ဂွေးကြီးကုန်းကျေးရွာ မီးလောင်မှုမြင်ကွင်း

ဘဲဥFebruary 23, 20121min14316

ယနေ့နေ့လည်(၁၁)နာရီလောက်က ဂွေးကြီးကုန်းကျေးရွာတွင်မီးလောင်မှုမြင်ကွင်းများဖြစ်ပါတယ်

အဆိုပါကျေးရွာမှာ မန်းလေးမြို့ရဲ့အရှေ့ဘက် ရေတံခွန်တောင်သို့ သွားသောကားလမ်းဘေးတွင်ရှိပါသည်

မီးလောင်မှုကြောင့် ခန့်မှန်းအိမ်ခြေ (၂၀) ဝန်းကျင်ခန့်ပျက်ဆီးဆုံးရှုံးရပြီး  လေဖြတ်နေသောအဖိုးအိုတစ်ဦး မီးလောင်သေဆုံးကြောင်း စိတ်မကောင်းစွာကြားသိရပါတယ်။

ဆောက်လက်စအိမ်တစ်လုံးမှ စတင်လောင်ကြွမ်းခြင်းဖြစ်ပြီး ၊ မီးစတင်လောင်ကြွမ်းခြင်းအကြောင်းအရာကို စုံစမ်းဆဲဖြစ်ပါတယ်။

မီးလောင်မှုကို နေ့လည် (၁၂း၁၅)တွင်ငြိမ်းသတ်နိုင်ခဲ့ပါတယ်

16 comments

  • TITAN

    February 23, 2012 at 2:13 pm

    ပုံပေါ်သို့ click ပြီးချဲ့ကြည့်နိုင်ပါသည်

  • manawphyulay

    February 23, 2012 at 2:28 pm

    ဟုတ်ကဲ့ ကြည့်ပြီးပါပြီ။ အတော့်ကို လောင်တာပဲနော်။ မီးဆိုရင် လန့်လွန်းလို့ ကိုယ့်ဘာသာ မီးကလေ ပြောတဲ့အကျင့်တောင် ဖျောက်ထားတာကြာပြီ။ 🙁

  • Thel Nu Aye

    February 23, 2012 at 2:34 pm

    အော်ဒွတ်ခ။ အိမ်တောင်မပြီးသေးဘူးမီးထဲပါရတယ်လို့။

  • စိန်ပေါက်ပေါက်

    February 23, 2012 at 2:54 pm

    ပူရတဲ့အထဲ မီးကလောင်ပြန်ပြီလား
    ဒုက္ခပဲ..
    နေရတာ ကြောက်တောင်ကြောက်လာပြီ..
    သတင်းအတွက် ကျေးဇူးပါ…ကိုတည်တံ့
    ဒုက္ခသည်တွေ အပြင် လူတိုင်း အေးအေးချမ်းချမ်း နေနိုင်ပါစေဗျို ့..

    • TITAN

      February 23, 2012 at 3:23 pm

      တည်တံ့ မဟုတ်ရပါ
      တိုက်တန် ပါ ကိုမိပေါက်ရေ အဟီး :-smile

      • ဟယ် နာမည်က တစ်မျိုးပါလားနော်။တိုက်တန်ဆိုတော့ ဘယ်လိုကားမျိုးလဲ
        မသိဘူးနော်။တိုက်မိရင်တန်တယ်ဆိုတော့ ဂျပန်ကားမဟုတ်လောက်ဘူး၊
        Made in USA ကားထင်ပါတယ်။ဟီးးးးးးစတာနော်။

  • TITAN

    February 23, 2012 at 3:35 pm

    ကျွန်တော်တို့ မန်းလေးမြို့မှာ နွေရာသီရောက်လျှင် မီးဘေးအလွန်ကြောက်ရပါတယ်
    အဲ့ဒါတောင်မှ ဓါတ်ဆီမှောင်ခိုသမာဒွေ တော်တော်အတင့်ရဲပြီး လမ်းပေါ်ထွက်ရောင်းကိုယ်ကြိုးရှာနေကြတယ်
    သက်ဆိုင်ရာကလည်း သူတို့နဲ့မဆိုင်သလိုဘဲ ဘာလို့မဖမ်းကြတာလဲ ???

