အိပ်မက်လှလှမက်ပါစေ

မြသဲ ( 17082011 )February 23, 20121min17321

တိုင်းပြည်တိုးတက်အောင်၊ တိုင်းပြည်တာဝန်ကို စွမ်းစွမ်းတမံ ကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့ ထမ်းဆောင်နေကြတာတွေ့ရတော့ ကျွန်မမလဲ အမတ်လောင်းဖြစ်အောင် လုပ်ရင်ကောင်း မလားလို့ စဉ်းစားမိပါတယ်။ သူတို့တွေတော်တော်လေး ပင်ပန်းနေကြပုံလဲရတယ်နော်။ ဘာအိပ်မက်တွေများမက်နေလဲလို့ သိချင်စိတ်ကလဲဖြစ်နေမိ တယ်။ နေ့မအားညမနားများလွတ်တော်ညီလာခံလုပ်နေကြလို့ပါလား။ သိသူများရှိရင်လဲဖြေပေးကြပါအုံး။ တိုင်းရေးပြည်ရာဆိုတာ တော်တော်ရှုပ်ထွေး ပင်ပန်းမှန်းသူတို့ ကိုကြည့် မှ ပဲသိတော့တယ်။ လွှတ်တော်အမတ်တွေသနားပါတယ်နော်။

21 comments

  • Thel Nu Aye

    February 23, 2012 at 1:47 pm

    ဆောရီးပါကျွန်မလဲတပြိုင်ထဲတင်လိုက်မိတယ်။ သဂျီးရေကျွန်မပိုစ့်ပြန်ဖျက်ပေးပါအုံး။ ကျေးဇူးပါ။

    • Burmese or Chinese

      February 24, 2012 at 9:56 am

      is ok, no problem
      Thank

  • etone

    February 23, 2012 at 1:58 pm

    ဟယ်တော့ .. ပခုံးပေါ်က .. အပွင့်တွေကိုတောင် အားမနာဘူး … ။ အပွင့်တွေကြည့်ရတာ … ဗိုလ်မှူကြီးတွေဖြစ်ရမယ် … ။ အဟီး ..ပြသဒါးများကျသလား မသိဘူး …. မျက်နှာတွေလည်း ပါတယ် ….. 😛

    • Thel Nu Aye

      February 23, 2012 at 2:34 pm

      အိတုန်ရေ အမတို့ လွှတ်တော်ကိုယ်စားလှယ်ဝင်ရွေးကြရအောင်။ အိပ်နေလဲ ၃ သိန်းရတယ်နော်။ ဘာမှတ်လဲ။

  • စိန်ပေါက်ပေါက်

    February 23, 2012 at 2:54 pm

    လွှတ်တော်မှာ လွှတ်အိပ်နေကြပါကလား ဟရို ့
    🙄

  • thureinmaung

    February 23, 2012 at 3:02 pm

    မနေ့ကထိုင်းTV မှာပါလီမန်အစည်းအဝေးမှာအစိုးရနဲ့အတိုက်အခံအုပ်စုဟာ
    မနက်(၁၀)နာရီကနေည(၁၁)နာရီခွဲအထိအကြီးအကျယ်ဆွေးနွေးငြင်းခုံခဲ့ကြတယ်လို့
    သတင်းလွှင့်သွားပါတယ်၊
    ဒီမိုကရေရရှိပြီးသားနိုင်ငံတစ်နိုင်ငံမှာတိုင်းပြည်အတွက်အရေးကြီးတဲ့ကိစကိုဒါလောက်
    တောင်ကြိုးစားဆွေးနွေးနေကြတာ၊ခုမှခြေလှမ်းစမယ့်မြန်မာပြည်က
    ရွေးကောက်မခံ၊ပြည်သူ့ကိုယ်စားမပြု၊အထူးအခွင့်ထူးခံလူတန်းစားများ
    ကိုယ့်ကိုယ်ကိုနဲနဲလေးဆင်ခြင်ပြီးရှက်တတ်ကြပါစေ။

  • minnannawar

    February 23, 2012 at 4:12 pm

    ငယ်ငယ်တုံးက UTC (တက္ကသိုလ်အရံတပ်ရင်း) ဝင်တုံးက လက်နက်ငယ်ဖြုတ်ခြင်း၊ တပ်ခြင်းသင်ခန်းစာမှာ
    အိပ်ခြင်း၊ငိုက်ခြင်း၊ သန်းဝေခြင်း လုပ်မိလို့ အပြင်ထွက်ပြီး ဒိုက်ထိုး(လက်ထောက် မတင်) ရဖူးပါတယ်။
    အခုငိုက်တဲ့သူတွေ ရှေ့ထွက်ခိုင်းပြီး ဥက္ကဌရှေ့မှာ ဒိုက်ထိုးခိုင်းရရင်ကောင်းမယ်ထင်တယ်။

