MAX အချိုရည်ကိစ္စ ဘယ်လိုရှင်းမလဲ

manawphyulayFebruary 23, 20121min56738

အချိုရည်ထုတ်ကုန်ဖြစ်သော အချိုရည်များ ထုတ်လုပ်သော ကန်ထဲသို့ AIDS ရောဂါရှိသော အလုပ်သမားတစ်ဦးဧ။် လက်တစ်ဖက်ပာာ အလုပ်လုပ်ရင်း စက်ချို့ယွင်းပြီး ပြတ်တောက် ပြုတ်ကျ သွား၍ Max အချိုရည် ထုတ်ကုန်များကို လိုက်လံသိမ်းဆည်းနေကြောင်း သတင်းကြားသိရ၍ အချိန်မီ ရှောင်ကြဉ်နိုင်ကြရန် အသိပေးအပ်ပါသည်…။။။။။။
(လက်ဆင့်ကမ်းပေးကြပါ…)

ဆိုတဲ့ စာ မနေ့ထဲက အတော့်ကို အွန်လိုင်းမှာ ပြန့်နှံ့နေပါတယ်။ လူအတော်များများက ကြောက်လန့်တကြားနဲ့ ဟုတ်လား၊ တကယ်လားပေါ့။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အအေးဆိုင်တွေကလည်း MAX အချိုရည်ကို မမှာကြတော့ပါဘူး။ တချို့ကလည်း ဆိုင်တွေက ပြန်သိမ်းနေတယ်ပြောကြတော့ ခရစ်ရှာက အအေးကားလာတော့ မေးကြည့်တော့ မဟုတ်ပါဘူးလို့ ပြောပါတယ်။ ဒီကိစ္စက တကယ်လား သူတို့ ဘယ်လိုပြန်ဖြေရှင်းမလဲ။ ဦးဦးစိန်သော့ကတော့ ပြောပါတယ်။ အရင်ကလည်း တစ်ချိန်က မန္တလေးမှာ အရီးတောင်းလက်ဘက် လူဆီပါတယ်ဆိုပြီး ပြိုင်ဖက်တွေက သတင်းဖြန့်တာ ကြုံဖူးတယ်။လို့ ပြောပါတယ်။ ဒါမှမဟုတ် စီးပွားရေး ရိုက်ချက်လား။
တစ်ယောက်ကတော့ ဒီလိုပြောတယ်။ better to avoid using the max products at the moment. It the news is wrong the company has to right to declare the right news. လုပ်ငန်းရှင်တစ်ယောက်ရဲ့အမြင်ပေါ့လေ…
ဘယ်လိုလူမျိုးက ဖြန့်ဝေတာလည်း မှန်ကန်မှု ရှိမရှိကိုလည်း သိချင်နေမိပါတယ်။ တကယ်လို့ သတင်းအတည်အကျ မှန်ကန်စွာ သိကြတယ်ဆိုရင်ဖြင့် ပြောပြပေးစေလိုပါတယ်ရှင်။

38 comments

  • Thel Nu Aye

    February 23, 2012 at 3:09 pm

    ကျွန်မတို့ငယ်ငယ်တုန်းကလဲ နီလာဒန်ပေါက်ကို သေတဲ့သူတွေချိုးတဲ့ရေနဲ့ချက်တယ်ဆိုပြီး သတင်းတွေ ထွက်လာဖူးတယ်။ အဲဒီကလေးဘဝက အစွဲကြောင့်လားတော့မသိဘူး ယနေ့အထိကျွန်မ နီလာ ဒန်ပေါက်စားလို့မရတော့ဘူး။ ပါးစပ်ထဲကိုသွင်းလို့မရတော့တာ။ ငယ်ငယ်ကဆို ဆိုင်ရှေ့ရောက် ရင်တောင်ခေါင်းလှည့်မကြည့်ရဲဘူး။ စီးပွားရေးတိုက်ကွက်တွေဖြစ်မယ်။ Max ကဒါ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်တုန်းက မက်စ်ကိုလာထဲကို ကြက်သားစလေးနဲနဲထည့်ကြည့်တာ ခဏနေတော့အဲဒီအသားစ မရှိတော့ဘူးဆိုတဲ့သတင်းတွေပျံ့လာလို့လူတွေမသောက်ကြတော့ဘူး။ အဲလိုတခါဖြစ်ဖူးတယ်။

