ဒုတိယသမတ္တဒေါတ်တာစိုင်းမောင်ခမ်းပလက်တီနံဆွဲကြိုးနှင်.ကြိုဆိုု

studentFebruary 22, 20121min28739

ဒုတိယသမတ္တဒေါတ်တာစိုင်းမောင်ခမ်းနှင်.ဇနှီးကို ကိုးကန်.တိုင်းရင်းသားများက ပလက်တီဆွဲ ကြိုးဖြင်.ကြိုဆိုပါတယ်။လားရိုးမြို.ရပ်ကွက်သူရပ်ကွက်သားများတစ်အိမ်တစ်ယောက်သွားရပါတယ်။
အလံတွေဝေရမ်းပီးကြိုဆိုခိုင်းပါတယ်။လားရိုးကိုလဲမကြာခင်ဒေါ်အောင်ဆန်းစုကြည်သွားပါမယ်။

39 comments

  • Burma

    February 22, 2012 at 8:57 pm

    ♦ အစိုးရ ထိပ်တန်း ခေါင်းဆောင်တစ်ယောက်ယောက် တစ်နေရာကိုသွားရင် အဲ့နေရာ တိုးတက်ဖို့အတွက် တစ်ခုခု ကိုလုပ်ပေးပါတယ်။ (သမတဦးသိန်းစိန် စစ်ကိုင်းသွားတုန်းက ကောလိပ်ကို တကသိုလ်တိုးမြှင့်ရေး စီမံကိန်းလုပ်ပေးပါတယ် ၊ ဒါမျိုး စသဖြင့်ပေါ့) ခုဟာက ကိုးကန့် ပြည်သူတွေ က ဒေါက်တာစိုင်းမောက်ခမ်းကို ချစ်လို့ ဖြစ်ဖြစ် ၊ ပေးချင်လို့ဖြစ်ဖြစ် ပလက်တီနမ် ဆွဲကြိုးနဲ့ ကြိုဆိုတယ် ပေးတယ်ဆိုတာ ပြည်သူက ကို့တိုင်းပြည်ခေါင်းဆောင်ကို ထားတဲ့မေတာ ကိုရည်ညွှန်းတာပါ။ CNN ကြည့်ဖြစ်ရင်ဖြစ်ဖြစ် သိပါတယ်။ ဝမ်ကျားပေါင်ကို ပြည်သူတွေ ဘယ်လိုချစ်ကြတယ်ဆိုတာ။ စိတ်ထဲက ရင်ထဲက မပါရင်တောင် ပြည်သူတွေအပေါ် ဒီလိုမျိုးဆက်ဆံတာ ဟာ တကယ်ကြည်နူးဖို့ကောင်းပါတယ်။ ဝန်ကြီးတွေ သမတတွေထဲမှာကြမ်းတမ်းခက်ထန်တဲ့သူတွေ ပါမယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ တစ်ချိန်က စစ်တပ်ရဲ့ သိမ်းသွင်းမှုအောက်မှာ ရှိခဲ့တာပါ။ တစ်အိမ်တစ်ယောက်ထွက်ဆိုတာကလဲ နှိုးဆော်တာဆိုကောင်းပေမဲ့ အမိန့်ပေးပြီးခိုင်းစေတာဆိုရင်တော့ မကောင်းဘူးပေါ့နော်။ မြန်မာပြည်သူ (တစ်ချို့) တွေ အစိုးရခေါင်းဆောင်တွေ တစ်ခုခုလုပ်ရင် အကောင်းလေး တစ်စက်မှမမြင်ကြတာဘာလို့လဲ ဆိုတာ နားမလည်နိုင်ဘူး။

  • memeseku

    February 22, 2012 at 9:56 pm

    အဲ.ဒီ Ace shape bullet လေးကိုသိနေသလိုပဲနော့် …..
    နာမည်ပြောင်းကိုယ်တော်များလားကွယ်…
    ခင်လို့စတာနော်…

    • Burma

      February 23, 2012 at 12:06 pm

      ♦ နာမည်ပြောင်းမိလို့လားမသိ? ဒီ ရွာထဲမှာ ကျွန်တော်သုံးတာ သားပုနဲ့ Burma ပဲရှိတယ်။

    • Burma

      February 24, 2012 at 9:28 am

      ♦ ကျွန်တော့ Sign က DIAMOND ဗျ ACE မဟုတ်ဖူး။

  • MTY

    February 22, 2012 at 10:03 pm

    သတ်ပုံမှားနေတယ်ဗျို့။..ဟိ ဟိ

  • mg mg

    February 23, 2012 at 9:41 am

    အကောင်းမမြင်တာလဲမပြောနဲ့လေ၊ အဖြူတစ်စက် အနက်တစ်ရာဆိုသလို လုပ်ခဲ့ကြတာကနှစ်နှစ်ဆယ်ကျော်ဆိုတော့လဲ ဒီလောက်တော့ရှိပေမပေါ့။ ကောင်းရင်းကောင်းရင်းနဲ့ဆိုလျင်တော့ ကောင်းသွားနိုင်စရာရှိပါတယ်။“ ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုးရွေ့ ကောင်းကျိုးကိုယ်နှိုက် တည်စေမင်း”တဲ့

    • Burma

      February 23, 2012 at 12:05 pm

      ♦ အဖေ ဆိုးခဲ့သမျှကို အဖေ သိမ်းခဲ့သမျှ အဖေ ယုတ်မာခဲ့သမျှကို သားအလှည့်ကျ သားက အဖေသိမ်းသမျှ ကို ပြန်ပေး ၊ အဖေ ယုတ်မာထားခဲ့သမျှ တွေကို တစ်ခုချင်း ပြန်ပြင်နေတာကို အဖေမကောင်းတာနဲ့ သားလဲမကောင်းဘူးလို့ ပြောလို့ရနိုင်ပါသလား။ သွေးသားရင်းမှာတောင် အဖေ ကောင်းနိုင်တိုင်းသားလဲ မကောင်းနိုင်ဘူး ။သားကောင်းသလို အဖေကောင်းချင်မှကောင်းမှာပဲ။ ။ ခုဟာက မပေါင်းတစ်ထောင်သားသမီးတွေ ရှိတဲ့ လွှတ်တော်ဗျ။ အကုန်ကောင်းတယ်မဆိုလိုချင်ဘူး။ မကောင်းတာရှိသလို ကောင်းတဲ့သူတွေပဲရှိနေမှာပဲ။ ကိုမောင်မောင်ပြောသလို သူတို့ ဆက်ကောင်းသွားရင်ကောင်းတာပေါ့။ အရင်က မကောင်းခဲ့ပေမဲ့ ခုပြင်ဖို့အချိန်တွေရှိသေးတယ်။ အကန့်ခွဲထားရမယ် လို့ထင်တယ်။

  • Burma ရေ …..
    လွှတ်တော်ဆိုတာက ချွတ်ချောနေတဲ့နေရာဘဲလို ့ခုချိန်မှာပြောလို ့ရတယ်။ခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ
    ရဲ ့နောက်ပိုင်းဆိုရင် ဒီမိုကရေစီဘက်တော်သားတွေအင်အားများလာမယ်၊တကယ့်ကို အလုပ်လုပ်နိုင်မယ့်သူတွေ၊
    ကာယ၊ဉာဏ၊စာရိတ္တ ကောင်းသူတွေကိုဘဲဆိုလိုတာနော်။
    ဆိုတော့ဗျာ ….
    လက်ရှိ လွှတ်တော်မှာ နေရာယူထားတဲ့ (၂၅)ရာခိုင်နှုန်းသော စစ်သားတွေ၊မဆီလျော်ရာနေရာကိုယူထားဆဲယူနီ
    ဖောင်းပြောင်း စစ်သားတွေဟာ ဆွေစဉ်မျိုးဆက်သူတို ့ကျူးလွန်ခဲ့တဲ့အပြစ်တွေကိုဆက်ခံယူရလိ်မ့်မယ်။ဒါကြောင့်
    လဲ နိုင်ငံတကာစစ်ခုံရုံးက တရားစွဲဖို ့ဆက်ပြီးစီစဉ်နေတာပေါ့။ဒါကိုကြောက်လို ့အပြောင်းအလဲတွေဆက်တိုင်လုပ်
    ပါမယ် ကတိတွေပေး၊နေ ့ချင်းညချင်းလုပ်နေတာ တခြားကြောင့်မဟုတ်ဘူး။
    ထပ်ပြီးပြောရရင်ပေါ့ဗျာ။တိုင်းပြည်ကိုဖျက်ပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်အောင်ဆွဲချသွားခဲ့တဲ့ စစ်ခွေးသူတောင်းစား
    တွေရဲ ့အဖြစ်က ဘယ်တော့မှ ခွင့်လွတ်ခံရမှာမဟုတ်ဘူး။

