” ကန်တော်ကြီး ဥယျာဉ်အတွင်း ရေခဲအပန်းဖြေကမ္ဘာကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖွင့်မည် ”

ရန်ကုန်မြို့ ကန်တော်ကြီး အပန်းဖြေဥယျာဉ် အတွင်း ရေခဲအပန်းဖြေ ကမ္ဘာကို ဖေဖော်ဝါရီလ ၂၅ ရက် နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ ဒီထဲမှာက အပူချိန်အနုတ် ၁ဝ ဒီဂရီ စင်တီဂရိတ်လောက် ရှိပြီး အရမ်းအေးတဲ့အတွက် အထဲကို ဝင်နိုင်မယ့် အဝတ်အစားနဲ့ ဖိနပ်တွေကို စီစဉ်ပေးထားပါတယ်။ အထဲဝင်မယ့် သူတွေအနေနဲ့ အပြင် နေပူထဲကနေ လာတာဖြစ်တဲ့ အတွက် အပူရှပ်တာမျိုး မဖြစ်စေဖို့အတွက် ခန္ဓာကိုယ် အပူချိန်ညှိတဲ့ အခန်းထဲကို အရင်ဝင်ပြီးမှ ရေခဲကမ္ဘာ အခန်းထဲကို ဝင်ရမှာ ဖြစ်ပါတယ်”ဟု Asia Myanmar Consortium Development ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရေခဲအပန်းဖြေ ကမ္ဘာတွင် ရေခဲတုံးများကို လေဘာတီရုပ်၊ မန္တလေး နန်းမြို့ရိုး၊ ရေခဲရေလွှာလျှော၊ အက်စကီးမိုး ရေခဲလိုဏ်ဂူ၊ အီဖယ်မျှော်စင်၊ တရုတ်ရှေးအဆောက်အဦ၊ တရုတ်ဒဏ္ဍာရီရုပ်တု စသော ကမ္ဘာကျော် ရေခဲရုပ်တုများနှင့် မြန်မာ့ယဉ်ကျေးမှု ရေခဲပန်းပုရုပ်တုများကို ပြသသွားမည်ဟု သိရသည်။

ရေခဲအပန်းဖြေကမ္ဘာကို အခကြေးငွေယူ၍ တစ်ပတ်လုံး ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

http://www.news-eleven.com/

About chityimhtoo

has written 77 post in this Website..