ဖြစ်ရပ်မှန်(၁)

ComputerFebruary 24, 20121min17826

ပြောချင်နေတာကြာပါပြီ။
နိုင်ငံတော်ကဝန်ထမ်းတွေအပေါ်ကောက်ခံတဲ့အခွန်ငွေကိစ္စပါ။ဒေါ်လာစားတွေကိုလစာရဲ့နှစ်ရာခိုင်နှုန်း
ပြောင်းကောက်တာသိပြီးပါပြီ။ပုံမှန်ကျပ်ငွေနဲ့ရတဲ့သူတွေကိုဘယ်လောက်ရာခိုင်နှုန်းကောက်ခံပါသလဲ။
ကြားဖူးတာတော့၁ဝရာခိုင်နှုန်းပါ။
ဒါပေမယ့်ရွှေပြည်သာကခြင်ဆေးခွေစက်ရုံတစ်ခုမှာတော့ဝင်ငွေခွန်ကို၂၅ရာခိုင်နှုန်းအထိကောက်ခံနေလို့
မခံချိ၊မခံသာဖြစ်နေကြရပါတယ်။ဥပမာ-လစာ၃၀၀၀ဝိလောက်သာရတဲ့အောက်ခြေဝန်ထမ်းလေးတွေဆို
ဝင်ငွေခွန်၇၅၀ဝိလောက်အဖြတ်ခံနေကြရတော့။
သက်ဆိုင်သူတွေကူညီပေးလိုက်ကြပါဦး။

26 comments

  • အာကြီး

    February 24, 2012 at 3:34 pm

    ကြားတယ်နော် ကူပေးလိုက်ဦး
    မြင်တယ်နော် ဒါပဲ

  • water-melon

    February 24, 2012 at 3:37 pm

    အနော့တို့ကတော့ သက်ဆိုင်ရာကတော့ မဟုတ်ဘူး
    တက်တိုင်ရာကပါ
    မကျေနပ်တာတွေ တက်တိုင်လွန်းလို့ 😀
    စိန်ပေါက်ပေါက် ကြည့်လုပ်ပေးလိုက် 😆

    • စိန်ပေါက်ပေါက်

      February 24, 2012 at 3:41 pm

      ကဲဗျာ
      တက်တိုင်ရာကို ရောက်လာသမျှ တိုင်စာအကုန်လုံး ပိဿာချိန်နဲ ့ရောင်းစားကြတာ များတယ်ကွဲ ့
      ထုံးစံ အတိုင်း ဆန္ဒပြကြဗျာ
      ကျုပ် ကိုဖိုးဖြူကိုခေါ်ပြီး လာခဲ့မယ်..ဘာမှပူနဲ ့

  • eipu

    February 24, 2012 at 3:48 pm

    နိုင်ငံ့သားကောင်းလေးတွေအဖြစ် ဂုဏ်ယူလိုက်ပါ……….

  • memeseku

    February 24, 2012 at 5:04 pm

    အခွန်ဆိုတာ ရှောင်ဖို. အဲလေ.. ဟုတ်ပေါင်… ဆောင်ဖို့ … ဆောင်ဆောင်ဆောင်… သများတော့အခွန်တောင်းရင် ပေးလိုက်မှာ… ပီနံအိတ်ခွံတွေ တပုံ ဂျီး…
    သများနိုင်ငံတွေနဲ. ရင်ဘောင်တန်းနိုင်အောင်.. ဒို့မြန်မာတွေ များမကြာမီ.. အခွန် ရှောင်လိမ်..ဖြောင် ခြင်းတည်း ဟူသော ပညာရပ်များကို အချိန်နှင့်တဗျေး ညီ သင်ကြား ပေးသွားပါမြီ….

