သရဲ ကို ဒါ့ပုံရိုက်မိခြင်း…၂

ムラカミFebruary 24, 20121min18413

ဂီ ခုတလော ကံနိမ့်နေသလား မသိ…

တခြား မကြည့်နဲ့ ရွာထဲ မှာ ပဲကြည့် …

ဒါ့ပုံကိစ္စများပြောပါတယ်…

ကျုပ် ရိုက်သမျှ ဝိုင်းဟားခံရ၏ .. 😀

စိုင်ပစ်တော့ နှူးဘာ တဲ့ …

ပန်းတွေ ရိုက်တော့ ဂျော်လကီ …တဲ့

ကိုယ့်ကိုကိုယ် ရိုက်တော့ မားကတ္တိန်း လုပ်တာတဲ့ …

နောက်ဆုံး ကီးဘုတ်ပေါ်က ကီး ရိုက်တာတောင် ဝိုင်း အစ ခံ မလွတ်…

တကယ်က ကျနော် ဖြစ်ချင်တာက လန်စကိတ်ပါ ….ပါ

သတင်းထောက် တပိုင်း လုပ်ရမယ့် သတင်းဒါ့ပုံ … အမျိုးအစား တော့ သိပ် စိတ်မဝင်စားပါ..

(ပါပရာဇီ တော့ ဖြစ်ချင်သား. .. အာဟိ)

ဖိုတိုအက်ဆေး ကတော့ မလုပ်နိုင်သေး…

ကော့ကန်ကား ရိုက်တတ်မှ ပိုက်ပိုက်ရတာဆိုလို့ …. ပေါ့ထွိတ် လည်း ရိုက်တတ်ချင်သား

ဖိုင်းအာ့ထ် ဘက် အက်ဘ်စထွက် ကတော့ ဖြည်းဖြည်းပေါ့နော….

ပြန်ကောက်ရရင် လန်စကိတ်က ခရီးသွားရမယ် အချိန်ပေးရမယ် စိတ်ရှည်ရမယ် …

အလုပ်တဖက်နဲ့ ဆိုတော့ အကန့်အသတ်ရှိလွန်းနေတဲ့အတွက် …

မက္ခရို ပြောင်းရိုက်ကြည့်နေတာရယ်ပါ… သူက ပန်းလေး၁ပွင့်

အကြွေစေ့တစေ့ လိုဂိုလေး တခု ဘာမဆို အနီးအနားက အလွယ်

ရရှိမယ့် ပစ္စည်းလေးတွေနဲ့ ရိုက်လို့ ရလေတော့ သိပ်ပြီး တခုတ်တရ

သွားစရာ လာစရာ မလိုဘူးပေါ့ဗျာ .. .မရိုက်ရမနေနိုင်လို့သာ ရိုက် ရတာ

နောက်ပိုင်း ဆက် လိုက်စားမယ်ဆိုရင် သူလည်း လိုက်ဘောက်စ်တွေ

ဘာတွေ လိုအပ်လာဦးမှာရယ်…

 

 

ထားပါတော့ …အဲ့သလိုနဲ့ သည်မြို့က ပြောင်းရတော့မယ် ဆိုတော့

ညဘက် ရုံးဆင်း အိမ်ပြန်တွေ nightscape, cityscape ပုံစံမျိုးတွေ

ရိုက်ဖြစ်တယ် ဆိုပါတော့ဗျာ ..

အဲ့ဒီမှာ စတွေ့တာပဲ …ဒန်တန့်တန် ….

တနေ့ညက သရဲ တွေ့တယ် …ငါးမျက်စိ မို့လို့ဖြစ်မှာပါလေ…

ဝိုက်ဒ် တာကိုး …

 

 

အဲ့ဒါနဲ့ မနေ့ညက တခြားဘူတာ (ရုံးနဲ့အိမ်ကြားက) တခုမှာ ဆင်းပြီး

ရိုက်ဖြစ်လေရဲ့ … မက္ခလိုပြောင်း (တမလွန်) ကိုထုတ် တပ်လိုက်ပီး ..

ဟိုချောင်း သည်ချောင်း လုပ်သပေါ့ …. မက္ခလို ဆိုတော့လည်း သစ်ရွက်ရိုက်

ပန်းရိုက် … ပြန်ဖြစ်သပေါ့လေ…ဆိုင်းဘုတ်လေးဘာလေးလည်း ရိုက်ပေါ့..

အဲ့ဒါနဲ့ ရိုက်လို့ အပြီး ပြန်မယ်ပေါ့ … အပြန်လမ်းမှာ လှေကားတခု ဆင်းရတယ်ခည…

အဲ့သည့်နေရာလေးက လူပြတ်တယ် …(ခါတိုင်း မသိသာပေမယ့်)

မနေ့က အဲ့သည့် ဘေးပတ်လည်က ကစားကွင်း ပိတ်ရက်ဗျ.. (မီးချွေတာရတယ်လေ..