    • windtalker

      February 23, 2012 at 9:23 pm

      သည်ကနေ ့ညနေပိုင်း မန်းတလေးမြို ့မှာ မီးတစ်ခါလောင်သေးတယ်မှတ်တယ် ။
      ကိုတိုက်တန်ရေ ထပ်တင်ပေးပါဦးဗျ

    • ချစ်ရင်ထူးနှစ်

      February 23, 2012 at 11:08 pm

      ဟ ကို တိုက်တန် ရ မီးလောင်တိုင်း ဆီဆိုင်ကို ဖမ်းရကြေးဆိုရင်
      ဆီဆိုင် ဆိုတာ (မြို့ကိုပြောတာ မဟုတ်ပါ) ဘယ်ရှိတော့မလဲ ဗျ
      ဘယ်ကနေစ လောင်တယ်ဆိုတာကသာ အရေးကြီးတာပါဗျာ
      တစ်ကယ်ဆိုရင် တဲအိမ်တွေ ၊ စားသုံးဆီ(ပဲဆီ၊ နှမ်းဆီ) စတာတွေကလဲ မီးလောင်နိုင်ပါတယ်
      ဆီဆိုင်တွေက တခြားသူတွေထက် ပိုပြီးတော့ ဂရုစိုက်ကြရပါမယ်
      နောက်ပြီးတော့ မီးလောင် ပြီဆိုတော့လဲ ဆီရောင်းတဲ့ ဆိုင်လဲ ပါမှာပဲလေ
      အဲဒီတော့ ဘယ်သူကမှ ကိုုယ့် အိမ်ကို ကိုယ် မီးလောင်စေချင်မှာမဟုတ်ပါဘူး
      ခင်တဲ့

  • water-melon

    February 23, 2012 at 3:58 pm

    အော်
    ဒီမီးလား
    မနက်သင်တန်းတက်တုန်းက
    မီးလောင်သံကြားရတာက
    နွေရောက်ပြီ မလွယ်ပါလား မန်းလေးမီးရယ်
    ဓာတ်ဆီဆိုင်တွေကလည်း ပလူပျံနေတော့
    အမလေး ကြောက်လိုက်တာ။

  • ဖွတ်ငပျင်း

    February 23, 2012 at 4:27 pm

    ကျုပ်တို့ နိုင်ငံငယ်လေး မလဲ မီးလောင်မှုတွေ များပြား လိုက်တာ၊ မီးလောင်တာတွေကို
    မကြားရက်တော့ဘူးဗျာ ။ ဒီနှစ် ၂၀၁၂ နှစ် အစပိုင်း စပါပီ ဆိုကတည်းက ပျက်ကပ်တွေ
    များနေသလို မျိုးခံစားမိတယ် ။

  • ကိုရင်မောင်

    February 23, 2012 at 6:30 pm

    သတင်းဦးအတွက်ကျေးဇူးပါ
    ဓါတ်ပုံတွေအရမ်းကောင်းပါတယ်
    နွေရာသီမရောက်ခင်ထဲကကြားရတဲ့မီးသတင်းတွေ
    ခုထိပါဘဲလား
    ပြည်သူပြည်သားတွေအန္တရာယ်ကင်းပါစေလို့ဘဲဆုတောင်းမိပါတယ်….

  • water-melon

    February 24, 2012 at 8:28 am

    ွှTITAN ဆိုတာ ဇာတ်ကားနာမည် ဟုတ်တယ်ဟုတ်
    ကြည့်ဖူးတယ်ထင်တယ်။

  • TITAN

    February 24, 2012 at 1:21 pm

    ဇာတ်ကားနာမည်မဟုတ်ပါဘူး ကိုဖြဲဒီးရေ့
    အဓိပါယ်လေးကိုကြိုက်လို့ပါ

  • TITAN

    February 24, 2012 at 1:30 pm

    TITAN = အသူရာကဲ့သို့ခန္ဓာကိုယ်ကြီးမားကြံ့ခိုင်သူ(သို့)ဉာဏ်၊စွမ်းရည်စသည်အားဖြင့်အထင်ကရဖြစ်သူ။

Leave a Reply