြီးတယ်တဲ့ ။ သူ မရှက်သလို နေရတာပေါ့တဲ့ ။ ခဏနေကြမှ ဆရာဝန်ကြီး ရောက်လာပြီး ချက်ချင်း လုပ်ငန်းစဖို ့ပြင်တယ်တဲ့ ။ သူ ့လိင်တံ ကို ထုံဆေး ထိုးပေးပြီး ၊ ဘာမှ မကြောက်ဖို ့ပြောတယ်တဲ့ ။ အားလုံးကောင်းသွားမှာပါ ။ ပုံလှလှလေး ဖြစ်အောင် လုပ်ပေးပါမယ်လို ့ပြောလို ့သူ ့မှာ အားတွေ ရှိသွားသတဲ့ ။ ဒါနဲ ့အံကြိတ်ပြီး ခွဲစိတ်တာ ကို ခံပါသတဲ့ ။ ထုံဆေး ရ လုံးလောက် ထိုးရတယ် လို ့မှတ်တာဘဲတဲ့ ။ ပထမဆုံး ထိုးတဲ့ ထုံဆေး တုန်းကဘဲ နာတယ်တဲ့ ။ နောက်ကြ အေးဆေးဖြစ်သွားသတဲ့ ။ အရမ်းကြီး နာတာမျိုး မရှိတော့ပါဘူး တဲ့ ။ အဲဒါပြီးတော့ ကျုပ် အစက ရေးခဲ့သလိုဘဲပေါ့ ။ ကွတကွတ ပြုံးစစ နဲ ့ ။ အခုတော့ သူ လဲ အိုခေဖြစ်သွားပါပြီ ။ ခွဲပြီးသုံးရက်တော့ ရေလုံးဝ မထိအောင် နေရတာတော့ ရှိတာပေါ့ ။
အခုရေးတဲ့ အကြောင်းအရာတွေ က တော့ ကျုပ် လိုက်အားပေးခဲ့တဲ့ ဆာကမ်စီးရှင်း ပေါ့ဗျာ ။ ကျုပ် က ဆရာဝန် မဟုတ်တော့ ဆေးပညာလိုတော့ မရေးတတ်ဘူးပေါ့ဗျာ ။ အဲ့ချာတိတ် နဲ ့ပြန်လာပြီးတော့ ကျုပ် အသိ အစိုးရဝန်ထမ်းဆရာဝန်တွေ ကို သွားမေးကြည့်တော့ ၊ လိင်တံ ဟာ အော်ရဂျင်နယ် အပွင့်မဟုတ်ရင် လုပ်သင့်တဲ့ ကိစ္စတစ်ခုဘဲ တဲ့ ။ သူရို ့ဆေးရုံကိုလည်း မကြာခဏ ဆိုသလို ၊ အိမ်ထောင်ရှင်တွေပြေးလာပြီး ခွဲပေးရတာတွေ ရှိတယ်တဲ့ ဗျ ။ လင်မယားနှစ်ယောက် ဆက်ဆံနေကြရင်း ၊ လိင်တံအရေပြားက ရှည်ကရှည် ၊ မဖြတ်ရသေးတော့ ၊ ဆက်ဆံတဲ့အချိန်ကြ အရေပြား ကို အနောက်လှန်ထားကြတာဆိုတော့ ၊ အရေပြား က လိင်တံ ကို ဇွတ်ညှစ်ထားသလို ဖြစ်ပြီး ( သရေကွင်းအသေစီးထားသလို ) အတော်ခံစားရခက်ကြတယ်တဲ့ ဗျာ ။ နောက်ပြီး အရေပြားရှည်နေတာ ကို