သမ္မတကြီးဆီသို ့တိုင်ကြားလွှာမူရင်း

ရခိုင်ပြည်နယ် ရမ်းဗြဲမြို ့၊အမှတ်()ရွှေတုံးရပ်ကွက်အတွင်း ဖွဲမီးစက်မှထွက်သော ဖွဲမှုန် ့များနှင့်

အနံ ့ဆိုးများကိုဒေသခံများ ခံစားနေရပါသည်။
အဆိုပါ ဖွဲမီးစက်မှာ ရမ်းဗြဲမြို ့၏လူအစည်ကားဆုံး မြို ့လယ်တွင် တည်ရှိပြီး၊စက်ရုံ
ဘေးတွင် တန်းချောင်းစီးဝင်ရာ ရွှေတုံးချောင်းနံဘေးတွင်တည်ရှိပါသည်။စက်ရုံအနီး
၌ အခြေခံပညာ အယ်တန်းကျောင်း၊မြို ့နယ်ပြည်သူ ့ဆေးရုံ၊မြို ့လယ်ဓမ္မာရုံကြီးတို ့
တည်ရှိသည်။အဆိုပါ စက်ရုံမှ အနံ ့ဆိုးများနှင့်ဖွဲမှုန် ့များကို စာသင်ကျောင်းမှ
ကလေးသူငယ်များ၊ဆေးရုံမှလူနာများ၊ရပ်ကွက်တွင်းနေလုပ်သားပြည်သူများ နေ ့စဉ်
အနံ ့ဆိုးကို ရှုရှိုက်နေရပြီး၊ထိုဖွဲမှုန် ့များကြောင့် စက်ရုံအနီးရှိ လုပ်သားပြည်သူများ
ကျန်းမာရေးကိုထိခိုက်မှုကြုံနေရပါသည်။
ဖွဲမီးစက်မှ ထွက်သောအနံ ့ဆိုးများကြောင့်စက်ရုံအနီးရှိစာသင်ကျောင်းမှ ကလေးသူငယ်များအပါအဝင်၊ရပ်ကွက်နေပြည်သူများ အဆုတ်နှင့်ပတ်သက်သော
ရောဂါရနိုင်ကြောင်း မြို ့နယ်ဆရာဝန်ကြီးမှပြောကြားကြောင်းသိရပါသည်။
ကျွန်တော်တို ့မြို ့သူ၊မြို ့သားများသည် သူများ၏အကျိုးစီးပွားကိုပျက်စီးစေရန်မ
ရည်ရွယ်ပါဘဲ၊ယခုစက်ရုံကို ပတ်ဝန်းကျင်ကိုမထိခိုက်သော၊လေထုညစ်ညမ်းမှုမဖြစ်
စေသော စက်ရုံအဖြစ် နေရာချထား ရွှေ ့ပြောင်းပေးစေလိုပါတယ်။
အဆိုပါ စက်ရုံနှင့် ပတ်သက်၍ သက်ဆိုင်ရာသို ့တိုင်ကြားမှုပြုလုပ်ခဲ့သော်လည်း
စစ်ဆေးမှုများမရှိပါဘဲ လက်ရှိအခြေအနေထိ အဆိုပါဖွဲမှုန် ့နှင့်အနံ ့ဆိုးများကို စက်ရုံ
ပတ်ဝန်းကျင်နေ လုပ်သားပြည်သူများခံစားနေကြရပါ၍ နိုင်ငံတော်သမ္မတကြီးမှ

ဖြေရှင်းပေးပါရန်တောင်းဆိုအပ်ပါသည်။

 

 

 

14 comments

  • water-melon

    February 23, 2012 at 3:50 pm

    လူစုပြီးလုပ်ကြည့်ပါလား
    အထက်ကိုု စာတင်တာဘဲဖြစ်ဖြစ်
    ဒါမှမဟုုတ်စက်ရုံကို သွားပြောပါလား
    မပူပါနဲ့ ဆိုင်ရာလူကြီးတွေလဲ မန်းလေးဂဇတ်မှာ ဝင်ဖတ်ပြီး သိရင်အဆင်ပြေအောင်လုုပ်ပေးပါလိမ့်မယ်။

  • blackchaw

    February 23, 2012 at 3:58 pm

    အော် သမ္မတ ဆီတင်တဲ့စာတော့ ဖတ်ဘူးသွားပါပြီ။
    အော် ဒို့သမ္မတကြီးက ဒီလို ကိစ္စလေးတွေကအစ
    လိုက်ဖြေရှင်းပေးနေရရင်တော့…။
    ဟီး ဘာမှ မဟုတ်ပါဘူး။
    လျှောက်တွေးကြည့်နေတာ ရယ်ပါ။ (ကိုပေ့ စတိုင်ဖြင့်ပြောသည်။)

  • သူ့မူရင်းကြီးက လက်မှတ်လည်း ပါဘူး …
    ပလိန်းချည်း …
    အေးကွယ် .. မောင်ရင်တို့ ကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးပါ့မယ် … (သမ္မတ လေသံဖြင့်)
    မောင်ရင်တို့ စောင့်ရတာ ကြာတယ်ထင်ရင်တော့ အဲဒီစက်ကို မီးရှို့ပစ်လိုက်ပေါ့ … ။
    ကျုပ် အရေးယူပါဘူး … 😀

  • ဖွတ်ငပျင်း

    February 23, 2012 at 4:11 pm

    သမ္မတကြီး ဆိုမှတော့ သူ့မှာ တာဝန် မကင်း ဘူးမလား ၊ ပြည်သူအားလုံးရဲ့ သမ္မတကြီးပါဆိုမှ ၊
    အောက်ခြေ အဆင့်ဆင့်က သက်ဆိုင်ရာ လဂျီးတွေ က သောက်ပျင်းကြီးနေတာ ဆိုတော့
    တိုင်သာတိုင်ကြပါ ၊ တိုင်ဖို့ ကိစ္စသည် ကိုယ့်ကိစ္စ ၊ အရေးယူတာ မယူတာ သူ့ကိစ္စ။

  • စိန်ပေါက်ပေါက်

    February 23, 2012 at 4:22 pm

    ကဲဗျာ
    ဤတိုင်စာ….
    ဦးသိန်းစိန်ကြီးဆီ ရောက်ပါစေသား..အရှင်ဖလား…

  • ကြက်ဖင် ( အကယ်ဒမီ )

    February 23, 2012 at 6:10 pm

    ကျုပ်ရဲ့စာလေးပါ တစ်ခါတည်းလမ်းကြုံထည့်ပေးလိုက်ပါဦး
    သို့
    လေးစားရပါသော သမ္မဒကြီးခင်ဗျား
    မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့ ငခြောက်ကောင်ဟာဆိုရင်ဖြင့်
    ညနေဖက် ထမ်းရည်ချပြီးတိုင်း
    နေဗျီဒေါ်ဖက်ကိုလှည့်ပြီး သေးပန်းလေ့ရှိပါတယ်
    သေးပန်းတာကောင်းကောင်းမပန်းဘူးခင်ဗျ
    ငါ့ -ီး ငါဖျဲ ဘယ်သူဆဲမလဲကွ နေဗျီဒေါ်ကကောင်တွေ -ီးဘဲ လို့ အမြဲကြိမ်းမောင်းပါတယ်ခင်ဗျ
    လေးစားလျှက်
    ကြက်ဖင် ( အကယ်ဒမီ )

    • မိုက်ကယ်ဂျော်နီငပွ

      February 23, 2012 at 11:10 pm

      ခင်ဗျားကျုပ်ကို စော်ဂါးတာ ကိစ္စမရှိဘူး
      သဂျီဒမင်းတရားကြီးရယ် သဂျီးမင်းတရားကြီးရဲ့ ဂဒေါ်ကြီးရယ်
      သဂျီးမင်းတရားကြီးရဲ့ ရွှေမျိုးညာတိတွေရယ်
      သကြီးမင်းတရားကြီးနဲ့ မရှင်းမရှင်းတွေရယ်
      ရွာထဲက ဂုဏ်သရေရှိ လူကြီးမင်းတွေရယ်
      လေးဒီးအန် ဂျင်တယ်မန်းတွေရယ်ကို
      အားနာပါ
      ကျုပ်ဟာကျုပ် ဘာလုပ်လုပ် ခင်ဗျားအပူဘာရှိသဒုံး
      ကျုပ်ဟာနဲ့ကျုပ်လုပ်တာ
      ခင်ဗျား တော်တော်အလိုရှိရင် michaeljonnyaungpu@hotmail.com ကိုလာခဲ့ပါ
      အောင်ပု ဆိုတဲ့ကောင်ကလည်း ကွင်းမရွေးဘူး 👿 👿 👿
      ကျုပ် တော်တော် စိတ်ဆိုးနေတယ်ဆိုတာ ခင်ဗျားသိထားပါ

        • မိုက်ကယ်ဂျော်နီငပွ

          February 23, 2012 at 11:45 pm

          တွေ့တဲ့အတိုင်းဘဲဗျာ
          ကျနော့်ကို ဗလိုင်းကြီးလာကလိနေတယ်
          ကျနော်ကတော့ ဘာမှ မဖြစ်ပါဘူးဗျာ
          ရွာထည်းက လူကြီးလူကောင်းတွေကို အားနာလို့ပါ
          ဟိုနေ့က လေယဉ်လမ်းချော်တဲ့သတင်းလေးတွက်
          ( သဂျီးထက်ပိုပြီးကျေးဇူးတင်တယ်ဗျာ )
          ဟိတ်ကောင် ကြက်ဖင် ( အကယ်ဒမီ ) ခင်ဗျားကြပ်ကြပ်သတိထား 👿

  • သမ္မတကြီးဆီသို ့…..
    ကောင်းပါလေ့ဗျာ။
    ဒါနဲ ့ပို ့တင်သူရေ…ဒီမီးစက်ပိုင်ရှင်မိသားစုက မြို ့ကိုမီးပေးနေတာကြာပီလို ့
    ကြားတယ်နော်။အဆင်ပြေအောင်ညှိနှိုင်းကြပါဗျာ။ဆုတောင်းပေးပါတယ်။

  • ဖွတ်ငပျင်း

    February 23, 2012 at 6:51 pm

    ဘာမှ ညှို စရာမလိုဘူး ဖယ်ပေး ဒါပဲ
    မဖယ်ရင်လဲ နေ

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 23, 2012 at 7:44 pm

    မြို့ကိုမီးပေးနေတယ်ဆိုတော့ ဒီဖွဲမီးစက်ကပဲမီးရနိုင်သလားဗျ လျှပ်စစ်ဝန်ကြီးဌာနစိုက်ရာရုံးတွေဘာတွေ
    အဲဒီ့မြို့မှာမရှိကြဘူးလားဗျ။ လျှပ်စစ်ရုံးမရှိရင်တော့ ကိုယ့်နှာခေါင်းမှာပလပ်ထိုးပြီးမီးသုံးကြဗျို့
    ပြီးရင်ဖွဲမီးစက်ထဲဓါတ်ဆီသာပက်ထည့်လိုက် မြို့အုပ်ချုပ်ရေးတွေဂရုစိုက်ကြရော ။ ဒါမှမဟုတ်
    မီးခိုးထွက်လို့အဆုတ်ရောဂါဖြစ်မှပဲ ဆေးရုံကနေထောက်ခံစာယူပြီး တရားရုံးကနေ နစ်နာကြေးတောင်းကြပေ
    တော့ သမ္မတကြီးကတော့မအားသေးဘူး နိုင်ငံတော်ကြွေးစားရင်းတွေရှင်းနေရလို့တဲ့ ပြည်သူ့လွှတ်တော်
    ငှက်ကဌကြီးရဲ့အဆိုလွှာကိုတောင် ပြောင်းဖူးရိုးနဲ့ဆို့ပြီး လက်မစားနဲ့ခြေထောက်ပဲစားကြလို့ပြောခိုင်းလိုက်ပြီ။

  • မှတ်ထားကြလော့။
    အရေးတယူလုပ်မပေးရင် ကိုယ့်နှာခေါင်းကိုယ် ပလပ်ထိုးပြီး မီးထုတ်ယူကြပေါ့။
    (ရှမ်းပြည်သားလေး ၏လေသံ)
    တိုင်ကြားထားတာက ရမ်းဗြဲကလူတွေဆိုပါလား။
    ပို ့စ်တင်တဲ့ သရောပေါ်မလာပါလား။ဟူးးးးမောတယ်ဗျာ။

Leave a Reply