  • Thel Nu Aye

    February 24, 2012 at 5:08 pm

    ဟိုမှာအိပ်နေကြတဲ့လူတွေအလုပ်မရှိလို့တဲ့။ နှိုးပြီးပြောပေးလိုက်ပါအုံး။ အလုပ်ရသွားအောင်။

  • Davit

    February 24, 2012 at 5:20 pm

    ကျွန်တော်တို့ဆီမှာလည်းဒီလိုပဲဗျို့……လစာရင်းက 30000 ကိုအခွန်က တစ်လ 7900 ဆောင်နေရတယ်…ကိုယ်တွေ့နော်…လက်ရှိကိုယ်တွေ့ကြီးရယ်….. တစ်ခြားဟာလေးတွေထပ်ဆောင်ထားလို့တော်သေးတာပေါ့… နို့မို့ဆိုရင်လား………………

  • zar ni

    February 24, 2012 at 8:21 pm

    ကိုဒေးဗစ်ရေ…စိန်ပေါက်ပေါက်ပြောသလိုတက်တိုင်ရာလုပ်ကြည့်ပါလား

    • Davit

      February 27, 2012 at 10:19 am

      အာ…..သေခြာရင်တော့လုပ်နေသေးတယ်…..ဒီနေ့ထိဗျ…..ရုံးကလည်းအစိုးရကိုကျွန်တော်တို့နာမည်နဲ့ဆောင်ထားတဲ့ အခွန်စာရွက်ကို ပြန်ပေးတယ်…… စိတ်ညစ်တယ်ဗျာ…..ဂယ်ပဲ

  • Green Rose

    February 24, 2012 at 9:48 pm

    တစ်ခါမှ အဲလောက်အများကြီးဖြတ်တာ မတွေ့ရဘူးပါဘူး။.. သေချာလေးစုံစမ်းပြီး…ဟုတ်တယ် ဆိုရင် စက်ရုံအမည်လေး ပြောပြပေးပါ.. ..။ ကူညီဖို့ အသင့်ပါပဲ။..
    ့်

    • Davit

      February 27, 2012 at 10:21 am

      ဟုတ်….ကူညီပေးပါဦး…တစ်ကယ်ပါ….Green Rose ရဲ့ Personal mail…ဖြစ်ဖြစ် တစ်ခုခုရေးပေးပါလား….အပ်ပြီး Company Name ကိုပြောပြပေးပါ့မယ်…..

      • Swal Taw Ywet

        February 27, 2012 at 11:31 pm

        Something is wrong.
        Posted By ” COMPUTER “.
        now replied by ” DAVIT “.
        No one know who you are and where are you from?
        Why could not tell company name if you are right?
        Dear….
        Don’t worry.
        If you believed that you are right, Tell the company name here, MG.
        We ( MG villagers ) will help you as much as we can.
        Because we love the truth and fair.
        OK?
        Dare to fight.!!!!

        With respect,
        Swal Taw Ywet.

        • Davit

          February 28, 2012 at 1:16 pm

          ဒွတ်ခပဲဗျာ………… ကျွန်တော့်ရုံးကလူကြီးတစ်ချို့လည်း ဒီဆိုဒ်ကိုကြည့်တယ်ဗျ …… ကျွန်တော့် အကောင့် 3 ခုလောက်ကိုလည်း ရုံးကတစ်ချို့ကသိနေတယ်ဗျ…….ပြောချင်တာ ပါးစပ်ကိုယားနေတာပဲ…. တစ်ယောက်ယောက်ရဲ့ အကောင့်ပေးဗျာ….ပြောပေးမယ် …… ကဲ………..ရှင်းပြီလား

  • unclegyi1974

    February 24, 2012 at 10:15 pm

    တလအပေါ်မှာဖြတ်တာဆိုတခုခုတော့လွဲနေပြီ
    ထူးအိမ်သင်သီချင်းတောင်မဆိုနိုင်တော့ဖူးပေါ့လေ

  • kyeemite

    February 25, 2012 at 8:11 am

    အမှန်ဘဲ အဲဒီလောက်ပေးနေကြရတာကြာပါပြီ…ဝန်ထမ်းတွေအခွန်အမှန်တကယ်ပိနေတာဖြစ်လို့..
    ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး အနေနဲ့ လွှတ်တော်မှာတင်ပြပီး အခွန်ဥပဒေကိုပြန်ပြင်သင့်နေပါပြီ…
    ရွာသူား များနဲ့ စာဖတ်သူတွေထဲမှာ အခွန်အခ အကြောင်းသိတဲ့လူရှိရင် ဘယ်လိုလုပ်သင့်တယ်ဆိုတာ
    ဆွေးနွေးအကြံပေးကြစေလိုပါတယ်…ကုမ်ပနီတစ်ခုခုမှာရဲ့ ငွေစါရင်းဋ္ဌာနမှာလုပ်တဲ့သူတွေလည်းဒီကိစ္စ
    ကိုသိမယ်ထင်ပါတယ်…