မဖြတ်ဘဲထားမယ်ဆိုရင် လိင်တံကဂျေး(ချေး)တွေဟာ အဲ့အရေပြားကြားမှာ သွားစုပြီး ကြာရင် ဒုက္ခအကြီးအကျယ်များမယ်တဲ့ ။ လိင်တံထိပ်အရေပြားရှည်နေတာ ကို မဖြတ်ဘဲ နေခဲ့တဲ့ အိမ်ထောင်ရှင်အမျိုးသားများ အနေနဲ ့ဖြတ်သင့်ပါတယ်လို ့လဲ သိခဲ့ရပါတယ် ။ နောက်ပြီး ဆက်ဆံဖော်များတဲ့ သူဆိုရင် ၊ အဲဒီအရေပြားမှာ sextually transmitted diseases STD လို ့ခေါ်တဲ့ ရောဂါပိုးပေါင်းစုံ ကူးစက်တာတွေ ရာခိုင်နှုန်းမြင့်မားပါတယ် တဲ့ဗျာ ။
ဆိုတော့ကာဗျာ လိင်တံအရေပြား ရှည်နေတဲ့ အမျိုးသားတိုင်း အရေပြားဖြတ်ထားသင့်တယ်လို ့ကျုပ် က ပြောချင်တာပါဘဲ ။ ဒီအကြောင်းကို မသိသေးတဲ့လူတွေ ကို သိအောင်ဖြန် ့ဖို ့နဲ ့၊ ဒီကိစ္စလုပ်တာဟာ အရမ်းနာကျင်တဲ့ ကိစ္စမျိုးမဟုတ်တဲ့ အကြောင်း ကို လူသိများလာအောင် မန်းတလေး ဂေဇက်ကနေ ကျုပ်တို ့က ဆောင်ရွက်ကြရမှာပေါ့ဗျာ ။
ကျန်သွားတာ တစ်ခုကတော့ ၊ ချာတိတ် သွားခဲ့တဲ့ အထူးကုဆေးခန်းကြီးမှာ ၊ ဒီကိစ္စအားလုံးအတွက် ကုန်ကျငွေဟာ တစ်သိန်းကျပ် မကုန်ခဲ့ပါဘူးတဲ့ဗျာ ။ အထူးကုဆေးခန်းမတက်နိုင်တဲ့သူများအတွက် ဆိုရင်ကော ဆိုတော့ နီးစပ်ရာပြည်သူ ့ဆေးရုံများမှာလည်း စရိတ်မျှပေး နဲ ့ကုန်ကျစရိတ်သက်သာစွာနဲ ့ခွဲစိတ်လို ့ရပါသတဲ့ဗျာ ။ ချာတိတ်တက်ခဲ့တဲ့ အထူးကုဆေးခန်း နဲ ့ဆရာဝန်ကြီးကိုတော့ ၊ ကြေငြာဝင်ရာရောက်မှာစိုးလို ့နာမည်တွေ လိပ်စာတွေ ထည့်မရေးတော့ပါဘူးဗျာ ။ သိချင်တဲ့သူများရှိမယ်ဆိုရင်တော့ ၊ ဂေဇက် ဖိုရမ် က ပရိုက်ဗိတ်မက်ဆေ့ ကနေ ကျုပ်ဆီ ကို လှမ်းမေးနိုင်တဲ့အကြောင်း ပြောရင်း ၊ စာသိမ်းလိုက်ပါတယ်နော ။
……………………………………………………..
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