    • Burma

      February 23, 2012 at 9:25 pm

      ♦ ကို သန်းထွဋ်ဦးရေ. . . လူဆိုတာ တစ်ဖက်သတ်အမြင် ၊ အတွေးတွေနဲ့ မရေးရဖူး။ . . ခေတ်စကားနဲ့ပြောရရင် 3D နဲ့ကြည့်တတ်ရတယ်။ ကို့လက်တောင် အတိုအရှည်မညီသေးတာဗျာ။ အကိုပြောတဲ့ ဒီမိုကရေစီ ဘက်တော်သားဆိုတာ ဘယ်သူ့တွေကိုပြောတာလဲ ဗျ။ ဒီမိုကရေစီ စစ်စစ်ရပြီဆိုရင်ကော မြန်မာနိုင်ငံကြီး လုံးဝကောင်းမွန် တိုးတက်မယ်လို့ကော အကိုထင်လို့လား။ အကို ပြောတဲ့ ဒီမိုကရေစီဘက်တော်သား ဆိုတာတွေကကော တကယ့်အလုပ်ကောင်းကောင်း လုပ်နိုင်ကြမှာလား။ ဥပမာ- ဒီမိုကရေစီဘက်တော်သားဆိုတဲ့ Rapper ကြီးတွေ ပေါ့ဗျာ။ :] လူတိုင်းက ပြည်သူတွေ ဆင်းရဲမွဲတေမှုပျောက်ဖို့အတွက် ၊ အလုပ်အကိုင် အခွင့်အလမ်းတွေရရဖို့ တွေ ပါးစပ်ကချတာမဟုတ်ဘူး။ အမြဲတမ်းပြောနေတာပဲ။ ဒီမိုကရေစီ အစစ်ကြီးရပြီဆိုရင်ကော ပျောက်မယ်လို့ထင်လို့လား။ ဒါမျိုးရေးလို့လဲ ဘုန်းကျော်အငယ်စားလို့မပြောနဲ့ဦးနော် :)) စစ်သားတွေ မကောင်းဘူးလို့လဲ ဝါးလုံးရှည်နဲ့ယမ်းလို့မရဘူးဗျ။ တစ်တိုင်းပြည်လုံးက ချစ်တဲ့ ကျွန်တော်တို့ ဗိုလ်ချုပ်လဲ စစ်သားပဲ။ စစ်သားဆိုတဲ့စကားလုံးတစ်ခုတည်းနဲ့ အကုန်လုံးကိုမကောင်းဘူး လို့ ပြောဖို့မသင့်ဖူးထင်တယ်။ လူထုခေါင်းဆောင် ဆိုတဲ့ဒေါ်စုလဲ စစ်သားသမီးပဲနော်။ ရိုးရိုးစစ်သားတောင်မဟုတ်ဖူး။ စစ်သေနာပတိချုပ်ရဲ့ သမီးဗျ။ .. 🙂 မကောင်းတဲ့သူကိုပဲ မကောင်းဘူးပြောဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်လဲ မကောင်းဘူးဆို မကောင်းဘူးပြောနေတာပဲ။

      ဒေါက်တာစိုင်းမောက်ခမ်းကို ပလပ်တီနမ်ဆွဲကြိုးပေးတဲ့ လားရှိုးက ပြည်သူဆိုတာနဲ့ အတင်းအကျပ် လား ၊ အမိန့်နဲ့လား ဘာလား မမေးခင် အရင်စဉ်းစားသင့်တယ်လို့ထင်တယ်။ဒေါက်တာ စိုင်းမောက်ခမ်းက ရှမ်းလူမျိုး။ သူသွားတာက ရှမ်းပြည်။ သူ့ကို ပလပ်တီနံ ပေးတဲ့ ပြည်သူဆိုတာ သူ့မိသားစု ၊ သူ့ဆွေမျိုးကောမဖြစ်နိုင်ဘူးလား??

      ညီ ပထမဆုံးရေးတဲ့ ကောမန့်ရဲ ့ ဆိုလိုရင်းက တခြား ရောက်သွားတဲ့ဆိုလိုရင်းက တခြားဖြစ်နေတယ်။

  • student

    February 23, 2012 at 4:18 pm

    ဒေါတ်တာစိုင်းမောက်ခမ်းလားရိုးကုန်သည်တွေနဲ.ပါတယ်။နာမည်ကြီး company Asiaworld ဦးထွန်းမြင်.နိင် ပါပါတယ်။ကြံဖွတ်ရဲ.စည်းရုးံရေးခရီးစဉ်ဖြစ်ပါတယ်။ အောင်ဆန်းစုကြည်လားရိုးမြိုု.စည်းရုးံ
    သွားမဲ.ကျေးလက်ဒေသတွေသွားပါမယ်။ဒေါ်အောင်ဆန်းစုကြည်အတိုင်းရပ်ကွက်ထဲလူတွေလမ်းမထွက်ပီး
    အလံထောင်ပြခိုင်းပါတယ်

  • ကဲဟုတ်တော့နေပါပီ။အမောင်ကျောင်းသားက ပြောနေသလိုပေါ့ လမ်းပေါ်ထွက်ပြီးအမေစုကိုကြိုသလို
    အလံတွေဝှေ ့ရမ်းပြခိုင်းတာဆိုတော့ ဒါဟာလုပ်ယူတာပေါ့။လုပ်ယူတယ်ဆိုတာရဲ ့နောက်ကွယ်မှာ အတင်း
    အကျပ်အာဏာသုံးပြီးခိုင်းတာပေါ့။
    ဟုတ်ပီလေ။ဒီတော့ ကိုBurma ရေ…..

    အကိုပြောတဲ့ ဒီမိုကရေစီ ဘက်တော်သားဆိုတာ ဘယ်သူ့တွေကိုပြောတာလဲ ဗျ။ ဒီမိုကရေစီ စစ်စစ်ရပြီဆိုရင်ကော မြန်မာနိုင်ငံကြီး လုံးဝကောင်းမွန် တိုးတက်မယ်လို့ကော အကိုထင်လို့လား။ အကို ပြောတဲ့ ဒီမိုကရေစီဘက်တော်သား ဆိုတာတွေကကော တကယ့်အလုပ်ကောင်းကောင်း လုပ်နိုင်ကြမှာလား။ ဥပမာ- ဒီမိုကရေစီဘက်တော်သားဆိုတဲ့ Rapper ကြီးတွေ ပေါ့ဗျာ။ :] လူတိုင်းက ပြည်သူတွေ ဆင်းရဲမွဲတေမှုပျောက်ဖို့အတွက် ၊ အလုပ်အကိုင် အခွင့်အလမ်းတွေရရဖို့ တွေ ပါးစပ်ကချတာမဟုတ်ဘူး။ အမြဲတမ်းပြောနေတာပဲ။ ဒီမိုကရေစီ အစစ်ကြီးရပြီဆိုရင်ကော ပျောက်မယ်လို့ထင်လို့လား။
    အဲလိုမျိုးမေးထားတော့ ကျနော့်ဉာဏ်မှီသလောက်ပြောပါမယ်။တယူသန်တယ်လို ့တော့မပြောနဲ ့ဗျ။
    (၁)ဒီမိုကရေစီဘက်တော်သားဆိုတာ စစ်တပ်ကလဲဖြစ်နိုင်တယ်။အသွင်ကူးပြောင်းလာတာ။
    (၂)အလုပ်လုပ်နိုင်မယ်၊မလုပ်လုပ်နိုင်မယ်ဆိုတာ ကိုတကယ်မလုပ်ကြည့်ဘဲ၊ထိုင်ပြီးလေပွားရုံနဲ ့မပြီးတာ ကလေးတောင်သိမှာပါ။
    (၃)ဒီမိုကရေစီဘက်တော်သားဆိုတာမှာ လူပေါင်းစုံ၊လူမျိုးပေါင်းစုံပါဝင်ခွင့်ရှိတယ်။
    (၃)ဒီမိုကရေစီစနစ်ဆိုတာကို အဓိပ္ပာယ်နားမလည်သေးတဲ့လူတွေက တလွဲတွေးတတ်တယ်။ဒီမိုကရေစီဆိုတာကိုကျနော်နားလည်
    ထားတာက ဥပဒေတည်တံ့ခိုင်မြဲခြင်း၊လူအခွင့်အရေးလေးစားလိုက်နာခြင်းပါဘဲ။
    (၄)ဥပဒေ တည်တံ့ခိုင်မြဲရင် ဒီကနေ ့ခေတ်စားနေတဲ့ လာဘ်ပေး၊လာဘ်ယူတွေ၊အနိုင့်အထက်လုစားနေတာတွေ အားလုံးပပျောက်သွား
    မှာပါ။
    (၅)စစ်သားတွေ အားလုံးကိုမကောင်းပြောတယ်ဆိုတာ တရားလွန်တရားသေ စွပ်စွဲလိုက်တာ အမှန်ပါဘဲ။ဗိုလ်ချုပ်တို ့ကိုစော်ကားတာ
    မဟုတ်သလို၊ဗိုလ်ချုပ်သမီးကို စော်ကားလိုက်တာလဲမဟုတ်ဘူး။
    (၆)၁၉၆ဝ အိမ်စောင့်အစိုးရလက်ထက်(ဗိုလ်နေဝင်းလက်ထက်)ကနေ ဗိုလ်ချုပ်စောမောင်တဆင့်ပြောင်းလိုက်မယ်၊၁၉၈၈နှောင်းပိုင်းမှာ
    အာဏာသိမ်းလိုက်တဲ့ ဗိုလ်ချုပ်သန်းရွှေ ထိအဆင့်ဆင့် နိုင်ငံကိုမွဲသထက်မွဲအောင်လုပ်သွားကြတဲ့ သူတောင်းစားတွေ မဟုတ်လား။
    ဘယ်နှကောင်ကများ တိုင်းပြည်ကောင်းစားရေးလုပ်သွားတာရှိနေလို ့လဲ။
    (၇)တိုင်းပြည်မှာ အကျိုးဖြစ်ထွန်းဖို ့လိုလာလို ့ တဆငမ့တက်ဆောင်ရွက်ဖို ့ရာမှာ ယနေ ့လွှတ်တော်ထဲဝင်ပြီး အိပ်ငိုက်နေမယ့် စစ်သား
    တွေ အစား၊အသိပညာရှင်၊အတတ်ပညာရှင်တွေပါလာရင် ဒါဟာ လမ်းစပါဘဲ။