  • ahnyartamar

    February 25, 2012 at 8:41 am

    computer ရေ………
    အခွန်အကြောင်းနဲ့ပတ်သက်ပြီး နည်းနည်းလောက် share မယ်နော်။
    ဝင်ငွေအခွန်ဆိုတ အခွန်ဥပဒေအရ သတ်မှတ်ထားပြီးသားပါ။
    များသောအားဖြင့် ကုမ္ပ္ပဏီဝန်ထမ်းတွေ ဝင်ငွေအခွန်( income tax) ဆောင်ရတဲ့အကြောင်းကို မသိကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကုမ္ပ္ပဏီတွေက နည်းမျိုးစုံနဲ့ အခွန်ကိုရှောင်ကြတယ်။ ဝန်ထမ်းရဲ့ ဝင်ငွေကို လျှော့ပြကြတယ်။ Ledger book ကိုနှစ်မျိုးထားတယ်။ ကုမ္ပ္ပဏီမှာတစ်မျိုး၊ အခွန်ဌာနကို တင်တဲ့အခါ တစ်မျိုးပေါ့။ တချို့ကုမ္ပ္ပဏီကျတော့လည်း ဝန်ထမ်းရဲ့ လစာကို အခွန်ဌာနမှာ ပုံသေပြပြီး ဝန်ထမ်းရဲ့ Basic ထဲက ဝင်ငွေခွန်ကို တစ်ခါထဲဖြတ်ထားလိုက်တယ်။ ( ဥပမာ Basic ၅၅,၀၀ဝ ထဲက ဝင်ငွေခွန် ၅,၀၀ဝ ကိုနှုတ်ပြီး ၅၀,၀၀ဝ ကနေစပေးတယ်လေ။) နှစ်ကုန်လို့ လစာတိုးလည်း သူ့ရဲ့ ဝင်ငွေခွန်ကမပြောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်မထွက်မချင်း သူရဲ့လစာက ပုံသေလေ။ အခွန်ဌာနမှာ လစာတိုးတာကို မပြဘူးလေ။ တချို့ကုမ္ပ္ပဏီကျတော့လည်း ဝင်ငွေကို ၅,၀၀၀၊ ၁၀,၀၀ဝ လောက်ဘဲပြကြတယ်။
    ဝန်ထမ်းရဲ့ဝင်ငွေအခွန် ဖြတ်တာကလည်း ကုမ္ပ္ပဏီက ဖြတ်ချင်တိုင်းဖြတ်လို့ မရပါဘူး။ အစိုးရရဲ့ ဝင်ငွေခွန် ဥပဒေအရ တွက်နည်းရှိပြီးသားပါ။
    တွက်နည်းအကျဉ်းကတော့ လူတစ်ယောက်ရဲ့ တစ်နှစ်ဝင်ငွေအပေါ်မှာ အခြေခံပါတယ်။ ဥပမာ တစ်လကို Basic ၃၀,၀၀ဝ ဝင်ငွေရတယ်ဆိုရင် တစ်နှစ်ရတဲ့စုစုပေါင်းဝင်ငွေ (360,000) ထဲက သက်သာခွင့် 12,000 ကိုပြန်နှုတ်ပေးတယ်။ ဇနီးရှိရင် 5,000 သားသမီးရှိရင် အသက်အလိုက် (၁လမှ ၁၈နှစ်အထိ) ကင်းလွတ် ခွင့်ရတယ်။
    တွက်ချက်ပုံလေးကို ဗဟုသုတအဖြစ်ထည့်ပေးလိုက်ပါတယ်။
    တစ်လဝင်ငွေ ကျပ် ၃၀၀၀ဝ
    တနှစ်ဝင်ငွေ ကျပ် ၃၆၀၀၀ဝ
    သက်သာခွင့် ကျပ် (၁၂၀၀၀)
    ဇနီး ကျပ် (၅၀၀၀)
    ကလေး(အသက် ၁လ-၅နှစ်) ကျပ် (၁၀၀၀)
    စည်းကြပ်ရန်ဝင်ငွေပေါင်း ကျပ် ၃၄၂၀၀၀