  • minnannawar

    February 23, 2012 at 4:19 pm

    တစ်ရေးနိုးသော်အကြံပေါ်တဲ့။
    အကြံကောင်း၊ ညာဏ်ကောင်း များထွက်အောင် တစ်ရေးအိပ်နေတာပါ။

  • ဘရုတ်သုက္ခလျှောက်ပြောနေတာထက်စာရင် သူ့ဖာသာသူ အေးအေးဆေးဆေးအိပ်နေတာ
    ပိုကောင်းတာပေါ့ဗျာ။

  • amatmin

    February 23, 2012 at 4:57 pm

    အဲဒါပေါ့ဗျာ…ကို်ယ့်အလုပ်မဟုတ်ပါဘဲ..မဆိုင်ပါဘဲ.လုပ်နေကြတာတွေရဲ့ လွဲချော်မှုတွေလေ..
    စိတ်မောပါဘိတော့…လွှတ်တော်အမတ်မင်းတို့ရယ်…
    ခင်ဗျားတို့တော့ သေပြီဆရာပဲ.. 😛

  • ဆရာကြီး မင်းသိင်္ခရဲ့ စုံထောက်ကြီး ဆာပုလင်းနှင်းမောင်လို စဉ်းစားတဲ့အခါမျိုးမှာ မျက်စိလေးမှေးပြီး စဉ်းစားတယ်ဆိုတာ ဒါမျိုးလား မသိဘူး … 😀
    ဆောရီးပါ ကိုနှင်းမောင် … ဒီကောင်တွေက ခင်ဗျား ခြေဖျားတောင် မှီမှာမဟုတ်ပါဘူး။
    ဘာတွေ ဘယ်လို မြိုထားမှန်းမှ မသိတာ .. ။
    ဒါကြောင့် လွှတ်တော်ထဲ အရှက်မရှိ ဒီလို ဖြစ်နေရတာနေမှာ … ။

  • ဒီမှာလာတွေ့တဲ့အချက်ကတော့ သူတို့ကိုယ်တိုင်လုပ်ချင်လား မလုပ်ချင်လားမသိဘဲ
    ဝတ္တရားအရ လုပ်ခိုင်းလို့ ဒီလို ဖြစ်လာတာပါ။
    ကိုယ်ဘာသာကို လုပ်ချင်တဲ့ဆန္ဒနဲ့ဝင်လာသူဆိုရင် ဒီလိုဘယ်ဖြစ်မလဲ။
    ဖြစ်ရင်လဲ အဲလိုလူမျိုးကိုနောက်မဲမပေးနဲ့ပေါ့ ရှင်းနေတာဘဲ။
    နောက်ပြီး လွတ်တော်ဆိုတာအရင်က မည်ကာမတ္တဘဲလုပ်ခဲ့တာဆိုတော့ သူများနိုင်ငံတွေလို
    အပြန်အလှန်ငြင်းကြ ခုန်ကြလို စိတ်ပါဝင်စားစွာ ဆွေးနွေးတဲ့အလေ့အကျင့်ရောက်ဘို့လိုပါသေးတယ်။
    ဒါခုမှ ပထမဆုံးပြည်သူ့လွှတ်တော်လေဗျာ။
    (နီစေသတည ်း)

  • water-melon

    February 23, 2012 at 5:33 pm

    အယ် ဟိုဘောကြီး အဲမှားလို့ ဗိုလ်ကြီးက သရေတွေတောင်ကျနေပြီ
    အိပ်သောသူ အသက်ရှည်၏
    နာလဲအိပ်ပြီ။

  • ရွှေဘိုသား

    February 23, 2012 at 6:41 pm

    လွှတ်တော်အမတ်တွေအိပ်နေတာကြည့်ပြီး တိုင်းပြည်အတွက်ရင်လေးစရာတော့ကောင်းသား
    အတင်းအဓမ္မ အမတ်လုပ်ခိုင်းလို့လုပ်လိုက်ရတော့လည်း လွှတ်တော်ထဲမှာ ဘာမှမပြောတတ်မဆိုတတ်မို့ အိပ်နေတာဖြစ်မှာပါ စစ်ဝတ်နဲ့ကောင်တွေအိပ်ကြပါ ပြည်သူ့အမတ်တွေမအိပ်ပါစေနဲ့ပဲ ဆုတောင်းနေလိုက်မယ်

  • Shwe Tike Soe

    February 23, 2012 at 7:01 pm

    အိပ်ကြပါစေဗျာ… သူတို.မှာ လွှတ်တော်ရောက်မှ အဲယားကွန်းလေးနဲ. ငြိမ်နေရပြီးတော့ ရှေ.မှာကလဲ ပုံပြောပြမဲ့သူတွေကလဲ ရှိဆိုတော့ အိပ်ရှာမှာပေါ့လေ……….
    အပြင်မှာဆို ကြောက်ဒူးတုန် အောင်ပြေးလွှားရေတာတာဆိုတော့
    တားတားဘာမှမပြောဘူးနော်…….. ဟီးဟီး 😀

