သူမ

water-melonFebruary 24, 20121min23243

ကဗျာတွေစာတွေပေရှည်အောင် မဖွဲ့တတ်ပေမဲ့

သူမ ကိုချစ်တဲ့အကြောင်းတော့ ဂန္တဝင်အောင်ဖွဲ့ဆိုပါရစေ။

သူမ က ကျွန်တော့်အသက်၊ကျွန်တော့် အချစ်ဦးဆိုလည်း မမှားပါဘူး။

သူမ ကို ရတနာပုံတက္ကသိုဟ်ကျောင်းစတက်တဲ့နေ့မှာ ကိုယ့်မေဂျာ၊ကိုယ့်အခန်းမှာဘဲ စတွေ့ခဲ့တယ်။

သဘောဖြူတဲ့တိုင်းရင်းသူလေးပီပီ စကားလေးဝဲတဲတဲအသံလေးက ကျွန်တော်ရင်ထဲမှာစွဲညှိခဲ့တယ်။

ပန်းဆီရောင်သမ်းနေတဲ့ သူ့ပါးလေးကို နမ်းခွင့်ရရင်သေပျော်ပါပြီလို့ အိပ်မက်ထဲမှာအကြိမ်ကြိမ်ဖွင့်ပြောနေမိတယ်။

သူမကို ချစ်တယ်လို့ဖွင့်မပြောရက်ပါ။ ဘာလို့လဲဆိုတော့ သူမစိတ်ထိခိုက်ပြီး ပျော်ရွှင်နေတဲ့အပြုံးလေးညှိုးငယ်သွားမှာကို ကြောက်မိလို့ပါ။

ကိုယ်တိုင်လည်း မခူးရက် တစ်ခြားသူခူးမှာကိုလည်း တွေးကြောက်မိတယ်။

သူမ ကို အရမ်းချစ်မိနေလို့ပေါ့။

တစ်နေ့တော့ သူမ နဲ့သူငယ်ချင်းဖြစ်ခွင့်ရတယ်။ အပျော်ရွှင်ဆုံးနေ့လေး တစ်နေ့ဖြစ်ခဲ့ရပါတယ်။

စကားတွေလည်း ပြောဖြစ်တယ်။ ဇာတိချက်ကြွေ မွေးရပ်မြေက ရှမ်းပြည်နယ် ပင်းတယမြို့နယ်ထဲက ရွာလေးတစ်ရွာ။ မိသားစု ၃ ယောက်ရှိသည့်အနက် အငယ်ဆုံး၊အထွေးဆုံးမို့ မိဘတွေက အလိုလိုက်ထားတော့ တောင်ကြီးတက္ကသိုဟ်မှာမတက်ဘဲ မန်းလေးရတနာပုံတက္ကသိုဟ်မှာ လာတက်တဲ့ ပင်းတယက ဓနုသူလေး။

မန်းလေးမှာ အသိမရှိပေမဲ့ မန်းလေးကို ချစ်မြတ်နိုးလို့ကျောင်းလာတက်တာပါတဲ့။ ကျွန်တော်စိတ်ထဲက မေးလိုက်ချင်တယ် မန်းလေးသားတွေကိုရော မမြတ်နိုးဘူးလားလို့။အဆောင်ကတော့ မိန်းထဲက  အဆောင်တစ်ဆောင်မှာနေပါတယ်။

တစ်နေ့ထက်တစ်နေ့ သူမကို ချစ်တဲ့စိတ်တွေ များသထက်များ၊စိတ်ထဲရင်ထဲလဲ သိမ်းဆည်းတာတွေများနေတော့ ကျွန်တော်လည်း နောက်ဆုံးအရဲစွန့်ပြီး

တစ်နေ့သောနေ့ ကန်တင်းမှာ သူမကို စိတ်ဝင်စားတယ်လို့ ပြောမိပါတယ်။

သူမ ရဲ့ ပန်းဆီရောင်သမ်းတဲ့ မျက်နှာလေး ရှက်သွေးဖြာသွားတယ်။ သူမ ကျွန်တော်ကို ပြောခဲ့တယ်

