အမူပွဲ စား မှသည်….တိုင်စားသူများ

htet wayFebruary 23, 20121min19017

အမူပွဲစားတွေ ဟာတရားရုံးတိုင်းမှာရှိတတ်ပါတယ်။ မထင်မရှားအသွင်တစ်မျိုးနဲ့ ရပ်တည်နေကြတာပါ။ အမူပွဲစားတွေကို ဖေါ်ထုတ်ပြီး အရေးယူမယ်ဆိုတဲ့ စာကို တရားရုံးရှေ့မှာကပ်ထားတာတွေ့ရတယ်။
ဒီနေရာမှာ အမူပွဲစားဆိုတာ ဘယ်လိုလူတွေလဲဆိုတာကို သိသလောက်ပြောပြချင်ပါတယ်။
ရှေ့နေတစ်ယောက်နဲ့ ရင်နှီးတဲ့ လူတန်းစားတစ်ချို့က အမူဖြစ်နေတဲ့ ခေါင်းမီးတောက်နေတဲ့ လူကို မင်းတော့ ဘယ်ရှေ့နေငှား သူက ပေါက်တယ် တရားသူကြီးနဲ့ ပိုင်တယ်ပြောဆိုစည်းရုံးပြီး ငှား
ရမ်းစေတဲ့ အခါ တစ်သိန်းပေးရရင် အမူပွဲစားကို တစ်သောင်းပေးရပါတယ်။ဒိမှာ အမူပွဲစားက ဘာထပ်လုပ်လည်းဆိုတော့ ဥပဒေအရာရှိကိုပေးရမယ် ဘာညာပြောပြီး တစ်သိန်းတန်သည်၅သောင်းတန်သည်
ယူလိုက်တာပဲ။ တကယ်တော့ ဥပဒေအရာရှိကို မပေးခဲ့ပါဘူး။ဥပဒေအရာရှိခမျာ ဘာမှ မသိဘဲ နာမည်ပျက်ရတော့တာပဲ။ အမူပွဲစားက ဒါထက်မရပ်သေးပါဘူး တရားသူကြီးကိုပေးရမယ် ဆိုပြီး အချီကြီး
ယူတော့ တာပဲ ၄သိန်း ၅သိန်း တောင်းတယ် ။အမူသည်ကိုလည်း ယုံအောင်ပြောတော့တာပဲ ။တရားသူကြီးအိမ်ကို ဝင်ပြတယ် စားသောက်ဆိုင် အတူထိုင်ပြတယ်။ခက်တာက တရားသူကြီးက လည်း သိနိုင်
လျှက် နဲ့ လိုက်လျှောတာလားမသိ။ဒီမှာတရားခံဘက်ကယုံပြီး ပေးလိုက်တာ နောက်ဆုံးထောင်ကျသွားတာပဲ။ဒီတော့ အမူပွဲစားဆိုသူက မရပ်သေးဘူး။ ငါ ဒီတရားသူကြီးကိုတိူင်မယ် မကျေနပ်ဘူး ဘာညာနဲ့
ပေါက်ကွဲပြတယ်။တကယ်တိုင်စာရေးပြီး တရားခံဘက်က လူကို လက်မှတ်ထိုးခိုင်းတော့တာပဲ။ကျွန်တော်ပြောချင်တာ အမူပွဲစားထက်ရွံ့စရာကောင်းတဲ့ လူယုတ်မာတွေအကြောင်းပြောချင်
တာပါ။
တိုင်းစားတောစားတဲ့ လူတွေ ဟာစီးပွားရေး မှာတော့ အင်မတန်ကောင်းနေကြပါတယ်။ လယ်ကိစ္စလေးတစ်ခုကို ဥပမာပြောပြချင်ပါတယ်။လယ်ပြန်ငွေပြန် ဆိုပြီး လယ်ပိုင်ရှင်က လူတစ်ယောက်ဆီမှာပေါင်