    ဝင်ငွေ ၁ကျပ် မှ ၅၀၀၀ ၃ ရာခိုင်နှုန်း (%) ကျပ် ၁၅ဝ ကျပ် ၅၀၀ဝ
    ဝင်ငွေ ၅၀၀၁ ကျပ်မှ ၁၀၀၀၀ ၅ ရာခိုင်နှုန်း (%) ကျပ် ၂၅ဝ ကျပ် ၅၀၀ဝ
    ဝင်ငွေ ၁၀၀၀၁ကျပ် မှ ၂၀၀၀၀ ရ ရာခိုင်နှုန်း (%) ကျပ် ၇၀ဝ ကျပ် ၁၀၀၀ဝ
    ဝင်ငွေ ၂၀၀၀၁ကျပ် မှ ၃၀၀၀၀ ၁ဝ ရာခိုင်နှုန်း (%) ကျပ် ၁၀၀ဝ ကျပ် ၁၀၀၀ဝ
    ဝင်ငွေ ၃၀၀၀၁ကျပ် မှ ၅၀၀၀၀ ၁၂ ရာခိုင်နှုန်း (%) ကျပ် ၂၄၀ဝ ကျပ် ၂၀၀၀ဝ
    ဝင်ငွေ ၅၀၀၀၁ကျပ် မှ ၇၀၀၀၀ ၁၅ ရာခိုင်နှုန်း (%) ကျပ် ၃၀၀ဝ ကျပ် ၂၀၀၀ဝ
    ဝင်ငွေ ၇၀၀၀၁ကျပ် မှ ၉၀၀၀၀ ၁၆ ရာခိုင်နှုန်း (%) ကျပ် ၃၂၀ဝ ကျပ် ၂၀၀၀ဝ
    ဝင်ငွေ ၉၀၀၀၁ကျပ် မှ ၁၁၀၀၀၀ ၁ရ ရာခိုင်နှုန်း (%) ကျပ် ၃၄၀ဝ ကျပ် ၂၀၀၀ဝ
    ဝင်ငွေ ၁၁၀၀၀၁ကျပ် မှ ၁၅၀၀၀၀ ၁၈ ရာခိုင်နှုန်း (%) ကျပ် ၇၂၀ဝ ကျပ် ၄၀၀၀ဝ
    ဝင်ငွေ ၁၅၀၀၀၁ကျပ် မှ ၂၀၀၀၀၀ ၁၉ ရာခိုင်နှုန်း (%) ကျပ် ၉၅၀ဝ ကျပ် ၅၀၀၀ဝ
    ဝင်ငွေ ၂၀၀၀၀၁ကျပ် မှ ၃၀၀၀၀၀ ၂ဝ ရာခိုင်နှုန်း (%) ကျပ် ၂၀၀၀ဝ ကျပ် ၁၀၀၀၀ဝ
    ဝင်ငွေ ၃၀၀၀၀၁ကျပ် မှ ၅၀၀၀၀၀ ၂၂ ရာခိုင်နှုန်း (%) ကျပ် ၄၂၀၀ဝ
    ဝင်ငွေ ၅၀၀၀၀၁ကျပ်နှင့်အထက် ၃ဝ ရာခိုင်နှုန်း (%)
    စည်းကြပ်ရန်ဝင်ငွေပေါင်း ကျပ် ၃၄၂၀၀၀
    တစ်နှစ်စာစုစုပေါင်းဆောင်ရမည့် ဝင်ေေွအခွန် ကျပ် ၅၀၈၀ဝ
    တစ်လဆောင်ရမည့်ဝင်ငွေအခွန် ကျပ် ၄၂၃၃
    ရာခိုင်နှုန်း 14.11%

