သွားကြမယ်ဟေ့ရေခဲအပန်းဖြေကမ္ဘာကို….

chityimhtooFebruary 23, 20121min27034

” ကန်တော်ကြီး ဥယျာဉ်အတွင်း ရေခဲအပန်းဖြေကမ္ဘာကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖွင့်မည် ”

ရန်ကုန်မြို့ ကန်တော်ကြီး အပန်းဖြေဥယျာဉ် အတွင်း ရေခဲအပန်းဖြေ ကမ္ဘာကို ဖေဖော်ဝါရီလ ၂၅ ရက် နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ ဒီထဲမှာက အပူချိန်အနုတ် ၁ဝ ဒီဂရီ စင်တီဂရိတ်လောက် ရှိပြီး အရမ်းအေးတဲ့အတွက် အထဲကို ဝင်နိုင်မယ့် အဝတ်အစားနဲ့ ဖိနပ်တွေကို စီစဉ်ပေးထားပါတယ်။ အထဲဝင်မယ့် သူတွေအနေနဲ့ အပြင် နေပူထဲကနေ လာတာဖြစ်တဲ့ အတွက် အပူရှပ်တာမျိုး မဖြစ်စေဖို့အတွက် ခန္ဓာကိုယ် အပူချိန်ညှိတဲ့ အခန်းထဲကို အရင်ဝင်ပြီးမှ ရေခဲကမ္ဘာ အခန်းထဲကို ဝင်ရမှာ ဖြစ်ပါတယ်”ဟု Asia Myanmar Consortium Development ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရေခဲအပန်းဖြေ ကမ္ဘာတွင် ရေခဲတုံးများကို လေဘာတီရုပ်၊ မန္တလေး နန်းမြို့ရိုး၊ ရေခဲရေလွှာလျှော၊ အက်စကီးမိုး ရေခဲလိုဏ်ဂူ၊ အီဖယ်မျှော်စင်၊ တရုတ်ရှေးအဆောက်အဦ၊ တရုတ်ဒဏ္ဍာရီရုပ်တု စသော ကမ္ဘာကျော် ရေခဲရုပ်တုများနှင့် မြန်မာ့ယဉ်ကျေးမှု ရေခဲပန်းပုရုပ်တုများကို ပြသသွားမည်ဟု သိရသည်။

ရေခဲအပန်းဖြေကမ္ဘာကို အခကြေးငွေယူ၍ တစ်ပတ်လုံး ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

http://www.news-eleven.com/

34 comments

  • chityimhtoo

    February 23, 2012 at 1:05 pm

    ဓါတ်ရှင်ထဲမှာဘဲ ခဏခဏတွေ့ရတာ။ရောက်ဖူးတယ်ရှိအောင်သွားပစ်မယ်ဟေ့။

  • weiwei

    February 23, 2012 at 1:08 pm

    လူကြီးတစ်ယောက်ကို ဝင်ကြေး ၅၀၀ဝ ကျပ်တဲ့ … 🙁

    • Thel Nu Aye

      February 23, 2012 at 1:24 pm

      ဂယ်။ တေပီဆြာ။ ဘယ်လိုလုပ်တွားနိုင်မှာတုန်း။

  • manawphyulay

    February 23, 2012 at 1:25 pm

    အခကြေးငွေယူချင်လို့ တည်ဆောက်တာပဲဟာ။ ပေးရမှာပေါ့။ မမဝေပြောသလို ဈေးကြီးရင်တော့ အထက်တန်းလွှာမိသားစုအတွက်ပဲ စီစဉ်ထားတာဖြစ်မှာပေါ့။ အဲလောက်ကြီးမှတော့ တော်ရုံ လက်လုပ်လက်စားက အပြင်ကပဲ ကြည့်နေရမယ်ထင်တယ်။ ဪ ငွေ ငွေ… တယ်လည်း ကြောက်စရာကောင်းပါလား။