ပါတယ်။ ၃နှစ် အတွင်းပြန်ရွေးမယ်ဆိုပြီး နားလည်မူလုပ်တာပါ။နောက် မရွေးနိုင်ဘူး။ပေါင်တာက လယ်တစ်ဧက ကို ၁ဝသိန်းပေါက်နေတာကိုနှစ်သိန်းနဲ့ ပေါင်တာပါ။ ပြန်လိုချင်တဲ့ အချိန်ရောက်တော့ ကာလပေါက်ဈေး
က တအားကွာနေပါပြီ။ ဒီမှာပဲလယ်သမားက တိုင်စားသူနဲ့ ပေါင်းတော့တာပဲ မြေစာရင်းကို တိုင်တယ် ။တိုင်စာကို တိုင်စားတဲ့ လူကရေးတယ်၊လယ်သမားက လက်မှတ်ထိုးတယ်။
ဒီမှာ စာရေးတာကို နှစ်သောင်းလောက်ယူလိုက်တယ်။မြေစာရင်းဦးစီးကို ပေးရမယ်ဆိုပြီး ငွေတောင်းတော့တာပဲ။ဒီမှာလည်း ဖြတ်စားတာတွေလုပ်တယ်။ ဒါတင်မကသေးပါဘူးမြို့ထဲမှာဥပဒေနဲ့ မကင်းသူရှိရင်
သူက ပစ်စာနဲ့ တိုင်တော့တာပဲ၊ အာဏာပိုင်ကလည်း မတိကျတော့ အရေးမယူပေမယ့် စစ်ဆေးတာတော့ လုပ်ရတာပဲ ။ဒီမှာ စီးပွားရေးသမားက ဒီလူကို လစဉ်ပေးနေရတာပဲ။
နောက် ဘာသာရေး အဖွဲ့၊ အဖွဲ့ အစည်းတွေ ကို လည်း အလွတ်မပေးပါဘူး။လုပ်ရပ်တွေကိုလေ့လာပြီး တိုင်တာပဲ များသောအားဖြင့် တခြားသူတွေကို မြောက်ပေးပြီး စာတော့ လက်မှတ်ထိုးတာ မအူမလယ်တွေကို
ထိုးခိုင်းတာပါ။ နောက်ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေကို လိုက်ကြည့်တိုင်စာ ပစ်စာတွေလုပ် ဋ္ဌာနတွေက နေ အခွင့်အရေးတွေယူတာပဲ။
နောက်ဆိုးတာက လူပုဂ္ဂိုလ်ချင်းတွေကို မတည့်အောင်သွေးထိုးတယ်။ မတည့်ရင် အမူဖြစ်သူက တိုင်စာရေး ငွေတောင်း အဆင်ပြေနေတာပဲ။ တဖက်လူကို မင်းကို ဘယ်သူကတော့ မကျေနပ်ဘူး ဘာလုပ်
လိမ့်မယ် မင်းက ဘာပြင်ဆင်သင့်တယ်။ဒီလို နဲ့ ပြဿနာ ကြီးထွားလာအောင်လုပ်တာပါ။ တိုင်စာရေးတဲ့ နေရာမှာတော့ လက်ဖျားခါလောက်အောင်ကောင်းတယ်။
ကျွန်တော်ပြောချင်တဲ့ ညရည်ရွယ်ချက်ကို ဆွေးနွေးပါရစေ။ ဒီလိုတိုင်စားတဲ့ လူတွေကို လူအများက ကြောက်ကြတယ်။ ဒီတော့ တွေ့ရင် လက်ဖက်ရည်တိုက်တယ်ဖေါ်ရွေပြတယ်။ဒါကိုပဲ ဒီလူက ၅ဟုတ်ထင်ပြီး
သူကိုယ့်သူ ဘဝင်မြင့်နေတယ်။ ဒီလိုလူမျိုးကို ဆန့်ကျင်ရမယ်ရှုပ်ချရမယ် အပေါင်းအသင်းမလုပ်ရဘူးလို့ ပြောချင်တာပါ။ အခု အစိုးရသစ်မှာရော ဘယ်လို အရေးယူမလဲ၊ပြည်သူတွေကို