    • Burma

      February 24, 2012 at 9:24 am

      ♦ အကိုရေ.. ပထမအကို ကျွန်တော့ကိုပေးတဲ့ Comment နဲ့ အခုအကိုပေးတဲ့ကောမန့် Direction တူလား အကို့ဖာသာပဲ အကို ပြန်ကြည့်ပေးပါဦးဗျာ။

      အကိုပေးထားတဲ့ ကောမန့်ရဲ ့ Direction က ဘာမှန်းညီမသိပေမဲ့ ၊ ညီပေးချင်တဲ့ကောမန့် ရည်ရွယ်ချက်ကတော့ လက်ရှိအစိုးရ ထဲက လူတွေပဲဖြစ်ဖြစ် ၊ ဒီမိုကရေစီဘက်တော်သားတွေပဲဖြစ်ဖြစ် ၊ တပ်ဘက်က ပြောင်တဲ့သူတွေပဲဖြစ်ဖြစ် လူတိုင်းမကောင်းနိုင်ဘူး။ မကောင်းတဲ့သူတွေရှိသလို ကောင်းတဲ့သူတွေလဲရှိနေတယ် လို့ပြောချင်တာပါ။ နောက် ကောမန့်ပေးထားတဲ့ ကျွန်တော့ရဲ့ ရည်ရွယ်ချက်ကိုမသိပဲ ဘာကို အနှုတ်လုပ်သွားလဲ သိချင်ပါသေးတယ်။ ဘယ်သူပေးလဲမသိပါ။

      ဒေါ်စုလာတာကို လူတွေက အလံထောင်ပြီးကြိုဆိုတာကို အတင်းအကျပ်စေခိုင်းကြပါတယ်လို့ ကျွန်တော်ဆိုလိုမထားပါ။ ဒေါ်စုနဲ့အစိုးရက ခေါင်းဆောင်တွေ ကွာတဲ့အချက်တွေထဲမှာ အဲ့ဒါတစ်ခုတော့ပါတယ်။ အဲ့ဒါက အစိုးရက ခေါင်းဆောင်တွေလာရင် ဒါမှမဟုတ် တခြားတိုင်းပြည်က လူကြီးတွေ ဒီကိုလာရင် ကြိုဆိုဖို့ နှိုးဆော်ရတယ် ၊ ဒေါ်စုလာရင် မနှိုးဆော်ရဖူး။

      ကျွန်တော်တို့ ဗိုလ်ချုပ်ကိုလေးစား တယ် ၊ ကြည်ညိုတယ် ၊ ချစ်ကြတယ်ဆိုတာ (၁) ပါးစပ်ကလဲပြောတယ်၊ ရက်ရက်စက်စက် ၊ ပက်ပက်စက်စက် ပြောတယ်ဆိုတာလဲ သိမှာပါ။ (၂) အလုပ်ကော ?? အလုပ်လဲတကယ်လုပ်တယ်။ သူများနိုင်ငံကို ခိုးကြောင်ခိုးဝှက်သွားရပြီး သူများနိုင်ငံမှာ ဒုကခံ စစ်ပညာသင်ပြီးသွားရတာ။ သူလုပ်သမျှကလဲ တကယ်ကို အကျိုးခံစားရတယ်လေ။ အကို့ ကောမန့် နံပါတ်နှစ်ထဲကလို တကယ်အလုပ်မလုပ်ပဲ ထိုင်ပြီး လေပွားနေတာ ဘယ်သူတွေလဲ. . . ? . . တိုင်းပြည်ကိုကယ်မယ်၊ ကယ်မယ် ပြောနေပြီး ကိုယ့်ကိုကို တောင် မကယ်နိုင်သေးတဲ့သူတွေအများကြီးပဲ။ (၃) အရင် စစ်အစိုးရခေတ်နဲ့ ခုအစိုးရခေတ်မှာ နိုင်ငံရေး ကိုမသိဘူး။ ဒါပေမဲ့ နိုင်ငံရေးဆိုတာ ပြည်သူလူထု စားဝတ်နေရေး ၊ လူမှုရေးအကုန် လုံးနဲ့ဆိုင်တယ်လို့ ဒေါ်စုကတော့ ပြောတာပဲ။ ကိုကျော်သူလိုလူမျိုးရှာကြည့်စမ်းပါ။ ပါးစပ်ကလဲပြောသလို လက်တွေ့မှာလဲ သူနိုင်သလောက် လုပ်တယ်။ အဲ့ဒါ ပါးစပ်ကလဲပြောပြီး လက်တွေ့ကလဲလုပ်တဲ့သူ။ ကျွန်တော်ဆိုလိုချင်တာကတော့ မင်းကိုငါ ထမင်းကျွေးမယ် ၊ အလုပ်အကိုင်ပေးမယ် ပါးစပ်ကပြောနေပြီး ၊ တကယ်ထမင်းကော အလုပ်အကိုင်ကော မရတဲ့ ပြသာနာက အဓိကပဲ။ အဓိကကတော့ အလုပ်အကိုင်တွေ ၊ ဆင်းရဲမှုပပျောက်အောင် ဖန်တီးပေးမယ် ပြောနေပြီး ၊ မဲ ပေးမှ နိုင်မှ ၊ လွှတ်တော်ထဲရောက်မှ ဖြစ်မယ်ဆိုရင် ကျွန်တော့အမြင်အရ လွဲနေပြီလို့ပဲထင်တယ်။ ဖြစ်သင့်တာ ၊ အလုပ်အကိုင်ရအောင် ဒီဘက်မှာ လဲ ဖန်တီပေးနေမယ် ၊ လွှတ်တော်ဘက်မှာလဲ မဲနိုင်အောင် စည်းရုံးမယ်။ အဲ့ဒါဆို ပိုမကောင်းဘူးလား?? ကျွန်တော်သိတာကတော့ ဘွဲ့ရတာနဲ့ ပညာတတ်တာတခြားစီပဲ။ ဘွဲ့ရတိုင်းပညာမတတ်သလို ၊ ပညာတတ်လဲ ဘွဲ့မရတဲ့သူတွေရှိတာပဲ။ စာအုပ်ထဲမှာနဲ့လက်တွေ့က တခြားစီပဲ။ လူကြီးတစ်ယောာက်ပြောဖူးတယ် ( လက်တွေ့ မပါတဲ့စာတွေ့က အကျိုးအပဲ့နဲ့တူတယ်။ စာတွေ့မပါတဲ့လက်တွေ့က က အကန်းနဲ့တူတယ်။ ) အဲ့တော့ စာစကားတွေကြီးပြောနေပြီး လက်တွေ့ မပါရင် အကျိုးအပဲ့ကြီးဖြစ်နေမှာလဲစိုးရိမ်လို့ပါ 😀 ။ပါးစပ်ကလဲ ပြောရမယ် ၊ အလုပ်ကလဲ လုပ်နိုင်ရင် လုပ်နိုင်သလောက်လုပ်ရမယ်။ ပါးစပ်ကကြီးပြောနေရင် ဘာမှဖြစ်လာမှာကိုမဟုတ်ဘူး။

      စာမေးပွဲပြီးမှ ဆက်ဆွေးနွေးကြတာပေါ့ဗျာ။ပြန်လာခဲ့မယ်။
      ဆွေးနွေးတာကျေးဇူးပဲ
      ♦ T.P