  • ရွှေဘိုသား says:
    လွှတ်တော်အမတ်တွေအိပ်နေတာကြည့်ပြီး တိုင်းပြည်အတွက်ရင်လေးစရာတော့ကောင်းသား
    အတင်းအဓမ္မ အမတ်လုပ်ခိုင်းလို့လုပ်လိုက်ရတော့လည်း လွှတ်တော်ထဲမှာ ဘာမှမပြောတတ်မ
    ဆိုတတ်မို့ အိပ်နေတာဖြစ်မှာပါ စစ်ဝတ်နဲ့ကောင်တွေအိပ်ကြပါ ပြည်သူ့အမတ်တွေမအိပ်ပါစေနဲ့ပဲ
    ဆုတောင်းနေလိုက်မယ်

    ကိုရွှေဘိုသားရေ အမှန်ပါဘဲ။ဒီစစ်ဝတ်နဲ ့ကောင်တွေဟာ ဝလုံးကို ဇကောလောက်ရေးပြတောင်
    မှ ဝလုံးမှန်းမသိတဲ့ကောင်တွေပါ။ခုတော့ဗျာ လူနေရာ ခွေးဝင်ထိုင်ပြီး ငိုက်ပြနေလိုက်တာ။
    ရှက်တတ်ဖို ့ကောင်းတယ်။

  • mg mg

    February 24, 2012 at 8:06 am

    ဟင့်–သူများကဘာပြောလို့လဲလို့…….၊ အရေအတွက်ပြည့်အောင် လာထိုင်ခိုင်းလို့လည်း ထိုင်ပေးရသေးတယ်၊ နောက် ဓါတ်ပုံရိုက်မယ်ဆိုကြိုပြော သိလား၊ ခုတော့ မိတ်ကပ်တောင်သေခြာ မလိမ်းခဲ့ရဖူး။ သွား…..လူဆိုး …..ခေါ်တော့ဘူး

  • Burmese or Chinese

    February 24, 2012 at 9:55 am

    ခွင့်လွှတ်ပါခင်ဗျား..
    ကျွန်တော်နည်းနည်းအိပ်ပျော်သွားပါတယ်။
    ညက အိပ်ရေးပျက်ထားလို့
    ဗွီဒီယို က မိုးချုပ်သွားလို့ပါ။
    ဗွီဒီယို …ဗွီဒီယို ….ဗွီဒီယို …….

  • ကြောင်ကြီး

    February 24, 2012 at 12:12 pm

    အိမ်မက်ထဲမှာ အာဏာသိမ်းနေဂျတာများလား…။ 🙄

  • ဆူး

    February 24, 2012 at 1:11 pm

    ဟဲ့ဟဲ့.. ဘယ်လို ဖြစ်ကြတာလဲ.. တိုင်းပြည် ကောင်းကျိုး စွမ်းဆောင်ပေးနေတာကို..

  • memeseku

    February 24, 2012 at 4:40 pm

    ဘာတွေလျောက်ပြောနေကြတာလဲ… ဒို့ဘဂျီးကို…
    ဒို့ဘဂျီး က လှည် လည် ကြည်. ရှူ . စစ် ဆေး ပြီးမောလို့
    အိပ်နေတာ.. မိုးလင်းရင် မြန်မာ.အသံက သတင်းတွေမှာ လဲ ယူနီဖောင်းဝတ်ပြီး မင်းသားလုပ်ရ .. သူများရှေ.ရောက် ရင်လဲ တတ်ယောင်ကားလုပ်ရ …. ဌာန ရောက်ရင်လဲ ဌာနာအုပ် လုပ်ပြီး ဟောင်စား အဲလေ ဆော်တီး အော်ဟုတ်ပေါင် ဟောက်စားလုပ်ရ… နဲ. လမ်းခင်းလဲသူတို. နိုင်ငံဂျားတွားလဲတူဒို့… တရုတ်ပြည်က ပေါက်ဖော်ဂျီး ( မှတ်ချတ်.. ရွာထဲက ကိုရင်ပေါက်မဟုတ် )လာ ရင်လဲ ဆင် _ီး ခွေးမျော် လုပ်ရတာ လဲ ဒို့ဘဂျီးတို.ပဲ ဟာကို… ဟွန်း…. ပြောမပြောချင်ဘူး….
    ဒါနဲ. ဒို့ကိုမေးရင် ….မသိဘူး အမေရီးကား..ဖတ်မှာတွေ့မိတယ်လို့ပြောလိုက်ပါ… နော် ….

Leave a Reply