အင်း…

ခုတလော မောင်ဂီ မက်ခရို အရူးထနေပြီး

တမလွန် ကို ပဲချောင်းချောင်းနေမိတော့…

တိုကီနာ ငါးမျက်စိလေး ခမျာ မျက်နှာငယ်ရှာမယ်ထင်ပါ့ ….

 

 

မောင်ဂီ က ဒီက ရွှေ အသိုင်းအ၀ိုင်းထဲမှာ ၀င်ဆန့်တာ မဟုတ်ဘူးရယ်….

ကိုယ့် အလုပ်နဲ့ ကိုယ် ရှုပ်နေတာ ဆိုတော့ …အားတဲ့အချိန်လေး

ဝါသနာပါရာ မလုပ်ရမှာလည်း စိုးရိမ်လေတော့ …. သည်က အမျိုးမျိုးအထွေထွေသော

ဗီဇာဖြင့် မှီတင်း နေထိုင်ကြကုန်သော ရွှေ တွေကြား မ၀င်ဖြစ်…..

 

ပြောပါတယ်…. တနေ့သေကြရမည် မသေခင် လုပ်ချင်တာလုပ်ကြ ဆိုတဲ့ ဆောင်ပုဒ်ကို

လက်ကိုင်ပြုပါတယ်ဆို … (ကျနော့် ဂစ်တာဆြာ တယောက် ပြောလေ့ရှိတဲ့ စကားပါ. ..ကျနော့် အုန်းကျုံးမဟုတ်

ဆြာ့တောင် သတိရသွားဘီ..)

 

သည်က မြန်မာ ဒါ့ပုံဆြာ ၃ယောက် လောက်ပဲ သိရဲ့ ….

သည်က တချို့တော့ ကျုပ်ကို ငါးမျက်စိတပ်ပီး စိုင်ပစ်တဲ့ ခပ်ကြောင်ကြောင် ငတိ လို့တော့ သိကြရဲ့…

 

ထားပါ…. သည်လိုနဲ့ …ဂနေ့တော့ တမလွန်ကို မချောင်းဘဲ …တိုကီနာပဲ ပစ်မယ်ပေါ့ …

မနက်က အိတ်ထဲ ဘာပြောင်းမှ မထည့်ဘဲ …တိုကီနာ ၁လုံးထဲနဲ့ ထွက်လာခဲ့တာ …

ထုံးစံအတိုင်း တိုကီယို တာဝါ ဆီ ချီတက်ခဲ့လေရဲ့

 

ဟိုရိုက်သည်ရိုက်ပေါ့ …. ဟိုတလောက ကမှော်ကိုတောင် ပြောဖြစ်ပါသေးတယ်…

ကျနော် အပါချာ ဆိုက်ဇ် တခုတည်းကို စွဲနေအောင်ကိုင်ပီး ကျန်ဆက်တင်၂ခုပဲ ဆော့ပီး

အမျိုးမျိုးအထွေထွေသော အခြေအနေကို စိန်ခေါ်ကြည့်နေတယ် လို့ ….

 

နည်းနည်း အားရလာတော့ နောက်ပိုင်း အိုင်အက်စ်အို ကို အသေထားပြီး ပြောင်းကျင့်မိတယ်…

မဆိုးပါဘူး …. သည်လိုပဲ ကိုယ့်ကိုကိုယ် မွမ်းမံကြည့်ရတာပေါ့ ….

လူဆိုတာ ငပျင်းမျိုးလေ. ….(အော်ရယ် ..နှူးဘာဂီ ရယ် …လူကြားကောင်းအောင် ပြောနေပြန်ပါဘီ..)

သည်လိုနဲ့ .. တမလွန် ပြောင်း ၀ယ်တပ် မိပြီးတော့ သည်တခါ တိုင်းဗဲလျူး ဘက် လေ့ကျင့်မိရဲ့ ……

(လစ်မစ်လေးတွေရှိပေမယ့် မဆိုးပါဘူးဗျာ..)  ကြာတော့ ကျနော့် အိပ်စပိုရှာ မုဒ်တွေ ကို

ပြန်ပြီး ရယ်ဗီရှင် လုပ်ချင်စိတ်ကလေး ပေါက်လာလို့ ….မပစ်တာ အနည်းငယ်ကြာတဲ့

ငါးမျက်စိ ထုတ်ပြီး အိပ်စပိုရှာ ကျင့်ရခြင်းဖြစ်ပါတယ်ဗျာ…

 

အဲ့သည့်မှာ ည လည်းဖြစ် မီးအလင်း သဘောကိုလည်း ကျူတိုရီရယ်ဆင်းဖြစ်တဲ့

တိုကီယို တာဝါ ဘက် ခြေဦးလှည့်ဖြစ်သပေါ့…. အင်း ..လေတွေရှည်နေပါဘီ …တင်ဘီဗျို့ ….