    • မမမနောရေ တကယ်ကိုဈေးကြီးနေပေမယ့် သူတို ့ပြန်ပေးထားတဲ့ ဆားဗစ်နဲ ့ဆိုတန်မှာပါ။
      နောက်ပြီးတော့ ကုန်ကျငွေနဲ ့ထိန်းသိမ်းစရိတ်ရောနည်းမှာ မဟုတ်ဘူးနော်။မတ်လ ရန်ကုန်
      ရောက်ရင် သွားအုံးမှာ။တစ်ယောက်ထဲတော့မသွားရဲ ဘူး။အဖော်ခေါ်သွားမယ်။ကိုစိန်ပေါက်ပေါက်
      လိုက်မလား။ကိုပေဘဲခေါ်ရမလား။

  • FattyCat

    February 23, 2012 at 1:30 pm

    ၅၀၀ဝ ဆိုတာ သူတို့ပေးရမယ့် Service အတွက် တန်တယ်လို့ မြင်ပါတယ်…
    အနှုတ် ၁ဝဒီဂရီအထိ အပူချိန်ချထားဖို့ ကုန်ကျစရိတ်က တော်တော်များပါတယ်…
    ဝင်ကြည့်ကြပါ တစ်ခါဖြစ်ဖြစ်…
    ကျွန်တော်လဲ သွားဝင်ကြည့်ဖို့ ဆုံးဖြတ်ပါတယ်…
    ခင်တဲ့
    ကြောင်ဝတုတ်

  • ဆူး

    February 23, 2012 at 1:35 pm

    သွားဖို့ အစီအစဉ် ရှိတယ်။
    စောစော သွားထားမှ.. ဒီတိုင်းပြည်မှ ပြုပြင် ထိန်းသိမ်းမှု အားနည်းတော့ ကောင်းကောင်း မြင်ချင်ရင် စောစော သွားထားမှ တော်ကာကျမယ်။

    သူငယ်ချင်းကပြောတယ် ပန်းချီ ဆွဲထားတာ ၅၀၀ဝ ပေးရရင်တော့ မတန်ဘူးတဲ့.. သူများ မေးပြီးမှ သွားလည်မယ်တဲ့.. သူများနိုင်ငံတွေမှာတောင် ရှိနေမှတော့ ဒီမှာလည်း ရှိတော့ ရှိသင့်ပါတယ်။

  • etone

    February 23, 2012 at 1:52 pm

    တစ်ခါမှ နှင်းမကျတဲ့နိုင်ငံ .. ရေခဲခြင်းဆိုတဲ့အထိတွေ့ ရေခဲသေတ္တာထဲမှာပဲ လက်နှိုက်ခံစားနိုင်တဲ့ .. ကျွန်မတို့လို … ပူအိုက်တဲ့ ရာသီဥတုခံစားနေရသူတွေအတွက် … ရေခဲဥယျာဉ်က .. ဘယ်လို စိတ်အပမ်းဖြေမှုမျိုးပေးမလဲ တွေးရင်း စိတ်လှုပ်ရှားမိတယ် … ။
    ငါးထောင်ဆိုတဲ့ ပမာဏက … ပေးပျော်တယ်လို့ ထင်ပါတယ် … ဘာမဟုတ်တဲ့ လူစော်နံ ၊ ချွေးစော်နံ .. ၊ ချွေးတတီးတီးနဲ့ .. ချဉ်ဖတ်စော်ရောနေတဲ့ … လိုက်ဖ်ရှိုးထဲ ခြေညောင်းခံ မတ်တပ်ရပ်ပြီး … အနိမ့်ဆုံး တစ်သောင်းခွဲနှစ်သောင်း ပေးကြည့်ရတဲ့ ရှိုးပွဲတွေထက်တော့ … ပိုပြီး ဈေးနှုန်းသင့်တင်ပါတယ် …