အခွင့်ရေးယူတဲ့ သူကို အစိုးရက ဘယ်လိုကွာကွယ်ပေးနိုင်မလဲ။
အမှန်တရားပေါ်စေချင်စေလို့ တိုင်တာကိုအပြစ်မတင်လိုပါဘူး။ တိတိကျကျ နာမည်ထိုးပြီးတိုင်တာ ကို သဘောကျပါတယ်။ပစ်စာနဲ့ ကိုယ့် ကိုယ်ကျိုအတွက် ကိုယ်စားဝတ်နေရေးအတွက် မလုပ်သင့်ဘူး
ဒီလိုလုပ်စားတဲ့ လူက မကျေနပ်ချက်လေးတစ်ခုရှိရင် တိုင်ဖို့ ပစ်ဖို့လုပ်တော့ တာပဲ။ လူတွေက ဒါကြောင့် သူနဲ့ အဆင်ပြေအောင်နေရတယ်။ အပြစ်မဖြစ်ပေမယ့် လိုက်ရှင်းနေရတော့ သူကို မချစ်သော်
လည်းေ အာင့် ကာနမ်းလုပ်နေရတာပဲ။
သူ့ကို ဆန့်ကျင်ရဲတဲ့ သူတွေလည်းရှိပါတယ်။ ပြတ်ပြတ်သားသားဆန့်ကျင်တာပါ။ဒီလိုလူမျိုးကို ဝိုင်းးဆန့်ကျင်ရမယ်။ တိုင်စားတယ်ဆိုပြီးလျှော့မတွက်နဲ့ နှစ်ရှည်လများလုပ်စားလာတာ၊မဆလခောတ်ကတည်းက
ခုထိ အောင်မြင်နေတာပါ။ နေနိုင်စားနိုင်တဲ့ အဆင့်ကိုရောက်နေတာပါ။နည်းဗျူဟာကလည်းကောင်းတယ်။တိုင်နည်းကလည်း သေသပ်တယ် ဘယ်လို အာဏာပိုင်ကမှ အရေးမယူနိုင်ခဲ့ ဘူး။အာဏာပိုင်ပဲ သူ့လက်ချက်နဲ့
ပြောင်းရရွှေ့ရ ရာထူးချခံရနဲ့ အရှုံ့းပေးခဲ့ရတာပဲ။
ရိုးသားတဲ့ လူတွေကို အထူးသဖြင့်လူငယ်တွေကို စည်းရုံးပြီး သူလက်ကိုင်ဒုတ်လုပ်ပြီး ဘယ်ကို ချလိုက် သူက စာရေးပေးတယ်။ အမူဖြစ်ပြီဆိုရင် နှစ်ဖက်ခွတုတ်တယ်။ သူစားတဲ့ နည်းတွေက တစ်ချို့ဆို ပိရိတော့
ကိုယ်လည်းလိုက်မမှီဘူး။ဘာသာရေးကိစ္စတွေလည်းသူက သာသနာရေးဦးစီးကို ဝင်တွေ့ရမယ် ဘာညာပေါ့၊ဒါမျိုးပါ ။ ရုံးတွေကလည်း ဒီလိုလူမျိုးတွေကို အဝင်မခံသင့်ပါဘူး။
ကျွန်တော်တို့ ရဲ့ ဖြစ်တည်မူတွေထဲမှာ ဒီလို စုန်းပြူးတွေကို ဘယ်လို ဖျောက်ဖျက်ပစ်ရမလဲအစိုးရသစ်ကရော ဖေါ်ထုတ်အရေး မယူသင့်ဘူးလား။လယ်သမားတွေ တောသူတောင်သာူတွေ
အမူအခင်းတွေဖြစ်ရင် ဒီလို အမူပွဲစားတွေပေါ်လာတာပဲ။ တစ်ချို့ ကလည်းမသိတာပါ၊ တစ်ချို့က မွေးထားတာပါ။ကျွန်တော်က တော့ တိုင်စားတောစားတဲ့လူတွေကို တောင်းစားတဲ့ လူလောက် တန်ဖိုးမထားပါဘူး။