27 comments

  • memeseku

    February 22, 2012 at 10:26 pm

    အဟိ ဘာများလဲလို. ဒိလူကြီးတော်တော်နောက်တယ်…
    လုပ်သင့်ပါတယ်ကျနော်.အမြင်တော့…. ကြားဖူးတာကတော့လိင်နဲ.ပတ်သတ်တဲ.ရောဂါတွေကို ဘယ်နှရာခိုင်နှူန်းဆိုလာလျော့ချနို်င်တယ်ဆိုပဲ…. ဘတ်လက်ဘတ်လက်မဖြစ်နေတော့ဘူးပေါ.
    မန့်ရတာလဲခပ်လန်.လန်. ရွာထဲကမဒီလေးတွေက… ကိုဂီ့နှူးဘာဂိုဏ်းသားထင်နေကြရင် ဒုက္ခ
    တကယ်လို့များသေချာသိတဲ့လူများရှိရင် advantage ကဘာတွေ disadv; ကဘာတွေဆိုတာသေချာလေး
    ပြောပြပေးကြပါလား….
    just a request
    🙂

  • water-melon

    February 23, 2012 at 8:00 am

    အမလေး
    ဖြတ်ဖို့နေနေတာတာ ဆေးထိုးအပ်နဲ့အထိုးခံရမှာကိုကြောက်တယ် ကိုပေရေ
    ဒီအရွယ်ရောက်မှ မဖြတ်ချင်တော့ပါဘူး 😀
    စိန်ပေါက် ဖြတ်မလား ကိုပေက free တဲ့
    နောက်မှ ဝေါကီတော်ကီနဲ့ဆက်သွယ်တော့မယ်
    အူတောင်ယားလားပြီ။

  • FattyCat

    February 23, 2012 at 9:00 am

    ရုရှားနိုင်ငံမှမှာယူတင်သွင်းသော ခေတ်မီ ဇာဘုရင်ခေါင်းဖြတ်စက်အခြေခံ စင်တီမီတာနည်းဖြင့် အတိအကျဖြတ်တောက်ခြင်း…
    ဖြတ်တောက်ပြီး ပြန်လည်ချုပ်ရာတွင် ညီညာသပ်ရပ်မှုရှိစေရန် ဓားစက်လိုက်ပေးခြင်း…
    ကွန်ပျူတာ ပန်းထိုးပေးခြင်း၊ စီးကွင့်ထိုးပေးခြင်းစသည့် ဝန်ဆောင်မှုများကို နေချင်းပြီး
    ဆောင်ရွက်ပေးနေသည်…

    ဆက်သွယ်ရန်လိပ်စာ-
    ရွှေတိုက်စိုး
    မန်းတလေးဂေဇက်ရွာ
    ရတနာပုံတယ်လီပို့တိုင်းဒေသကြီး
    အင်တာနက်မြို့တော်..

    • Shwe Tike Soe

      February 23, 2012 at 1:26 pm

      အောင်မလေးလေး ကိုကြက်ဖောင် သများစီးပွားတုတ်နဲ.လာထိုးပြန်ပြီ
      ကိုယ်ဟာကို အင်တာနေရှင်နယ် တောက်တိုမယ်ရ IT လုပ်တာ စိတ်ချမ်းသာပါတယ်.. အဲဒီအလုပ်ကြီးတော့ မလုပ်ပါနဲ.ဗျာ.. နေ.တိုင် အဲဒါကြီးတွေ ကိုင်နေရမှာ အမငီးးး ပြောရင် ကျောချမ်းထာ….. 🙁

    • thuyazaw21451

      February 23, 2012 at 1:41 pm

      ဟဲ့ဟဲ့ ဒီကောင်မက အစောတည်းကဝါသနာထုံတာ……ဒီအလုပ်ကိုပြောင်းလုပ်ပီဆိုတော့ အလုပ်ဖစ်ပီပေါ့……..ဒီကောင်မှ အကိတ်လေးတွေကို အလွယ်တကူရှာတွေ့ချင်တာဖြစ်မယ်…. ဟွန်း အကြံလည်း တယ်ကြီးတာကိုး….. ဟွန်း…. လူဆိုးမကြီး ရွှေတိုက်……….