    အပြင်ရာသီဥတု အေးတာမျိုးမဟုတ်ပဲ ..လုပ်ကြံထားတဲ့ ရေခဲပြင်ဖြစ်တာကြောင့် .. .အပူအအေးပြောင်းလဲမှုဒဏ်ကိုတော့ .. သွားတဲ့ လူတွေ ခံကြရမယ် ထင်ပါတယ် … ။ ရေခဲပန်းပုတွေကရော … ပြုတ်ထွက် အက်ကွဲမကျဘူးလို့ … အာမခံချက်ပေးနိုင်ပါ့မလား … ။ သွားတော့ သွားကြည့်ချင်တယ် .. ဘယ်လို ဘေးကင်း လုံခြုံမှု ပေးနိုင်မလဲ ဆိုတဲ့အပေါ်တော့ သံသယဖြစ်တယ် 🙄

  • Nii

    February 23, 2012 at 2:01 pm

    Question mark for their adaptable suit, shouldn’t try.

  • နွယ်ပင်

    February 23, 2012 at 2:28 pm

    ကန်တော်ကြီး မှာလုပ်မှာလား သိတောင်မသိဘူး
    သွားတော့ သွားကြည့်ဦးမယ် တကယ်သာ ရေခဲပန်းပုတွေ
    ရုပ်တွေနဲ့ အနှုတ် ၁ဝဒီဂရီအထိ အပူချိန်ချထားမယ်ဆိုရင်တော့
    5000 ဆိုတာ ပေးရတာ သိပ်မများပါဘူး …………..

    • Thel Nu Aye

      February 23, 2012 at 4:30 pm

      မြေပဒေသာကျွန်းမှာပါ။ ၂၅ ရက်နေ့စဖွင့်မယ်တဲ့။ သွားရင်တောင် စနည်းနာပြီး ၂ ပတ် ၃ ပတ်လောက်နေမှာသွားမှကောင်းမှာ။

    • Shwe Tike Soe

      February 23, 2012 at 6:59 pm

      ဘယ်သိမလဲ ဟွန်း ဂဂ မျက်နှာပဲကြည့်နေတာကိုးးးးးးးး 😀

      • Thel Nu Aye

        February 23, 2012 at 9:14 pm

        သူကကောဘယ်တူ့မျက်နှာကြည့်ပါလိမ့်။

  • နှူးဘာဂိုဏ်းချုပ်

    February 23, 2012 at 2:50 pm

    လာပြန်ဘီ ဒီ၅ထောင်

    ဒီကန်ပနီအတွက် မားကတင်း တဂ်လိုင်းလေး လက်ချောင် ရေးပေးလိုက်ပါ့မယ်…

    ၅ထောင်တန်ဖုန်း မရသေးလို့ ရင်ပူနေသူများ ..၅ထောင်အကုန်ခံ၍ ကျနော်များ၏
    နိုင်ငံတကာ အဆင့်မီ ရင်မခွဲသည့် ရေခဲတိုက်အတွင်း လာရောက် အပန်းဖြေကြပါကုန်…

    😀

    ခင်လို့ ဝင်နောက်သွားပါသည် အစ်မရေ…

  • chityimhtoo

    February 23, 2012 at 3:12 pm

    သူတို့လုပ်ပေးထားတဲ့ ကုန်ကျစရိတ်နဲ့ ၅၀၀ဝတော့ ပေးသင့်တယ်လို့ထင်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာ
    နှင်းဆိုတာတစ်ခါမှမမြင်ဖူးဘူး ၊ ဒါမျိုး ဆိုတာလည်းခုမှပထမဆုံး တွေ့မှာဖြစ်လို့ တော်တော်များများ
    သွားကြည့်လိမ့်မယ်ထင်ပါတယ်။ 5000 ထောင်တန်ဘိုးဆိုတာ သာမာန်လူတန်းစားအတွက်များတယ်ဆို
    ပေမဲ့ သူ့နေရာနဲ့သူတန်ကြေးဆိုတာရှိပါတယ်။

  • water-melon

    February 23, 2012 at 3:26 pm

    ပေါက်ဖော်ရေ
    ရန်ကုန်လာရင်သွားရအောင်ဟေ့
    ဘီအီးလေးပါယူခဲ့ ရေခဲမလိုဘူး
    အဆင်သင့်ခွာထည့်ရုုံဘဲ
    စောင်တွေလိုလား 😀