17 comments

  • blackchaw

    February 23, 2012 at 11:27 am

    တိုင်စားတောစားတဲ့ လူတွေကို
    တောင်းစားတဲ့လူလောက် တန်ဘိုးမထားပါဘူး တဲ့။
    မိုက်လိုက်တဲ့ စကားလေး။
    အားပေးသွားပါတယ် ဆရာထက်ရေ။
    😆

  • ကြောင်ကြီး

    February 23, 2012 at 12:44 pm

    သဂျီးရှေ့မှာ ပွဲစားလို့ မသုံးရဘူး၊ အကျိုးတော်ဆောင်လို့ ခေါ်ပေးရဒယ်။ သဂျီးသိရင် အားဂျီးစိတ်ဆိုးလိမ့်မယ်…။
    နောက်တာပါ.. အီကော်နော်မစ်မှာ ကြားခံဆောင်ရွက်ပေးသူသည် နှစ်ဖက်လိုအပ်နေတဲ့ သတင်းအချက်အလက်ကို မြန်ဆန်သွက်လက်စေလို့ ကုန်ကျစားရိတ်ဖြစ်ပေမဲ့ အဟန့်အတား မသတ်မှတ်ဖူး၊ ရှိသင့်ရှိထိုက် ဖြစ်သင့်တဲ့အရာအဖြစ် လက်ခံတယ်။ မြန်မာပြည် အမှုပွဲစားများကိုလည်း စည်းဘောင်ကနားလေး သတ်မှတ်ပေးနိုင်ရင် မသိနားမလည်သူများ သက်သာရာ ရပါမယ်။ အမေရိကန်မှာတော့ အစိုးရကိစ္စ ဥပမာ – လူဝင်မှုကြီးကြပ်ရေး၊ အခြား ဥပဒေစည်းမျဉ်းနဲ့ဆိုင်တဲ့ ကိစ္စများမှာ ဖြည့်ရတဲ့အချက်အလက် များပြားရှုပ်ထွေးလွန်းလို့ ကွန်ဂရက်ကနေ ဥပဒေနဲ့ သာမာန်အများပြည်သူတယောက် သင့်တော်တဲ့အချိန်တခုအတွင်း နားလည်နိုင်အောင် လုပ်ထားရမယ်လို့ ပြဌာန်းတာရှိတယ်။ မြန်မာပြည် တရားရုံး၊ အစိုးရကိစ္စများမှာလည်း ရုံးလုပ်ထုံး ဥပဒေလုပ်နည်းစည်းမျဉ်းများကို လွယ်ကူရှင်းလင်းအောင်လုပ်ထားရင် ကြားလူရှုပ်တဲ့ ပြသနာ နည်းသွားနိုင်ပါတယ်။

  • မြန်မာပြည်မှာ တခုခုဖြစ်ရင် အမူ့ပွဲစားကိုကြောက်တော့
    အပြင်မှတင်ကြေအေးလိုက်ပါတယ်။
    ကိုထက်ဝေးရယ်
    မျက်စေ့တစ်ဖက်မှိတ်ထားတဲ့လူတွေလောကမှာ များနေသ၍ဒီလိုအဖြစ်မျုးိတွေ
    ကြုံနေရအုံးမှာပါဗျာ။.

  • htet way

    February 23, 2012 at 1:21 pm

    ဆရာကြောင်ကြီးပြောပြတာကောင်းပါတယ် ဒီလိုဖြစ်သင့်ပါတယ်
    အခုကျွန်တော်ပြောချင်တာက တိုင်စားသူတွေရဲ့ ယုတ်မာမူပါ
    ကျွန်တော်တင်ပြချက်ကအားနည်းနေလို့ပါခင်ဗျား
    တိုင်စားသူတွေက အချင်းချင်းရန်တိုက် အမူဖြစ်အောင်လုပ်ဥပမာဗျာ
    ဝပ်ရှော့ က လုပ်ရင်းကိုင်ရင်းနဲ့ အသံမြည်သွားတယ် ပေါက်ကွဲတာဒီမှာသူကသွားပြီး
    ဘယ်လိုဖြစ်တာလဲ ဘာလဲ အများသူငါ လန့်စေတယ် ဂျာနယ်ထဲရေးလိုက်ရမလား
    သူ့ ဗျူဟာတွေနဲ့ လုပ်စားတာပဲ မပေးဘူးလားရတယ် …ဒါမျိုးပါ
    နောက်မှတ်ပုံတင်ရုံးလည်းသူက ဒီလူက ပုဒ်မ၆/ရ မဟုတ်ဘူး
    အဖေကFRC’အထောက်အထားတွေရှာ ကာယကံရှင်ကိုလည်း ပြော
    ပြဿနာရှာတာမျိုးပါ။
    အမှန်တော့ ဂျာနယ်ထဲရေးဖို့နေနေသာသာ သူက စာပေလောကတောင်သိတာမဟုတ်ဘူး
    (စစစ)တော့သိတယ်။နောက် ပစ်စာတွေမှာ လူများနာမည်ကိုထည့်တာတွေ
    အစိုးရသစ်က ဒီလိုလူမျိုးတွေ ဖေါ်ထုတ်အရေးယူစေချင်ပါတယ်။