စဉ်းစားပါရစေတဲ့။ ကျွန်တော် သူမဆီက ဒီလိုစကားကြားရတာကိုက ကျွန်တော့်မှာ အင်အားတစ်ရပ်လို ဖြစ်ခဲ့တယ်။ ကျွန်တော် သူမကို အမြတ်နိုးဆုံးဆိုက်ကြည့်ပြီး စောင့်နိုင်ပါတယ်လို့ပြောခဲ့တယ်။ ဒီလိုနဲ့ အဲဒီနေ့လေးက ကျွန်တော်ရဲ့ ဒုတိယကြိမ် ပျော်ရွှင်ခြင်းပါ။ ညကျတော့ သူမရှိရာ အဆောင်ကို ဆိုင်ကယ်လေးနဲ့သွားခဲ့တယ်။ နှစ်ယောက်သား ကျုံးဘေးမှာ အတူတူလမ်းလျှောက်ပြီး ကျုံးဘေးက အအေးဆိုင်မှာ ထိုင်ပြီး စကားပြောဖြစ်သေးတယ်။ ကျွန်တော် သူမနဲ့ရှိတဲ့ အချိန်လေးနည်းနည်းများများ

သူမကို ပျော်ရွှင်အောင်၊စိတ်ချမ်းသာအောင် ထားချင်တယ်။ ကျွန်တော် သူများတွေလို ငွေမတတ်နိုင်ပေမဲ့

သူမကို နွေးထွေးတဲ့ အကြင်နာမေတ္တာချစ်ခြင်းတွေ အကုန်ပေးခဲ့ပါတယ်။

ဒီလိုနဲ့သူမနဲ့ ကျွန်တော် ချစ်သူဖြစ်ခဲ့တယ်။ သူမဆီက ကျွန်တော်လိုချင်တောင့်တနေတဲ့ ပန်းဆီရောင်ပါးလေးကို နမ်းရှိုက်ခွင့်ရတယ်။ အသက်ထက်ဆုံး အတူတူချစ်မယ်လို့ တောင်ပေါ်က ရွှေပြောင်ပြောင်ဘုရားမှာလည်း တိုင်တည်ဖူးပါတယ်။ သူမနဲ့အတူတူလည်ခဲ့ဘူးတဲ့ နေရာတွေဟာ အခုထိ အငွေ့အသက်လေးတွေရနေတုန်းပါ။ သူမနဲ့ကျွန်တော်ချစ်ခဲ့တာ သုံးနှစ်ပြည့်တော့ ကျောင်းကြီးလည်းပိတ်ပြီ။

သူမလည်း အချိန်တန်တော့ အိမ်ကိုပြန်ရတာပေါ့။ သူမနဲ့ မပြန်ခင် ဗောဓိကုန်းဘုရားထဲမှာ တွေ့ကြသေးတယ်။ သူမရဲ့ မျက်ဝန်းအိမ်လှလှလေးထဲကနေ မုတ်ကောင်ထဲက ထွက်လာတဲ့ ပုလဲလုံးလေးများလို မျက်ရည်တွေ အလုအယက်ကျဆင်းလာတယ်။ သူမ ငိုတော့ ကျွန်တော်လဲ စိတ်ထဲမှာ ဝမ်းနည်းလာတယ်။ ငိုချင်သလိုဖြစ်လာပေမဲ့ ယောက်ျားလေးတန်မဲ့ငိုရင် မကောင်းတာကြောင့် ကျွန်တော်မျက်ရည်တွေကို ထိန်းလိုက်တယ်။ သူမက “မောင်” ကို မခွဲနိုင်ဘူးတဲ့။ ကျွန်တော်လည်း သူမကို မခွဲနိုင်ပါဘူး။ အဲဒီညတစ်ညလုံး

သူမဘေးနားမှာရှိနေခဲ့တယ်။ နောက်နေ့မနက်မှာ ကားဂိတ်ကို လိုက်ပို့ပေးတော့ စိတ်ထဲမှာ စို့တက်လာတယ်။ သူမ ကားပေါ်မှာ မျက်ရည်လေးစို့ပြီး လက်ပြနှုတ်ဆက်နေတာကို ဒီနေ့တိုင်မြင်မိဆဲပါ။