  • အကိုပေးထားတဲ့ ကောမန့်ရဲ ့ Direction က ဘာမှန်းညီမသိပေမဲ့ ၊ ညီပေးချင်တဲ့ကောမန့် ရည်ရွယ်ချက်ကတော့ လက်ရှိအစိုးရ ထဲက လူတွေပဲဖြစ်ဖြစ် ၊ ဒီမိုကရေစီဘက်တော်သားတွေပဲဖြစ်ဖြစ် ၊ တပ်ဘက်က ပြောင်တဲ့သူတွေပဲဖြစ်ဖြစ် လူတိုင်းမကောင်းနိုင်ဘူး။ မကောင်းတဲ့သူတွေရှိသလို ကောင်းတဲ့သူတွေလဲရှိနေတယ် လို့ပြောချင်တာပါ။ နောက် ကောမန့်ပေးထားတဲ့ ကျွန်တော့ရဲ့ ရည်ရွယ်ချက်ကိုမသိပဲ ဘာကို အနှုတ်လုပ်သွားလဲ သိချင်ပါသေးတယ်။ ဘယ်သူပေးလဲမသိပါ။
    ________________________________________
    ကျနော်ပြောလိုတဲ့ရည်ရွယ်ချက်ကိုမမြင်နိုင်တာလား၊ကျော်သွားတာလား မသိပါဘူး။ကျနော်ပြောချင်တာက
    တိုင်းပြည်ကို ချောက်ထဲကျအောင်ဆွဲချသွားခဲ့တာဟာလဲစစ်တပ်ဘဲဖြစ်တယ်၊ဘုန်းကြီး၊ရဟန်းသံဃာတွေကို
    ကျောင်းသားတွေကို ပစ်သတ်ခဲ့တာလဲ စစ်တပ်ဘဲဖြစ်တယ်။အဲဒီတော့ တိုင်းပြည်ကို ကယ်တင်ရှင်ပါဆိုပြီး လူ
    ကြားကောင်းအောင်အော်နေတဲ့ စစ်တပ်ကကောင်တွေကို ဘယ်တော့မှအကောင်းမြင်မပေးနိုင်ဘူး။အကောင်း
    မြင်နေတဲ့သူတွေဟာလဲ ဆွေမျိုးသားချင်းတွေကို နေရာတစ်ခရဖို ့တပ်ထဲသွင်းထားရသူ။အမတွေ၊နှမတွေကို
    ဗိုလ်ကတော်လုပ်ပေးထားရသူတွေဘဲဖြစ်မှာပါ။
    အဲဒီတော့ စစ်တပ်ကအတင်းလုပ်ယူထားတဲ့ အတုအယောင်ဒီမိုကရေစီအစိုးရခေတ်မှာ အရပ်သားဖြစ်တဲ့
    ဒေါက်တာစိုင်းကို ဘာမှမပြောလိုပေမယ့်။သူ ့အရပ်နဲ ့သူ ့ဇာတ်မှာ ပေးချင်တာပေးလို ့ရတယ်။ဒါပေမယ့်သူ
    လဲ စစ်တပ်ကိုမလွန်ဆန်နိုင်သေးတဲ့ ကြံ့ဖွတ်က ဖွတ်တစ်ကောင်ဘဲဖြစ်တယ်။
    _______________
    “”အရင် စစ်အစိုးရခေတ်နဲ့ ခုအစိုးရခေတ်မှာ နိုင်ငံရေး ကိုမသိဘူး။””

    ဆိုတော့ဗျာ တော်တော်သနားစရာကောင်းတာပါဘဲ။မသိဘူးဆိုတော့လဲ ပြောမနေတော့နဲ ့ပေါ့ဗျာ။တစ်ခု
    ရှိတယ်ဗျ။အကိုကတော့ နိုင်ငံရေးသမားတွေကိုဘယ်လိုမြင်လဲမသိဘူး။နိုင်ငံရေးသမားတွေကို ခုလိုဘာမှ
    လုပ်မပေးနိုင်၊ကိုယ်တိုင်တောင်ရပ်တည်နိုင်အောင်မနည်းကြိုးစားနေရတယ်လို ့မြင်အောင်လုပ်သွားတာ က
    ခင်များယုံကြည်လွန်းနေတဲ့ စစ်တပ်ထဲက သူတောင်းစားတွေဘဲ။
    ကျနော် ကျောင်းသားဘဝ ၂၀၀ရခုနှစ်က စီတန်းလမ်းလျှောက်ရုံလေး၊အာဏာပိုင်တွေနဲ ့ ရုန်းရင်းဆန်ခတ်
    ရန်တွေဖြစ်ထိုးကြ၊ကြိတ်ကြနဲ ့ကျောင်းထုတ်ခံရတယ်။
    ကျနော်လို ဘာမဟုတ်တဲ ့ဆေးကျောင်းသားတစ်ယောက်တောင် ကျောင်းကနေအပယ်ခံဘဝရောက်တယ်ဆိုရင်
    ဘဝကို စတေးပြီးတော့ ထောင်ထဲမှာ အသက်ဆုံးခံ၊အသက်ရဲ ့တဝက်လောက်အကျဉ်းချခံနေရသူတွေဟာ
    ခင်များပြောသလိုဆိုရင် အပြောသမားတွေပေါ့။ဒီအပြောသမားတွေကို ကြောက်နေရတဲ့ သေနတ်ကိုင် စစ်ခွေးတွေ
    ရဲ ့ဘဝကသနားစရာပါလား။
    တော်သေးပီ။ခင်များငယ်ပါသေးတယ်ဗျာ။နောက်မှ ဆွေးနွေးမယ်။
    P.S ဒီနာမည်က ကျနော့်နာမည်အရင်းဗျ။ဆက်ဆွေးနွေးချင်တယ်ဆိုရင် တော့ အပြင်မှာတရက်တွေ ့ကြတာပေါ့။
    နောက်ပြီ အကို ့ကို အနီပေးတဲ့လူဟာ ကျနော်မဟုတ်ကြောင်း အာမခံပါတယ်။

    • Burma

      February 24, 2012 at 8:16 pm

      ♦ 2007 ခုနှစ်မှာ ကျောင်းတက်နေပြီဆို ဆေးကျောင်းတက်နေတယ်ဆိုတော့ ကျွန်တော့ထက် အများကြီးကြီးတာပေါ့။ ကျောင်းမှာကျောင်းစည်းကမ်း ၊ တိုင်းပြည်မှာလည်း တိုင်းပြည်စည်းကမ်း ၊ တစ်နည်းအရ ဥပဒေ ဆိုတာရှိတယ်။ အဲ့တော့ အစိုးရ ရဲ ့ အဲ့ခေတ်က ဥပဒေတွေမှာ သတ်မှတ်ထားတဲ့ ဥပဒေဆိုရင် ဖြေရှင်းနိုင်လောက်ပေမဲ့ ။ သူတို့ရဲ့ သောက်မြင်ကတ် တဲ့ဥပဒေနဲ့ဆို ဖြေရှင်းလို့မရနိုင်ဘူး။ အကိုအဲ့တုန်းက စီတန်းလှည့်လည်တဲ့အထဲမှာ ဘာရည်ရွယ်ချက်နဲ့ စီတန်းလှည့်လည်ခဲ့ပါသလဲ ? ဆေးကျောင်းရဲ ့ စည်းကမ်းချက်တွေထဲမှာ နိုင်ငံရေး လှုပ်ရှားမှု တွေ မပါဝင်ရဘူး တို့ ဘာတို့ မပါဘူးလား (ဒါ တကယ်မသိလို့မေးတာပါ) ကျွန်တော်တို့ အထက်တန်းကျောင်းမှာ ကျောင်းစအပ်ကတည်းက ရန်မဖြစ်ပါဘူး။ ရန်ဖြစ်ရင် လက်မှတ် နှစ်ခါထိုးရရင် ကျောင်းထွက်ပါ့မယ်လို့ ကျောင်းသားက လက်မှတ်ထိုးရတယ်။ ဖြစ်လာခဲ့ရင်လဲ တကယ်ထွက်ရတယ်။ ကျောင်းသားမှန်ရင် ကျွန်တော်တို့ကျောင်းမှာ ကျောင်းစအပ်ကတည်းက ထိုးရတာပဲ။ အဲ့တော့ သူတို့သတ်မှတ်ထားတဲ့စည်းကမ်းပိုင်းတစ်ခုခုမှာ အကိုဟာ စီတန်းလှည့်လည်လို့ဆိုပြီး ငြိစွန်းရင် အကို့ကိုထုတ်ခွင့်ရှိတယ်။ အကို စည်းကမ်းဖောက်ဖျက်တယ်လေ။ ဒါမှမဟုတ် ခုနကပြောတဲ့ အမြင်ကတ်ပုဒ်မနဲ့လဲ အကို့ကိုထုတ်ခွင့်ရှိသေးတာပဲ။ ဒါဟာ သဘာဝပဲ။ ကျွန်တော်လဲ ကျောင်းမှာ အရင် နှစ်ပတ်လောက်က ခံရပြီးပြီ။ ကျောင်းထုတ်ခံရတာမဟုတ်သေးဘူးနော်။ ဒါလက်မှတ်ထိုးခိုင်းတာ။ ဒါတောင် အစိုးရမဟုတ်သေးဘူး။ ဒီ ကျောင်းအုပ်မဟုတ်တဲ့ စည်းကမ်းထိန်းသိမ်းရေးကောင်စီနဲ့ ငြိတာ။