  • htet way

    February 23, 2012 at 1:29 pm

    ဆရာကိုပေါက်ပြောတာမှန်ပါတယ်
    ဒီလိုဖြစ်အောင်တရားရုံးကလူတွေကလည်း လုပ်တာပါဝင်ပါတယ်
    ကျွန်တော်သူငယ်ချင်းက တရားရုံးမှာ စာရေးပါ
    ရုံးရှေ့ရောက်လို့ သူ့အခန်းရှေ့ရောက်သွားတာအော်သူငယ်ချင်းပဲဆိုပြီး
    ဝင်ထိုင်မိပါတယ် မျက်နှာတည် မျက်နှာထားနဲ့ အလုပ်မရှိဘဲ မထိုင်ပါနဲ့ ရုံးအုပ်တွေ့ရင်
    ဆူခံရမယ်လို့ပြောပါတယ်။အေးငါကလည်း တရားရေးဂျာနယ်လာဝယ်တာကွလို့
    ပြောပြီးပြန်လာခဲ့ပါတယ်။ဒီကောင်ကို လမ်းတွေ့လည်းစကားမပြောတော့ပါဘူး
    နောက်အမူတစ်ခုမှာဒီကောင် ပွဲစားလိုလုပ်စားလို့ လူအများမုန်းတာခံရပါတယ်။ကျွန်တော်က အများကြီးပြောချင်တာပါ ချုပ်ထားရပါတယ်။
    အခုကျွန်တော်ပြောချင်တာက တိုင်စား ခြောက်စားလူတွေအကြောင်းပါ

  • nozomi

    February 23, 2012 at 1:44 pm

    ဆရာထက် ရေ ဒီလိုလူတွေကို ဝေးဝေးက ရှောင်တာကောင်းတယ်

    နောက်ဆုံး ဘယ်လို မှ တားလို့ မရဘူး သူတို့ ကလက်သီးပုံးထိုးရင်
    လူငှားရိုက်ခိုင်း ဗျာ အေးရော
    ကိုချောကြီး တပည့်တွေထဲမှာ အဲဒါမျိုး ကျွမ်းကျင်တဲ့ သူတွေ ရှိတယ်

  • နောင် တိုင်းပြည် တိုးတက်လာရင် ဒီလိုလူတန်းစားပျောက်အောင်လုပ်ရမယ်။
    ကို်ယ်တိုင်ကလဲ အားမပေးဘို့လိုတယ်။
    လောလောဆယ်တော့…………………………..

  • htet way

    February 23, 2012 at 7:42 pm

    ကိုချောဆီမှာရှိရင်တော့ မပူတော့ဘူး
    ကျွန်တော်ကလည်း ရှမ်းတရုတ်ပညာလေးသင်ထားတာမေ့သလောက်ရှိနေပြီလေ
    ကို ဘလက်ရေ ရိုက်ချင်တယ် ဈေးသာညှိပေးတော့(ဓါတ်ပုံ)
    ကျွန်တော်စိတ်ထဲ မယ် ဒီလိုလူတွေရဲ့ အရှက်မရှိ စားသောက်ရတဲ့ ဘဝကို
    နေ့စဉ် လူတွေကို ဘယ်လို ဒုက္ခပေးရမလဲ ကြံစည်ရပုံတွေ တွေးရင်း
    အင်း ……ရွံ့စရာ