  • water-melon

    February 23, 2012 at 9:08 am

    အမလေး ကိုရွှေတိုက်ရယ်
    ဖတ်ပြီးရယ်လိုက်တာ တအိမ်လုံးတောင်ကြားလို့
    ဘာဖြစ်တာလဲတဲ့
    ကိုကြောင်ဝတုတ်ကလည်း ရေးတတ်ပါ့
    ရွာထဲဝင်ရင်အသက်ရှည်အမောပြေတယ်ဗျ
    မန်းလေးဂဇတ်ကို ချစ်တယ်။

    • Shwe Tike Soe

      February 23, 2012 at 1:28 pm

      အေးအေး ကောင်မ မိဖရဲ. နင်တော့ ငါမန်းလေးလာရင် အကုန်ပါအောင်ကို ဖြတ်ပစ်မယ် ဟွန်း

  • nozomi

    February 23, 2012 at 10:03 am

    ကိုပေ နေမကောင်းဘူး ဆို နေကောင်းသွားပြီလား
    ကိုပေ နေမကောင်းဘူး ဆိုတာ…….

    ကိုပေ ရေးတာ အတော်ပဲ ဗျ
    ကျွန်တော့်သား အငယ်ကောင် ၆ နှစ်လောက်က လိင်တံထိပ်မှ ချေးလေးတွေ ရှိနေတယ်
    အခုလောလောဆယ်တော့ ရေဆေးပေး သန့်ရှင်းရေးလုပ်ပေးရတယ် အကုန်တော့ မပြောင်ဘူး
    တခြားကလေးတွေ ရော အဲဒီလို ဖြစ်ကြလား
    ထိပ်ကို တဖြေးဖြေးလှန်သွားရင် ထိပ်ကလန်သွားပြီး သန့်ရှင်းရေးလုပ်ဘို့လွယ်မယ်ထင်တယ်
    ဘယ်အရွယ် အငယ်ဆုံး ရှင်ပြုလို့ ရလဲ
    ကိုပေ သိရင် ပြောပြ ဗျာ ၊ ရွာထဲက တခြားသိတဲ့သူတွေလဲ ပြောပြပါဦး

    မိန်းကလေးတွေ ဖတ်မိရင်လဲ ကျန်းမာရေး ဗဟုသုတ မို့ မှတ်သားသွားကြပေါ့ ဗျာ
    နောင် သား မွေးလာရင် အသုံးတည့်တာပေါ့

    • ဦးဦးပါလေရာ

      February 23, 2012 at 10:21 am

      ကလေးခွဲစိတ်အထူးကုပါမောက္ခဦးထူးဟန်ပြောတာတော့ တစ်နှစ်ခွဲလောက် နဲ့လုပ်လို့ရတယ်ပြောတာပဲ။
      ကိုနိုဇိုမီက ရန်ကုန်မှာပဲ။
      အာရှတော်ဝင်မှာ ဦးထူးဟန်နဲ့လုပ်ရင်လဲရပါတယ်။
      ကျွန်တော့ကလေးတုန်းကတော့ သူနဲ့ တော်တော်အဆင်ပြေတယ်။
      မြန်တယ်။ သပ်ရပ်တယ်။
      (ပိုက်ပိုက်တော့ တပုံကြီးထွက်သွားတယ်) 🙁

      • nozomi

        February 23, 2012 at 10:39 am

        ဦးပါလေရာ ရှင်းပြတာ ကျေးဇူးပါ ခင်ဗျာ

        သိချင်တာက တချို့ ယောကျင်္ားလေးတွေ ဒီလိုပဲ ဆွဲလှန်ရင်း နဲ့ လန်သွားပြီး သန့်ရှင်းရေးလုပ်လို့ လွယ်သွားတယ် ဖြတ်တဲ့ အဆင့် လုပ်စရာ မလိုတာရှိတယ် ၊ အဲဒါမျိုးက ယောကျင်္ားလေးတိုင်း လုပ်လို့ မရဘူးလား

        တချို့က တော့ အဲဒီလို မလန်ဘူး မဖြစ်မနေဖြတ်ရမယ် ဆိုတာမျိုး ဆိုရင်တော့ လဲ ဖြတ်ဘို့ စီစဉ်ပေးရမှာပေါ့

