မင်းကွန်းကအပြန်လမ်း………………..

1 မင်းကွန်းမှအပြန် လမ်း ဧရာ ဝတီအနောက်ဘက်ကမ်းမှာလေ...........
2ကျနော်တို့စီးမယ့် စက်လှေပေါ်မှာ လူအပြည့်ကုန်အပြည့် ဆိုင်ကယ်တောင်ပါသေး.........
3 အပြန်ခရီးသွားဖော် အသွားကလူနဲ့တော့ မတူဘူး.............
4 နိုင်ငံခြားက စွန့်ဦးတီထွင်သူတောင်ရူးသွားစေနိုင်လောက်တဲ့မင်းကွန်းစက်လှေက ဂီယာ
5 ပိုင်လိုက်တာနော် ခြေထောက်နဲ့ ထိန်းထားတယ် စက်လှေတစ်ခုလုံးကို..............
6 ရေလယ်ကနေနုတ်ဆက်ခဲ့တဲ့ မင်းကွန်းဆိပ်ကမ်း
7 အတော်လေးကို ဆော်ခဲ့နှက်ခဲ့တဲ့ဘုရားလေးရေ နေရစ်ပေတော့............
8 စက်လှေပေါ်မှာ နေအခ အလင်းအမှောင် သင်ရိုက် ရိုက်တာလေ(ဘေးမှာ ဆရာနှစ်ယောက်ပါတယ်)
9 ရေချုးိဆိပ် (ကြည်ချင်ကြည်နောက်ချင်နောက် ဒါကလွဲလို့ သုံးစရာရေမရှိ တသက်လုံးဒါဘဲသုံးလာတာလေ)
10 ကိုယ်လက်သန့်ရှင်းရေချုးိဆင်းရာဝယ် ပျော်ပျော်မြူးမြူး.........(ရေချိုးဆိပ် ဝင်းဦး)
11 ကျနော်တို့စီးတဲ့စက်လှေရေလယ်မှာပျက်သွားတော့ နောက်တစ်စီးနဲ့ပြောင်းစီးရတာလေ
12 ကျနော်တို့က နောက်တစ်စီးပြောင်းပေမယ့် စက်ပျက်နေတဲ့လှေပေါ်ကျန်နေခဲ့သူလဲရှိပါသေးတယ်
13 ဧရာ မြစ်မင်းဆီ အခစားဝင်တဲ့ဆောင်းညနေခင်းက နေမင်း
14 ကျနော်အတော်လေးနှစ်သက်ခဲ့တဲ့ ပုံလေးပါ လွမ်းဘွယ်..................
15 ဧရာဝတီကို နုတ်ဆက်ခြင်း...............................
16 မင်းကွန်းက အပြန် လုလင်က ဟိုမှာဆိုလို့လှည့်အကြည့် လှပသောပုံလေးကို ပိုင်ဆိုင်ခွင့်ရလိုက်ပါတယ်

 

 

“မင်းကွန်းမြေမှ အပြန်လမ်း”

 

ဓါတ်ပုံရိုက်ပြီး ပြန်လာတော့ ညနေသုံးနာရီခွဲ။

တိနိရုံးထဲကိုဝင် သော့တို့လုတို့ထားခဲ့တဲ့ပစ္စည်းတွေကိုဝင်ယူ။

လူအိုုရုံအလှူငွေ ထည့်ကြ။

ပြီးတော့ လှေဆိပ်ကိုဆင်းလာကြပါတယ်။

နောက်တော့ အချိန်ရတာနဲ့လှေဆိပ်ကဆိုင်မှာ လက်ဖက်သုတ်စား ကော်ဖီသောက်။

မင်းသားသုံးယောက်ဓါတ်ပုံရိုက်။

(ခုထိ မကြည့်ရသေးဘူးနော်)

လေးနာရီထိုးတော့လှေပေါ်တက်။

အစက ဆိုင်ကယ်နဲ့လာတဲ့အတွဲက ဆိုင်ကယ်ကိုစက်လှေပေါ်တင်ပြီးပြန်။

လှေအပြည့်လူအပြည့်။

ခဏနေတော့ တိနိဆိပ်ကမ်းဝင်လူတင်။

ကျနော်ကလဲမြင်သမျှလက်ဆော့။

ကမ္ဘာပေါ်ရဲ့ ဘယ်နေရာမှာမှ မရှိတဲ့ စက်ကရိယာကို မင်းကွန်းကစက်လှေပေါ်မှာလာတွေ့ရပါတယ်။

ခြေထောက်နဲ့ဂီယာထိန်းထားပြီးမောင်းလာတာပါ။

 

သွားနေရင်းခဏတော့ စက်လှေက ရေလည်မှာ ဖုတ်ဖုတ်ဆိုပြီးရပ်။

လှေစက်ပျက်ပြီတဲ့။

အဲဒီမှာအားလုံးရေလည်ခေါင်မှာပြာတောက်။

သော့သော့ ဖုန်းနဲ့ကမ်းကိုဆက်လှေတစ်စင်းထပ်မှာ။

ဆိုင်ကယ်ကို လမ်းအပ်ထားခဲ့တော့ ကျနော်လဲဆိုင်ကယ်ကိစ္စကိုဖုန်းနဲ့စီစဉ်။

မိုးချုပ်ရင်တော့ လှေပေါ်လိုက်လာတဲ့ ဆိုင်ကယ်နဲ့အတွဲဘယ်လိုများဖြေရှင်းမလဲလို့တွေးရင်းရီရ.။

ကျနော်ကတော့ရသမျှ ဓါတ်ပုံရိုက်လိုက်လေပေါလိုက်။

လှေက ရေစီးနဲ့မျောပြီး အနောက်ဘက်ကမ်းဆီကို တရွှေ့ရွှေ့။

အားလုံးကတော့စိတ်တွေပူနေကြတာအသေအချာ။

ဖုန်းလေးငါးခြောက်ခါလောက်ဆက်ပြီးမှာ အကူစက်လှေရောက်လာပါတယ်။

နောက်ပျက်နေတဲ့စက်လှေကို သောင်နားမှာကပ်။

ကျနော်တို့စက်လှေကတော့ဆက်ထွက်။

အဲဒီတော့မှ တင်းနေတဲ့စိတ်တွေအင်းချ။

စက်လှေပေါ်ကနေ ညနေခင်း နေအဝင်ရူ့ခင်းတွေကို လက်ဆော့။

ငါးနာရီခွဲတော့ လှေဆိပ်ရောက်။

မြို့တော်ဥယျာဉ်နားအရောက် လု က ဟိုမှာဟိုမှာ ဆိုလို့အကြည့်

ညနေခင်းအလင်းတန်းတစ် မြေပေါ်မှာအကျ

လှလိုက်တဲ့မြင်ကွင်းရလိုက်ပါတယ်။

မမေ့နိုင်သော နေ့တနေ့။

ငယ်စဉ်ဘဝကတည်းက မင်းကွန်းကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ပေမယ့်

သော့ လုတို့နဲ့သွားခဲ့တဲ့ခရီးကတော့ ဘယ်တော့မှ မေ့မယ်မထင်ပါ။

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး။

(23-2-2012)

 

 

 

 

10 comments

  • water-melon

    February 24, 2012 at 10:05 am

    လေးလေးပေါက်ရှင့်
    နောက်များသွားရင်လဲ သမီးဖရဲကို သတိရပါရှင့်
    ပုံတွေကြည့်ပြီးမှ လိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာပါတယ်ရှင့်။
    နောက်ထပ်ဆုံချင်ပါသေးတယ်ရှင့်။

  • Diamond Key

    February 24, 2012 at 10:12 am

    ဦးလေးတို့က သမီးလေးကို နောက်ဆိုခေါ်ပါမယ်ကွယ်…ဟယ်….ဟယ်…. (သွားကျိုးမှ လေထွက်သံ)… 😛
    ဒါမှ ဘပေါက်ကြီးကို လှေအတက်အဆင်းတွဲမယ့် သမီးလေး တစ်ယောက်ရမှာ …. 😀
    အဲဒီ အဘ က တုန်တုန်… တုန်တုန်နဲ့ ဆိုတော့ … သမီးလေးတွဲပြီး သွားပါလိမ့်မယ်ကွယ်… :mrgreen:

  • ဖရဲမရေ ခေါ်တုန်းကတော့ မူနေပြီး
    အခုမှ ပဲံတွေလာများမနေနဲ့။
    နောက်ခေါ်ရင်လိုက် ဒါဘဲံ။

    သမီးကမတွဲရဘဲ သမီးကိုပြန်တွဲနေရရင် တော့ ဒွတ်ခဘဲ။

  • Mလုလင်

    February 24, 2012 at 11:52 am

    ဓတ်ပုံတွေ ပို့ပေးပါ့မယ်. လို့ နော့ .. မနေ့က မှ ပြန်ရောက်တာဗျို ့ …..
    မန်းလေး မတက်နိုင်တဲ့ အတွက် ဝမ်းနည်းတယ် ဗျာ။
    ကို ရွှေမင်းသား တော့ရန်ကုန် လာမယ်ပြောတယ်။ စက်လှေ ပျက် ပြီးမြစ်လယ် မှာလူးနေတာ ကတော့ အမှတ်တရ ပဲ ဦးပေါက် ရေ …
    လေးစားစွာဖြင့်

  • စိန်ပေါက်ပေါက်

    February 24, 2012 at 12:03 pm

    ဟမငေး..ဟမငေး.
    များကိုတော့ ထားခဲ့ကြမလို ့လားတော့
    များလဲ တွဲချင်တယ်..များကိုလဲခေါ်..တွဲချင်တယ်.တွဲချင်တယ်…
    တွဲပီး ရေဆင်းကူးချင်တယ်.. ကျွဲချီးရေ သောက်ချင်လို ့ 😀

    လကားပြောတာ
    ကျနော် ရေကြောက်တယ်ဗျို ့
    ရေမကူးတတ်ဘူး..ရေလမ်းခရီး ခေါ်နဲ ့လိုက်ဘူး..

  • မပူနဲ့ပေါက်ကျော်မ
    ရေထဲမျောပါသွားတဲ့လူ က ဘယ်နားမှာသွားတင်တတ်တယ်ဆိုတာ သော့သော့သိတယ်။
    သူက အဲဒီကနေစောင့်နေမှာ။

  • Ma Ei

    February 24, 2012 at 1:29 pm

    (14) ပုံလေး လှတယ်…စက်လှေပျက်ရင်
    ရေလယ်မှာ လှေမပြောင်းကောင်းဘူးတဲ့ လှေသမားကပြောတာ…
    နောက်စက်လှေတစ်စီးမှာ ကြိုးနဲ့ဆွဲလို့မန္တလေးကိုပြန်ခဲ့ဘူးတယ်…

  • လှေသာမပြောင်းလို့ကတော့ အိမ်ဘယ်ပြန်ရောက်မလဲ မယ်အိရဲ့။
    အိမ်ပြန်မရောက်ရင် ကိုပေါက်နဲ့မဒမ်ပေါက်ရဲ့ ခေတ်သစ်ကိန္နာချောင်းခြား ပတ်ပျိုး ကိုဆိုနေရမှာပေါ့။
    လုပ်နဲ့…………………………………….
    ဒို့ကလွမ်းတတ်တယ်နော်။

  • padonmar

    February 25, 2012 at 1:56 am

    ကိုပေါက် ပုံတွေ ပိုလှလာတယ်။ရှယ်ပဲ။

Leave a Reply