    ဒိထက်ပိုပြီး အသေးစိတ်သိချင်ရင်တော့ computer တို့ကုမ္ပ္ပဏီမှာရှိတဲ့ ဝန်ထမ်းရေးရာဌာန၊ ဒါမှမဟုတ် Account စတဲ့ တာဝန်ယူထားတဲ့ဌာနမှာ စုံစမ်းသင့်တယ်လို့ ထင်တယ်။
    Budget end ရောက်ရင်တော့ ကုမ္ပ္ပဏီမှာတာဝန်ရှိတဲ့သူက အခွန်ဌာနမှာ ဝန်ထမ်းတစ်ယောင်ချင်းအတွက် Official letter တစ်နည်းအားဖြင့် ထောက်ခံစာ သဘောမျိုးပေါ့ ယူပေးလေ့ရှိတယ်။ တစ်နှစ်ဝင်ငွေဘယ်လောက်မှာ ဝင်ငွေခွန် ဘယ်လောက်ဆောင်ထားတယ် စသည်ဖြင့်ပါရတယ်လေ။

    • Davit

      February 27, 2012 at 10:28 am

      ahnyartamar အကိုရေ….. ကျွန်တော်တစ်ခုပြောမယ်နော်… အကိုတွက်ပြတဲ့ဟာထက်ကျွန်တော်တို့က ပိုပြီးပေးနေရတယ်ဗျ…. ကျွန်တော့်မှာ အမျိုးသမီး နဲ့ သားတစ်ယောက် ရှိတယ်.. သားက 5 နှစ်ပြည့်ခါနီးပါပြီ…. ဒါပေမဲ့ ကျွန်တော့်လစာရင်းက 30000 ရပြီး အခွန်က 7900 ဆောင်ရတယ်…ပြီးတော့ ကျွန်တော့်သူငယ်ချင်းလူပျို/အပျိုတွေလည်း လစာရင်း 30000 ရပြီး 7900 ဆောင်နေရတယ်…. ဘာကြောင့်လဲတော့မသိဘူးဗျ…. ဒါပေမဲ့ နိုင်ငံတော်ကိုဆောင်တဲ့ အခွန်ပြေစာတွေကတော့ ကျွန်တော်တို့ဆီမှာ တရားဝင်ရနေပါတယ်….. များနေတယ်ဗျာ….

  • ahnyartamar

    February 25, 2012 at 8:49 am

    Dear Computer,

    I just share for what i read from journal.

    ဝင်ငွေခွန်နဲ့ပတ်သက်လို့ “ပြည်သူ့ခေတ်” ဂျာနယ် အတွဲ“ ၂ ”၊ အမှတ် “ ၇၄” စ၍ “ဝင်ငွေခွန်ဆိုတာဘာလဲ၊ ဘယ်သူတွေပေးရမှာလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ မောင်ကိုနီ(တရားရုံးချူပ် ရှေ့နေ) ရဲ့အခန်းဆက်ဆောင်းပါးကို ဖတ်စေချင်ပါတယ်။
    အဲဒီထဲမှာ ဝင်ငွေခွန်ပေးရန် တာဝန်ကို ဒီလိုဆိုထားပါတယ်။
    မည်သည့်အခါ ဝင်ငွေခွန်ပေးရန်တာဝန်ရှိပါသနည်း။ ပညာရပ်ဆိုင်ရာစကားလုံးများကို မကိုးကားပဲအရင်ဆုံးအရပ်ပြော, ပြောရပါက “လူတစ်ယောက်သည်ဝင်ငွေရှိနေပြီး တစ်နှစ်အတွင်းဝင်ငွေသည် မိမိနှင့် မိသားစုစားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ လှူဒါန်းရေးကိစ္စ ရပ်များ၊ သုံးစွဲပြီးနောက် အတော်အတန်ပိုလျှံနေသေးပါက ထိုသူသည်ဝင်ငွေခွန် ပေးဆောင်ရန်တာဝန်ရှိပြီ “ဟု ဆိုနိုင်ပါသည်။
    ဒါကြောင့်ကိုယ့်ကိုကိုယ်စဉ်းစားပါ။ ဝင်ငွေခွန်ပေးဆောင်သင့်ပြီးလားလို့။

    • Myo Win Hlaing

      February 25, 2012 at 3:11 pm

      ဝင်ငွေခွန်ဥပဒေ ကို ခေတ်နဲ့ညီအောင် ပြင်သင့်နေပါပြီ
      ငွေကြေးဖောင်းပွမှုကို ထဲ့စဉ်းစားသင့်တယ်
      အရင် ဥပဒေ အရဆိုရင် နေ့စားအလုပ်သမား နဲ့ ပဲပြုပ်သယ်တောင် အခွန်ဆောင်ရမှာ
      လွှတ်တော် မှာ အမြန်ဆုံး လုပ်ရမဲ့ အလုပ်ပါ

  • eipu

    February 25, 2012 at 9:00 am

    ကျေးဇူးပါ ahnyartamarရေ
    အခုလို ဖော်ပြပေးတဲ့အတွက် knowledge ရတာပေါ့

  • hot coffee

    February 25, 2012 at 9:01 am

    တကယ်.အမှန်တရားဘဲဗျို. ……………ကျွန်တော်တို.စီမှာလည်း လက်ရှိအခွန်ပေးဆောင်နေရတာ ဒီနှုန်းထားအတိုင်းပါဘဲ 25 % ထက်တောင်ကျော်ပါသေးတယ်။ တကယ်.ကိုနားမလည်နိုင်တဲ. အခွန်နှုန်းထားဘဲဗျို. ဘယ်လိုစည်းမျဉ်းစည်းကမ်း ၊ဘယ်လိုဥပဒေနဲ.တွက်ချက်ပြီး ကောက်ခံသလဲဆိုတာ သိတဲ.လူများရှိရင် share ပေးကြပါအုံး။ တစ်လ တစ်လ မလုံမလောက်လစာလေးနဲနဲနဲ. အခြေခံစားဝတ်နေရေး basic need တောင်မပြည်.စုံတဲ.သူတွေဆီက နိုင်ငံတော်က ကောက်ခံတဲ.နှုန်းထားကများလွန်းတယ် သင်.တင်.တဲ.နှုန်းထားလေးဆို အခြေခံအလုပ်သမားတွေအတွက် အဆင်ပြေကြမှာပါ ခုတော. ………………မပြောတော.ပါဘူးဗျာ နိုင်ငံတော်ရဲ.စေတနာတွေ.ပေါ.။

  • kyeemite

    February 25, 2012 at 9:41 am

    အညာတမာရေ..ကျေးဇူးအထူးတင်ပါတယ်ဗျာ..ခင်ဗျားကွန်မန့်လေးကအဖိုးတန်ပါတယ်…
    တချို့ဘာဖြစ်လို့လဲဆိုတော့ တချို့ကုမ္ပ္ပဏီတွေက နည်းမျိုးစုံနဲ့ အခွန်ကိုရှောင်ကြတယ်။ ဝန်ထမ်းရဲ့ ဝင်ငွေကို လျှော့ပြကြတယ်။ Ledger book ကိုနှစ်မျိုးထားတယ်။ ကုမ္ပ္ပဏီမှာတစ်မျိုး၊ အခွန်ဌာနကို တင်တဲ့အခါ တစ်မျိုးပေါ့။ဒါပေမဲ့ ကျွန်တော်အလုပ်လုပ်နေတဲ့ ကုမ္ပ္ပဏီကတော့ အားလုံး အမှန်အတိုင်း
    (စာအုပ်ကြီးအတိုင်း)သွားတယ်ဗျ။ ဒါကြောင့် အောက်ဆုံးအဆင့်ဝန်ထမ်းအထိ အခွန်ဆောင်ကြရတယ်..
    computer ပြောသလိုဘဲ ၂၅%လစဉ်အခွန်ဖြတ်ခံရပါတယ်…
    နိုင်ငံသားတစ်ဦးဟာ ဝင်ငွေခွန်ကို ဂုဏ်ယူစွာဆောင်သင့်တယ်…ဆိုတာလက်ခံပါတယ်…ဒါပေမဲ့
    ခေတ်နဲ့ စံနစ်နဲ့ လျှော်ညီတဲ့ အခွန်နှုံးထားဖြစ်သင့်ကြောင်းပါဗျာ…
    သမ္မတကြီးရေ..ကြည့်မနေပါနဲ့ဗျို့…..