  • ဦးဦးပါလေရာ

    February 23, 2012 at 10:16 am

    မန်းဂဇက်က အတော်ပွင့်လင်းလာသားပဲ…
    ကြိုဆိုပါတယ်ဗျာ…။

    အဲဒါ တချို့က ငယ်ငယ်ကတည်းကလုပ်ပေးလိုက်ကြတယ်။
    တချို့ကတော့လဲ နာတာ ရောဂါပိုးဝင်တာ ခံနိုင်ရည်ရှိအောင် ဘာမှပြဿနာမရှိရင်ဆယ်နှစ်ကျော်မှ လုပ်ပေးကြတယ်။
    လက်တွေ့မြင်ဘူးတာတော့ ကြီးမှလုပ်ရင် ပိုက်ဆံလဲအကုန်သက်သာ မြန်မြန်လဲ အနာကျက်တယ်။

    လူကြီးဖြစ်မှ လုပ်ရင် ပိုက်ဆံသက်သာအောင် လွယ်လွယ်နေရာမရွေးမလုပ်မိဘို့လိုတယ်။
    ညီလိုခင်တဲ့တယောက် တွေ့တဲ့ဆေးခန်းလေးမှာလုပ်တာ ပိုးဝင်အနာမကျက်ပဲ ဆေးရုံတက်ကုလိုက်ရသေးတယ်။

    ဒါပေမယ့် ကျုပ်မကျေလည်တာက-
    လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ လိုအပ်လို့ပဲရှိနေတာမဟုတ်လား?
    လိင်တံဖုံးအရေပြားဆိုတာလဲ လိုအပ်လို့ရှိနေတာပဲ ဖြစ်ရမှာမဟုတ်လား။
    အဲဒါခွာလိုက်တော့ ပိုကောင်းတယ်ဆိုတာ ဘယ်လိုသဘောလဲမသိ ?
    ရွာ့ဆရာဝန်နဲ့ ဆုံဖြစ်မှ မေးမြန်းကြည့်ရဦးမယ်။

  • စိန်ပေါက်ပေါက်

    February 23, 2012 at 10:18 am

    အင်းဗျာ
    သက်သာလာရင်ပြီးရော
    ကျုပ်တို ့ ကိုနိုဇိုမိတို ့ ကိုချောတို ့တောင် စိတ်ပူနေတာ..
    ကိုရင်စည်ကလဲ ဖဲရိုက်ဖို ့တာဆူနေပြီ
    ဟူး..
    တော်သေးတာပေါ့..ကိုပေရယ်..မသေကောင်း မပျောက်ကောင်း

    • ဦးဦးပါလေရာ

      February 23, 2012 at 6:05 pm

      သူပြောတော့ “အသိ ချာတိတ်တစ်ဘွေ” ဆို။
      စွပ်စွပ်စွဲစွဲတော်……။ 😀

      စိန်ပေါက်ပေါက်လဲ စိတ်ပါလာရင်ပြော
      ကပ်ကျေးကောင်းကောင်းတလက်နဲ့
      ဆနွင်းမှုန့်တထုပ် စပွန်ဆာပေးမယ်။ 😀 😀

  • နှူးဘာဂိုဏ်းချုပ်

    February 23, 2012 at 10:31 am

    လုပ်ရင်တော့ ကောင်းတာပေါ့ဗျာ …
    ဒါပေသိ ..ပုံမှန် သဘာဝအတိုင်း လူပျိုဖြစ်သွားပြီး
    ကျန်းမာရေး အခြေခံ အသိလောက် ရှိတဲ့ လူ
    (ရေမှန်မှန်ချိုး …သန့်သန့် ရှင်းရှင်း ထားတဲ့ လူ) အတွက်ကျတော့လည်း
    ဒါ အပိုကိစ္စဂျီးခည …