    • ဖရဲတို့နဲ့ တူတူသွားလို့ ဖြစ်ချေဘူး ..
      တော်ကြာ ရေခဲခွာမှုနဲ့ နာပါ ဆွဲစိခံနေရဦးမယ် … 😀

  • စိန်ပေါက်ပေါက်

    February 23, 2012 at 3:27 pm

    လုတို ့အရင်သွားကြ
    ဝှတော့ အေးချေးမှ လိုက်တော့မယ်..
    မတော်..ပြတိုက်ထဲ ကိုယ်ပါ တောင့်ပြီး ရောယောင် အပြခံနေရဦးမယ်..
    အခြေအနေ အိုကေစိုပြေမှ ဝှလာကြည့်တော့မယ်နော့
    ဘိုင့်လဘိုင်

  • Shwe Tike Soe

    February 23, 2012 at 3:30 pm

    တစ်ယောက် ငါးထောင် အမငီး နှစ်ယောက်သွားရင် တစ်သောင်းပေါ့နော်……. သတ်ရင်သတ်ပလိုက် မသွားဘူး အဟီး

    • water-melon

      February 23, 2012 at 3:36 pm

      ဘာမသွားဘူး ဟုတ်လား
      တော်ကြာအုပ်ထိန်းသူက သွားရအောင်လို့ပြောရင်ရော
      ငြင်းမှာလား တိုတိုရွှေတိုက် 😀

      • Thel Nu Aye

        February 23, 2012 at 4:31 pm

        ကိုရွှေမငြင်းရဲပါ။ လောင်းမလား။ ငြင်းမငြင်း။ ၅၀၀ဝ ကြေး။

        • Shwe Tike Soe

          February 23, 2012 at 7:02 pm

          မမသဲ နိုင်ရင် သားသား တစ်ဝက်နော်… ဟိဟိ

    • Thel Nu Aye

      February 23, 2012 at 9:17 pm

      တခုတော့ရှိတယ်။ ကိုရွှေတို့ကပုံစံခွက်တခုထဲကဆိုက်တူဂိုက်တူပုံစံတူအမွှာပူးဒေ ဆိုတော့တစောင်ပဲဝယ်။ ပုံမှာရိုက်ပြီးတလှည့်စီဝင်လို့ရတယ်။

  • we R one

    February 23, 2012 at 4:51 pm

    နာလည်း တွားချင်လိုက်တာ.. ပိုက်ပိုက် က ပြတ်တုန်းလတ်တုန်း ၂၃ ဖြစ်နေပြီ… လကုန်မှ ပဲ စဉ်စားတော့မယ်..

  • တော်ဘီသွားဘူး။
    အဲဒီအအေးထဲသွား။
    အပြင်ပြန်ထွက်။
    အပူရှပ်ပြီးဦးနှောက်သွေးကြောပြတ်။
    သားသားကြောက်ကြောက်။
    ငါးထောင်ကြေးအိုးဝယ်စားမယ်။
    သဘောတူရင်လက်ညှိုးထောင်ပါ။

  • ငပွကြီး

    February 23, 2012 at 8:56 pm

    ရင်ကြပ်ရောဂါ ဓါတ်ခံရှိသူများ….
    အအေးဒဏ်မခံနှိင်ရင်တော့ မသွားတာပိုကောင်းပါတယ်
    မလေးရှား ဂျန်တင်းဟိုက်လမ်း ကရေခဲခန်းမကိုတော့တခါရောက်ဖူးတယ်
    ဝင်ကြေးပေးဝင်ပြီး အထဲရောက်ရုံခဏလေးဘဲရှိသေးတယ် အမျိုးသမီးက အအေးမခံနှိင်ဘဲ ရင်ထကြပ်လို့ ချက်ချင်းပြန်ထွက်လာရတယ် မတန်ဘူးပေါ့ဗျာ…-10 ဆိုတော့တော်တော်တော့အေးတယ်နော်…
    ရောက်ဖူးတယ်ရှိအောင် ၁ ခါတော့သွားသင့်ပါတယ် ရောက်ဖူးပြီးသွားတော့ ထပ်မသွားတော့နဲ့ပေါ့
    စကားမစပ်..ethone ရောက်သွားရင် အိမ်သာတက်ခဲ့ပါဦး..:D