  • FattyCat

    February 23, 2012 at 3:19 pm

    အဲဒီကိစ္စကို သတင်းရရခြင်း စဉ်းစားကြည့်မိပါတယ်…
    Production Line မှာဖြစ်တာဆိုရင် အဲဒီအချိုရည်တွေ ပုလင်းမထည့်ခင်ကတည်းက သိပြီးမှာဖြစ်လို့
    အပြင်ကိုဖြန့်မှာမဟုတ်ပါဘူး…
    မဖြန့်ဖြစ်တဲ့အတွက်…လိုက်သိမ်းစရာမလိုဘူးပေါ့နော်…
    လူတစ်ယောက်လုံး လက်ပြတ်သွားတာကို မသိပဲ ပုလင်းသွင်းပြီး ဖြန့်လိုက်မိပါတယ်ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူးလို့စဉ်းစားပါတယ်…
    စဉ်းစားလေရုပ်တိမရှိဘူးလို့ ခံစားရလေမို့…
    စီးပွားရေးသမားအချင်းချင်း ဒါမှမဟုတ် မလိုသူတွေရဲ့ တိုက်ကွက်လို့ပဲ မြင်မိပါတယ်…

  • နှူးဘာဂိုဏ်းချုပ်

    February 23, 2012 at 3:24 pm

    ခေတ်ပြောင်းသွားပြီခည …
    ခုခေတ်က UGM ခေတ် … ယူဇာ ဂျန်နရိတ်တက် မက်တီရီရယ်လ်(မီဒီယာ)ခေတ်…
    လူတိုင်း သတင်းထောက်ဖြစ်လို့ရပြီ …လူတိုင်း ဖွနိုင်ပြီပေါ့ဗျာ …

    ရေသန့် ပုလင်းမှာ ဘုရားပုံပေါ်တဲ့ ကိစ္စ ပဲ ကြည့် ..
    နောက်တခု ၅ထောင်တန်ဖုန်းကိစ္စ ….
    သတင်းက တောမီးလို ပျံ့တာများ ပြောပါတယ်..

    တချိန်တုန်းကတော့ ရောင်းသူB ဘစ်ဇနက်စ်က ပြောတယ် ကတ်စတမ်မာ C က နားထောင်သူသက်သက်
    ခေတ်ပြောင်းလာတော့ ကတ်စတမ်မာ ရီလေးရှင်းရှစ်ပ် ထားလာကြတော့ C က B ကို ပြန်ပြောလို့ရလာတယ် (နဲနဲ)
    နဲနဲလား များများလား သိချင်ရင် ဝေဖန်အကြံပြုနိုင်ပါသည် ဆိုတဲ့ စာတိုက်ပုံးလေးတွေ ဖုန်တက်နေတာ
    သော့ခလောက် သံချေးကိုက်နေတာ ကြည့်ရင် သိနိုင်တယ် …

    ဆိုရှယ်လ်မီဒီယာ ခေတ်မှာတော့ C အချင်းချင်း C-2-C က အရမ်း အားကောင်းလာတော့ အရမ်းပွင့်လင်းမြင်သာလာတော့
    အရင်လို အချင်းချင်း လက်တို့စရာ မလိုတော့ဘူး ..ဖွလို့ရပြီ ..ဖွလို့ရပြီ…

    သည်တော့ B ဘက်က လိုနေတာ အားကောင်းတဲ့ ဆိုရှယ်လ် မီဒီယာ တခုခုမှာ အော်ဖစ်ရှယ်အကောင့်တခုခုဖွင့်ပြီး
    မဟုတ်ရင် မဟုတ်ကြောင်း ကိုယ်ကလည်း ပြန်ဖွဖို့လိုပါတယ်. … ဒါမှပဲ နောက်ဆို ဖွတိုင်းမပွ ပါလားဟ ဆိုတဲ့
    အဝဲယားနက်စ် ရပြီး သည်လိုအောက်တန်းကျတဲ့ တိုက်ခိုက်မှုမျိုးကနေ အတော်အလျောက် သက်သာရာ ရပါလိမ့်မယ်..

    အော်.. .ဘာလိုလိုနဲ့ လိုကယ်လ် FMCG တောင် C-2-C ကို ပစ်ထားလို့ မရတော့ဘူးပဲ ….
    အဲ့ …ပစ်ထားတဲ့ကောင်ကတော့ သေမှာပဲ … ပစ်မထားဘဲ ..ချစ်သွားအောင်လုပ်တတ်တဲ့သူကတော့ စားရမှာပဲ ..

    အော်. ..ရယ်. ..
    ဘောအုပ်ကဌ တော့ ကံနိမ့်တာ မရပ်သေးပါလား ….။
    တိုက်ဆိုင်မှုများလာရင် လုပ်ကြံမှုတဲ့ ….။အင်း…။
    မကြာခင် တခုခုတော့ ပေါ်လာဦးမယ် ထင့် ….။

    • htoosan

      February 23, 2012 at 10:39 pm

      အောက်က တစ်ယောက်ရေးထားသလိုဘဲ Max အချိုရည် က ဘော အုတ်ကထ ပိုင်မဟုတ်ပါဘူး ။ အခြားသူ တစ်ဦးပိုင်တာပါ။

  • snow white

    February 23, 2012 at 3:32 pm

    တချို့ပြောနေတာဘဲဟုတ်လား မဟုတ်လားတော့သိဘူးမသောက်ကျတာတော့အမှန်ဘဲ ဟုတ်တယ်မမမနော ညီမလည်းဟုတ်လားမဟုတ်လားသိချင်တယ် ညိမအသိအကိုပြောတာတော့ အအေးစက်ရုံမှလက်ပြတ်စရာစက်ဆိုတာရှိဘူးတဲ့လေသူကိုတို်င်လေ့လာဖူးတယ်တဲ့အအေးကုမ္ပဏီကိုလေ့လာရေးရေက်ဖူးတယ်တဲ့လေအပြိုင်ဆိုင်များတဲ့ကာလမှာဒိလိုသတင်းထွက်တာတော့ကောင်းဘူးပေါ့နော်မမမနော

  • blackchaw

    February 23, 2012 at 3:35 pm

    ဒီလို နာမည်ကြီး Brand တစ်ခုရဲ့
    ဒီလို သတင်းမျိုးကို
    မသေချာ မရေရာပဲ တင်သင့်ကြပါသလား။
    ကျွန်တော်တော့ ဉာဏ်မမီပါဘူး ခင်ဗျာ။
    သူများ အချိန်နဲ့ ငွေကြေးအများကြီး ရင်းပြီး ပျိုးထောင်ထားရတဲ့
    အမှတ်တံဆိပ်တစ်ခု အတွက် အခုပို့စ်က
    မဟုတ်ဘူးဆိုရင် တော်တော်နစ်နာမယ့်ကိစ္စမျိုးပါ။
    ဟုတ်နေရင်တော့ တစ်မျိုးပေါ့လေ။
    ဆိုတော့…။
    သူများ ဆိုက်တွေ မေးလ်တွေမှာ ဘယ်လိုပဲ ပျံ့ပျံ့၊
    ကျွန်တော်တို့ ရွာမှာတော့ သတိကြီးစွာ ထားသင့်တဲ့
    ကိစ္စမျိုးဖြစ်ပါကြောင်း။
    ———————————————————————————-
    (နမူနာ)
    ပေါက်ဖေါ်တစ်ယောက် သူတို့ရပ်ကွက်ထဲက လင်ရှိမိန်းမတစ်ယောက်နဲ့
    ကြာကူလီဇာတ်လမ်းခင်းနေတာကို ရပ်ကွက်ထဲက တာဝန်ရှိသူတွေက
    ရုံးခေါ်ပြီး ဆုံးမယူရပါတယ်တဲ့။ ဟုတ်မဟုတ်တော့ မသိဘူးနော် ဆိုတာမျိုးကြီးဗျာ။
    (ပေါက်ဖေါ်ထံမှ နာမည်အသုံးပြုခွင့် တရားဝင် တောင်းခံထားပြီး ဖြစ်ပါသည်။)

    • စိန်ပေါက်ပေါက်

      February 23, 2012 at 3:42 pm

      အင်း…
      ဥပမာကလဲကြောက်စရာကြီးပါလားဗျာ
      စကားနောက် တရားမပါပါရစေနဲ ့ အရပ်ဂတို ့ရေ 😀

      စကားမစပ်
      ဂျီးဒေါ်ရေ
      ခုလို သစ်ရွက်လှုပ်တိုင်း ရင်ခုန်တတ်မယ်ဆို ဂျီးဒေါ် ခုလို အပျိုဂျီးဘဝ တောင် ရောက်မယ် မထင်ပါဘူးနော့်
      စိတ်ထိန်းပါ..စိတ်ထိန်းပါ

      • nozomi

        February 23, 2012 at 3:50 pm

        ကိုရင်ပေါက်ဖော်က အရင်က ဒီလို မဟုတ်ပါဘူး
        အဓိက က လူပေါင်း မှားတာ ဗျ
        ဒီ လူကြီးဗျာ …………..

        • amatmin

          February 23, 2012 at 5:42 pm

          ဒီလူကြီးဆိုတာ..အပေါ်တအိမ်ကျော်က လူကြီးလားဗျ..
          ကပေါက်ဖော်ဆိုင်ကို အရောက်အပေါက်များတယ်ဆိုနေမှ..
          ထင်တော့ ထင်သား.. 😛

  • snow white

    February 23, 2012 at 3:35 pm

    တချို့ပြောနေတာဘဲဟုတ်လား မဟုတ်လားတော့သိဘူးမသောက်ကျတာတော့အမှန်ဘဲ ဟုတ်တယ်မမမနော ညီမလည်းဟုတ်လားမဟုတ်လားသိချင်တယ် ညိမအသိအကိုပြောတာတော့ အအေးစက်ရုံမှလက်ပြတ်စရာစက်ဆိုတာရှိဘူးတဲ့လေသူကိုတို်င်လေ့လာဖူးတယ်တဲ့အအေးကုမ္ပဏီကိုလေ့လာရေးရေက်ဖူးတယ်တဲ့လေအပြိုင်ဆိုင်များတဲ့ကာလမှာဒိလိုသတင်းထွက်တာတော့ကောင်းဘူးပေါ့နော်မမမနော်

  • TITAN

    February 23, 2012 at 4:00 pm

    မနာလိုတဲ့သူဒွေက လန်ကြုတ်ဇာတ်ခင်းတာလို့မြင်ပါတယ်
    ကျနော်တို့ ငယ်ငယ်ကကြုံရသလိုပေါ့ဗျာ
    လူကြီဒွေကသူတို့ မသွားစေချင်တဲ့နေရာတွေဆိုရင်
    အဲ့ဒီနေရာသွားမဆော့နဲ့ သရဲကိုက်လိမ့်မယ် ဆိုပြီးခြောက်သလိုပေါ့ဗျာ
    😆

  • etone

    February 23, 2012 at 4:16 pm

    လိမ်ဆင်ကြီးလို့ ထင်ပါတယ် …. ။ အေအိုင်ဒီအက်စ်ရှိမှန်း သိထားသူတစ်ယောက်ကို စားသောက်ကုန် အလုပ်ခွင်တစ်ခုရဲ့ အစားသောက်နဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရှိတဲ့ နေရာမှာ သိလျှက်နဲ့တော့ ဘယ်သူမှ ထားမှာ မဟုတ်ပါဘူး … ။စာနာသောအားဖြင့် အလုပ်လက်ရှိပေးလုပ်နေသည့်တိုင်အောင် … ပါကင်ပိုင်းတို့ … ကုန်ပစ္စည်းဖြန့်ဝေမှုအပိုင်းတို့လိုအလုပ်မျိုးသာ လုပ်ခိုင်းမယ်ထင်တယ် … ။ ဒါ့ပြင် … အပေါ်က အဘဖောပြောတဲ့အချက်တွေအရတွေးကြည့်ပြီး .. ပြိုင်ဘက်စီးပွားရေးအုပ်စုရဲ့ … ကောလဟာလ လွင့်တာလို့လည်း ထင်ပါတယ် … ။

    မနာလိုလို့ ရှံ့ချတာ လောကသဘာဝ .. အောက်ကျတဲ့ စိတ်ဓါတ်နဲ့ ပြောကြတာ ကောလဟာလ … ကော … ကော …ကောလဟာလ တဲ့ …. နန်းဆုကတော့ အဲ့လို ဆိုထားတယ် 😎

  • ဖွတ်ငပျင်း

    February 23, 2012 at 4:17 pm

    ဖွတ်ငပျင်း ဇွတ်အတင်းပြောရရင် ဟုတ်သည်ရှိ မဟုတ်သည်ရှိ တခြား အချိုရည်ပြောင်း
    သောက်လိုက်မယ် ၊ ခဏ ရှောင်လိုက်မယ် ၊ အန ္တရာယ်ကင်းဖို့ စိတ်သန့်ဖို့က အဓိက ။
    စီးပွါးရေး ဆိုင်ရာ ထိုးနှက်ချက် လဲ ဖြစ်နိုင်သပေါ့လေ ၊ သို့သော် လည်းပေါ့ ၊
    တကယ်သာ အဲသလို လက်ပြတ်ကျခဲ့တယ် စဉ်းစားမိတဲ့အခါ ၊

  • snow white

    February 23, 2012 at 4:31 pm

    အအေးကအစထဲကမကြိုက်တာတော်သေးတယ် ဟုတ်လားမဟုတ်လားတော့ တကယ်ဆိုရင်တော့
    ကြောက်စရာဘဲနော်

  • အာဖျံကွေး

    February 23, 2012 at 5:00 pm

    ဟုတ်ပ ဟုတ်ပ ဟုတ်ပေတာပ
    ကြောက်စရာ ဖျားချင်စရာကြီး ပါ
    တကယ်ဖြစ်တာ မဖြစ်တာ အပ ထား
    တွေးကြည့်ရင်းနဲ့ တောင် ဥနှောက် ခြောက်ချင်လာတယ်
    မဖြစ်နိုင်ဖို့ ကတော များမယ်ထင်တာပဲ

  • ဦးဦးပါလေရာ

    February 23, 2012 at 5:54 pm

    လူမုန်းများနေတဲ့သဘောပေါ့
    ဘယ်သူ့လယ်သွားသိမ်းပြီး စီမံကိန်းလုပ်လိုက်မိပါလိမ့်လို့ မစဉ်းစားမိအောင်နေပါတယ်။

    ယုတ္တိမရှိမှန်းတော့သိသာပါတယ်။
    ဒါပေမယ့်လဲ အချိုရည်ဆိုတာ မသောက်လို့ဘာမှဖြစ်တာမှမဟုတ်ပဲ
    ဈေးကွက်ထဲ အပြိုင်တံဆိပ်များစွာလဲရှိပြီးသားလေ။
    အဲလိုဆိုတော့ ……..

  • alinsett

    February 23, 2012 at 6:28 pm

    ဟုတ်လား.။ ဒါဆို ..ကျွန်တော် သောက်တော့ဘူး ။

  • အင်းဗျာ မနေ ့ကလဲဖေ့စ်ဘွခ်မှာ သူငယ်ချင်းတွေက လက်ဆင့်ကမ်းပေးပါ ပြောလာလို ့
    မဖြစ်နိုင်တဲ့သတင်းမို ့ငြင်းလိုက်ပါတယ်။ယုတ်တိမရှိပါဘူး။ရောဂါသည်ကနေ ကူးစက်
    တယ်ဆိုတာလဲ သွေးချင်းထိမှကူးစက်လွယ်တာပါ။ရာခိုင်နှုန်းတော်တော်နည်းပါလိမ့်
    မယ်။ဒီရက်ပိုင်းမှာ ဦးဇော်ဇော်ကို တိုက်ရိုက်(သို ့)နည်းနည်းတော့ဆော်နေကြတယ်။

  • ဖွတ်ငပျင်း

    February 23, 2012 at 6:56 pm

    ထင်သားပဲ ဒါလဲ ဆော်သာဆော် မအော်စေနဲ့
    သူဖြစ်သူသာခံလိမ့်မယ်

  • ဒီလူဗျာ ကျနော့်နောက်လိုက်ပြီး ဆော်မယ့်အကြောင်းဘဲလိုက်မန် ့နေပါလား။
    အကိုက ဘယ်သူလဲဗျာ။အဲလောက်သတ္တိရှိရင်လဲ ဦးဇော်ဇော်ကို ကိုယ်တိုင်
    သာသွားဆော်တော့ဗျာ။

  • htet way

    February 23, 2012 at 8:06 pm

    အလကားလိမ်တာပါ ရိုက်ချက်ပေါ့
    ခက်တာက ဒါ philosophy ယုတ္တိဗေဒနဲ့
    ဆိုင်တယ်။
    ၁။ AIDSရောဂါသည် ပိန်ခြုံးနေမယ် ဝမ်းပျက်မယ် အကြိတ်ထွက်မယ်အပူတက်မယ်
    ကိုယ်တိုင် ရောဂါရှင်မှန်းသိထဲက လှဲပြီ ဘာအလုပ်မှ မလုပ်တော့ဘူူးHIV မဟုတ်ဘူးAIDS
    ၂။ လက်ပြတ်သွားတယ် အချိုရည်တွေ လိုက်သိမ်းနေတယ် လက်ပြတ်ကျတာသိရင် ဒီ အချိုရည် ထုတ်ပါတော့မလား။သိသိနဲ့ ဇွတ်ထုတ်ရင် လိုက်သိမ်းပါ့မလား
    ဒါရှင်းနေတာကို မပြောချင်ပါဘူး ဒီနေ့ ကောင်မလေး တစ်ယောက်ဘွဲ့ရပညာတတ်ဗျာ
    ဒါကို လိုက်ဖြန့်နေတယ်။ဒီလို ခပ်တုံးတုံးတွေရှိရင်များနေရင် တိုင်းပြည်တိုးတက်ပါ့မလား
    စီးပွားရေးပြိုင်ဘက်က လုပ်တာပဲလား ဦးဦးပြောသလိုပဲလား
    အင်း ကိုဘလက်ရေ ကျွန်တော်နာမည် ဘယ်သူတုန်းမေ့သွားလို့
    ခင်ဗျားဘယ်တော့ အိမ်ထောင်ပြုမှာလဲ

  • the best

    February 23, 2012 at 8:57 pm

    MAX အချိုရည် ပိုင်ရှင် ဦးဇော်ဇော် မဟုတ်ပါ။
    ပြိုင်ဘက်စီးပွားရေးအုပ်စုရဲ့ … ကောလဟာလ လွင့်တာလို့လည်း ထင်ပါတယ် … ။
    သူ့အချိုရည်ပုလင်း ကိုယ်ခွဲ…. ကိုယ့် အချိုရည်ပုလင်း သူခွဲ…. ဖြစ်ခဲ့ပါသည်။

    • kai

      February 27, 2012 at 1:13 pm

      ကျုပ်သိသလောက်လည်း.. MAX အချိုရည်နဲ့.. ကိုဇော်ဇော်နဲ့.. မဆိုင်ဘူး..
      MAX နာမယ်တူနေတာလို့.. ထင်တယ်..။

      MAX အချိုရည်ကို.. ကိုကာကိုလာက.. လေ့လာစုံစမ်းတာတွေလုပ်နေလို့.. နာမယ်ဖျက်တာလို့.. ထင်တယ်..။

      ဒါကို ပိုသိသူတွေ.. ရေးပေးပါဦး..။

  • Harumoto

    February 23, 2012 at 9:41 pm

    အချိုရည် ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ
    လက်ပြတ်ပါသွားနိုင်လောက်တဲ့ စက် မရှိပါဘူး။
    အန​ ္တရာယ် ရှိတဲ့နေရာတွေလဲ အကာအကွယ် အပြည့် ရှိပြီးသားဘဲ။
    တမင် လုပ်မယ်ဆိုရင်တောင် မလွယ်ပါဘူး။
    ဒါပေမဲ့……
    ဒီရက်ပိုင်း ကျွန်တော်..အချိုရည် လုံးဝ မသောက်တာ တော့ အမှန်ပါ။
    မသေချာဘဲတော့ မစွန့်စားဘူး….
    အချိုရည်မသောက်ရလဲ တခြားသောက်စရာအများကြီး..
    ဥပမာ..ဘီယာလိုပေါ့…(တော်သေးတယ်..ဘီယာထဲ လက်ပြတ်ကျတယ်ဆိုပြီး သတင်းမဖြစ်လို့)…..း()

    • ရှမ်းပြည်သား (တောင်ပိုင်း)

      February 24, 2012 at 11:29 am

      ကွန်နီချီဝပါ မာဇတာဟာရုမိုတိုရေ ကျွန်တော့်မေမေကတော့ ငါ့သား
      သေသေချာချာစဉ်းစားကြည့်တဲ့ ဘီယာကအမှတ်တမဲ့ကြည့်ရင်နွားသေးနဲ့တူတယ်တဲ့။
      ကျွန်တော်သောက်တာ အမေမကြိုက်လို့ပြောတာမှန်းသိလို့ ကျွန်တော်လည်းအမေမကြိုက်တဲ့
      ဘီယာသားမသောက်ဘူးဗျို့ သားကြိုက်တဲ့ဝီစကီပဲသောက်တော့မယ်လို့ပြောလိုက်ပါတယ်။

      • Harumoto

        February 24, 2012 at 1:44 pm

        မေမေ ဘီယာ မကြိုက်ရင် ဝိုင် သောက်ပါလားလို့

  • snow htet

    February 23, 2012 at 10:16 pm

    တစ်ကယ်မဟုတ်ပါစေနဲ့ပဲဆုတောင်းရမယ်နော်
    အဲပလိုသာဆိုရင်တော့ကြောက်စရာကြီး

  • memeseku

    February 23, 2012 at 10:23 pm

    ဟားဟားဟား… ရီလဲမရီရဘူးနော်… မြန်မာလူမျိုးတွေများ..ကောလဟာလတောင်ပုံတူကူးချတတ်သကိုး အဲ.ဒိဟာကြီးက စင်ကာပူမှာလွန်ခဲ.တဲ.၃ လလောက်က… coke အချိုရည်ထဲကို.. HIV AIDS ပိုးရှိတဲ့ လူ၁ယောက်ကသူးသွေးကိုသူကိုတိုင်ဖောက်ထည်. လိုက်လို့. မသောက်ကြပါနဲ.တော့ဆို ပြီးဖုန်းတိုင်းကို တွေ auto လိုက်ပို့နေတဲ. ဇာတ်လမ်းဟောင်းကြီး…. တယ်လဲတီထွင် ဉာဏ်နည်းတဲ. ဒို.လူမျိုးပဲ… အားတော့နာပါရဲ. ကောလဟာလ တိုက်ခိုက်နည်းတောင်..သူများဟာခို့းချရတယ်လို့…
    🙁 🙁 🙁 ဟိဟိ.. ရန်ကုန်မှာတော. text messages တွေလိုက်ပို.လို့ရအောင်မတတ် နိုင်ကြဘူးပဲ…

  • memeseku

    February 23, 2012 at 10:25 pm

    စာရေးသူကိုမရည်ရွယ်ပါ..ကောလဟာလ ဖြန့်သူကိုသာ ရည်ရွယ်ပါကြောင်း…
    ခင်မင်စွာဖြင်.

    • nigimi77

      February 25, 2012 at 5:04 pm

      ဟယ် …နင့်ဟာကြီးကလဲ….

      စာရေးသူဆိုတာက = မူရင်း သတင်းရေးသူ

      ကောလဟာလ ဖြန် ့သူဆိုတာက = ပို ့စ်တင်တဲ့သူ

      ခွိခွိ……

  • KoNyeinChan

    February 23, 2012 at 10:34 pm

    ဒီလိုဖြစ်စဉ်မျိုး လွန်ခဲ့တဲ့ ၅လ လောက်က email နဲ ့တစ်မျိုး sms နဲ ့တဖုံ ဒီမလေးရှားမှာရှိတဲ့ F&N အချိုရည်ထဲမှာ ဘယ်လိုသွေးမျိုးတွေရောထားပါတယ်ဆိုပြီး စေတနာပါပါ အသိပေးသလိုနဲ ့သူတပါးစီးပွားထိခိုက်အောင် လုပ်တာတွေ ့ရ မြင်ရဘူးပါတယ်.. ဒီလို မေးလ်မျိုး အွန်လိုင်းမှာ ရှယ်လိုက်ရင် အကျိုးစီးပွားအတိုင်းအတာတစ်ခုအထိတော့ ထိခိုက်မှာဘဲ.. ဪ..လောဘ လောဘ
    (ကျုပ်ကတော့မယုံဘူးဗျာ)

  • နှူးဘာဂိုဏ်းချုပ်

    February 24, 2012 at 7:42 am

    ယောက္ခမဂျီးက ဘာသွင်းခဲ့ဘူးတဲ့ ဘယ်သူဂျီး ဆိုတာရယ် …

    သားမက်ကလေးက အရှေ့ကျွန်းကပြန်လာပြီး နောက်
    ၉၈ ဝါးလ်ကပ်မှာ မားကတ်ကို ထိုးဖောက်ခဲ့တယ်ဆိုတာရယ်

    အန်ဘရဲလား ဘရန်းတွေဖြစ်လို့
    ကန်ပနီနာမည် နဲ့ ပရောဒတ် နာမည် ကွာတယ်ဆိုတာရယ်..

    ရက်အိုးရှင်း စွက်ဒဂျီအရ အချင်းချင်း သတ်နေဖြတ်နေကြတယ် ဆိုတာရယ်…

    အင်း …….

    😀

  • Diamond Key

    February 24, 2012 at 10:47 am

    တစ်နေ့က ဆရာတစ်ဦးရဲ့ FB ထဲကဆိုပြီး mail ထဲရောက်လာတာလေးပါ။
    Status of the Day: “အေအိုင်ဒီအက်စ်ဝေဒနာရှင်ရဲ့ လက်တစ်ဘက်မကလို့ တစ်ကိုယ်လုံးကျသွားလည်း အဲ့ဒီအချိုရည်သောက်လို့ ရောဂါမကူးဘူး.. အချိုရည်လုပ်ငန်းကို နာမည်ဖျက်ချင်ရင် တခြားနည်းနဲ့ဖျက်… လူတစ်ယောက်သိက္ခာကို ခုတုံးလုပ်မဖျက်နဲ့… အခုက ပုံတောင်တွဲတင်ထားလိုက်သေး.. ရွံလိုက်တာ ဘယ်လိုလူစားပါလိမ့်”
    Comment of the Day: “AIDS ဖြစ်ပေါ်စေတဲ့ HIV ပိုးဟာ လူ့ခန္ဓာအပြင်ဘက်မှာ အသက်မရှင်နိုင်ပါဘူး။ ရေထဲမှာလည်း ခဏတာပဲ အသက်ရှင်နိုင်ပါတယ်။ (AIDS ရောဂါကာကွယ်ရေး စီမံချက်တွေ အားနည်းပုံပဲ။ HIV ဆိုတာနဲ့ လေထဲကတောင် ကူးတော့မယ်လို့ မှတ်နေကြသလား မသိ။)
    …………လို့ ရေးထားပါတယ် 😀

  • ကြောင်ကြီး

    February 24, 2012 at 12:10 pm

    လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုလောက်ကထင်တယ် ကိုကာကိုလာဆိုဒါအချိုရည်ထဲမှာ ဝက်သွေးပါလို့ဆိုပြီး အရှေ့တောင်အာရှက မွတ်စလင်နိုင်ငံတချို့ အထူးသဖြင့် အင်ဒိုနီးရှားမှာ ပြသနာအကြီးအကျယ် တက်လိုက်ကြသေးတယ်။ သောက်မိတဲ့မွတ်စ်တွေဆိုတာ ဆတ်ဆတ်ခါပေါ့။ ကုမ္မဏီက မဟုတ်ကြောင်းငြင်းပြီး အတော်ရှင်းယူခဲ့ရတယ်။ နောက်မှသိရတာ ဝက်ရဲ့အင်ဇိုင်းတမျိုး အချိုရည်ဖော်မြူလာထဲ ထည့်သုံးထားတယ်။ ကော်ဖီမိတ်အမှုန့်ထဲက နို့အင်ဇိုင်းတမျိုးမျိုး ပါသလိုမျိုး ဖြစ်မှာပေါ့နော်။ အတိအကျတော့ မမှတ်မိတော့ဘူး။ နောက်တော့ ကုမ္မဏီက အဲဒီမှာထုတ်တဲ့ ကိုကာကိုလာဖော်မြူလာကို အခြားဟာနဲ့ ပြင်ပေးလိုက်တယ်။