ကားလဲထွက် သူမရဲ့ ပုံရိပ်ကလည်း ကျွန်တော့ဘေးနားက ရေးတေးတေးပျောက်ဆုံးသွားတော့

ခိုကိုးရာမဲ့သွားတဲ့ ကလေးလေးတစ်ယောက်လို ကားဂိတ်ထဲမှာ ကျွန်တော်ငိုမိတယ်။

အခုဆို သူမနဲ့မတွေ့ရတာ တော်တော်ကြာနေပြီ အလွမ်းပြေ ဖုန်းနဲ့ပဲပြောနေရတယ်။ သူမက လာတောင်းပါတော့လို့ ပြောခဲ့တယ်။ ကျွန်တော် သူမကို မလိုချင်ဘဲ နေပါ့မလား။ သူမက ကျွန်တော့်အမြတ်နိုးဆုံး မိန်းကလေးလေ။ ကျွန်တော်ပြောခဲ့တယ် အလုပ်ကြိုးစားပြီးမှ လာတောင်းမယ်လို့။သူ့တစ်ပါး သားသမီးကို မပြည့်စုံဘဲနဲ့တော့ ကျွန်တော်မယူချင်ဘူး။  ကျွန်တော် သူမကိုတင့်တောင်းတင့်တယ် လာတောင်းမယ်လို့ ဆန္ဒပြုခဲ့တယ်။

အခုဆို သူမရဲ့ ဖုန်းသံလေးမကြားရတာတော်တော်ကြာပြီ သူမ နေမကောင်းလို့လား။ ဘာများဖြစ်နေလို့လဲ ဆိုပြီး စိုးရိမ်ခဲ့ရတဲ့နေ့တွေများလွန်းနေပြီ။ ကျွန်တော်တို့ အကြောင်းကြောင်းကြောင့် အဆက်အသွယ်ပြတ်ခဲ့တယ်။ဒီလိုနဲ့ နာရီစက္ကန့်မိနစ်၊ရက်လနှစ်တွေကြာလာတော့ ကျွန်တော်လည်း ကိုယ်ပိုင်အလုပ်နဲ့ဖြစ်လာတယ်။ဒီနေ့အထိ သူမကို မေ့လို့မရသေးပါ။ သူမကရော ကျွန်တော်ကို မေ့နေပြီလား။ သူမကို ကျွန်တော်ကိုယ်ပိုင်အလုပ်လုပ်နိုင်ပြီ၊သူမကို တင့်တောင်းတင့်တယ်နဲ့ လာတောင်းနိုင်ပြီလို့ပြောပြချင်တယ်။ အခုတော့ သူမ ဘယ်ဆီကို ရောက်လို့နေမှန်းမသိတော့ပါ။

ဒါပေမဲ့ ဖူးစားစစ်မှန်ရင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာပြန်ဆုံနိုင်မယ်လို့ အားတင်းထားရင်း………..။

 

 

43 comments

  • htet way

    February 24, 2012 at 9:28 am

    ကျွန်တော် ထပ်တူခံစားမိပါတယ်ခင်ဗျားဆုံပါစေဗျာ
    မျက်ဝန်းမှာ တွဲခိုတဲ့ အလွမ်းတွေ
    နုတ်ဆက်တဲ့ ခြေသံတွေ
    တိတ်ဆိတ်ခြင်းမှာ အသံကြားနေရသလား
    တမ်းတခြင်း အပူရှိန်မှာ အငွေ့ပြန်လို့
    မျက်ဝန်းထဲမှာ မိုးတွေရွာစွေ…..မိုးတွေရွာစွေ…

  • htet way

    February 24, 2012 at 9:35 am

    ကျွန်တော် ထပ်တူခံစားမိပါတယ် ခင်ဗျားဆုံပါစေဗျာ
    မျက်ဝန်းမှာ တွဲခိုတဲ့ အလွမ်းတွေ
    နုတ်ဆက်တဲ့ ခြေသံတွေ
    တိတ်ဆိတ်ခြင်းမှာ အသံကြားနေရသလား
    တမ်းတခြင်း အပူရှိန်မှာ အငွေ့ပြန်လို့
    မျက်ဝန်းထဲမှာ မိုးတွေရွာစွေ…..မိုးတွေရွာစွေ…

