သူငယ်တန်း ကိုပြန်ဆင်းခိုင်းတာလား…

Ko out of...February 23, 20121min711

– ကျွန်တော်တို့ကို မိဘတွေကျောင်းပို့တာ စာရေးတတ်၊ဖတ်တတ်အောင်၊ စာဖတ်တတ်ပြီး စာကြောင်းရဲ့ ဆိုလိုတဲ့ အဓိပါယ်ကို သိပြီး မကောင်းဘူးဆိုရင် ရှောင်မယ်။ ကောင်းတယ်ဆိုရင် ဆောင်ဖို့ပါ။

– ဒါကြောင့် စာမဖတ်တတ်ခင်၊စာမရေးတတ်ခင်မှာ က၊ ခ၊ ဂ။ A B C သင်ခိုင်းတာ။ အဲဒီကနေတဆင့် လုံးကြီးတင်၊ တချောင်းငင် ၊ က၊ ကာ၊ ကား စသည်ဖြစ်ပေါ့။ က ကာ ကား လို့ ရေးတတ်ရုံနဲ့ ဝါကျ Sentences မဖြစ်သေးပါဘူး။

အဲကနေတဆင့် ဝါကျဖွဲ့တတ်အောင် တဆင့်ပြန်သင်ပေးတယ်။ က -ကလေးငယ်ချစ်စဖွယ်၊ ထမင်းမစားခင် လက်ဆေးဖို့ ၊ညစ်ညစ်ပတ်ပတ် မနေဖို့ဆိုတာတွေဟာ ဆောင်စရာ ရှောင်စရာတွေဘဲ မဟုတ်လား။

အဲကနေတဆင့် အတန်းကြီးလာပြီး စာတွေလည်းရေးတတ်၊ဖတ်တတ်လာတယ်ဆိုပါတော့.. စာတွေကိုခေါင်းမှာဘဲ ထဲထားလိုက်တယ်။ စာကအလွတ်ရနေပြီဆိုတော့ စာအုပ်တွေလည်း မလိုတော့ဘူးပေါ့။ ကိုယ်သိထားတဲ့ အဲဒီစာတွေ့ကို လက်တွေ့ဘဝလောကမှာ အသုံးချဖို့ပါ။ ပညာရပ်တခု သင်တယ်ဆိုတာ လက်တွေ့လောက ဘဝမှာ အသုံးချဖို့ဘဲမဟုတ်လား။ စာတတ်တာကို ကြွားနေဖို့ မဟုတ်ပါဘူး။

ဘုရားတောင်မှာခဲ့ သေးတယ်မဟုတ်လား…မင်းတို့ သင်ထားတဲ့စာဟာ ကျေးဇူးများတယ်ဆိုပြီး တဖက်ကမ်း ကို ထမ်းသွားဖို့ မဟုတ်ဘူး။ထားခဲ့ရမှာ စာမှာ ငြင်းခုံနေဖို့ မဟုတ်ဘူး. ဒါပေမဲ့ စာတွေ့ဟာ လက်တွေ့နဲ့ တစ်ထပ်တည်း ဖြစ်ဖို့တော့ လိုတယ်ဆိုတာ သိထားရမှာပါ။

သူငယ်တန်း ပြန်ဆင်းပုံကို ကိုနည်းနည်းပေါ်လွင်အောင် ကြိုးစားပြီးပြောမယ်နော်…

– ငယ်ငယ်တုံးက က၊ခ သင်ယူတာဟာ တနည်းအားဖြင့်ပြောရရင် ဝါကျစာကြောင်းဖွဲ့တတ်ဖို့ သင်တာပါ။
က၊ခ မှာ မှာရပ်နေဖို့ မဟုတ်ပါဘူး။

၁။ က၊ခ ABc က၊ကာ၊ကား ဟာ (အစိတ်သစ်စာ တနည်း ပရမတ ပရမတ်ထသစ်စာ)

၂။ ကတား၊ကြိယာ၊ကံ Sub,obj,verb နဲ့ ဖွဲ့စည်းထားတဲ့ ဝါကျစာကြောင်းဟာ အစုသစ်စာ( သမုတိသစ်စာ)

၃။ အဲဒီစာကြောင်းရဲ့ အဓိပါယ်ကို သိပြီးအမှုငြိမ်းမငြိမ်း ဆောင်စရာ၊ရှောင်စရာ ကိုသိတာဟာ အမှုသစ်စာ (အရိယာသစ်စာ)ဘဲ။

