ကျွန်တော်တို့ရဲ့ Education System ထဲမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရကာစကတဲက မှားယွင်းလာခဲ့တဲ့ အမှားအယွင်းတွေ အမြစ်တွယ်နေတယ်။ Education ဆိုတဲ့နေရာမှာ Education ဆိုတာကိုလည်းနားလည်ဖို့လိုတယ်။ Education ဆိုတာက လက်တင်ဘာသာစကား Educatio ကနေလာတယ်။ အနက်ကတော့ မိမိထက်ငယ်ရွယ်သူတွေကို လိုချင်တဲ့ပုံကိုသွင်းတာပါပဲ။ Education လို့ပြောတဲ့နေရာမှာတော့ Formal education ဆိုတာနဲ့ Informal Education လို့တော့ ခွဲလို့ရတယ်။ Formal Education ဆိုတာကတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်နဲ တက္ကသိုလ်အထိ စနစ်တကျဖွဲ့စည်းထားတဲ့ကျောင်းတွေမျိုးဖြစ်တယ်။ Informal Educationဆိုတာကတော့ အသက်မွေးသင်တန်းတွေဖြစ်တဲ့ Vocational Education တွေလိုမျိုးဖြစ်တယ်။ အခုမြန်မာနိုင်ငံမှာက ဒီနှစ်မျိုးလုံးမှာ အားနဲခဲ့တာ လွတ်လပ်ရေးရပြီးကတဲကပဲ။ Formal Education မှာအားနဲနေတာက လူသားတွေရဲ့စွဲမြဲခိုင်မာတဲ့ နှလုံးသားကို လေ့ကျင့်ပေးရမဲ့အစား အပေါစားဒီပလိုမာနဲ့ ဘွဲ့တွေကိုရောင်းစားနေသလိုဖြစ်နေတယ်။ အရေးကြီးတာက မြန်မာတွေ အဟာရပြည့်ဝတဲ့ဘယ်အစာတွေကိုစားကြမလဲ။ ကိုယ်လက်လှုပ်ရှားဘယ်လိုလုပ်ကြမလဲ၊ ခရီးဘယ်လိုသွားကြမလဲ။ နိုင်ငံတကာနဲ့ ဆက်သွယ်နိုင်အောင် ဘာသာစကားကို ဘယ်လိုနားထောင်ပြီး၊ ပြောမလဲ။ ဘ၀ ကိုကောင်းကောင်းမွန်မွန် ရပ်တည်နိုင်အောင် အရောင်းအ၀ယ်လုပ်ငန်းတွေဘယ်လိုလုပ်ကြမလဲ။ ဒါတွေသင်တဲ့အထဲမှာမပါဘူး။ အလွတ်ကျက်ရင်အမှတ်ပြည့်ရတဲ့ စနစ်နဲ့ချီတက်လာခဲ့တာ အလွန်ရွံရှာစရာကောင်းတဲ့စနစ်ဖြစ်လာတယ်။ ဆရာတွေကို ဘယ်သူလေ့ကျင့်ပေးသလဲ။ တောပြောတောင်ပြောလုပ်နေပြီး ဘာမှ မယ်မယ်ရရမလုပ်နိုင်ဘူး။ ဒါတွေပြင်လို့ရမလား။ ရတာပေါ့။ လူတွေလုပ်ထားတာတွေ ပြင်လို့မရစရာမရှိဘူး၊ မြန်မာလူမျိုးတွေအတွက်ပဲကြည့်ရမယ်။

About asiamasters

Khin Maung Lwin has written 78 post in this Website..

I'm interested to change for the better of Myanmar people. I value income, knowledge, strength, technology and humanity.