တရုတ်ကြီးရဲ့ အကြင်နာတရား.. မင်းပြောတာ အဲဒါလား...


တိုင်းရေးပြည်ရာ မငြိမ်မသက်ဖြစ်နေကြသဖြင့် မြို့မီးလောင် တောကြောင် လက်ခမောင်းခတ် စကား ရှိသည့်အတိုင်း ကြောင်ကြီးမှ လူသားများကို အုပ်ချုပ်ဗိုလ်လုပ်လျက်ရှိသည်။ သူ့အား မဟာကတ်ချုပ်ကြီးဟု တလေးတစား ခေါ်ကြသည်။ ကတ်ချုပ်ကြောင်ကြီး လက်ထက်တွင် တိုင်းပြည်တိုးတက်စေရန် အမျိုးမျိုးသော ပြည်တော်သာ စီမံကိန်းများ ချမှတ်ဆောင်ရွက်သည်။ တိုင်းပြည်ကို ပြည်ထောင်စု ကြောင်ကိုတ မဟာကတ်ချုပ် နိုင်ငံတော် ဟုခေါ်တွင်စေပြီး အစိုးရအဖွဲ့တွင် ကတ်ချုပ်ကြောင်ကြီး ဥက္ကဌ၊ သမီးလေး ဝတ်မှုံမိုးမြင့် တွင်း-၁၊ သမီးလေး စံရတီရွှေရည် တွင်း-၂ များအဖြစ် အသီးသီး ခန့်အပ်သည်။ ( တွင်း = အတွင်းရေးမှူး)
ပို့ဆောင်ရေးကဏ္ဍအတွက် မည်သည့်နိုင်ငံတွင်မှ မရှိသေးသော မြေအောက်လှည်းလမ်းကို ကြွက်အကူညီဖြင့် ဖောက်သည်။ ဆင်းရဲချမ်းသာ ကွာဟချက် ကျဉ်းမြောင်းစေရန် အိမ်တိုင်းတွင် သရီးဒီ ရုပ်မြင်သံကြားစက်များ ထားစေကာ စားသောက်ဖွယ်ရာ၊ တန်ဖိုးကြီး ကားအကောင်းစားများ၊ ဇိမ်ခံဟိုတယ်ခန်း ပြကွက်များကို သရီးဒီ မျက်မှန်မှတဆင့် အာရုံခံစားစေသည်။ တရားဥပဒေ စိုးမိုးရေးတွင် လူဆိုးဂျပိုးများအား ရဲ၊ တရားရေး၊ အကျဉ်း ဦးစီးဌာနတို့ကို အုပ်ချုပ်စေကာ မတရားသူများကို မတရားမှုများဖြင့် ထိန်းချုပ်စေသည်။ လူတိုင်း လက်ကိုင်ဖုံး သုံးနိုင်ရန် ဖုံးတလုံးငါးရာနှုန်း ရောင်းပေးသည်။ မင်းတုန်းမင်းလက်ထက်တုန်းက ယောအတွင်းဝန် ဦးဖိုးလှိုင် တီထွင်ခဲ့သော မြန်မာ့ကြေးနန်းရိုက် နည်းပညာ အသုံးပြုထား၍ ဤမျှဈေးသက်သာခြင်း ဖြစ်သည်။ ဖုံး၏ ထူးခြားချက်မှာ သာမာန်စကားဖြင့် ဆက်သွယ်ပြောဆို၍ မရဘဲ ကြေးနန်းအက္ခရာ အတိုကောက်ဖြင့် သုံးနှုန်း ပြောဆိုမှ ရလေသည်။ ဥပမာ – ဇဘဂအခ ကဘနက စနသ ဆိုလျင် ဇိမ်ဘုန်းဂျီးအူးခိုင် ကိုဘေးနွားကင် စားနေသည်..။
ဤမျှ ကတ်ချုပ်ကြောင်ကြီး နေမအား ညမအား တိုင်းပြည်ကောင်းစားအောင် လုပ်ပေးနေသော်လည်း အမြင်မှန် မရ၊ ပုဂ္ဂိုလ်ရေး အဃာတထား ရန်ငြိုးဖွဲ့နေသူကား ငယ်ကျွမ်းဆွေ မမှန်ဖြစ်သည်။ ကြောင်ကြီး နည်းမျိုးစုံ ခယ တောင်းပန်သော်လည်း မိန်းမလှတို့အသဲ စိန်ခဲကျောက်ခဲထက် မာလှသည်။ လက်ရှိအတွင်းရေးမှူးများထက် ပိုမြင့်သော အတွင်းရေးမှူး-ဘဲဥ ရာထူး ကမ်းလှမ်းသော်လည်း ခါးခါးသီးသီး ငြင်းဆန်နေ၍ တဖက်လှည့်ဖြင့် ကြေးမုံသတင်းစာတွင် အယ်ဒီတာချုပ် ခန့်အပ်သည်။ ဤတွင် အကြံကြီးသူ မမှန်တယောက် သတင်းစာတွင် သူ့အမျိုး တရုတ်ကြီးအား စွပ်စွဲဝေဖန်ချက်များ မဟုတ်ကြောင်း တုံ့ပြန်သည့် “မဟုတ်တရုတ်ကဏ္ဍ” ဖွင့်လှစ်၍ ကလောင်စွမ်း ပြတော့သည်။ ထိုအချိန်မှစ၍ ကြေးမုံသတင်းစာကို မမှန်သတင်းစာဟု လူအများ ခေါ်ဝေါ်ကြပြီး သူ့အားလည်း မမှန်သတင်းစာတွင် မဟုတ်တရုတ် ရေးသူအဖြစ် သတ်မှတ်ကြလေသည်။ :wink:
ဇာတ်သိမ်းပိုင်း လာမည်မျှော်….

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 646 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး