နိုင်ငံခြားသားများနဲ ့စီးပွားရေးလုပ်ခြင်း

မောင် ပေFebruary 23, 20121min1756

မင်္ဂလာပါခင်ဗျာ ။
သည်ကနေ ့ညမှာ ကန်ကြမယ့် ယူအီးအက်ဖ်အေ ၊ ယူရိုပါလိဂ် ၃၂သင်းအဆင့် ဒုတိယကျော့ ပွဲစဉ်များ နဲ ့အချိန်များကတော့
12.30 ဘီဘာအို – လိုကိုမိုးတစ်မော်စကို ( လိုကို ၂-၁ ဘီဘာ )
12.30 ကလပ်ဘရုဂေး – ဟန်နိုဗာ ( ဟန်နိုဗာ ၂-၁ ဘရုဂေး )
12.30 ပီအေအိုကေ – အူဒီနီး ( အူဒီ ဝ-ဝ ပီအေ )
12.30 ပီအက်စ်ဗွီ – ထရာဇွန်စပေါ ( ထရာဇွန် ၁-၂ ပီအက် )
12.30 စတန်းဒက်လီဂီ – ဝှစ်စလာကာရာကော ( ဝှစ်စလာ ၁-၁ စတန်းဒက် )
12.30 တွမ်တီး – စတူအာဘူခါရက် ( စတူအာ ဝ-၁ တွမ်တီး )
12.30 ဗလင်စီယာ – စတုတ် ( စတုတ် ဝ-၁ ဗလင် )
2.35 အန်ဒါလက် – အေဇက် အယ်ခမာ ( အယ်ခမာ ၁-ဝ အန်ဒါလက် )
2.35 အသလက်တီကို – လာဇီယို ( လာဇီယို ၁-၃ အသလက် )
2.35 ဘီစစ်တပ် – ဘရာဂါ ( ဘရာဂါ ဝ-၂ ဘီစစ် )
2.35 မန်ချက်စတာယူနိုက်တက် – အေဂျက် ( အေဂျက် ဝ-၂ မန်ယူ )
2.35 မီတဲလစ် – ဆဲဘတ် ( ဆဲဘတ် ဝ-၄ မီတဲ )
2.35 အိုလံပီယာကော့ – ရူဘင်ကာဇန် ( ရူဘင်ကာဇန် ဝ-၁ အိုလံပီယာ )
2.35 ရှော်ကေး – ဗစ်တိုးရီးယားပလာဇန် ( ဗစ်တိုး ၁-၁ ရှော်ကေး )
2.35 စပို ့တင်းလစ်စဘွန်း – လီဂီယာဝါဆော ( လီဂီ ၂-၂ စပို ့တင်း )
() အတွင်းမှာ ပထမအကျော့ ရလဒ်များဖြစ်သည် ။
အထက်ပါ ပွဲစဉ်များထဲမှာမှ ဘော်ဒီဈေးနှင့် ဂိုးပေါင်းဈေးအရ ၊ အောင်မြင်ဖြစ်ထွန်းနိုင်သော ပွဲစဉ်များမှာ
ဘီဘာအို – လိုကိုမိုးတစ်မော်စကို
ပထမအကျော့ လိုကိုမိုးတစ် အိမ်ကွင်းရုရှား မှာ ကန်ခဲ့တုန်းက လိုကိုမိုးတစ် က ၂-၁ နဲ ့နိုင်ခဲပါတယ် ။ အဲဒီတုန်း က ဘီဘာအို က ဂိုးအရင်စသွင်းခဲ့တာ ဖြစ်ပြီး လိုကိုမိုးတစ် က အနောက်ကနေ ၂ ဂိုး ပြန်သွင်းခဲ့တာပါ ။ အခု ဘီဘာအို အိမ်ကွင်းမှာ တွေ ့ကြမယ် ဆိုတော့ ဖွင့်တဲ့ဈေး က ဘီဘာအို တစ်ဂိုးသွင်းရင် ၇၀%ခန် ့အရှုံးဖွင့်ထားပါတယ် ။ ဂိုးပေါင်းဈေးကတော့ သုံးဂိုးဆိုရင် ၈၀% အမြတ်ရမှာ ဖြစ်ပါတယ် ။
ဘီဘာအို အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ နိုင် ၊ ရှုံး ၊ ရှုံး ၊ နိုင် ၊ သရေ
လိုကိုမိုးတစ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ နိုင် ၊ ရှုံး ၊ နိုင် ၊ ရှုံး ၊ ရှုံး
ဘီဘာအို ပြီးခဲ့တဲ့ တနင်္ဂနွေနေ ့တုန်းက မာလာဂါ ကို ၃-ဝ နဲ ့အနိုင်ကန်ခဲ့ပါတယ် ။ အဲဒီပွဲမှာ ဒုတိယ ပိုင်းပွဲအစမှာဘဲ ၅ မိနစ် အတွင်း ၃ ဂိုး သွင်းခဲ့တာပါ ။
အခုလို ယူရိုပါလိဂ် ပွဲတွေမှာ လုပ်ပွဲကန်တာ ရှားတာမို ့၊ အားပေးတဲ့ ပရိသတ်များ စိတ်ချလက်ချ အားပေးနိုင်ပါတယ် ။
သည်ပွဲမှာ ““ ဘီဘာအို ”” ကို ဘဲ ရွေးခြယ်မိပြီး ၊ ဖိုးကပ်အနေနဲ ့““ ၃-၁ ”” ကို ကြိုက်မိပါတယ် ။
အန်ဒါလက် – အယ်ခမာ
ပကျော့ အယ်ခမာ ကွင်းမှာတုန်းက အန်ဒါလက် က ၁-ဝ နဲ ့ရှုံးခဲ့ပါတယ် ။
အန်ဒါလက် အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ ရှုံး ၊ နိုင် ၊ နိုင် ၊ နိုင် ၊ နိုင်
အယ်ခမာ အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ ရှုံး ၊ နိုင် ၊ နိုင် ၊ နိုင် ၊ နိုင်
သည်ပွဲအတွက် ဖွင့်တဲ့ဈေး ဟာ အန်ဒါလက် သရေ ဆိုရင် အပြည့်ဆုံးရှုံးမှာ ဖြစ်ပါတယ် ။ ဂိုးပေါင်းဈေးမှာ ၂ ဂိုးဆိုရင် အပြည့်ဆုံးရှုံးမှာပါ ။
ပကျော့က ၁-ဝ နဲ ့ရှုံးခဲ့တဲ့ အန်ဒါလက် ကို သရေရှုံး ဖွင့်တယ် ဆိုတာ ဈေးက နုလွန်းပါတယ် ။
တစ်ဘက်မှာ ပြန်ကြည့်ရင်လဲ ၂သင်းလုံးဟာ ခြေတက်နေကြတာကို တွေ ့ရပါတယ် ။
သည်ပွဲမှာ ““ဂိုးပေါင်းအနည်း”” အောင်ဖို ့ရာနှုန်းမြင့်နေပြီး ၊ အနိုင်ဆိုရင်တော့ ““ အိမ်ရှင် ”” ပါဘဲ ။
တစ်ဂိုးသွင်းတာနဲ ့အပြည့်ပျော်ရွှင်ရပြီ ဖြစ်တဲ့ အန်ဒါလက် ကို ဘဲ ရွေးခြယ်ချင်ပါတယ် ။
စတန်းဒက်လီဂီ – ဝှစ်စလာကာရာကော
ပကျော့တုန်းက ၁-၁ သရေကျခဲ့ပါတယ် ။
စတန်းဒက်လီဂီ အခုပွဲမကန်ခင်ကစားခဲ့တဲ့ငါးပွဲမှာ သရေ ၊ နိုင် ၊ နိုင် ၊ နိုင် ၊ သရေ
ဝှစ်စလာကာရာကော အခုပွဲမကန်ခင်ကစားခဲ့တဲ့ငါးပွဲမှာ သရေ ၊ နိုင် ၊ နိုင် ၊ ရှုံး ၊ နိုင်
ပကျော့သရေကျထားတဲ့ အသင်းနှစ်သင်း ကို ဖွင့်လာတဲ့ဈေး က စတန်းဒက်လီဂီ တစ်ဂိုးသွင်းရင် ၃၀% အမြတ် ပါတဲ့ ။ ဂိုးဈေးကတော့ နှစ်ဂိုးဆိုရင် ၈၀% ရှုံးမှာပါ ။
ဈေးအနေအထားအရ ၊ ဝှစ်စလာကာရာကော ဘက်ကို ခေါ်ဆိုထားတာ သိသာနေပါတယ် ။
ယူရိုပါလိဂ် အုပ်စုအဆင့်ပွဲတွေမှာတုန်းက ဝှစ်စလာကာရာကော က အဝေးကွင်းခြေတော်တော်ညံ့ခဲ့တာပါ ။
စတန်းဒက်လီဂီကတော့ အိမ်ကွင်းအဝေးကွင်းမရွေး ခြေစွမ်းကောင်းပါတယ် ။
သည်ပွဲမှာ တစ်ဂိုးသွင်းရင်တာနဲ ့အမြတ်ရပြီ ဖြစ်တဲ့ ““ စတန်းဒက်လီဂီ ”” ကိုဘဲ ကြိုက်ပါတယ် ။
ရှော်ကေး – ဗစ်တိုးရီးယားပလာဇန်
ပကျော့တုန်းက ၁-၁ သရေပါ ။
ရှော်ကေး အခုပွဲမကန်ခင်ကစားခဲ့တဲ့ငါးပွဲမှာ နိုင် ၊ သရေ ၊ ရှုံး ၊ သရေ ၊ နိုင်
ဗစ်တိုးရီးယား အခုပွဲမကန်ခင်ကစားခဲ့တဲ့ငါးပွဲမှာ သရေ ၊ သရေ ၊ နိုင် ၊ ရှုံး ၊ ရှုံး
ဈေးအနေအထားအရ ရှော်ကေး နှစ်ဂိုးသွင်းရင် ၆၀% အမြတ်ရမှာပါ ။
ဂိုးဈေးကတော့ သုံးဂိုးဆိုရင် ၃၀% အမြတ်ပါ ။
ပကျော့တုန်းက သရေ ဆိုပေမယ့် သည်နှစ်သင်းကြားခြေစွမ်းက ကွာခြားချက်ကြီးပါတယ် ။
ရှော်ကေး ဂိုးဘယ်လောက်သွင်းမလဲ စောင့်ကြည့်ရမယ့် ပွဲပါ ။
…………………………………………………..
……. အားလုံး အောင်မြင် ပျော်ရွှင်ပါစေ …….