      ကျွန်တော် စစ်တပ်ကို အကောင်းမြင်နေတာမဟုတ်ဖူး။ ကောင်းတယ်လို့လဲမပြောဘူး။ ပြည်ခိုင်ဖြိုးပါတီ ကောင်းတယ်မပြောဘူး။ NLD ကိုကောင်းတယ်မပြောဘူး။ ကျွန်တော် မဲမပေးရဘူး။ 18 နှစ်ပြည့်လို့ မဲပေးရမယ်ဆိုရင်လဲ ဘယ်သူ့ကိုမှ မပေးဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူ့ကိုမှ မကြိုက်ဖူး။ ဒါပေမဲ့ အကောင်းမြင်သင့်တဲ့ကိစ ကိုတော့ အကောင်းမြင်ပေးနိုင်တယ်။ စစ်တပ် ၊ NLD ၊ ပြည်ခိုင်ဖြိုး ၊ လွှတ်တော် ၊ ခေါင်းဆောင် တွေထဲမှာ ကောင်းတဲ့သူတွေလဲရှိသလို မကောင်းတဲ့သူတွေလဲရှိမှာပဲ။ အကုန်လုံးကိုခြုံငုံပြီးကောင်းတယ်ပြောလို့ရသလို ၊ မကောင်းဘုူးလို့လဲပြောလို့မရတဲ့အကြောင်းကို ရည်ရွယ်ပြီး ကောမန့်ကိုရေးတာ ခုထက်ထိပဲ။ ဒါကို စစ်ခွေး အပြောခံရ ၊ နှမ တွေ အမတွေကို ဗိုလ်ကတော်ပေးလုပ်တာလဲ အပြောခံရ ၊ 15 နှစ်မဟုတ်ဖူးအပြောခံရ ၊ ငယ်ငယ်ကတည်းက ပုံစံရိုက်သွင်းခံရတာတွေကော ဘာတွေမှန်းကိုမသိဘူး. ပြောဘူးပါတယ်။ အမျိုးအဆွေတွေထဲမှာ အစိုးရဝန်ထမ်းတစ်ယောက်မှ တစ်ယောက်ဆို တစ်ယောက်မှ မရှိပါဘူးလို့။ . ..

      အနီပေးလို့ မကြိုက်ဖူး မပြောပါ။

      • အေးပါကွယ် အမောင်Burma ရယ်။မင်းမလဲ ကလေးဘဲရှိသေးသတော့ ကျောင်းစည်းကမ်းတွေ၊နိုင်ငံ့ဥပဒေတွေ
        ပြောမနေနဲ ့သိလား။အဲဟာတွေ ကစစ်ခွေးတွေရဲ ့မိသားစုတွေ၊သူတို ့နဲ ့နီးစပ်သူတွေအတွက် မလိုဘူးသိလား။
        ကျနော်တို ့စီတန်းလှည့်လည်လိုက်ပါတယ် ဆိုတာ ၂၀၀ရ saffron revolution မှာပါ။အားနေလို ့လမ်းထွက်
        လျှောက်တာ မဟုတ်ဘူး။ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေရဲ ့နောက်မှာ စီတန်းလိုက်ပါ မေတ္တာပို ့နေတာ။
        ကျောင်းသားကို ကျောင်းစည်းကမ်းမလိုက်နာလို ့ကျောင်းထုတ်တယ် အကြောင်းပြနိုင်တယ်။ကျနော် အဲဒီနှစ်
        Final part(2)စတက်ပီ။ကျောင်းထုတ်ခံရတာနှမျောစရာမဟုတ်ပါဘူး။ကိုယ့်ထက်တောင် မြင့်မြတ်တဲ့ ရဟန်းသံဃာ
        တွေ ပစ်သတ်၊ရိုက်သတ်ခံရသေးတာ။ကျနော်တို ့နိုင်ငံမှာ ခုလိုဖြစ်နေရတာ မြန်မာနို်င်ငံလုံးဆိုင်ရာ ကျောင်းသား
        သမ္မဂကြီး ဖြိုခွဲခံခဲ့ရလို ့ပါဘဲ။(မောင်ရင် သိနိုင်မယ်မထင်)ဒီအတိုင်းအတာ ထိမင်းက စစ်ခွေးတွေအပေါ်အကောင်းမြင်
        နေနိုင်တာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟုတ်ရဲ ့လား။

        • Burma

          February 24, 2012 at 9:33 pm

          မြန်မာနို်င်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ကိုတောင်မှ မသိရင် ဒီနေရာမှာ ကျွန်တော်ကောမန့် ဝင်မရေးတော့ပါ။ . . .

          အကို ကိုယ်တိုင်ခံစားရတာကို ကျွန်တော်နားလည်တယ်။ ဟုတ်တယ်။ ဒါပေမဲ့ .. .
          လူကြီးတွေပြောဖူးတယ်… အလုပ်တစ်ခုခုလုပ်ရင် ၊ အများနဲ့အတူစုပေါင်းလုပ်တဲ့အခါ ကျရင် စဉ်းစားရတယ် ၊ ရရှိလာတဲ့ ကောင်းမွေ ဆိုးမွေ တွေကို စဉ်းစားရတယ်။ ကိုယ် နားမလည်ရင် ကိုယ့်ထက်ကြီးတဲ့သူတွေကိုမေးရတယ်။ လေ့လာရတယ်။ စူးစမ်းရတယ်။ ကိုယ်တစ်ယောက်တည်းလုပ်လို့ ကိုယ်ခံရတာက ကောင်းတာလုပ်လို့ ကောင်းတာရတဲ့ အကျိုး ၊ မကောင်းတာလုပ်လို့ မကောင်းတာရတဲ့ ဆိုးကျိုး အဲ့ဒါကို ခံစားနိုင်တယ်။ အဲ့တော့ အများနဲ့လုပ်ပြီး ကြားထဲက ပါသွားတာကတော့ ဘာလို့လဲဆိုတာ ကိုယ့်ဘာကို စဉ်းစားကြည့်ပါအကို…

          ကျွန်တော် သူတို့ကို ခွင့်လွှတ်ပါတယ် ပြောမိလို့လားမသိ?? ကျွန်တော်ပြောခဲ့သားပဲအပေါ်တွေမှာ . .သင်္ကန်းရုံ ထားတဲ့ဘုန်းကြီး ၊ဒါမှမဟုတ် အဲ့တုန်းက ပါခဲ့တဲ့ ရဟန်းသံယာ အားလုံး ကို အကုန်လုံးကောင်းပါတယ် ၊ သံယာဝိနည်းသိက္ခာပုဒ်တွေနဲ့ညီပါတယ်လို့ အကိုမြင်ပါသလား?? အကုန်လုံး ဘုရားရဲ့ သားတော်တွေအစစ်အမှန်ပါလို့ အကို ထင်သလား? ယုံကြည်ပါသလား?? အဲ့တော့ ပါဝင်တဲ့ဘုန်းကြီးရဟန်းသံယာတွေအားလုံး ဘုရားသားတော် အစစ်အမှန်ပါ သံယာဝိနည်းသိက္ခာပုဒ်တွေနဲ့ညီပါတယ် လို့ အကိုယုံရင် အကိုနဲ့ကျွန်တော် ဆက်မပြောတော့ပါဘူး။

          နောက် ကလေးတစ်ယောက်ကို အထင်သေးတတ်တဲ့ အကို့ စိတ်ကို အကို ပြန် သုံးသပ်ကြည့်ပါဦး 🙂

        • ဟုတ်ပီလေ Burma ရေ။ခုလိုဆက်မပြောတော့ဘူးဆိုတာလေးကို ကြားရလို ့ဝမ်းသာရတယ်ဗျာ။
          ဒီတော့ အကိုက ကံဆောင်ခဲ့တဲ့ ဘုန်းကြီးတွေအားလုံးဟာ ဝိနည်းနဲ ့ညီတယ်မညီဘူးဆိုလိုချင်
          တာထက်၊ပစ်သတ်ခဲ့တဲ့ စစ်အာဏာရှင်တွေရဲ ့အမွေဆိုးကို လက်သင့်ခံ စဉ်းစားပေးနေတဲ့မောင်ရင့်
          သဘောထားအပေါ်မှာ ဘဲပြောလိုခြင်းပါ။ကလေးတစ်ယောက်ဆိုပြီး နှိမ့်ချလိုက်တာ မဟုတ်ပါဘူး။
          ကိုယ့်ညီမခေဘူးဆိုတာ သိပါတယ်။ယုံလဲယုံပါတယ်။ပြောလိုတာကို ထပ်ပြောမယ်။စစ်အာဏာရှင်
          တွေသက်ဆိုးရှည်ဖို ့အရေး ကောင်းကြောင်းလေးတွေ ထပ်မရေးတော့ရင် ကြည့်ရအဆင်ပြေချောမွေ ့
          မှာပါ။တို ့တတွေဟာ ဂေဇက်ရွာသားချင်းပါ။

  • Davit

    February 24, 2012 at 3:33 pm

    Burma ကိုအနီပေးပြီး မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ ကိုအစိမ်းပေးနေတာ ကျွန်တော်ဒေးဗစ်ပါ…..နာမည်အရင်းလား… ဟုတ်ကဲ့…မျိုးမြင့်အောင်ပါ…..အသက်လား…33 ရှိပါပြီ…. 88 မတိုင်ခင်ကာလရဲ့ ကွာခြားမှုနဲ့ 88 နောက်ပိုင်းကွာခြားမှုတို့ကို ထင်ထင်ရှားရှားမဟုတ်ပေမဲ့ ခပ်ရေးရေးလေးသိလိုက်ခဲ့လို့ အဲ့လိုမျိုး အနီ/အစိမ်း တွေပေးလိုက်တာပါ……