လက်တွေ့လောက ဘဝမှာ အသုံးချဖို့ ဘုရားဟာသူ့ရဲ့ တရားကို အတင်းမယုံခိုင်းဘူး လက်တွေ့လောက ဘဝမှာ အသုံးချကြည့်ပါ။ သုံးလို့ရရင်သုံး သုံးလို့မရရင်လည်း မသုံးနဲ့ အဲဒီလောက်အထိ လွတ်လပ်တဲ့ တရားပါ။ ဘုရားဟာ စာတွေ့ (Thorey)နဲ့ လက်တွေ့ (Practic)ကိုတစ်ထပ်တည်း ဟောပြနေပြနိုင်သူပါ။

နောက်ဆုံးတစ်ခုသာလျှင် ပွါးများရမည့် သစ်စာပါ။

-နောက်တခု နည်းနည်းလေး ထင်ရှားအောင် ဥပမာတခု ထပ်ပေးကြည့်မယ်…
ငယ်ငယ်ကလေးဘဝတုံးက အနှီးထုပ်နဲ့ နေခဲ့ရတာနည်းနည်းတော့မှတ်မိကြမှာပါ။ သေးကစိုစို၊ချီးကယိုယိုနို့လည်းဆာ ဆိုတော့ စကားကလည်းမပြောတတ်ချိန် မှာ လိုချင်တာဘဲဖြစ်ဖြစ်၊မလိုချင်တာဘဲ ဖြစ်ဖြစ် အငိုနဲ့ဘဲ တောင်းဆိုခဲ့ရတယ်မဟုတ်လား။

အဲဒီ သေးစိုတာတို့ အီးယိုတာတို့ဆိုတာ အပူအအေး (ပရမတ်) ကိုသိတာဘဲ။ ပရမတ်ဟာ သင်ယူစရာ မလို ဘဲ အလိုလို သိပါတယ်…စကားမပြောတတ်သေးလို့ သာငိုနေရတာပါ။ ကျွန်တော်ပြောနေတာ ပညတ်၊ပရမတ်အပေါ် အမှားအမှန် သုံးသပ်နေတာမဟုတ်ဘူး။ သူ့နေရာနဲ့ သူမှန်တယ်။ ဒါဟာပွါးများရမည့် တရားမဟုတ်ဘူး။ ဘုရားတရားဟာ ပညတ်၊ပရမတ် မဟုတ်ဘူး။ အမှုသစ်စာ အရိယာသစ်စာပါ။ လိုရင်းကို ပြန်သွားရအောင်…

ကလေးက နောက်အသက်နည်းနည်းကြီးလာတော့ သူ့အမေအဖေက သင်ပေးလိုက်တယ် မြန်မာဆိုရင် ပူတယ်၊ Eng ဆိုရင် Hot စသည်ဖြင့် အသင်ကြားခံလိုက်ရတဲ့ အပေါ်မူတည်ပြီး စကားပြောတတ်လာတယ်။

သမုတိ အစုသစ်စာဟာ သင်ယူရတယ်ဆိုပါတော့ သမုတိကိုသိမှ အဖေအမေကိုသိမယ်၊ယောင်္ကျားမိန်မး ကိုသိမယ်၊ဒါကိုယ့်သား၊ကိုယ့်သမီး၊ကိုယ့်မယား၊ကိုယ့်ခင်ပွန်း၊ရှောင်စရာ ဆောင်စရာတွေသသိမှာပေါ့…

အခုတော့ အစိတ်စိတ်အမွာမွာ ဓါတ်သားပရမတ်သား အဖြစ်ပြန်ခွဲ ခိုင်းတော့ က၊ခ သူငယ်အတန်းကို ပြန်ဆင်းခိုင်းတာနဲ့ တူ မနေဘူးလား။ တနည်းအားဖြင့် စာကြောင်းဖွဲ့ တတ်ပြီးကာမှ က၊ခ Abc ပြန် ခွဲခိုင်းတယ်ဆိုတော့ ဒို့လူငယ်တွေသူငယ်တန်း ပြန်ဆင်းနေရတာ နှစ်နာတယ်..

One comment

  • “”အခုတော့ အစိတ်စိတ်အမွာမွာ ဓါတ်သားပရမတ်သား အဖြစ်ပြန်ခွဲ ခိုင်းတော့ က၊ခ သူငယ်အတန်းကို
    ပြန်ဆင်းခိုင်းတာနဲ့ တူ မနေဘူးလား။ တနည်းအားဖြင့် စာကြောင်းဖွဲ့ တတ်ပြီးကာမှ က၊ခ Abc ပြန် ခွဲခိုင်းတယ်ဆိုေ
    တာ့ ဒို့လူငယ်တွေသူငယ်တန်း ပြန်ဆင်းနေရတာ နှစ်နာတယ်..”””
    အင်းပေါ့ အကိုရာ။တခါတလေတော့လဲ ပြန်ဆင်းခိုင်းလဲ ယူတတ်ရင်အသစ်ပေါ့ဗျာ။ဟီး ……စတာနော်

Leave a Reply