ပညာတော်သင်ဆုကို AIT တက္ကသိုလ် မဟာတန်းအတွက် ခေါ်ယူ

manawphyulayFebruary 23, 20121min662

နော်ဝေနိုင်ငံမှ အေအုိုင်တီ (Asian Institute of Technology Thailand, AIT) မပာာတန်းအတွက် တစ်နှစ်ကိုု မြန်မာကျောင်းသား ၄ဝ ယောက်နှုန်းနှင့် ၃ နှစ်စာ ပညာသင်ဆုုပေးမယ့်အကြောင်း ကြေညာလုိုက်ပါတယ်။ အေအိုင်တီ တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ နာမည်ရှိပြီးသား သုတေသန တက္ကသိုလ်အဖြစ် ထင်ရှားပါတယ်။

အေအုိုင်တီ ကျောင်းဝင်ခွင့် စံနှုန်းစံထားများဖြင့် ကိုက်ညီသော မြန်မာနုိုင်ငံသားတုိုင်း နော်ဝေ AIT စကော်လားရှစ် လျှောက်ထားနုိုင်ပြီး ၂၀၁၂ ဩဂုုတ်လ စာသင်နှစ်ကနေ စတင်မှာ ဖြစ်ပါတယ်။

ဒီပညာရေးထောက်ပံ့ဆုများတွင် မဟာဘွဲ့သင်တန်း ကျောင်းလခ၊ ကျောင်းလျှောက်လွှာကြေး၊ သုုတေသနစရိတ်၊ နေထိုုင်စားသောက်စရိတ်၊ လိုအပ်သော အကြိုဝင်ခွင့် ကုန်ကျစရိတ် (၄ပတ်တာ ကာလကို မြန်မာပြည်တွင်)၊ လိုအပ်သောအကြိုဝင်ခွင့် ကုန်ကျစရိတ် (AIT ကျောင်း တွင် အကြာဆုံး ၈ ပတ်တာ ကာလမျှ) နှင့် မဟာတန်း ပညာသင်ကြားမှုစရိတ်အပြင် ရန်ကုုန်၊ ဘန်ကောက်လေယာဉ်လက်မှတ်တို့ ပါဝင်ပါတယ်။

ဒီပညာသင်ဆုု လျှောက်ထားရန်အတွက်စာမျက်နှာ ၃ မျက်နှာရှိရမည့် မြန်မာဘာသာနှင့် ရေးသားထားသော စာစီစာကုံးကို ကျောင်းဝင် ခွင့် လျှောက်ထားချက်နှင့်အတူ တင်ပြရမှာဖြစ်ပါတယ်။

စာစီစာကုုံးတွင် အေအုိုင်တီကိုု လျှောက်ထားရသည့် အကြောင်းအရင်း၊ ဤပညာသင်ကြားမှု၊ ပညာတော်သင်ဆုမှ တဆင့် မြန်မာနိုင်ငံ အတွက် ရေတိုု၊ ရေရှည်တွင် မည်ကဲ့သို့သော အကျိုးသက်ရောက်မှု ရှိနုိုင်မည်ဆိုုသည် တို့ကိုု ရေးသားဖော်ပြရမှာ ဖြစ်ပါတယ်။ အေအိုု်င်တီ ကနေ မြန်မာပြည်သို့ လာရောက် လူတွေ့ စစ်ဆေးပြီး နောက်ဆုံး ရွေးချယ်မှုကို သက်ဆုိုင်ရာ ဘာသာရပ်ဆုိုင်ရာဋ္ဌာနများမှတဆင့် အပြီးသတ် စကာတင် စိစစ်ရွေးချယ်သွားမယ်လို့ သိရပါတယ်။

မြန်မာပြည်မှာလည်း လျှောက်ထားမှု လက်ခံဆောက်ရွက်ရေးရုံး ဖွင့်လှစ်ရန် စီစဉ်ထားရှိပြီး အသေးစိတ် သတင်းအချက်အလက်များ ကိုုလည်း ၁ ပတ်တာ ကာလအတွင်း ထပ်မံထုုတ်ပြန်ပေးသွားမည်ဟု ကြေငြာချက်တွင်ပါရှိပါသည်။

ပိုမိုသိရှိလိုပါလျှင် ထိုင်းနိုင်ငံ၊ အေအိုင်တီ တက္ကသိုလ် http://pwl.ait.asia/index.php/archives/show/567See တွင် သွားရောက် လေ့လာနိုင်ပါကြောင်း။

အေအိုင်တီ AIT တက္ကသိုလ် ဝဘ်လိပ်စာကတော့ – http://www.ait.ac.th/ ဖြစ်ပါတယ်။

2 comments

  • pazflor

    February 23, 2012 at 4:33 pm

    ဝမ်းသာစရာ သတင်းပါဘဲခင်ဗျာ။ AIT မှာတော့ သူ ့infrastructure နဲ ့သူရှိပြီးသားပါ။ ဒါပေမဲ့ ရေရှည်အတွက်ကတော့ မြန်မာနိုင်ငံထဲက တက္ကသိုလ်တွေကို အထောက်အပံပေးတာက ပိုကောင်းမယ်လို ့ထင်ပါတယ်။ နို ့မိုဆို Norway ကထောက်ပံတဲ့ Fund တွေက သူတို ့ထိုင်းနိုင်ငံထဲဘဲရောက်သွားမှာလေ။ တကယ်ထူးချွန်သူမျိုးဆိုလျှင်တော့ Norway က တက္ကသိုလ်တွေမှာ ပညာသင်ဆုပေးရင် ပိုကောင်းမယ်ထင်ပါတယ် ခင်ဗျ။
    ကြုံလိုပြောချင်ပါသေးတယ်၊ Master တက်ချင်သူများ ပိုက်ဆံတက်နိုင်ပါက Norway ကိုရွှေးချယ်နိုင်ပါတယ်။ Norwayက state universities တွေမှာ tuition fees မပေးရပါဘူး။ နေစရိတ်ကတော့ တော်တော်ဈေးကြီးပါတယ်။ ဘာသာရပ်တိုင်းတော့မသေချာပါဘူး၊ ဒါပေမဲ့ တစ်ချို ့ ဘာသာရပ်တွေမှာတော့ Norway အနေနဲ ့အလွန်ကောင်းတဲ့ Faculty တွေရှိပါတယ်။ ဥပမာ NTNU ရဲ ့marine technology၊ University of Stavanger က Petroleum Engineering၊ Offshore Technology တို ့လိုဟာမျိုးပေါ့။ Singapore, Malaysia, Thai တို ့သွားသင်မယ့် အစား အချို ့သော ဘာသာရပ်တွေမှာ Norway ကိုလည်းလေ့လာကြည် ့ကြပါခင်ဗျာ။

  • snow white

    February 23, 2012 at 4:55 pm

    ်ပညာရေးအကြောင်းလေးတွေရေးပေးတယ် သတင်းပေးတဲ့အတွက်မမမနောကိုကျေးဇူး

Leave a Reply