ဓါတ်ပေါင်းဖို ပေါက်ထားတော့ … ) သိပ်အေးတဲ့အတွက် လေအေးပေးစက်တွေက

ချွေတာလို့မရတော့ ဇိမ်ခံပစ္စည်း တွေဖြစ်တဲ့ အလှဆင်မီးတွေ အပန်းခြေနေရာတွေ

ဒါမိုးတွေက အတိုင်းအတာ တခုထိ လျှော့ သုံးရတဲ့ ကာလဖြစ်တာကိုး …

မကြာခင်နွေရောက်ဦးမယ်မလား ….ထားပါတော့…

 

 

အဲ့လိုပိတ်တော့ လူပြတ်ရတဲ့အထဲ …အဝေးကတည်းကကို အဝါရောင် မျက်လုံး ၁စုံ

ကျနော့်ကို ကြည့်နေတာ မြင်ရတယ်ဗျာ ….။ လူက ချမ်းကလည်းချမ်း ….

ကျောကလည်း မလုံ သလိုဖြစ် လာရဲ့ …..

အဲ့ဒါနဲ့ တဖြည်းဖြည်းချင်း နီးလာတော့ …လား……..လား ……

.

.

.

.

.

.

.

.

.

 

 

.

.

.

 

 

တွေ့တဲ့အတိုင်းပါဘဲဗျာ .. ခနလေးနော် ငြိမ်ငြိမ်နေနော် ..ပြောင်း ကို လဲပီးတပ်လိုက်ဦးမယ်နော်

ဆိုတာမျိုး လုပ်လို့ မရဘူးလေဗျာ … တပ်ထားတဲ့ ပရိုင်းမ်လန်းစ် နဲ့ပဲ အိုင်အက်စ် အို တဆုံးတင်ပီး

ဆော်ခဲ့ရတာဗျို့ …..

အနောက်တိုင်းမှာတော့ စုန်းကဝေ တွေရဲ့ စပိုင် အဖြစ် သတ်မှတ်ထားတဲ့ ဘလက်ကတ် ပါပဲဗျာ …

ဟုတ်ပါတယ်.. တကိုယ်လုံး က အမွှေးအမြှင် တွေပါမပ နှုတ်ခမ်းမွေးနဲ့ နှုတ်သီး ပါ မည်းနက်နေတဲ့

ဘလက်ကတ် ပါဗျ….

တနေ့က ကျုပ်နဲ့ တူတယ် ပြောကြတဲ့ သရဲ ကို တွေ့တယ် မနေ့က ဘလက်ကတ် တွေ့တယ်… အင်း ..တခုခုတော့ တခုခုပဲ …

နောက်နေ့ သရဲပုံ ရဲ့ မူရင်း raw file နဲ့ ..ရိုက်ယူထားတဲ့ setting ကို ပြပါ့မယ်ဗျာ ….

ခင်တဲ့

13 comments

  • water-melon

    February 24, 2012 at 7:27 am

    ကြောင်မဲ
    ကိုဂီ မြန်မြန်ဖမ်းခဲ့ဗျ
    နက္ခတွေဘာညာနဲ့မန်းမှုတ်လိုက်ရင် ကြောင်မျက်ရှင်လုပ်လို့ရတယ်
    ဈေးကောင်းပေးဝယ်တယ်နော်။

  • Moe Z

    February 24, 2012 at 8:57 am

    ဘလက်ကတ် က ဘလက်ကတ်ပေါ့ ဘာဖြစ်လို့ စုန်းကဝေရဲ့စပိုင်ဖြစ်ရမှာတုန်း
    ကြောင်ဖြစ်ရတာတောင် ခွဲခြားခွဲခြားနဲ့ ဘဘဘလက်ရဲ့ကြောင်ဆို ဟုတ်သေးတယ်
    ကန်နိမ့်ရင် ရေကူးလို့မရဘူးပေါ့နော် 😀

    • နှူးဘာဂိုဏ်းချုပ်

      February 24, 2012 at 10:01 am

      မသိဘူးကွယ် ….
      ကျုပ်တို့ဉာဏ်မမီတဲ့ ကိစ္စရပ်တွေဟာ
      လောကမှာ အများသားလားကွယ်….

