အိပ်ကြမယ် ဟောက်ကြမယ်… လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ

ပုိင္ေလးFebruary 23, 20121min11311

အိပ်ကြမယ် ဟောက်ကြမယ်… လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ

 

ဟောကြမယ် ပြောကြမယ်မဟုတ်ပါ။ အိပ်ကြမယ် ဟောက်ကြမယ်... လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ
ဟောကြမယ် ပြောကြမယ်မဟုတ်ပါ။ အိပ်ကြမယ် ဟောက်ကြမယ်။ လွှတ်တော်ထဲမှာ အိပ်ပျော်နေတဲ့ ရွေးကောက်မခံ လွှတ်တော် အမတ်များပါတဲ့ CNN ရုပ်သံပါ..။
လွှတ်တော်ထဲမှာ အိပ်ပျော်နေတဲ့ သူတွေပါတယ်နော် သေချာကြည့်ကြပါ..။ ဒီလို အိပ်ပျော်နေတဲ့ လူတွေ နေရာမှာ တကယ့်စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဆို ဘယ်လောက်ကောင်းမလဲ..။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နဲ့ ပြည်သူတွေ ဘေးဖယ် တင်မြှောက်ထားတဲ့ အစိုးရလို့ဆိုတဲ့ ငိုကျော်ဆန်းနဲ့ တွေ့ဆုံခန်းပါပါတယ်…။ CNNရဲ့ ၃မိနစ်စာ ရသစုံ၊ အဓိပ္ပါယ်မျိုးစုံ ဖွင့်ဆိုနိုင်တဲ့ရုပ်သံဖိုင်ပါ..။
                                              ဒီမိုဝေယံ မှ….

 

 

11 comments

  • Burmese or Chinese

    February 23, 2012 at 1:30 pm

    ခွင့်လွှတ်ပါခင်ဗျား..
    ကျွန်တော်နည်းနည်းအိပ်ပျော်သွားပါတယ်။
    ညက အိပ်ရေးပျက်ထားလို့
    ဗွီဒီယို က မိုးချုပ်သွားလို့ပါ။
    ဗွီဒီယို …ဗွီဒီယို ….ဗွီဒီယို …….

  • Thel Nu Aye

    February 23, 2012 at 1:45 pm

    ဆောရီးပါကျွန်မလဲတပြိုင်ထဲတင်လိုက်မိတယ်။ သဂျီးရေကျွန်မပိုစ့်ပြန်ဖျက်ပေးပါအုံး။ ကျေးဇူးပါ။

    • Burmese or Chinese

      February 24, 2012 at 8:12 am

      is ok, no problem
      Thank

  • ba gyi

    February 23, 2012 at 3:00 pm

    အဲဒါ ပါပဲ ၊ တစ်ကယ်တော့ စစ်သားကြီးတွေ နိုင်ငံရေးသ္မားနေရာမှာဝင်လုပ်ဘို့ဝါသနာ မရှိတာအမှန်ပါ။
    စစ်သားဆိုတာ၊စစ်သားအလုပ်ပဲလုပ်ချင်တာပေါ့။
    ခု တော့ ခဗျာတွေ အမိန့်အရ ဇွတ်အတင်း ဝင်ထိုင်နေကြရတာ၊ သူတို့ဒုက္ခ မသေးပါလားကွယ်ရို့။
    အဲ အမိန့်အရဘေးဖယ်ပြီး ပြည်သူအတွက်တစ်ကယ်ဝင်ပြောပေးကြရင်တော့အရမ်းတန်ဘိုးရှိတဲ့နေရာပါပဲ၊
    ရာထူးပြုတ်ဘို့ မရှိရင်တော့သူတို့လည်းပြောလာကောင်းပြောကြမယ်ထင်တယ်နော်၊တစ်ကယ်ဆိုသူရို့ တပ်
    ထဲမှာတောင်၊ ကြီုး နီစံနစ်နဲ့ ၊အစဉ်မပြေတာတွေ၊အိပ်စိုက်ပြီး၊တပ်ရင်းမှုးကိုမပြောရဲတာတွေ၊စီနီယာတွေက
    တပ်ကိစ္စတွေမှာငွေလိုရင်၊မင်းစိုက်ထားဆိုပြီး၊ ပြန်မပေးတာတွေ၊ ဝက်၊ကြက်မွေးခိုင်းပြီး၊အစာဘိုးမရှိတာတွေ
    အများကြီးပါ၊အရာရှိငယ်တွေရဲ့ဒုက္ခတွေအများကြီးပါဗျာ။ခုတော့ပြည်သူ့ဒုက္ခနေနေသာသာ၊ကိုယ့်ဒုက္ခတောင်
    ပြောခွင်မရတော့၊ အေးလေ အိပ်နေတာက အာပတ်လွတ် ဆိုတဲ့သဘောနေမှာပါဗျား။