  • စိန်ပေါက်ပေါက်

    February 24, 2012 at 10:09 am

    ဖျဲသီးရေ
    နာတို ့ သူမကို သွားရှာကြမယ်..
    စဉ်းစားရင် ဟင်းစားထဲပါသွားမယ်
    ဖွက်ထားရင် ကြွက်စားသွားလိမ့်မယ်
    ချန်ထားရင် ရန်များတယ်..
    လတ်စ်ဂိုး..ထူ သူမ နေရာ..
    ခမ်းအွန်.ခမ်းအွန်…
    သဂျီးစီက လမ်းစရိတ်၊ကြိုတင်ပွိုင့် ဒေါ်လှတစ်ပုံးလောက် ချေးလိုက်ပါ..
    သူမကိုသွားရှာကြရအောင်..

    • water-melon

      February 24, 2012 at 10:12 am

      သဂျီးရေ ဒေါ်လှလေးခဏငှားပါလား
      သူမကိုရှာချင်လို့ပါ
      စိန်ပေါက်ရေ သူဂျီးက အိပ်တုန်းထင်တယ်
      ရပါတယ် လေးပေါက်ဆီက ခဏငှားလိုက်မယ်
      သူမကို ပြန်တွေ့မှ ပြန်ဆပ်တာပေါ့ 😀

    • Moe Z

      February 24, 2012 at 12:12 pm

      အဲဒီ သူမကို ကိုပေသိတယ်လေ
      ဆာမိရှိလုပ်စားချင်တဲ့သူနဲ့ ဦးကြောင်ဆီပြန်ပို့ခိုင်းတဲ့သူနဲ့ ရှုပ်နေတာပဲ
      နောက်တာနော် ဖရဲသီး 😀

      ကောင်မလေးကလာခိုးမှာကိုစောင့်နေတာလားဟင် ? ?

  • Diamond Key

    February 24, 2012 at 10:28 am

    လက်စသတ်တော့ ညည်းက “သမ” ကို ချစ်နေတာကိုး ………. 😀
    ဖတ်လတ် ဖတ်လတ် (Tag ထားတဲ့ First Love ကို ငပိသံနဲ့ ထွက်လိုက်တာနော် :P) နဲ့ တစ်နေ့က ပင်းတယ ပုံတွေ တက်လာတာ သမ ဆီသွားပြီး လျှောက်လွာတင်တာနေမှာ :mrgreen: ခုတော့ ..သိပြီ….သူ့ကို …. သူချစ်သည်။ 😆

    • water-melon

      February 24, 2012 at 10:30 am

      ပင်းတယသွားတာက သူငယ်ချင်းမင်္ဂလာဆောင်ပါ အစ်ကိုစိန်သော့
      ခုထိ ဖုန်းလည်းဆက်လို့မရ လူကြုံပါးလည်းမရလို့
      ရူးကြောင်ကြောင်ဖြစ်နေပြီ အစ်ကို။

  • surmi

    February 24, 2012 at 11:03 am

    မနေ.ကပဲ ပန်းဆိုးတန်းဂုံးကျော်ပေါ်ကခုန်ချမလို.လုပ်တုန်းအတင်းဆွဲထားရတဲ.သူက ..
    သူမ များဖြစ်နေမလား …………….???

  • Shwe Tike Soe

    February 24, 2012 at 11:04 am

    ဒို.ကိုပြောတာလား ဖရဲရယ် ရင်ထဲမှာ ဘယ်လိုကြီးမှန်းမသိဘူး တစ်မျိုးကြီးပဲ… ဒို. ဒီလကုန်ရင် သူ.ဆီပြန်လာမှာပါ…နော်.
    အဟင့်………. 😀

  • etone

    February 24, 2012 at 11:52 am

    အဟီး … ဖြဲသီးမှာလည်း ဒီလို ဇာတ်လမ်းလေးရှိခဲ့ဖူးတာကိုး … ။
    ဒီခေတ်က ဖူးစာခေတ်မဟုတ်တော့ဘူး ဖြဲသီးရဲ့ ဦးရာခေတ်ဟဲ့ ….. ။
    အကြောင်းမဲ့ အဆက်သွယ်ပြတ်သွားတယ်ဆိုကတည်းက … ကောင်းတဲ့ လက္ခဏာတော့မဟုတ်ဘူး … တကယ်ချစ်ရိုးမှန်လျှင် .. တစ်ဖက်ဖက်က ဆက်သွယ်ဖို့ .. ကြိုးစားသင့်တာလေ .. ဘယ်နှယ့် လတွေနှစ်တွေချည်ပြီး ကွဲကွာခဲ့တဲ့ ချစ်သူက …. ကိုယ့်ကို လာခေါ်မယ် မလာခေါ်ဘူး မရေရာတဲ့ လူကို ထိုင်စောင့်နေပါ့မလားဟယ် …. ။

    တကယ်မမေ့နိုင်သေးလျှင်တော့ … လက်ရှိ သူ့အခြေနေကို စုံစမ်းပြီး .. အဆက်သွယ်ရဖို့ ကြိုးစားသင့်တယ် … တစ်မြေတည်းနေပြီး … အဆက်သွယ်ပြတ်သွားတာကတော့ လုံးဝမဖြစ်သင့်တာပါပဲ … ။

    • စိန်ပေါက်ပေါက်

      February 24, 2012 at 11:58 am

      ပြောလိုက်ချမ်းဘာ အဲဒိ ငခြောက်မကို
      မျှော်နေလို ့ကတော့ အပိုဘဲ..
      အပိုဘဲ..
      အပိုဘဲ.. 😆

  • ကြောင်ကြီး

    February 24, 2012 at 12:01 pm

    ပြောရရင် ငါ့ဆီမှာဟေ့.
    တမျိုးမထင်နဲ့နော်
    နင်ပြောတဲ့သူမဆိုတာ
    ငါရဲ့ချစ်လှစွာသောညီမ
    အဲလိုပြောလိုက်တော့
    သိသွားပြီပေါ့
    ဒါနဲ့ စကားမစပ်
    ငါ့တို့မောင်နှမ
    ဘင်္ဂလားလူမျိုးစပ်တယ်…။ 😳

  • nozomi

    February 24, 2012 at 12:38 pm

    ဖရဲ
    သူ့ရွာကို မြန်မြန်သွားရှာ
    တောင်းမနေနဲ့ ( ကြာလို့ ) တစ်ခါထဲ ရန်ကုန်ကို ခိုးလာခဲ့
    တပတ်စာ တာဝန်ယူတယ်
    နောက်နေတာ မဟုတ်ဘူးနော် ဆရာ
    တကယ်ပြောနေတာ
    အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး နောင်တ လုံးဝ မရစေနဲ့
    ပြောနေ ကြာတယ် အခုထ သွားတော့……..
    မြန်မြန်လုပ်လေ ကြာလိုက်တာ
    တကယ်ချစ်တယ် လဲ ပြောသေး

    • နှူးဘာဂိုဏ်းချုပ်

      February 24, 2012 at 12:42 pm

      ဘာာာာာာ…….
      ဂယ်လား … ဂယ်လား ….
      ဖျဲသီး တီယောက်ထဲ မီဟုတ်ဘူးနော်…
      များတို့လည်း အသည်းနဲ့ဘာနော်…
      😀

      ပြောပီးစလစ်နော်. ….
      ညာ ရဝူးနော် …
      ဂယ်နော် …
      အားလုံး သက်သေရှိဒယ်နော်…..

      😀

      • nozomi

        February 24, 2012 at 12:48 pm

        လာပါ ဆရာဂီ ရယ်
        ဆရာ့အတွက် ဆိုရင်တော့ စီစီတီဗီ တပ်ထားတဲ့ အခန်းမှာ ထားဘို့ စီစဉ်ပေးထားပါမယ်
        အခုပဲ ပေါက်ဖော် ကလှမ်းပြောတယ် ရိုက်ကူးရေး ဖြန့်ချီရေး သူတာဝန်ယူမယ် ဆိုပဲ

        • Swal Taw Ywet

          February 24, 2012 at 2:34 pm

          Yes, I also will help you for Ko Gi,
          I can provide CCTV, all communication to get Internet access.( only for Ko Gi )
          Which one you want to use, Wireless or cable internet?
          Here, Qatar, the government is starting upgrading of Internet ( 10 GB band width) as part of the preparation 2022 FIFA world cup.
          OK?
          Dear brother, Ko Gi,
          Now we are ready, Let’s start your show.