    • Thel Nu Aye

      February 23, 2012 at 9:19 pm

      တုန်တုန်အိမ်သာသွားနိုင်ပါ့မလား။ -၁ဝ ဆိုတော့မတွေးရဲလို့ပါ။

    • etone

      February 24, 2012 at 1:00 pm

      အဟီး .. အဲ့နေရာမှာ အိမ်သာ မရှိလောက်ဘူး အူးပွကြီးရဲ့ …. ။ ရှိရင်တော့ မှတ်တမ်းတင်ဖို့ တနေရာတိုးလာပြီပေါ့ ဟဲဟဲ … ။ 😛

  • mg mg

    February 24, 2012 at 8:49 am

    တို့လဲလိုက်မယ် ချန်မထားနဲ့၊ ဘယ်သူ ဒကာခံမလဲ၊ ငါးတော့မထောင်တတ်ဘူး ငါးပဲမျှားတတ်တယ်(ငါးမမျှားရနေရာမှာ)

  • weiwei

    February 24, 2012 at 10:01 am

    မနေ့ကပဲ အဲဒီအထဲကို ရောက်ဖူးတဲ့အသိတစ်ယောက်ကပြောပြသေးတယ် .. သူကကြော်ညာရိုက်ရင်းနဲ့ ရောက်သွားတာတဲ့ … အပြင်အပူကနေ အခန်းတစ်ခန်းထဲမှာ အရင် အပူအအေးညှိရင်းနားနေရမယ် … ပြီးတော့မှ သူတို့ပေးတဲ့အကျီဝတ်ပြီး အထဲဝင်ရတယ် .. ပြန်ထွက်ရင်လည်း ချက်ခြင်းမထွက်ရပဲ အပူချိန်ညှိတဲ့အခန်းတစ်ခန်းမှာ အရင်ဝင်နားပြီး ရေနွေးကြမ်းတွေဘာတွေသောက်ပြီးမှာ အပြင်ထွက်ရမယ်တဲ့ … အနီးအနားမှာ ဆေးခန်းနဲ့ ဆရာဝန်လဲ အသင့်ပြင်ထားတယ်လို့ပြောပါတယ် …
    အထဲမှာ တော်တော်အေးလို့ ကြာကြာမနေနိုင်ဘူးလို့ ပြောပါတယ် …

  • Mလုလင်

    February 24, 2012 at 11:40 am

    မရောက်ရောက် အောင် သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ ကြိုဆိုတဲ့ အနေနဲ့ပါ။ ကင်မရာ ခွန် ဈေးကြီးလို့ကတော့ သေပီ ဆြာ ပဲ …

  • ဆူး

    February 24, 2012 at 1:09 pm

    အဲလို အထဲကနေ အပြင် ထွက်လိုက်တယ် ဆိုတာနဲ့ အပူ အခိုးတွေ အသားကို ထိ တာ ပူသွားတာပဲ.. အမှန်တော့ အပူထိန်းတဲ့ အခန်းက အေးနေတာ.. အတွင်းမှာ အေးလွန်းတော့ အပြင် ရောက်တော့ အပူချိန် နည်းနည်း ရှိတဲ့ နေရာတောင် ရှိန်းရှိန်း ဖြစ်အောင် ကို ပူတယ်။

    ရေခဲပြင် စကိတ်ရှိရင် တော့ သွားစီးကြည့်ချင်တယ်။

  • snow white

    March 29, 2012 at 2:00 pm

    ဟုတ်တော့ဟုတ်တယ်အခကြေးငွေကမနည်းဘူးလေ သက်သောက်လောက်တောင်းပေါ့5000ဆိုတာ တော့များလွန်းပါတယ်နော်

Leave a Reply