 

 

ဒါ အစောပိုင်းက ရိုက်ဖြစ်တဲ့ပုံပါ ထုံးစံအတိုင်းပေါ့ဗျာ ….. အောက်ခြေကနေ ပင့်ရိုက်ထားတာ …လမ်းမဘက်ကဗျ…

ဂယ်က သည်နေ့ ..အပေါ်တက်မယ် စိတ်ကူးထားတာ …၁ခါတက် ယန်း၇၀၀ (ကျပ်၈ထောင်ခန့်) ဆိုတော့

ကျနော် တခါမှ မတက်ဘူးဗျ. ..(အလကားတက်လို့ရတဲ့ ရှင်းဂျုကု မက်ထရိုနဲ့ …ဘွန်းခချောခု က ဆဲလ်ဗစ်စင်တာသာတက်တာ..)

မစားရမသောက်ရ ၈ထောင်ဆိုတော့ နှမျောသား … အဲ့ ..သည်ဘက်ခေတ်မှာ တိုကီယိုတာဝါလည်း သိပ်မြင့်တဲ့အထဲမပါတော့ဘဲ …

မိုးပျံတိုက်တွေကြားမှာဆိုတော့  ရှုခင်းမလှလို့လည်း မတက်ဖြစ်တာ ပါပါတယ်ဗျ….

 

အဲ့လိုနဲ့…

 

 

တိုကီယို ပရင့်ဇ် ဟိုတယ် ရှေ့က ပန်းခြံလေး ရောက်ခဲ့တယ်ဆိုပါတော့ ….. သည်ရိုက်ကွင်းက ညဘက် စိုင်ပစ်ရင် သုံးဖြစ်တယ်ခည …

သည်တညတော့ အရင် ရိုက်ဖူး (တင်လည်းတင်ဖူး) တဲ့ ပုံစံအတိုင်း ပြန်ရိုက်ဖြစ်ရဲ့ …..

ကျင့်သာကျင့်နေတာ ..ခုရက်ပိုင်း ဘယ်လိုဖြစ်တယ် မသိ…

ကင်မလာပဲ ဟောင်းလာတာလား …မျက်စိဘဲ မွဲလာတာလား ..လူပဲ ၆၃မကျ ဖြစ်လာ သလား မဆိုနိုင် …

ရိုက်သမျှ ပုံတိုင်း ….လုံးဝ အားမရဘူးဗျာ .. (၁၀၀ ရိုက်ရင် ၁ပုံလောက်တော့ ကောင်းချင်တာပေါ့နော..)

အဲ့သည့်တော့ … အရင် ရိုက်ခဲ့တဲ့ ပုံတွေနဲ့ နှိုင်းယှဉ်လို့ရအောင် ခုလို အရင် ပုံအတိုင်းရိုက်မိတယ်ဗျာ…


ဖိုးကပ်စ်က အနီးဆုံးက ဒါ့တိုင်ပေါ်မှာပါဗျို့ …

နောက်ကဟာဒွေ ၀ါးနေလို့ …၁ပုံလုံး ဖိုးကပ်စ် မပြတ်ဘူး မထင်စေချင်ပါခည…

ဝိုက်ဒ် အန်ဂယ်လ်တွေဟာ လိုက်စို့စ် တွေနဲ့ တွေ့တဲ့အခါ … တနည်း ဖလဲယားတွေကြုံတဲ့အခါ..

တနည်း အပေါက်အကျယ် … ၃.၅ လောက်နဲ့ ရိုက်တဲ့အခါ …ပုံရိပ်ပြတ်သားမှု အားနည်းကြောင်း …

ကိုယ့်ကိုကိုယ် သတိပေးမိတဲ့ ပုံပါဗျာ …..