  • MaMa

    February 23, 2012 at 10:49 pm

    ဆရာထက်ရေ-
    ငိုစားရီစား ဆိုပြီး ရှေ့နေတောင် မလုပ်သင့်ဘူးလို့ ပြောတာ ကြားဖူးတယ်။
    ဒါပေမယ့် ငွေယူပြီးလုပ်တဲ့အလုပ်ပေမယ့် စေတနာထည့်လုပ်ရင် ကုသိုလ်ဖြစ်နိုင်ပါတယ်။
    အမှုပွဲစားဆိုတာကတော့ ရေနစ်သူ ဝါးကူထိုးတယ်လု့ိပဲ ပြောချင်ပါတော့တယ်။ 🙁

  • ဦးဦးပါလေရာ

    February 24, 2012 at 12:26 am

    သူတပါးကို အကြပ်ကိုင် ခြောက်လှန့် ငွေညှစ်တဲ့လူမျိုးက ရဲ၊ တရားရုံး၊ လဝက ၊ အခွန် စတဲ့ဌာနတွေနဲ့ဆက်စပ်ပြီး တည်ရှိလာတာ ကြာပါပြီ။ ကိုလိုနီခေတ်ကတည်းကထင်တာပဲ။
    သူတို့ဘာကြောင့် ငွေညှစ်နိုင်တာလဲလို့ အဖြေရှာရင်တော့တခုထဲပါပဲ။
    အုပ်ချုပ်ရေး ညံ့ဖျင်းလို့ပါ။
    အုပ်ချုပ်ရေးကို ထောက်ကူထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း တွေဟာ
    မပြည့်စုံရင်၊
    မမျှတရင်၊
    မထိရောက်ရင်၊
    လက်တွေ့မကျရင်၊
    မမှန်ရင်-
    အဲဒါတွေကိုအကြောင်းပြုပြီး လူတွေမှာ အမှားမကင်းဖြစ်လာတယ်
    အဲဒီအမှားမကင်းတာကို အကြောင်းပြုပြီး
    အကြပ်ကိုင် ခြောက်လှန့် ငွေညှစ် တာတွေဖြစ်လာပါတယ်။ သဘာဝပါပဲ။
    ကျုပ်တို့မှာ တချို့လူတွေ မကောင်းရကောင်းလားလို့ စိတ်ပျက်ဒေါသဖြစ်ကြရသလို

    လူတွေကိုမကောင်းစေတဲ့ …
    လူတွေကို မကောင်းခွင့်ပေးတဲ့ …
    လူတွေကို အပြည့်အစုံကောင်းလို့မရအောင်ဖန်တီးထားတဲ့ …
    “ စံနစ် ” ၊ အုပ်ချုပ်မှု့စံနစ်ကိုလဲ
    မူရင်းတရားခံအဖြစ်
    မမေ့မလျှော့အပြစ်မြင်နိုင်ဘို့ သင့်လှပါကြောင်း။

  • htet way

    February 24, 2012 at 9:55 am

    လေးနက်ကောင်းမွန်လှပါတယ်အဆွေတော်
    အရင်းစစ်ရင် စနစ်ကိုပဲ အပြစ်တင်ရမှာပါ
    သို့သော် လူတိုင်းနီးပါး
    သူကစ၍ ငါက အားလုံး လက်ရုံးများမြောင် ဉာဏ်များမြောင်နှင့်
    စွမ်းဆောင်ကြလျှင်ဖြင့် စနစ်ဆိုးက အကျင့်ဆိုးတွေ ပျောက်ပျက်နိုင်ပါရဲ့
    ဒီ တိုင်စားခြောက်စား လုပ်သူများကို တော်လှန်ချင်တာပါ