  • hot coffee

    February 25, 2012 at 9:48 am

    အင်းးးးးးးး တလကိုလစာ 30000 ရတဲ.သူက ကျန်းမာရေး ပညာရေးကို မဆိုထားနဲ.အခြေခံစားဝတ်နေရေးလုံလောက် ပြည်.စုံနေပြီလို. သတ်မှတ်နိုင်သလား အခွန်ဆောင်သင်.ပြီလား။ ahnyartamar တွက်ပြသလို တစ်လဆောင်ရမည့်ဝင်ငွေအခွန် ကျပ် ၄၂၃၃ ပေးသင်.သလားကောက်ခံသင်.သလား။တနှစ်ဝင်ငွေ ၅၀၀၀၀၁ကျပ် (တလဝင်ငွေ လေးသောင်းကျော်ကျော်)နှင့်အထက် ၃ဝ ရာခိုင်နှုန်း (%) ဆိုတာကရော တကယ်.ကိုပေးသင်.တဲ. နှုန်းထားဖြစ်သင်.သလား။
    ဘာကြောင်.လဲဆိုတော. ဆင်းရဲတဲ.သူတွေ ပါလို. သတ်မှတ်ထားတဲ. international poverty line က
    U.S. $1 and $2 a day (2004 ကRate ဖြစ်ပါတယ်) ဖြစ်နေလို.ပါ……..။

  • eipu

    February 25, 2012 at 10:46 am

    kyeemite ပြောသလိုပါဘဲ
    နိုင်ငံသားတစ်ဦးဟာ ဝင်ငွေခွန်ကို ဂုဏ်ယူစွာဆောင်သင့်တယ်…ဆိုတာလက်ခံပါတယ်…
    ဒါပေမဲ့ calculation ကို ပြင်သင့်တယ်လို့ ထင်တယ်။
    တစ်နှစ်ဝင်ငွေကို အခြေခံထားပြီး တွက်တဲ့အတွက် တစ်နှစ်ဝင်ငွေကို ပြန်ပြင်သင့်တယ်။
    လက်ရှိမှာ ဝန်ထမ်းတစ်ယောက်ရဲ့ တစ်နှစ်ဝင်ငွေ 30,000 ကို အခြေခံပြီး တွက်နေပေမယ့် အနိမ့်ဆုံး ဝန်ထမ်းတောင် တစ်လဝင်ငွေ 3,000 မက ရကြပါတယ်။
    ဥပမာ တစ်နှစ်ဝင်ငွေကို အနိမ့်ဆုံး 300,000၊ 400,000 ကနေ စပြီးတွက်ရင် အနည်းဆုံးတော့ ဝင်ငွေခွန် ဆောင်နေရပေမယ့်လည်း အထိုက်အလျောက်တော့ သက်သာတာပေါ့။
    ခေတ်နဲ့ စနစ်နဲ့ လျှော်ညီတဲ့ အခွန်တွက်ပုံတွက်နည်းကို အမြန်ဆုံးအကောင်အထည် ဖော်သင့်ပြီလို့ အကြံပေးချင်ပါတယ်။

  • Computer

    February 25, 2012 at 11:17 pm

    အခုလိုဝိုင်းဝန်းအကြံပေးရေးကြတာအများကြီးကျေးဇူးတင်ပါတယ်။
    ဖြစ်ရပ်မှန်(၂)ကိုလည်းအကြံဝိုင်းပေးကြပါဦး။
    ဖြစ်ရပ်မှန်ပေါင်းများစွာဆက်လက်တင်ပြခွင့်ပြုကြပါဦး။

Leave a Reply