 

ဒါကတော့ ထလိုင်ပေါ့ မထမ်းနိုင်တဲ့ ကျနော် …ကင်မလာ အောက်ချပြီး ရိုက်ထားတဲ့ပုံဗျ….

ခရော့ပင်း မကိုင်ထားလို့ ..အချိုးမကျဘူး ထင်ချင်ထင်ရပါလိမ့်မယ်…

ဟုတ်ကဲ့ ကျနော် သည် အယ်လ်ဘမ်ကို raw like sushi ဆိုတာမျိုး

မပြင် မဆင် မိတ်ကပ် မဖို့ဘဲ …အရောင် ဘာညာ သာဒကာ မချိန်ညှိဘဲ …

ကင်မလာ လန်းစ် က သိတဲ့ အလင်းသိမှုအတိုင်း တင်ပြချင်လို့ …တမင် သည်တိုင်း

တင်လိုက်တာပါ …(သည်တခါတော့ ပျင်းလို့ မပြင်တာ မဟုတ်ပါ)

 

သရဲ က အဲ့မှာ စတွေ့တာဗျို့ ….သည်ပုံကို တဆုံး ၀ိုက်ပီး ရိုက်ပြီးတဲ့ သကာလ….

ကျနော်တွေးမိတာက …

စွတ် ၀ိုက်နေလည်း ပြချင်တာ ဇောင်းပေး ပြဖို့အတွက် ပြန် ခရော့ပ် ရမယ့် အတူတူ …

အန်ဂယ်လ် ကို ကျဉ်းစေပြီး လိုသလောက်သာ ရိုက်မယ် ဆိုရင်ဖြင့် …ဆိုတွေးပြီး

၁၃မမ လောက်ရောက်နေတဲ့ အန်ဂယ်လ် ကို ၁၇မမ အထိ ပြန်တင်မိတယ်ဗျာ ….

အဲ့မှာ စတွေ့တာပဲဗျို့ …. သရဲ ဆိုတဲ့ သတ္တ၀ါကို ….

ကျနော်က လက်မငြိမ်မှာစိုးလို့ ( အိုင်အက်စ်အို ချထားလို့ … ရှပ်တာစပိ ချထားတဲ့အတွက် …လက်နဲ့ကိုင်ရိုက်လို့ ရတဲ့

စပိမဟုတ်တဲ့အတွက် မြေပေါ်ချရိုက်ရလို့ ..) တပုံမကောင်း ၁ပုံကောင်းပါစေ ဆိုပြီး တိုင်မာနဲ့ ဘာဇ့် မုဒ်နဲ့ ရိုက်တာကိုး …

ကင်မလာ ပြန်ဆွဲယူပြီး ကြည့်ကြည့်တော့မှ လားလား …

 

 

ဒီပုံကို တွေ့တော့တာပဲ ဗျို့ …ကျုပ်လည်း … အစက သတိမထားမိဘူးရယ် …ကျနော် အတွဲလိုက်ရိုက်ရင်(ဘာ့ဇ်မုဒ် ရိုက်ရင်)

၎ပုံကနေ ၈ပုံလောက်ထိ ဆွဲတတ်တာကိုး … ဆင်ဆာ ကပဲ ကြွတော့မလား လန်းစ်က ပဲကြွတော့မလားမသိ ….

ဒါမှမဟုတ်လည်း … အလင်းအမှောင် အပြောင်းအလဲကြောင့် ဖြစ်နိုင် သေးတာကိုး ..၁ပုံနဲ့ ၁ပုံ အရောင် မညီတာ ..(အ၀ါသွေးများတာ အပြာသွေးများတာ)

ဖြစ်တတ်သေးတာကိုး ……ကျနော့် အကျင့်က လွန်စွာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ရထားစီးရတဲ့အချိန်တွေ ဆို (ဒါ့ပုံရိုက်ဖြစ်တဲ့နေ့တွေပေါ့လေ…)

ရီဗျူးလုပ်ရင်း ဘာ့ဇ် မုဒ်နဲ့ ရိုက်ထားပြီး မကောင်းတဲ့ ပုံတွေ   ပြန်ဖျက်လေ့ ရှိသဗျ..