    ဖြတ်ထုတ်ပစ်လိုက်တဲ့အထဲမှာ အာရုံခံဆဲလ်
    (ဆန်ဆရီ ဆဲလ်) တွေ တပုံတပင် ပါဝင်နေလို့
    မလိုအပ်ဘဲ ဖြတ်ပစ်ရမှာ …နှမျောဇယာ ……
    😀

    ကြာပါတယ်ဂျာ ..သဂျီးကို poll လုပ်ခိုင်းပါလား ..
    အာဟိ…

    😛

    • windtalker

      February 23, 2012 at 1:44 pm

      အချို ့ကိစ္စတွေကြတော့ ၊ သဘာဝ ကို လွန်ဆန်သလို ဖြစ်နေပေမယ့် လုပ်ရတဲ့ ကိစ္စမျိုးတွေ ရှိတယ် ။
      ဥပမာ ဆိုရင် ရင် အံဆုံး(သွား) ကန် ့လန် ့ပေါက်တာမျိုးပေါ့
      အံဆုံး ဟာ အရွယ်မရွေးပေါက်တတ်တယ် ။ သူ ့ရဲ ့ဖန်ရှင်း က ဘာလဲ ဆိုရင် ဘာမှ မရှိဘူး ။
      ဖန်ရှင်မရှိလို ့ဘာမှ မဟုတ်ဘူးတော့ မထင်နဲ ့။ ပုံမှန်အတိုင်း မပေါက်ဘဲ ၊ ကန် ့လန် ့ပေါက်လာရင် ၊ အစာ ဝါးစားတဲ့အခါ ဒုတ်ခ ပေးပြီဘဲ ။ အဲ့ခါကြ နှုတ်ပစ်လိုက်ရသလို ပါဘဲ ။

  • ငှက်ကလေး

    February 23, 2012 at 12:28 pm

    ဆာကမ်စီးရှင်း ဆိုလို့ ဘာကြီးများလဲလို့၊ ဖတ်၏၊ မှတ်၏။

  • ba gyi

    February 23, 2012 at 2:06 pm

    ဟုတ်တယ်၊ဒါကျန်းမာရေးအရလုပ်သင့်တယ်၊ ကျုပ်အထက်နှစ်ယောက်မြောက်အစ်ကိုတုန်းကဆို ၊သူဆီးသွား
    ရင် ထိပ်မှာပူစီပေါင်းလိုနေတာအရေပြားက၊ပြွန်ထိပ်အုပ်ပြီးအပေါက်မရှင်းလင်းတာ၊အဲဒါ အရေပြားဖြတ် လိုက် မှ လူစဉ်မှီပြီး၊လွှတ်ကောင်းဆိုပဲ။
    တစ်ချို့က၊ ကုလားဘာသာအယူဆိုမလုပ်ကြဘူး၊တစ်ကယ်တော့ အဲလိုလုပ်ထားရင်၊ လိုင်တံလွတ်လပ်စွာကြီး
    ထွား၊ရှည်ဘို့အားပေးသတဲ့ဗျား။(ငယ်စဉ်ကတည်းကလုပ်မှပြောဒါ) ၊ခုပြေးလုပ်လို့ကတော့ ဟင်း ဟင်း ဘယ်ရ မလည်း၊ အရေပြားဆုံးတာအဖတ်တင်တော့မပေါ့။

    • windtalker

      February 24, 2012 at 5:58 pm

      အရေပြားဆုံးတာတင် မဟုတ်ပါဘူး ဘကြီးရယ်
      ထိပ်ဖျား ပြဲခြင်း ၊ နာခြင်း ၊ ထိပ်ရှည်နေသော အရေပြားက လိင်တံကိုပြန်စွပ်ကာ အတင်းဖြစ်ညှစ်သလို ဖြစ်ခြင်း စတဲ့ ဘေးတွေကလဲ ကင်းစေပါသတဲ့ ခင်ဗျာ