    • ကို Davit ရေ ခုလိုမျိုးထင်သာမြင်သာပြောပြလို ့ကျေးဇူးတင်ပါတယ်ဗျာ။ဒါပေမယ့်
      ဒီလူ Burma ဟာ brain watch လုပ်ခံနေရသလိုပါဘဲ။ဒါမှမဟုတ်ရင်လဲ သူ ့ခံယူချက်
      နဲ ့သူလို ့သာလို ့ဘဲပြောခဲ့ပါတော့မယ်။
      Memeseku ပြောသလိုပေါ့……..
      “”ခဏလေးနေလိုက်ဦးမယ်… ဟိဟိ.. ပြီးရင်အားလုံး… အဖိုးကြီးကအစ မြေးအထိ…
      အကုန် စစ်ခုံရုံးတင်… ကြိုးပေးမှာ….တို. ရဲ.ပါတီ.. ခေါင်းဆောင်… အန်တီစု လဲ..ဒီသဘောထားပဲဗျ””
      ဒါလေးကို ကိုBurma မြဲမြဲမှတ်ထားပါ။

  • memeseku

    February 24, 2012 at 4:19 pm

    အော်…..ကျနော်ထင်တာလေး ဝင်ပြောလိုက်ဦးမယ်နော်… ကြည်.ရတာ… ဒီကိုယ်တော်လေးက သူပြောခဲ.သလို ၁၅ နှစ်မဖြစ်နိုင်ဘူးဗျ…. ဖြစ်နို်ိင်တယ်ဆိုရင်လဲ… အတွေးအခေါ်တခုခုုကိုငယ်စဉ်ထဲက ရိုက်သွင်းခံထားရပုံပေါ်တယ်… ထင်တာပြောတာပါ… ဒါမျိုးကျ မိပေါက်ဖော်… ညဉ်းဘယ်ရောက် နေလဲ…
    ထပ်လောင်းပြောရရင်… ကျနော်အနီမပေးပါ… မိညောင်… 🙂 🙂 နောက်ဆိုဒို့လဲ.. ရွာထဲမှာ သားပုနဲ. Burma လို… မျို… ally 1 ယောက်လောက်ရှာထားမှ… ဒါမှကျနော်ပိုစ့်ရေးတဲ.အခါ… အနီပေးတဲ. လိပ်ပုတွေကို ally နဲ. ရှင်းပြီးပြန်စိမ်း ခိုင်းရမယ်… (နောက်သည်လို့မှတ်ပါ… 🙂 🙂 )
    သတိ…
    ကွန်မန်.များအပေါ်လျာရှည်ခြင်းသာဖြစ်ဂျောင်း…

  • memeseku

    February 24, 2012 at 4:21 pm

    ဒါနဲ. diamond ကအဲ.ဂလိုလား… ဒါဖြင့်ရင် Ace ကရော ဘိုပုံဒုန်း ဟင်..

  • memeseku

    February 24, 2012 at 4:28 pm

    အော် ပြီးတော့…ကိုကြီးသန်းကိုတော့ ဂရင်း ပေးတွားတယ်နော်… သူပြောတာလေးတွေက မှန်တာလေးတွေကိုဗျ…. အခုသမ္မတ ဘာပဲလုပ်ပေးပေး…. အရင်ကကောင်တွေကိုအရေခြုံပေးထားတဲ. သတ္တဝါတွေလို့သာမှတ်ပါတယ်… သူ.ဇာတ်ရှုပ်ကိုသူ.ပဲ..ရှင်းခိုင်းရမှာ… ဘာမှအခုထိတော့အကောင်းမြင်စရာမပါသေးဘူး…… ကျနော့်သဘောကတော့ ခဏလေးနေလိုက်ဦးမယ်… ဟိဟိ.. ပြီးရင်အားလုံး… အဖိုးကြီးကအစ မြေးအထိ… အကုန် စစ်ခုံရုံးတင်… ကြိုးပေးမှာ….တို. ရဲ.ပါတီ.. ခေါင်းဆောင်… အန်တီစု လဲ..ဒီသဘောထားပဲဗျ…

    • Burma

      February 24, 2012 at 8:24 pm

      ♦ memeseku က ဘယ်သူလဲတော့မသိပါဘူး။ ဘယ်အသက်အရွယ်ရှိပြီလဲတော့မသိဘူး။ အရင်ကကောင် တွေ အခုအကောင်တွေ အရေခြုံပေးထားတဲ. သတ္တဝါတွေ ပြောရအောင် အဲ့လိုပြောဖို့ အသုံးအနှုန်း တခုခုုကိုငယ်စဉ်ထဲက ရိုက်သွင်းခံထားရပုံပေါ်တယ်. (ခီညား စကားပြန်သုံးတာနော် hak hak) .. ကိုကြိုက်ရင် ကိုကြီး ၊ အန်တီ ၊ ခေါ်ပြီး ကိုမကြိုက်တဲ့သူကိုဆို သတ္တဝါတွေ အရေခြုံတွေ အကောင်တွေပြောတယ် :S “ကိုယ့်ကိုကိုဖော် မသူတော်” ဆိုတာကြားဖူးတယ်ထင်တယ်နော်.. အဲ့လိုပြောကြေးဆို ပထမဆုံး ကျွန်တော့ကိုရိုက်သွင်းခံရပါတယ်ပြောတဲ့ post မာ ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကို အဲ့လိုသုံးရင် ခီညား ဘာပြောမလဲ?? 🙂 အမိယုတ်တော့ နှုတ်ကြမ်း ၊ အဖယုတ်တော့ ကိုယ်ကြမ်းတဲ့ . . .ရှင်းရှင်းပဲ ကျွန်တော်ကတော့. . ဘယ်သုလက်အောက်ခံမှလဲမဟုတ်ဖူး ။ ဘယ်လခစားမှလဲမဟုတ်ဖူး။ ဘယ်သုဝန်ထမ်းမှလဲမဟုတ်ဖူး။ မဲပေးခွင့်ရရင် ဘယ်သုကိုမှလဲ မဲမပေးဘူး။ 15 နှစ်မဟုတ်နိုင်ဘူး ဘာညာ ပြောတာ ကျွန်တော့အကြောင်းမသိလို့ဖြစ်မယ်နော်.. http://myanmargazette.net/72797/uncategorized-other/copypaste မှာပြန်ဖတ်ကြည့်ဗျာ။ http://myanmargazette.net/89933/uncategorized-other/copypaste http://myanmargazette.net/90201/uncategorized-other/copypaste ၊ တင်ထားသမျှ Post ဘယ်သုကိုမှ မမိုက်ရိုင်းဘူး ဘယ်သုကိုမှ မဆဲထားဘူး။ 🙂 ၊

    • Burma

      February 24, 2012 at 9:15 pm

      ♦ အသက်ဘယ်လောက်လဲတော့မသိဘူးနော်။ memeseku က .. . ဒါပေမဲ့ ငယ်ငယ်ကတည်းက ကို မကြိုက် ၊ မနှစ်သက်တဲ့သူကိုဆို အကောင် ၊ အရေခြုံထားတဲ့ သတဝါလို့ ပြောတတ်ဖို့ ကိုမကြိုက်ရင် ကိုယ့်ထက်ကြီးတဲ့သူကို မိုက်မိုက်ရိုင်းရိုင်းပြောဖို့ ရိုက်သွင်းခံထားရတာထင်တယ် 😛 (ခီညားပြောတဲ့အတိုင်းပြောတာနော် hak hak) ကိုကြိုက်တဲ့သူဆို ကိုကြီး ၊ အန်တီ တို့ခေါ်တတ်ဖို့လဲ ငယ်ငယ်ကတည်းက သင်ထားတယ်ထင်ပါ့။ အမိယုတ်တော့ နှုတ်ကြမ်း ၊ အဖယုတ်တော့ ကိုယ်ကြမ်းတဲ့နော်။.. . စကားပုံကိုပြောတာပါ။ ခွိ. . ကြားဖူးတယ်မလား. . :]
      ခီညားလဲ မောမှာပဲနော်။ ကျွန်တော ရေးတဲ့ post တို့ ကောမန့်တို့မှာ ကျွန်တော် 15 နှစ်ပြည့်မှာမဟုတ်ဖူး ၊ 15 နှစ်ဆိုလဲ ငယ်ငယ်ကတည်းက ရိုက်သွင်းခံထားရတယ်ကြီးပဲ လိုက်ပြောနေတာ []-D

  • Khin Latt

    February 24, 2012 at 8:45 pm

    သားပု(Burma) ရေ –
    မင်း ကို မှတ်မိတယ်။ 🙂
    စာမေးပွဲ နီးပြီဟုတ်။ ဒီနှစ် မင်း ၁ဝတန်း ဖြေမယ် ထင်ရဲ့။
    အခု ချိန်တော့ စာဘဲ ကျက်စေချင်တယ်သားရေ့။
    မင်း ဘာကို ဆိုလိုတယ်ဆိုတာ အန်တီ နားလည်ပါတယ်။
    စာမေးပွဲ ပြီးရင် ပြန်လာခဲ့ပါ။
    အန်တီတို့ ဆက်ဆွေးနွေးကြတာပေါ့။
    မင်း ဆီက စကားတွေကို အန်တီ တို့ တကယ်ဘဲ နားထောင်ချင်ပါတယ်။
    ရက် သိပ်မလိုတော့ပါဘူး။ ဒီရက် စာကိုသာ အာရုံစိုက်ပါ။

    ခင်မင်စွာဖြင့်

    • Burma

      February 24, 2012 at 9:05 pm

      9 တန်း အန်တီရေ။

      • Khin Latt

        February 24, 2012 at 9:18 pm

        Please come back when you have finished the exam. OK …..
        Now… try as much as you can do.
        And wish you all the best. 🙂

        • Burma

          February 24, 2012 at 9:44 pm

          ♦ Thanks,Auntie.
          I trust i can try the best.
          As you know.It’s very near to become Grade11 student. I think i couldn’t come to Gazette very soon.So, let’s meet next year.. . 2013 ! ;D

      • နှူးဘာဂိုဏ်းချုပ်

        February 24, 2012 at 9:49 pm

        ညီလေးရေ ….
        ကိုယ့်ထက် ၁၁နှစ်လောက် ငယ်နေလို့ ညီလေးလို့ ခေါ်ခွင့်ပြုကွာ ….