 

အဲ့မှာ သည်ပုံကို သွားတွေ့တာပဲဗျို့ …. ကျနော် ရိုက်ခဲ့တာ ၆ပုံ …ကျန်၅ပုံမှာ အနှီ သရဲပုံမပေါ်ဘူး …

သည်တပုံထဲ လာပေါ်နေတာ … ဆိုတော့ ..အနှီ ၁ပုံကိုပဲ …. အကြီးချဲ့ … ခရော့ပင် ချပြီး ထပ်တင်ပါ့မယ်ဗျာ…

အင့် …. အင့် …

 

ကျုပ် အင်ထုထားတာ မဟုတ်ကြောင်း ကွန်ပူတာထဲ ထည့်မထားရသေးခင် ကင်မလာ က RAW ဖိုင် ကို ပြပြီး သက်သေပြချင်ရဲ့ …

(အရိပ်မထွက်တာလေး သတိပြုမိမယ်ထင်ပါ့ ….)

ဂယ်ပြောတာပါ… ပုံဆိုက်ဇ်က ၂၅မက်ဂါဘိုက်လောက် ရှိပြီး …အိမ်သုံး ကွန်ပူတာတိုင်းနဲ့ ဖွင့်လို့ မရမှာ မို့  နောက်တနည်း..

တင်ကြ ကူးကြ ရှဲကြတဲ့ ယနေ့ခေတ်မှာ .. ကျုပ် ကိုယ်တိုင် ရိုက်လာခဲ့တဲ့ ခေါ်ပီရွိုက်ကို သူများ စားသွားမှာ ဦးသွားမှာ

ကြောက်တာကြောင့်ရော ..မတင် ဖြစ်ပါခည……

 

 

အနှီ RAW မှာ ဘယ်လိုမြင်ရတယ် …ကင်မလာနဲ့ ပြန်ကြည့်ရင် ဘယ်လို တွေ့ရတယ်…

ယနေ့ခေတ် ဖိုတိုရှော့ပ် အစွမ်း လုံးဝ(လုံးဝ)မပါဘဲ ..ရိုက်ထားတာ ဖြစ်တယ် ဆိုတဲ့အချက်တွေကို

အပိုင်း-၂ ကျရင် ပြောချင် ပြချင်တဲ့အတွက် … သည်တပိုင်းကို သည်မှာပဲ …ရပ်နားခွင့်ပြုပါခည ….

 

seeing is believing ဘာညာ ပြောတတ်တဲ့ သဂျီး  ….

လက်တွေ့မြင်ရတာမို့ အတုလည်း လုံးဝ(လုံးဝ) မဟုတ်တာမို့ ယုံကြည်စေချင်ကြောင်း ….

နောက်တခု ..ဥစ္စာစောင့်မ မဟုတ်လို့ အမေဒစ်ကင်န် စစ်တပ်ကို ရုံသွင်းပြစားချင်တဲ့ အတွေးကို စွန့်လွှတ်ပါစေလိုကြောင်း…

နောက်ဆုံးတခု …..မြင်ရတဲ့ အမြင်အာရုံ ရိန်ခ်ျ့ … ကြားရတဲ့ အသံ ဒက်စီဘယ် ရိန့်ခ်ျ

အစရှိတဲ့ အာရုံခံ အင်္ဂါတွေဟာ လစ်မစ် ရှိတာမို့ ….. ယုံကြည်မှုတရားကို အဆိုပါ လစ်မစ်တွေနဲ့ ဘောင်ခတ်မထားစေချင်တဲ့ …

စေတနာကြောင့် ရေးသားတက်ဆက် လိုက်ရပါသည်ခင်ဗျား ….

(ဟိုမှာတင်မယ် သည်မှာ တင်မယ်ဆိုတဲ့ ဆြာသမားများကိုတော့ဖြင့် ..မူရင်းဖိုင် ကျုပ်လက်ထဲမှာ ရှိနေပါလျက် …ကျုပ်ခွင့်ပြုချက်မရဘဲ

ရှဲရင် တင်ရင်တော့ မီးဒုတ် ရှို့မှာ ဖြစ်ကြောင်း… တခုတ်တရ သတိပေးလိုက်ပါသည်…..)

 

ခင်တဲ့

ဂီ…

 

P.S …မတူတဲ့အတွေးနဲ့ မန့်တဲ့ကိစ္စကိုလည်း မကြာခင် သမဦးမယ်လို့ ကတိပေးပါသည်ချင့်..

ခစ်ခစ် …

 

 

 

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011