ဂီ ခုတလော ကံနိမ့်နေသလား မသိ…

တခြား မကြည့်နဲ့ ရွာထဲ မှာ ပဲကြည့် …

ဒါ့ပုံကိစ္စများပြောပါတယ်…

ကျုပ် ရိုက်သမျှ ဝိုင်းဟားခံရ၏ .. :D

စိုင်ပစ်တော့ နှူးဘာ တဲ့ …

ပန်းတွေ ရိုက်တော့ ဂျော်လကီ …တဲ့

ကိုယ့်ကိုကိုယ် ရိုက်တော့ မားကတ္တိန်း လုပ်တာတဲ့ …

နောက်ဆုံး ကီးဘုတ်ပေါ်က ကီး ရိုက်တာတောင် ဝိုင်း အစ ခံ မလွတ်…

တကယ်က ကျနော် ဖြစ်ချင်တာက လန်စကိတ်ပါ ….ပါ

သတင်းထောက် တပိုင်း လုပ်ရမယ့် သတင်းဒါ့ပုံ … အမျိုးအစား တော့ သိပ် စိတ်မဝင်စားပါ..

(ပါပရာဇီ တော့ ဖြစ်ချင်သား. .. အာဟိ)

ဖိုတိုအက်ဆေး ကတော့ မလုပ်နိုင်သေး…

ကော့ကန်ကား ရိုက်တတ်မှ ပိုက်ပိုက်ရတာဆိုလို့ …. ပေါ့ထွိတ် လည်း ရိုက်တတ်ချင်သား

ဖိုင်းအာ့ထ် ဘက် အက်ဘ်စထွက် ကတော့ ဖြည်းဖြည်းပေါ့နော….

ပြန်ကောက်ရရင် လန်စကိတ်က ခရီးသွားရမယ် အချိန်ပေးရမယ် စိတ်ရှည်ရမယ် …

အလုပ်တဖက်နဲ့ ဆိုတော့ အကန့်အသတ်ရှိလွန်းနေတဲ့အတွက် …

မက္ခရို ပြောင်းရိုက်ကြည့်နေတာရယ်ပါ… သူက ပန်းလေး၁ပွင့်

အကြွေစေ့တစေ့ လိုဂိုလေး တခု ဘာမဆို အနီးအနားက အလွယ်

ရရှိမယ့် ပစ္စည်းလေးတွေနဲ့ ရိုက်လို့ ရလေတော့ သိပ်ပြီး တခုတ်တရ

သွားစရာ လာစရာ မလိုဘူးပေါ့ဗျာ .. .မရိုက်ရမနေနိုင်လို့သာ ရိုက် ရတာ

နောက်ပိုင်း ဆက် လိုက်စားမယ်ဆိုရင် သူလည်း လိုက်ဘောက်စ်တွေ

ဘာတွေ လိုအပ်လာဦးမှာရယ်…

 

 

ထားပါတော့ …အဲ့သလိုနဲ့ သည်မြို့က ပြောင်းရတော့မယ် ဆိုတော့

ညဘက် ရုံးဆင်း အိမ်ပြန်တွေ nightscape, cityscape ပုံစံမျိုးတွေ

ရိုက်ဖြစ်တယ် ဆိုပါတော့ဗျာ ..

အဲ့ဒီမှာ စတွေ့တာပဲ …ဒန်တန့်တန် ….

တနေ့ညက သရဲ တွေ့တယ် …ငါးမျက်စိ မို့လို့ဖြစ်မှာပါလေ…

ဝိုက်ဒ် တာကိုး …

 

 

အဲ့ဒါနဲ့ မနေ့ညက တခြားဘူတာ (ရုံးနဲ့အိမ်ကြားက) တခုမှာ ဆင်းပြီး

ရိုက်ဖြစ်လေရဲ့ … မက္ခလိုပြောင်း (တမလွန်) ကိုထုတ် တပ်လိုက်ပီး ..

ဟိုချောင်း သည်ချောင်း လုပ်သပေါ့ …. မက္ခလို ဆိုတော့လည်း သစ်ရွက်ရိုက်

ပန်းရိုက် … ပြန်ဖြစ်သပေါ့လေ…ဆိုင်းဘုတ်လေးဘာလေးလည်း ရိုက်ပေါ့..

အဲ့ဒါနဲ့ ရိုက်လို့ အပြီး ပြန်မယ်ပေါ့ … အပြန်လမ်းမှာ လှေကားတခု ဆင်းရတယ်ခည…

အဲ့သည့်နေရာလေးက လူပြတ်တယ် …(ခါတိုင်း မသိသာပေမယ့်)

မနေ့က အဲ့သည့် ဘေးပတ်လည်က ကစားကွင်း ပိတ်ရက်ဗျ.. (မီးချွေတာရတယ်လေ..

ဓါတ်ပေါင်းဖို ပေါက်ထားတော့ … ) သိပ်အေးတဲ့အတွက် လေအေးပေးစက်တွေက

ချွေတာလို့မရတော့ ဇိမ်ခံပစ္စည်း တွေဖြစ်တဲ့ အလှဆင်မီးတွေ အပန်းခြေနေရာတွေ

ဒါမိုးတွေက အတိုင်းအတာ တခုထိ လျှော့ သုံးရတဲ့ ကာလဖြစ်တာကိုး …

မကြာခင်နွေရောက်ဦးမယ်မလား ….ထားပါတော့…

 

 

အဲ့လိုပိတ်တော့ လူပြတ်ရတဲ့အထဲ …အဝေးကတည်းကကို အဝါရောင် မျက်လုံး ၁စုံ

ကျနော့်ကို ကြည့်နေတာ မြင်ရတယ်ဗျာ ….။ လူက ချမ်းကလည်းချမ်း ….

ကျောကလည်း မလုံ သလိုဖြစ် လာရဲ့ …..

အဲ့ဒါနဲ့ တဖြည်းဖြည်းချင်း နီးလာတော့ …လား……..လား ……

.

.

.

.

.

.

.

.

.

 

 

.

.

.

 

 

တွေ့တဲ့အတိုင်းပါဘဲဗျာ .. ခနလေးနော် ငြိမ်ငြိမ်နေနော် ..ပြောင်း ကို လဲပီးတပ်လိုက်ဦးမယ်နော်

ဆိုတာမျိုး လုပ်လို့ မရဘူးလေဗျာ … တပ်ထားတဲ့ ပရိုင်းမ်လန်းစ် နဲ့ပဲ အိုင်အက်စ် အို တဆုံးတင်ပီး

ဆော်ခဲ့ရတာဗျို့ …..

အနောက်တိုင်းမှာတော့ စုန်းကဝေ တွေရဲ့ စပိုင် အဖြစ် သတ်မှတ်ထားတဲ့ ဘလက်ကတ် ပါပဲဗျာ …

ဟုတ်ပါတယ်.. တကိုယ်လုံး က အမွှေးအမြှင် တွေပါမပ နှုတ်ခမ်းမွေးနဲ့ နှုတ်သီး ပါ မည်းနက်နေတဲ့

ဘလက်ကတ် ပါဗျ….

တနေ့က ကျုပ်နဲ့ တူတယ် ပြောကြတဲ့ သရဲ ကို တွေ့တယ် မနေ့က ဘလက်ကတ် တွေ့တယ်… အင်း ..တခုခုတော့ တခုခုပဲ …

နောက်နေ့ သရဲပုံ ရဲ့ မူရင်း raw file နဲ့ ..ရိုက်ယူထားတဲ့ setting ကို ပြပါ့မယ်ဗျာ ….

ခင်တဲ့

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011