  • အာကြီး

    February 24, 2012 at 4:05 pm

    ဒါစို ခုလဲ အေအိုင်ဒီအက်စ် အင်ဇိုင်းတမျိုးမျိုးများ ဖန်တီးထားလေသရော့လား

  • unclegyi1974

    February 24, 2012 at 10:51 pm

    လူတွေကလည်းကျားကျားဆိုကြောက်ဖို့ကအရင်ကိုး
    နဲနဲစဉ်းစားဖို့စိတ်မကူးကြဖူး
    ဖြစ်နိုင်မဖြစ်နိုင်
    ဘာကြောင့်ဘယ်လိုဆိုတာမတွေးတော့ဖူး
    ခက်တာပဲ

  • ခပ် KING ကင်း

    February 25, 2012 at 2:37 pm

    ဖေ့စ်ဘုတ်မှာ ဖတ်ခဲ့သမျှ ရီရလို့ဝေမျှပါတယ် …

    ၁။ ယမန်နေ့ ညနေပိုင်းတွင် အချိုရည်စက်ရုံတွင် တာဝန်ကျသော ပုရွက်ဆိတ်များအနက် ၂ ကောင်မှာအချိုရည်ကန်ထဲသို့ ကျ၍ အချိုရည်နစ်သေဆုံးခဲ့ကြောင်း သိရသည်။ ထပ်မံရရှိသော သတင်းများအရ တစ်ကောင်မှာ HIV ရောဂါပိုးရှိပြီး နောက်တစ်ကောင်မှာ အနာကြီးရောဂါရှိကြောင်းသိရသည်။သို့ဖြစ်ပါ၍ ယခုရက်ပိုင်းအတွင်း အချိုရည်သောက်သုံးမှုကို ရှောင်ကြဉ်ကြရန် နှိုးဆော်ပါသည်။

    ၂။ ယနေ့ နံနက်ပိုင်းတွင် Microsoft နှင့် Norton မှထုတ်ပြန်သော သတင်းအရ “Life is Bomb” ဟူသော ဗိုင်းရပ်စ်တစ်မျိုး အီးမေးလ်မှတဆင့် ပျံ့နှံ့နေပြီး ကွန်ပျူတာအတွင်းသို့ရောက်ရှိပါက ဗုံးကဲ့သို့ ပေါက်ကွဲစေကြောင်းသိရသည်။ ထိုဗိုင်းရပ်စ်ကို အယ်ခိုင်ဒါမှ ဖန်တီးထားသည်ဟု သံသယဝင်ကြောင်း CIA ကပြောသည်။

    ၃။ ယခု status ကို Like & Share လုပ်ပါက ထီမထိုးဘဲ ထီလက်မှတ်ကောက်ရကာ ထီပေါက်နိုင်ကြောင်းသိရသည်။

    Coke သောက်ကာ “Life is Bomb” ဟူသော အီးမေးလ်ကို ဖွင့်ကြည့်၍ status ရေးတင်လိုက်ရပါသည်…

  • Thwe Oo

    February 27, 2012 at 12:12 pm

    မဖြစ်နိုင်တာပါ MAX အချိုရည်ဟာ နိုင်ငံတကာအဆင့်မှီ ISO 9001 – 2008 ရယူထားပြီး -အဆင့်မြှင့် နည်းပညာများထုတ်လုပ်နေတဲ့စက်ရုံမို့လို့ သူများဂုဏ်သတင်းထိခိုက်အောင်ပြောနေတာတော့ မတရား ရာရောက်ပါတယ် ။ ဒီလိုအဖြစ်မျိုးလည်း စက်ရုံမှာ မရှိခဲ့ကြောင်းကို သိခဲ့ရ ပါတယ် ။ အချိုရည်ထုတ်တဲ့စက်မှာ လည်း လက်ပြတ်စရာစက်မရှိပဲ ဝန်ထမ်းများမှ လုပ်တာမဟုတ်ပဲ စက်များဖြင့် သာဖော်စပ်ခြင်း ဖြစ်ပါတယ် ။ စက်ရုံဝန်ထမ်းများ ကိုလည်း ၃လတစ်ကြိမ်ဆေးစစ်ဆေးကြောင်းလည်း ကြားနေရပါတယ် ။
    နိုင်ငံကျော် Pesi Co., ကြီးကိုတောင် ဒီလိုမျိုးတိုက်ခိုက်ခဲ့လို့ Center of Disease Control ( USA ) ကဖြေရှင်းခဲ့တာ AIDS ပိုးဟာ စားသောက်ကုန် ( အစားအသောက်များ ၊ အချိုရည် များ ) မှာ မရှင်သန်နိုင်ဘူးဆိုတဲ့ ကိုးကားချက်နဲ့ရှင်းလင်းသွားပါတယ် ။
    အားလုံးကို သံသယ ကင်းဝေးပြီး ယုံကြည်စွာ သောက်သုံးနိုင်ဖို့ လက်ဆင့်ကမ်းလိုက်တာပါ ။

Leave a Reply