          With respect,
          Swal Taw Ywet.

  • bluerose

    February 24, 2012 at 12:43 pm

    သူဆက်သွယ်လာတာကိုစောင့်မယ့်အစား
    သူ့ကိုသွားရှာသင့်တယ်ထင်ပါတယ်
    သီချင်းတောင်ရှိသေးတယ်
    ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူးတဲ့
    ထတော့မှတခုခုသိရမှာပေါ့
    ပြန်ဆုံနိုင်ပါစေ

  • pooch

    February 24, 2012 at 1:05 pm

    စိတ်မကောင်းပါဘူး မဖရဲရယ် ။
    မှီရာကားနဲ့ ဒီနေ့ပဲ လိုက်သွားလိုက်ပါ။ ဟိုမှာ တောင်းရမ်းလက်ထပ်ယူပါ့မယ် ဆိုပြီး နားပူနားဆာလုပ်သူတွေ ဝိုင်းနေပါပြီတဲ့။

  • စနေ

    February 24, 2012 at 1:07 pm

    ဖြဲသီး …… သူမနဲ့ အမြန်ဆုံး ပြန်တွေ့နိုင်ပါစေ ……..

  • Harumoto

    February 24, 2012 at 1:18 pm

    များကို မပြောဘဲထားတဲ့ ဇာတ်လမ်းကိုး..
    ခုမှပေါ်တယ်..များက လူလွတ်ဆို တာကိုယုံနေတာ..
    ခုတော့..ဟင့် များအတဲလေး ကွဲဘီ…
    ဂီ ရယ်.. ကယ်ပါအုံး….
    သူ လျှာနှစ်ခွနဲ့….

  • စိန်ပေါက်ပေါက်

    February 24, 2012 at 2:20 pm

    ဖျဲသီးရေ့..ဖျဲသီးရေ့ ( အမောတကော ပြေးလာပြောသံ)
    ရွာအပေါ်ပိုင်းမှာ မှောင့်ကို လိုက်ရှာနေတယ်ဝေ့…
    အဲတာသူမပဲ ဖြစ်ရမယ်..ဝေ့..
    ဟောဟဲ.ဟောဟဲ
    ဗစ်ဗစ်စ်.ဗျစ်စ်..

  • water-melon

    February 24, 2012 at 3:51 pm

    ရွာသူရွာသားအားလုံး ကျွန်တော်ရဲ့ပထမဆုံးဝတ္ထုကိုအားပေးလို့ ကျေးဇူးတင်ပါတယ်။
    တကယ်တော့ သူမဆိုတာ အပြင်မှာ တကယ်မရှိပါဘူး၊ ကျွန်တော်ရဲ့ စိတ်ကူးယဉ် အိပ်မက်ကမ္ဘာထဲက ကောင်မလေးတစ်ယောက်အကြောင်းပါ။ ဒီဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာအောင် ကျွန်တော် အချိန်ကြာကြာတွေးပြီးမှ ရေးထားတာပါ။
    စိတ်မဆိုးဘူးလို့ထင်ပါတယ်။
    ခင်တဲ့ ဖရဲ

    • TITAN

      February 24, 2012 at 4:07 pm

      ဖြဲဒီး ဖြဲဒီး
      ဒီတစ်ခါ ကျုံးဘေးသွားထိုင်ရင်ပြောအုံးနော်
      မီးထိုးပြီး ဒါ့ပုံ လာရိုက်လှည့်မယ် 😆

      • water-melon

        February 24, 2012 at 4:29 pm

        အမလေး TITAN ရယ်
        ညည်းခေါ်တာကြီးကလဲ အသည်းယားစရာကြီး
        ဖြဲဒီး ဖြဲဒီး ဖြဲဒီး ဖြဲဒီး (အမြန်ဖတ်ပါ) 😀
        ဓာတ်ပုံရိုက်ချင်တာများအေ
        စိန်ပေါက် ဓာတ်ယိုတုန်းသွားရိုက်ပေါ့ 😆

        • စိန်ပေါက်ပေါက်

          February 24, 2012 at 5:30 pm

          ဟဲ့..
          ငါဓာတ်က အပုံလိုက်မရတော့ဘူးဟဲ့
          အရင်လို လယ်ကွက်ထဲပါတုန်းကတော့ ပုံထွက်ကောင်းတယ်
          ခုတော့ ရေအိမ်ထဲရောက်…

  • ပန်းရောင်သမ်းနေတဲ့ သူ့ပါးလေး နမ်းရရင် သေပျော်ပါပြီဆို …
    အခုမှ လွမ်းတတ်နေသေးတယ် ..
    သွား .. လူချိုး .. ရေလည်း ချိုးဘူး …
    ___________
    ရေးထားတာလေးက အရမ်းလန်းတယ် ဖရဲရေ …
    ထပ်လည်း ရေးဦးနော် …

    အားပေးနေမယ့်
    ကိုအံ

  • blackchaw

    February 24, 2012 at 5:36 pm

    ဖရဲရေ။
    အသည်းကွဲ ဇာတ်လမ်းလေးကို ဖတ်သွားပါတယ်။
    ဇော်ဝင်းထဋ်ရဲ့ အသည်းကွဲအနမ်း သီချင်းကို သတိရမိတယ်ဗျာ။
    ငါ့ကို ချစ်ရင် မနမ်းပါနဲ့
    ငါ့ကို ချစ်ရင် မနမ်းပါနဲ့…။

  • ဇွဲမာန်(အင်းဝ)

    February 24, 2012 at 6:53 pm

    ကောင်းတယ်ဟ…
    ဘာလိုလိုနဲ့ ရွာကသူမများဖြစ်နေမလားတောင်မှတ်ရတယ်
    ညီလေးရေ……..
    တနေ့ညီလေးဆီပြန်လာမှာပါ၊

  • memeseku

    February 24, 2012 at 8:49 pm

    သူမ
    ကျနော်မ
    နင်မ
    ငါမ
    နှစ်ယောက်လုံးမ..
    မမ = မြန်မားမီးရထား..
    အိပ်ချင်မူးတူး.. ၂ နာရီခန့် ကြောင်တောင်တောင်ဖြင်.မန်.

  • khine lay

    February 24, 2012 at 10:52 pm

    ဖရဲသီး ………. သူမနဲ ့မြန်မြန် ဆုံဆည်းနိုင်ပါစေ
    🙂

  • water-melon

    February 25, 2012 at 8:59 am

    အမလေး ဘယ်သူတွေ လက်ကမြည်းတာလဲ
    အနီတွေပလူပျံနေတာဘဲ
    မကျေနပ်လဲ ပြောကြပါဟဲ့။

  • မွန်မွန်

    February 26, 2012 at 4:54 pm

    ဝတ္ထုလေးက တကယ်ခံစားရပါတယ် ဖရဲသီးရယ်။
    ိကိုယ်တွေ့မဟုတ်ဘူးလို့ပြောပေမယ့် ကိုယ့်တွေ့လို့ထင်ရပါတယ်။

    အော်..ဒါနဲ့ စကားမစပ် ဆိုက်ကြည့် ကို (စိုက်ကြည့်)ကို ပြင်လိုက်ပါလားဟင်။
    (Ma Ma တို့အဖွဲ့ဝင်လျှောက်လွှာတင်ရန် ကြိုးစားနေခြင်း).. 🙂

    • နှူးဘာဂိုဏ်းချုပ်

      February 26, 2012 at 4:59 pm

      ရွာသူသစ်လေးထင့်
      အားပေးချင်လို့…..
      တုံတုံရီရီနဲ့ မျှော်လင့်နေကြောင်း….
      သတင်းပို့အပ်ပါသည်ခည
      😀

      ခင်တဲ့
      နှူးဘာဂီ

    • water-melon

      February 26, 2012 at 5:09 pm

      ဘယ်လိုပြင်ရတာလဲ မပြင်တတ်လို့ပါ။
      ကူညီကြပါအုန်း။

      • စိန်ပေါက်ပေါက်

        February 26, 2012 at 5:25 pm

        အဲ့လာ မ-မာ-မိုး-မွန်-မတ်-ကင်း အဖွဲ ့က စတုတ္ထဂိုဏ်းချုပ်ကွဲ ့
        ရိုရိုသေသေဆက်ဆံကြ