        ညီလေးကို ၂ခုပြောချင်တယ် …

        ၁။ ညီလေးကို ချီးကျူးချင်တာကွ …..
        ကိုယ်မင်းအရွယ်တုန်းက မင်းလောက် မသိခဲ့ဘူးကွာ …
        ရှင်းအောင်ပြောရရင် ….စာကို အလွတ်ကျက်တဲ့နေရာမှာ …ကိုယ်မင်းထက်ပို အလွတ်ရချင်
        ရခဲ့လိမ့်မယ် …အမှတ်တွေ ဂုဏ်ထူးတွေ များချင်များခဲ့လိမ့်မယ်… အဲ ..ဖတ်စာအုပ်အပြင်
        မကျော်လွန်နိုင်တဲ့ သာမန်ထက် နည်းနည်းကဲ တယ်ဆိုတဲ့အဆင့်ပေါ့ကွာ …

        ညီလေးကတော့ ကျောင်းစာအပြင် အပြင်စာပါ အတော်ဖတ်နိုင်တယ်ဆိုတာ ညီ မန့်တာတွေကိုကြည့်ရင်
        သိပါတယ်ကွ ….။ နောက်တချက် ..ပေါ်လက်တစ်ကယ်လ် ဆိုင်းယန်စ့် အယူအဆကို ဟစ်ထွီနဲ့ ရောပြီး
        ချက်ကျလက်ကျ ရေးနိုင်တာ လက်ဖျားခါတယ်ကွာ …(မင်းကို မြှောက်တာမဟုတ်သလို မြှောက်စရာအကြောင်းရင်း .လည်း မရှိလို့ပါ)…ဆိုလိုချင်တာက မင်းနဲ့ ကိုယ်နဲ့ ကြားမှာ ကိုယ့်ညီအရင်း အသက် ၂ဝခန့် ရှိတယ်ကွ…

        ညီလေးသိတာ သိလို့ခွဲခြမ်း ဆင်ခြင်သုံးသပ်တာ ကိုမပြောသေးဘူးနော..
        သိတာရဲ့ ၃ပုံတပုံတောင် အနှီ ငတိ မသိရှာဘူးကွာ …ညီ့ထက် ၅နှစ်ကြီးပြီး ကျုပ်ထက်၅နှစ်လောက်ငယ်တဲ့
        ငတိနော….

        ဆိုတော့ ခေတ်ကွာလို့တို့ …. စနစ်ကြောင့်တို့ မဟုတ်ပါဘူး …
        ကိုယ့်ညီက ပိန်းတာ ထူတာ …အဆော့မက်တာ …လေ့လာရကောင်းမှန်းမသိတာ ..မသင်ယူတတ်တာ
        ထားပါတော့ကွာ …သူ့ထက် ၅နှစ်ငယ်တဲ့ချာတိတ်ကို ၅နှစ်စာ မက ရှုံးနေလို့ ..
        မင်းကို ကိုယ့်ညီလေးသာ ဖြစ်လိုက်ပါတော့ကွာ ဆိုပြီး မေတ္တာထားပြီး ရေးဖြစ်တာပါကွာ …
        (ကျုပ်မှာ ၆၃မကျတဲ့ ညီတယောက် ရှိတယ်ဆိုတာ အသားလွတ် မကြွားချင်လောက်ဘူး ဆိုတာ
        ညီသိမယ်ထင်ပါရဲ့ ….အဲ့ ..အထက်ကပြောသလိုလည်း ညီ့ကို အသားလွတ် မြှောက်စရာ မလိုဘူးရယ်လေ..)

        ၂။ ဒါကတော့ သတိပေးချင်တာကွ …

        နိုင်ငံရေး ကို ရုပ်ရှင်လို မြင်ကြည့်ကွာ …ဘယ်လောက် သတ်မှတ်သလဲ….
        ကိုယ်ကတော့ NC-17 လို့ လက်ခံထားတယ်ကွ …
        ဘာလို့လဲဆို …၁၈နှစ်ပြည့်မှ မဲပေးခွင့်ရှိတာ …(ဝါ)
        မင်းကိုပေမီဒေါက်မီ နိုင်ငံသား တယောက်အနေနဲ့ သတ်မှတ်တာလေ…

        ဆိုတော့ ညီရယ် …လေ့လာတာ ဆက်လေ့လာပါ. ..(ကျောင်းစာလည်း မလျော့စေနဲ့ပေါ့ကွာ …
        ငါ့ညီ မညံ့လောက်ပါဘူး …ထူးချွန်စွာအောင်မယ် ဆိုတာ ယုံပါတယ်…)

        သို့သော် တခုကွာ နိုင်ငံရေး ကိစ္စ ဖြစ်ရပ် ဘယ်လောက်ပဲ နောကျေနေပါစေ …
        မဆွေးနွေးစေချင်ဘူးကွ … (ညီမှားတယ် မှန်တယ် မပြောဘူး …)
        မှန်နေရင်တောင် ဝင်မဆွေးနွေးသင့်ဘူး ကွ ….
        ငြင်းကြရရင် ပိုဆိုးတယ်မလား ကွာ …

        လက်ဝှေ့မှာ ရှိတယ်မလား … ဝိတ်မတူရင် မထိုးရဘူး ဆိုတာလေ…
        ဖယ်သာ ဝိတ်တန်းချန်ပီယံက ကျုပ်ကိုကျုပ်ဘယ်လောက်ယုံပါတယ် ပဲပြောပြော…
        စည်းမျဉ်းစည်းကမ်းအရ …ဟဲဗီးဝတ်တန်းက လက်ဝှေ့သမားကိုထိုးခွင့် မရှိဘူးကွ…
        သည်သဘောပဲ ….အသက်မပြည့်သေးတဲ့ (ဘယ်လောက်ပဲ ဉာဏ်ပြည့်ပြည့်) သည်ကိစ္စ ဆွေးနွေးတာတော့
        ရပ်စေချင်တယ်ညီ ….။

        ဘာလို့လဲဆို …မင်းမှားတာ ကိုထောက်ပြရအောင် သမရအောင်လည်း အသက်ကမပြည့် …
        မင်းမှန်တယ် မင်းကိုထောက်ခံတယ် ….ဟုတ်တယ် လုပ်ပါ ဆိုတာမျိုး ပြောရအောင်လည်း …
        မင်းကဘောင်မဝင် …. ဆိုတော့ ညီလေးရေ …

        ကိုယ့် Physics ဆြာ တယောက် ကိုယ့်ကိုပြောဖူးတာရှိတယ်ကွ …
        လိုင်စင်ပုံပဲဖြစ်ဖြစ်တဲ့ …မွေးနေ့တိုင်း ဒါ့ပုံရိုက်ကြည့်ပါလားတဲ့ ….
        ဘယ်နှခုနှစ် အတိအကျပေါ့ကွာ ငါ့မွေးနေ့မှာ ငါ ဘယ်ရုပ် ဆိုတာမျိုး…
        ကိုယ် ရင့်ကျက် ..တနည်း ရင့်ရော်လာတာကို မွေးနေ့နဲ့တကွ ..(မွေးနေ့ပကာသနတွေ ခဝါချပြီး)
        မြင်ကြည့်လို့ ရတာပဲကွာ ဆိုပြီး ဆုံးမဖူးတယ်ကွ …

        အစ်ကို အဲ့သည့် ဆုံးမစာလေးကို နည်းနည်းပြင်မယ်ကွာ …
        ညီက ၁၅နှစ်လို့ပြောတယ်… ၁၈နှစ်ပြည့်ဖို့ ၂နှစ်နဲ့ လပိုင်းလိုမယ်ပေါ့ကွာ …
        ညီ့ဟာညီ စာချရေးကြည့်လိုက်ပါ. … လေ့လာတဲ့အားကိုတော့ ချီးကျူးပြီးသားမို့
        (ဘယ်လိုလေ့လာဖြစ်တယ် ဆိုတာထားတော့) ကျောင်းစာမထိခိုက်ရင် သည်အရှိန်လေးကို
        ဆက်ထိန်းထားပြီး လေ့လာကွာ .. .. လွန်ခဲ့တဲ့ ၆လက ညီ ရေးတဲ့ စာကို ယနေ့ညီ ဘယ်လိုပြင်မလဲ
        ယနေ့ရေးတဲ့ စာကို နောက်၆လ ညီဘယ်လိုပြင်မလဲ …. ညီ ၁၈နှစ်ပြည့်တဲ့အခါ
        နောက်ဆုံးအချောသတ်စာဟာ ..မူလဘူတ အရင်းခံ စာ(သည်၂ခု ဘယ်လောက်ကွာကွာ ..)
        ညီကိုယ်တိုင်လည်း ညီ့ အီဗော်လျူးရှင်းကို သိမယ် …ထရင်းန် ကို သိမယ် …
        ညီ လုပ်ခွင့်ရှိ လုပ်ခွင့်ရတဲ့အချိန်မှာ .. …. ဆိုတဲ့အဖြေကို ညီ ကိုယ်တိုင် ချရေးကြည့်စေချင်တာပါပဲ….