  • ba gyi

    February 24, 2012 at 10:31 am

    ကိုထက်ဝေရေ၊ အဓိကကတော့ လူတွေ ဥပဒေဆိုတာကိုစိတ်မဝင်စားတာပါပဲ။
    သည်တော့ လက်တစ်လုံးကြားလုပ်သူတွေဗိုလ်ကျသမျှ ခံရတာပါပဲ။
    ဒါမျိုး ယုတ်ညံ့တဲ့ စီးပွါးရေးကိုလုပ်သူတွေဟာလည်း ဥပဒေအသိုင်းဝိုင်းမှ ရှေ့နေ၊ အကျိုးဆောင်၊ ဥပဒေရုံးဝန်ထမ်း၊တရားသူကြီးထိအတွဲလိုက်ပါပဲ။အဖွဲ့အစည်းနဲ့ကိုရှိတာမယုံမရှိနဲ့။
    ဒါကြောင့် လူအများမဖြစ်မနေထိတွေ့နေတဲ့ မတရားခံရမှုတွေ မခံရအောင်၊မြန်မာပြည်မှ ဥပဒေပညာတတ်
    လူယုတ်မာတွေကိုလွှမ်းမိုးနိုင်တဲ့ ပြည်သူအကျိုးပြု ဥပဒေပညာတတ်တွေများများပေါ်ပေါက် ဘို့မွှေးထုတ် ကြရပါမယ်။ကာကွယ်ကြရပါမယ်။ လက်တွေ့ – အဖွဲ့ချုပ်မှာတော့ ပြည်သူ့ဘက်မှ လိုက်ပါဆောင်ရွက်သူ
    ရှေ့နေတွေဖွဲ့စည်းထားပါတယ်။ ဒါကဖြစ်လာမှဆောင်ရွက်တာ၊ မဖြစ်ခင်ကာကွယ်ဘို့ ဥပဒေတွေထွက် လာအောင် လုပ်ဘို့လိုပါသေးတယ်၊ (၁၀)တန်းအောင်တာနဲ့တက်လို့ရတဲ့ ဥပဒေပညာရေးကျောင်တွေပြန်
    ဖွင့်သင့်ပါတယ်။

  • htet way

    February 24, 2012 at 10:41 am

    ကောင်းပါတယ်ဘကြီး
    ဥပဒေကို သင်လို့ရနိုင်မယ့် ပညာရေးစနစ်ပြန်ရချင်ပါတယ်
    ကျွန်တော်တို့လို လူတွေလည်းပြန်တက်နိုင်အောင် အရင် က RL
    သင်တန်းလိုမျိုး လိုချင်ပါတယ်။
    ဒီတိုင်စားတဲ့ ကိစ္စကိုလည်း အစိုးရက အဖွဲ့ ဖွဲ့ ပြီး အရေးယူေျစချင်တယ်

  • unclegyi1974

    February 24, 2012 at 11:02 pm

    တနည်းပြောရင်သူများမျက်ခုံးမွှေးပေါ်လမ်းလျှောက်တယ်ပြောရမယ်ကိုထက်
    ဒီလိုလူတွေကအုပ်ချုပ်မှုပုံစံတခုကိုရောက်ရင်သူ့အလိုလိုပျောက်သွားမယ်ထင်ပါတယ်
    အခုကသူတို့လုပ်စားလို့ရအောင်အပေါက်အလမ်းတွေကဖြစ်နေတယ်ထင်ပါတယ်ကွယ်

  • tree

    March 8, 2012 at 8:40 am

    ဟုတ်တယ် အဲလိုလူတွေကိုနိုင်ဖို့ လူတွေ ဥပဒေအကြောင်းသိဖို့လိုတယ် ခက်တာကမြန်မာတွေက ကြောက်တတ်တာ တအားပဲ

  • htet way

    March 8, 2012 at 10:51 am

    ကြောက်တာက တော့ တအားကြောက်ကြတာပဲ ဒီလူ က ၄တန်းပဲတတ်တယ်
    စာဖတ်အားကောင်းတယ် ဥပဒေနားလည်တယ်
    ခက်တာက အာဏာပိုင်က အရေးမယူတတ်တာပဲ ပြည်သူ့ အကျိုးအတွက်
    လုပ်ပေးသင့်တယ်။အခုလည်းပစ်စာတွေပို့နေတာပဲ။

Leave a Reply