  • ကြောင်ကြီး

    February 27, 2012 at 2:28 am

    သူ မရင် ငါ ထိုင်နေယုံပေါ့ကွာ…. 🙄

  • မွန်မွန်

    February 27, 2012 at 9:27 pm

    ရွာသူအသစ်မဟုတ်ပါကြောင်း…
    ရွာကိုပြန်မလာတာကြာသောကြောင့် အသစ်ဖြစ်သွားရပါကြောင်း…

  • windtalker

    February 27, 2012 at 9:43 pm

    ဖူးစာတွေ နဖူးမှာ တွေ လုပ်မနေနဲ ့ညီငယ်
    အချိန်ရှိခိုက်လုံ ့လစိုက် ပေတော့ မောင်
    အိုင်တီခေတ် ဂလိုဘယ်လိုက်ဇေးရှင်း စသဖြင့် မည်ပေါင်းစုံပြောင်း အီခေတ်ကြီးတွင်
    တွံ သင်သည် ဟိုစကားလို
    “ လက်နှေးက ခွက်ဆေး ”
    ဖြစ်မှာ အကိုမောင် စိုးမိသည် ။

  • MaMa

    February 27, 2012 at 11:27 pm

    တစ်ယောက်ကလည်း သို့/ ကို……….. တဲ့
    နောက်တစ်ယောက်ကလည်း သူမ…… တဲ့
    အင်းးးးးး အချိတ်အဆက်ကို မိနေတော့တာပဲ။ 😆
    ဘာပဲ ဖြစ်ဖြစ် သတ်ပုံမှားလို့တော့ မရဘူး။ 😉
    မွန်မွန်ရေ- တို့တစ်တွေရဲ့ ဂိုဏ်းကြီးတောင့်တင်းခိုင်မာ ကောင်းမွန်လာလို့ ဝမ်းသာဂုဏ်ယူမိပါကြောင်း ….

  • aye.kk

    February 28, 2012 at 7:18 am

    ခြေသံတိတ်ဆိတ်..
    မင်းအရိပ်က..
    ထပ်ချပ်မကွာ..
    ကိုယ့်အပါးမှာ..
    လိုက်လို့နေဆဲ..
    လွမ်းနေမြဲသာ..
    ချစ်သဲဘယ်မှာ..
    ရှိနေပါလည်း..
    မျှော်ခါတွေး၍နွမ်းလျှနေ..။

  • amatmin

    February 28, 2012 at 9:27 am

    ခံစားပြီးပဲရေးရေး..ရင်းတွင်းဖြစ်ပဲဖြစ်ဖြစ်..
    တကယ်ကြိုက်လို့ အားပေးသွားပါတယ်..ဖြဲသီးရေ 🙂
    တကယ်ဆိုရင်တော့ စောင့်မနေနဲ့ လိုက်သာသွားတော့ ကို့ညီရေ..
    ဒါနဲ့ “စိတ်ကူးရင် ကမ္ဘာသို့ အတွေးနယ်ချဲ့၍.. ” ဆိုတာ ရင်ဘတ် ကိုညွှန်းတာပေါ့.နော်
    မဟုတ်ရင်တော့ ယဉ် ရမယ်ထင်… 😉

  • kyeemite

    February 28, 2012 at 11:54 am

    ဖြဲသီးရေ…အမှန်တကယ်စိတ်မကောင်းဖြစ်မိတယ်…ကျုပ်ငယ်ငယ်ကလိုဘဲကိုးလို့…
    ငွေရှာရင်း အနေကြာတော့ မစောင့်နိုင်သူက သူများနောက်ပါသွားပါလေရော..
    ဒီတော့ကာမယ်…နောက်တစ်ယောက်ကျုပ်လိုဖြစ်တာမမြင်ချင်ပါဘူးဗျာ…
    ပြောနေကြာတယ်..အမြန်ဆုံးနည်းနဲ့..ဒိုးပေတော့..ရှာတွေ့တာနဲ့ တခါတည်းသိမ်းပိုက်ခဲ့ပါတော့
    မင်္ဂလာဆောင်ရင် ဂေဇက် ရွာသူရွာသား တွေအာူလုံးပျော်ပျော်ကြီးလက်ဖွဲ့ကြမှာပါ…
    ခုချက်ချင်းဒိုးတော့x၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

Leave a Reply