        ဘလောဂ့်တွေ …ဆိုက်တွေမှာ မရေးစေချင်ဘူးဆိုတာက …
        ညီ့အတွက် စိုးရိမ်လို့ပါဗျာ …. မှန်တယ်မှားတယ်ထားဦးနော…
        ညီလေးရေ …. ဒိုင်ယာရီကွာ …ဒိုင်ယာရီ….

        ခင်တဲ့ …..
        ဂီ

        • ကိုဂီရေ…..
          ကျမော့်ကိုလဲ သတိပေးလိုက်သလိုပါဘဲ။ကျနော်မှားသွားပါတယ်။
          အကိုရဲ ့သွယ်ဝိုက်ဆုံးမပေးတဲ့ ကွန်မန် ့လေးအတွက် ကျေးဇူးအထူး
          တင်တယ်ဗျာ။

  • memeseku

    February 24, 2012 at 8:53 pm

    ကောင်လေး လူဇိုး..ဖဲခိုးဆော့တယ်နော်..

    • student

      February 25, 2012 at 1:17 pm

      ရည်းရတယ်ဗျာ……လားရိုးမှာဆင်းရဲသားပပျောက်ရေးအတွက်သမ္မတ ကတော် လားရိုးဈေး
      ၁၀ဝ တန်အကြွေစေ.ဝေနေပီ။သူတို.လဲဂျာနယ်ထဲပါချင်လို.ထင်ပါရဲ.။စကိုင်းနက်ကလဲ
      တောက်လျှောက်မှတ်တမ်းလိုက်ယူနေတယ်။ကုန်သည်တွေကိုလဲအတင်းအကျပ်လှူခိုင်းတယ်။
      စကိုင်းနက်တောင်ပြည်သူ.စကိုင်းနက်မဟုတ်တော.ဘူး။သူတို.ရဲ.စကို်င်းနက်ဖျစ်နေပီ။

  • Burma

    February 25, 2012 at 5:11 pm

    ကောမန့်ပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်။ လေးလဲလေးစားပါတယ်။
    အကျိုးအကြောင်းတစ်ခုမှာ ကောင်းတာကော ဆိုးတာကောရှိပါတယ်။
    ကို့ကိုယ်ကိုတောင် ကောင်းတာတွေ ကော မကောင်းတာတွေ ကောရှိမှာပါ။
    ကိုဂိကိုကျေးဇူးတင်ပါတယ်။ ကို့ထက် ၁ နှစ် ၁ ရက်ကြီးတဲ့သူတောင် ကို့ထက် အတွေ့ အကြုံများနိုင်သေးတာပဲ။ ..
    ကျွန်တော် အခု အတိုက်အခံပြောနေတယ်ဆိုတာကလဲ အဲ့လို အတိုက်အခံ လုပ်မှ အမှန်ဆိုတာကလဲထွက်လာမှာလေ။ ညှိယူရင် အဖြေမှန်ဆိုတာ ထွက်လာနိုင်မှ ထွက်လာနိုင်တယ်။ ရင်ထဲက အမှန် ထွက်ချင်မှ ထွက်လာနိုင်မယ်ဆိုတာ ကို သန်းထွဋ်ဦးကိုပဲကြည့်ပေတော့။ သူ ကျောင်းထုတ်ခံရလို့ စိတ်နာတယ်ဆိုတာ ဒီတိုင်း မေးရင် ထွက်လာချင်မှထွက်လာမယ်။ ခုလို အတိုက်အခံပြောတော့ ထွက်လာတယ်။ အဲ့လို ထွက်လာတဲ့အမှန်ကို မြင်ချင်လို့ အတိုက်အခံပြောနေတာပါ။ 🙂 နောက်လဲ အလျဉ်းသင့်ရင် ဝင် အမုန်းခံလိုက်ပါဦးမယ် 🙂
    စာမေးပွဲလဲ တနလာင်္ဗျ။ စီးယူ။
    ဦးကျော်ဟိန်းလိုပဲ. .

    လူသားအားလုံးကိုလေးစားပါတယ်။ :]

    • ဒီမယ် ညီလေး…….
      ကျနော်ကကိုယ့်ကိုထိခိုက်မှစိတ်နာနေတယ်လို ့ဘယ်တုန်းကမှမပြောဘူး။
      အေး ညီလေးမြဲမြဲမှတ်ထားပါ။ဒါ့လောက်လေး အကိုနစ်နာတာဟာ တခြား
      သော နိုင်ငံရေးသမားတွေ(လက်ရှိ အကျဉ်းကျခံနေဆဲတွေ)ကြားရင် ရှက်စရာ
      ပါကွာ။သူတို ့တွေရဲ ့ဘဝတွေမှာ အမေတစ်ခုသားတစ်ခုတွေ၊မိတကွဲဖတကွဲ
      တွေဖြစ်လို ့၊အသက်ပါဆုံးသွားခဲ့တဲ့ လူတွေ၊သူတို ့မိသားစုတွေ ဘယ်လောက်
      နာကျဉ်းကြမလဲ တွေးကြည့်ပါ။ကျနော့်အဖြစ်လောက်နဲ ့က စာမဖွဲ ့လောက်ပါ
      ဘူး။ကျနော်တို ့လိုကျောင်းထုတ်ခံရသူတွေထဲမှာ မန္တလေး ဆေးကလဲပါခဲ့တာ
      ပါဘဲ။သူတို ့ရဲ ့ခံယူချက်လဲဒီတိုင်းပါဘဲ။မပြောင်းလဲနိုင်ပါဘူး။ကိုယ့်မိသားစုအ
      သိုင်းအဝိုင်းထဲမှာ ဒီအလုပ်မျိုးလုပ်ဖို ့ဝေးစွ၊ဝေးဝေးရှောင်နေသူများအဖို ့နား
      ဝင်ခက်တာ ပြဿနာမဟုတ်ပါဘူး။
      အဲဒီတော့ ညှိလဲမယူနိုင်တော့ဘူး။လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။
      ဆက်လဲမပြောတော့ဘူး သားပု(ခ)Burma ရေ။

  • Burma

    February 25, 2012 at 5:12 pm

    ကောမန့်ပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်။ လေးလဲလေးစားပါတယ်။
    အကျိုးအကြောင်းတစ်ခုမှာ ကောင်းတာကော ဆိုးတာကောရှိပါတယ်။
    ကို့ကိုယ်ကိုတောင် ကောင်းတာတွေ ကော မကောင်းတာတွေ ကောရှိမှာပါ။
    ကိုဂိကိုကျေးဇူးတင်ပါတယ်။ ကို့ထက် ၁ နှစ် ၁ ရက်ကြီးတဲ့သူတောင် ကို့ထက် အတွေ့ အကြုံများနိုင်သေးတာပဲ။ ..
    ကျွန်တော် အခု အတိုက်အခံပြောနေတယ်ဆိုတာကလဲ အဲ့လို အတိုက်အခံ လုပ်မှ အမှန်ဆိုတာကလဲထွက်လာမှာလေ။ ညှိယူရင် အဖြေမှန်ဆိုတာ ထွက်လာနိုင်မှ ထွက်လာနိုင်တယ်။ ရင်ထဲက အမှန် ထွက်ချင်မှ ထွက်လာနိုင်မယ်ဆိုတာ ကို သန်းထွဋ်ဦးကိုပဲကြည့်ပေတော့။ သူ ကျောင်းထုတ်ခံရလို့ စိတ်နာတယ်ဆိုတာ ဒီတိုင်း မေးရင် ထွက်လာချင်မှထွက်လာမယ်။ ခုလို အတိုက်အခံပြောတော့ ထွက်လာတယ်။ အဲ့လို ထွက်လာတဲ့အမှန်ကို မြင်ချင်လို့ အတိုက်အခံပြောနေတာပါ။ 🙂 နောက်လဲ အလျဉ်းသင့်ရင် ဝင် အမုန်းခံလိုက်ပါဦးမယ် 🙂
    စာမေးပွဲလဲ တနလာင်္ဗျ။ စီးယူ။
    ဦးကျော်ဟိန်းပြောသလိုပဲ. .

    လူသားအားလုံးကိုလေးစားပါတယ်။ :]

Leave a Reply