6 comments

  • စိန်ပေါက်ပေါက်

    February 23, 2012 at 3:03 pm

    ရှော်ကေး..ဆိုတော့ ရှော်ပြေးရင် ဘယ်ရိုလုပ်မရဲဂျ
    ရှင်ပြုပြီးသကာလ ရှော်ကေးနဲ ့ အတူ အူးပေကြီးလဲ လန်းနိုင်ပါစေနော့်
    ရွာစားတို ့လဲ အခြေအနေကောင်းရင် လက်တို ့ဦးဂျ
    အောင်သေအောင်သားလေး ချားရအောင်
    ညှင်း…ညှင်းညှင်း.

  • blackchaw

    February 23, 2012 at 4:09 pm

    ကိုပေ။
    အဲဒီနိုင်ငံခြားသားကောင်တွေ သတိထားနော်။
    သိတ်အလုပ်လုပ်တဲ့ကောင်တွေ။
    တော်ကြာ ကိုယ့်ကိုပြန်ပြီး အလုပ်လုပ်သွားဦးမယ်။
    😀

    • စိန်ပေါက်ပေါက်

      February 23, 2012 at 4:18 pm

      ထင်လို ့…….ထင်လို ့
      နိုင်ငံခြားသားတွေ အလုပ်လုပ်တာ ကိုပေ့လောက် မလုပ်ဘူး
      ကိုပေဆို မထနိုင်အောင်ကိုလုပ်တာ ကြိုးစားတာပေ့ါနော်..

  • amatmin

    February 23, 2012 at 4:29 pm

    ရှော်ကေးနဲ့ ကိုယ့်ဘာသာကြိုက်တဲ့ မန်ယူ ၂သင်းရွေးတယ်ဗျာ..
    ချီးယားစ်..ကိုရင်ပေ.
    ဒါနဲ့ ပေါက်ဖော်မက ခင်ဗျားအကြောင်းကို မဒမ်ပေ ထက်တောင်ပိုသိနေသလိုလို.. 🙂

    • windtalker

      February 23, 2012 at 7:01 pm

      သိဆို ၊ ပေါက်ဖော်မ ကို ကျုပ် က ကောင်းကောင်းကျွေးထားတာကိုးဗျ ။
      ထမနှဲ ပြောပါတယ် ။
      ပေါက်ဖော်မ ရေ စားလို ့ကောင်းရဲ ့လား ဆိုတာ လာပြောစမ်းပါဦး ။

  • ဟုတ်ပ ဟုတ်ပ ကိုပေရေ တကယ်ပါဘဲ နိုင်ငံခြားသားတွေကို ကျနော်တို ့က
    အလုပ်လုပ်ခိုင်းနေသလိုမျိုးဖြစ်နေသေးသဗျ။အားရပါးရလဲ ဆဲရသေးသဗျို ့။
    ခုတော့ ကျနော်က ဘောလုံးပွဲတွေနဲ ့ဝေးဆို မကြည့်ဖြစ်တာ သုံးနှစ်လောက်
    ရှိပီလေ။
    (မှတ်ချက်။ရှုံးလွန်း၍ နာကျဉ်းသွားသည်။)

Leave a Reply