  • ဖွတ်ငပျင်း

    February 23, 2012 at 4:39 pm

    ဖွတ်ငပျင်း ဇွတ်အတင်း ပြောရရင်ဖြင့် တကယ့်စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဆို လဲ
    ဒီလို ဒီပုံမျိုးနဲ့ ငိုက်ရုံတင်မကပဲ အိပ်မက်အခန်းဆက်တွေ မက်နေမှာ အသေချာပဲ ။

  • အာဖျံကွေး

    February 23, 2012 at 4:53 pm

    ဒါပျော့စ် ဒါပျော့စ် ဒလောက် အရစ်ရှည်နေတဲ့ လွတော် ကြီးပေကိုး
    အရေမရ အဖတ်မရ ငိုုက်ကြမယ် အိပ်ကြမယ်ပေါ့

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 23, 2012 at 9:08 pm

    စားလာတာများသွားလို့ ဗိုက်တင်းပြီးအဆီရစ်တယ်ထင်ပါ့ဗျာ။ တခြားမတွေးနဲ့နော် ဒီကထမင်းပြောတာရယ်။
    ခုလွှတ်တော်မှာ မဲရုံနဲ့မဲပေးစနစ်လဲမကျင့်သုံးတော့ဘူး မတ်တပ်ရပ်မဲပေးတာလဲခေတ်ကုန်သွားတော့မှာတဲ့
    ခေါင်းညိတ်ပြီးမဲပေးတဲ့စနစ်စတင်ကျင့်သုံးမယ် ထောက်ခံတယ်ဆိုခေါင်းညိတ် မထောက်ခံရင်ခေါင်းခါတဲ့

  • memeseku

    February 24, 2012 at 4:46 pm

    ဘာတွေလျောက်ပြောနေကြတာလဲ… ဒို့ဘဂျီးကို…
    ဒို့ဘဂျီး က လှည် လည် ကြည်. ရှူ . စစ် ဆေး ပြီးမောလို့
    အိပ်နေတာ.. မိုးလင်းရင် မြန်မာ.အသံက သတင်းတွေမှာ လဲ ယူနီဖောင်းဝတ်ပြီး မင်းသားလုပ်ရ .. သူများရှေ.ရောက် ရင်လဲ တတ်ယောင်ကားလုပ်ရ …. ဌာန ရောက်ရင်လဲ ဌာနာအုပ် လုပ်ပြီး ဟောင်စား အဲလေ ဆော်တီး အော်ဟုတ်ပေါင် ဟောက်စားလုပ်ရ… နဲ. လမ်းခင်းလဲသူတို. နိုင်ငံဂျားတွားလဲတူဒို့… တရုတ်ပြည်က ပေါက်ဖော်ဂျီး ( မှတ်ချတ်.. ရွာထဲက ကိုရင်ပေါက်မဟုတ် )လာ ရင်လဲ ဆင် _ီး ခွေးမျော် လုပ်ရတာ လဲ ဒို့ဘဂျီးတို.ပဲ ဟာကို… ဟွန်း…. ပြောမပြောချင်ဘူး….
    ဒါနဲ. ဒို့ကိုမေးရင် ….မသိဘူး အမေရီးကား..ဖတ်မှာတွေ့မိတယ်လို့ပြောလိုက်ပါ… နော် ….

  • အော် တိုးတက်ပါအုံးမယ်ဗျာ။memeseku ရေကျနောမတို ့နိုင်ငံရဲ ့လွှတ်တော်ထဲမှာ နေရာယူထားတဲ့
    အိပ်ငိုက်နေတဲ့ စစ်သားတွေရဲ ့ပုံကို ကိုBurma တစ်ယောက်မမြင်နိုင်ရှာပါလား။

  • unclegyi1974

    February 24, 2012 at 10:20 pm

    တကယ်ဆိုသေပြီဆရာပဲ
    ဒါပေမဲ့သေချာစဉ်းစားကြည့်ရင်ဖြစ်နိုင်ပါ့မလား
    ဖိုတိုရှော့တွေကလည်းကောင်းပါဘိသနဲ့

  • ခပ် KING ကင်း

    February 24, 2012 at 10:27 pm

    လူတိုင်းလူတိုင်းက ကိုယ့်အတွေးနဲ့ကိုယ်ပေါ့
    ဒီတော့
    ကျွန်တော်လည်း ဆက်တွေးလိုက်အုံးမယ်ဗျ … 😛

Leave a Reply