  • alinsett

    February 23, 2012 at 6:26 pm

    အလို..ကိုပေ..ရေ..
    ဘယ်လို ပို ့စ်ပါလိမ် ့ ။

    ဖတ်ရတာ တညိုးကြီးနော် ။

    ဒါပေမယ့် သေချာ ကျကျနနရေးထားတော့ လည်း စိတ်ဝင်စားစရာပါပဲ။

    နောက်ကိုလည်းရျာရှာဖွေဖွေ လေးတွေ.ရေးတင်ပါဥိး ။

  • ကြောင်ကြီး

    February 24, 2012 at 12:25 pm

    အလို ရွာသူတွေ တယောက်မှ မရှိဂျဘာလား…။ ထင်မြင်ချက်လေးများ ပြောဂျပါအုံး..ပုံကြတော့ ကြည့်သွားပြီး….နောက်တာ..ဂယ်ပြောတာ…

    • windtalker

      February 24, 2012 at 5:56 pm

      ဟုတ်ပ ကိုကိုကြောင်ရာ
      သား အားငယ်လိုက်တာဗျာ

  • Harumoto

    February 24, 2012 at 1:40 pm

    များတို့ အကျိုဂျီးတွေ..ဒါမျိုး မကြားဝံ့ပေါင်..ရှက်ရှက်..
    ဟိုလေ..ဘယ်လိုလုပ်လဲတော့.ကြည့်ချင်သား…ဟိ

    • windtalker

      February 24, 2012 at 5:53 pm

      ကိုဟာရူမိုတို ရေ ၊ ကိုယ်တိုင် ဝင်ပြီး ကပြအသုံးခံနိုင်ကြောင်း ရယ်ပါခင်ဗျ

  • မိုက်ကယ်ဂျော်နီငပွ

    February 24, 2012 at 3:11 pm

    ရှေ့မျက်ခွက် အနောက်ဖက်လှည့်ပြီးပြောရဦးမှာဘဲ
    မပြောမသိ မတီးမမြည်ဆိုသလိုပေါ့ဗျာ
    ပညာပေးဒယ်လို့မှတ်ယူဂျဘာ
    အဲ့သည်ငတိကိုကြည့်ရတာ ငယ်ငယ်ကတည်းက ကိုယ့်ဟာကိုယ်တစ်ခါမှမကလိဖူးဘူးထင်တယ် 😀
    ဒါကတော့ခင်ဗျားတို့ ကျုပ်တို့ ဘသားချောတွေရဲ့ မိမိပစ္စည်းမိမိစူးစမ်းခြင်းသဘောဘဲလေဗျာ
    ကျုပ်မှတ်မိသလောက်
    ကျုပ်အသက် ရှစ်နှစ် ကိုးနှစ်လောက်ကတည်းက
    ထိပ်လန်ဂေါင်းပြောင်အောင် ကိုယ့်ဘာသာ ကလိပြီးသွားတော့
    အရွယ်လေးများရောက်လာတော့ တိုက်ပွဲဝင်ဘို့ အဆင်သင့် 😀
    မလေး ချက်ခြာဂျီး အပျိုကြီးတွေ မဖတ်ကြပါစေနဲ့
    ချက်လွန်းလို့ မျက်နှာကို လက်ဝါးနဲ့အုပ်ပြီးပြေးပြီ … ကိန်ကိန်ကိန်

    • windtalker

      February 24, 2012 at 5:55 pm

      မေးခိုင်ပိုးဝင်ပြီး မဂိခဲ့တာ ကံကောင်းသဗျာ
      နို ့မိုဆို ၊ သည်ပို ့စ်မှာ အခုလို ကွန်မင့်လာရေးနိုင်မှာ မဟုတ်ဘူးနော
      ဘာဘဲဖြစ်ဖြစ် ၊ ဘရာဗို ပါ ကိုပု

Leave a Reply