      ဥပမာဗျာ …
      တခါသား မှော်ဆြာ ညွှန်ဖူးတဲ့ မှော်သင်တန်းရှိရဲ့မလား..
      ဒီအက်စ်အယ်လ်အာ ဝယ်မယ့်ပိုက်ပိုက် ကို သဂျီးက
      မဝယ်ဘဲ သင်တန်းကြေးအဖြစ်သုံး ..လောကီပညာတွေ
      တဖက်ကမ်းခတ်သွား … သူ့ကိုယ်ပွား ကိုကိုကြောင်ကို
      အနက်ရောင် ကြောင် အဖြစ် ဖန်ဆင်း …

      သူ့ လက်ထွယ်သင့်ကိင်န်း ကို (မတူတဲ့အတွေးနဲ့ မန့်တာကို)
      ခွစ်တစ်ကယ်သင့်ကိင်န်း နဲ့ တန်ပြန်လာမယ့်
      နှူးဘာဂီလေးကို အပျောက်ရှင်းချင်လို့ ကြံတာ ဖြစ်ချင်ဖြစ်မှာကွယ့်..

      ကြောင်ကိုခွဲခြားခွဲခြား လုပ်တာမီဟုတ်ဘာဘူးကွယ်…
      ဟိုလူတွေဆို ..သရဲကိုတောင် ခွဲခြားခွဲခြား လုပ်ကြသေး .. … အဟေးဟေး…

      😀

  • weiwei

    February 24, 2012 at 10:09 am

    ကြောင်တွေထဲမှာ ဘလက်ကတ်ကို သဘောအကျဆုံးပဲ … အိမ်မှာ ကြောင်မဲမဲအမလေးတစ်ကောင်မွေးဖူးတယ် … မဲသဲနေတာပဲမို့ သဲသဲ လို့ နံမည်ပေးထားတာ … အရမ်းချစ်စရာကောင်းတာပဲ .. အသက် ၉ နှစ်မှာ ပျောက်သွားတယ် (ဆေးဖော်ဖို့များ ဖမ်းသွားကြသလားမသိဘူး ) … အခု အမဲလေးကိုမြင်တော့ သဲသဲလေးကို သတိရသွားတယ် …

  • Diamond Key

    February 24, 2012 at 10:38 am

    နှူးဘာဂိုဏ်းချုပ်၊ ထူးတာ ရိုက်ထုတ်၊
    စိုင်မပစ်၊ ပန်းမကိုင်၊ ကိုယ်ပုံ သရဲလုပ်၊
    ရိုက်ဖို့ချိန်တာ လန်စကိတ်၊
    ဆားချက်တော့မောင် ဘလက်ကြောင် :mrgreen:

  • ကြောင်ကြီး

    February 24, 2012 at 11:30 am

    အတော်ချောတဲ့ ကြောင်ပဲဗျ…။ ရုပ်ရှင်မင်းသား ဖြစ်နိုင်တယ်..။

    • pooch

      February 24, 2012 at 1:55 pm

      ဒါဆိုရင်တော့ သေခြာတယ် အဲ့ဒါ ဦးကြောင်ပုံပဲ ဖြစ်ရမယ်….ဆိုတော့ လူတပိုင်းကြောင်တပိုင်း မှော်ဆန်သော မှော် ဦးကြောင်ပေါ့… 😀

  • စိန်ပေါက်ပေါက်

    February 24, 2012 at 12:11 pm

    တွမ်
    ကိုဘလက်ရဲ့ကြောင်က တစ်ကိုယ်လုံးမဲပြီး နှုတ်ခမ်းမွှေးတွေ ဖြူနေသဟ
    😀

  • Khaing Khaing

    February 24, 2012 at 12:54 pm

    ကိုဂီရဲ့ကြောင်ပုံကိုမြင်တော့ အိမ်ကနက်တူမကိုသတိရတယ်….မြင်လည်းမြင်တတ်ပါ့ကိုဂီရယ်…..

  • snow white

    February 24, 2012 at 2:01 pm

    ကြောင်မဲတွေကညဘက်ဆိုကြောက်ဖို့ကောင်းတယ်လန့်လည် လန့်ချင်စရာဘဲနော်

  • Shwe Ei

    February 24, 2012 at 2:12 pm

    ချစ်စာဂျီး ချစ်စာဂျီး လို့ ပြောပြီး နှုတ်ခမ်းမွှေးကို သွားဆွဲချင်ဒယ် 😀

  • kotun winlatt

    February 24, 2012 at 2:13 pm

    သရဲဆိုလို့..သွားးးရဲရဲနဲ့ ကောင်ထင်နေတာ..
    နှုတ်မွေးးနဲ့ ကောင်ဖစ်နေပါလားးးးး
    ဂီဂီရယ်…..

  • လင်းဝေ

    February 24, 2012 at 3:37 pm

    ဘလက်ကတ်ဆိုတာ စုန်းကဝေတို့ရဲ့စပိုင်ဆိုရင်
    ဘလက်ချောဆိုတာကရော ဘာတို့ရဲ့စပိုင်တုန်း ?
    နောက်တစ်နည်း – စုန်းကဝေတို့ရဲ့ ဘာတုန်း ?

Leave a Reply