လုပ်ချင်တိုင်းလုပ်နေတဲ့ MPT ဝန်ထမ်းတွေ

chityimhtooFebruary 24, 20121min17620

connection မကောင်းလို ့ complaint တင်ဖို ့MPT ကို ဖုံးနဲ ့ဆက်တော့ ကိုင်မဲ့သူမရှိလို ့ ” MPT က လူတွေဆီက မတန်တဆဈေးတွေယူထားတာတောင် complaint ဖုံးကိုင်မဲ့သူမထားနိုင်ရလောင်အောင် ချီးထုတ်ကျလား ” ဆိုတာကို message ပို ့လိုက်တာကို ဖုံးလှိုင်းဖြတ်လိုက်ပါတယ် ။ အခုဖြတ်ထားတာ (၂)လ ရှိနေပါပြီ ! ဖုံးရုံးသွားမေးတော့လည်း ဘောလီဘောပုတ်ခံရတယ် ။ နောက်ဆုံးအပေါ်ကစကား အတိုင်း ကိုယ့်ရဲ ့ customer ရဲ ့ဖုံးကို ဖြတ်ထားတာတောင် ဘာဖြစ်လို ့လည်းဆိုတာ မသိရလောက်အောင် MPT ညံ့ဖျင်းနေလား ? လို ့ပြောလိုက်တော့မှ ဟုတ်တယ်ဖြတ်ထားတယ် ။ သူတို ့ကို တောင်းပန်စာ ပြန်ရေးမှ ဖွင့်ပေးမှာတဲ့ ! အဲဒီ ဖုန်းပိုင်ရှင်ကလည်း ” ငါက customer , service ညံ့လို ့ညံ့တယ် ပြောတာ ဘာမှားလို ့လည်း ။ ငါလည်း engineer တယောက်ဘဲ ။ မင်းတို ့လို ပြာတာကနေ အဘ ထိ ပြည်သူတွေကို ညာစားနေတဲ့ သူတွေကိုတော့ မတောင်းပန်နိုင်ဘူ း ။ မင်းတို ့မဖွင့်ပေးရင် သမတကြီးဆီထိ တိုင်းစားရေးပြီး copy ကို ဘာသာပြန်ပြီး အမေရီကန် သံရုံးနဲ ့ လူ ့အခွင့်အရေးအဖွဲ ့ကို ပါပို ့မယ် ပြောပြီးပြန်လာခဲ့တယ် ။ နောက်နေ ့ကျတော့ အဝင်တော့ဖွင့် ပေးလိုက်တယ် ။ အထွက်နဲ ့internet မရသေးဘူး ။ ဖုံးနံပါတ်က ဝ၉ ၇၃ဝ ၄၁၉၉ရ ပါ ။ဆက်မေးကြည့်လို ့ရပါတယ် ။ ပြီးတော့ အဲဒီလို အမှန်တရားအတွက် ခေါင်းငုံ ့မခံဘဲ သတ္တိရှိရှိနဲ ့ ရင်ဆိုင် ပြောနေတဲ့သူကို ဝိုင်းဝန်းကူညီဖို ့ကျမတို ့အားလုံးမှာ တာဝန်ရှိတယ်လို ့ထင်ပါတယ် ။ ဒါလေးကို ဝိုင်း share ပေးကြပါ ။
မူရင်းဖေ့ဘုတ်
http://www.facebook.com/minzaw.hein

20 comments

  • chityimhtoo

    February 24, 2012 at 10:20 am

    ဟုတ်ပါတယ် … ဒီ MPT ကလူတွေ CUSTOMER ကိုစောက်ဂရုမစိုက်တာများပါတယ်။ခု ရတနာပုံတယ်လီပို့ ကနေလုပ်တဲ့ Y-talk ဆိုတာလည်း pfingo vs skype တို့မှာ စင်ကာပူ အမေရိကားကိုတစ်မိနစ် မြန်မာငွေ ၂ဝ လောက်ဘဲကျတယ် ။ တစ်ချို့ဆို အလကားတောင်ခေါ်လို့ရတဲ့ နိုင်ငံတွေကို တစ်မိနစ် 0.15 ဆိုမြန်မာငွေ ၁၀ဝ ကျော်ကျပါတယ်။ဒါကိုအရမ်းသက်သာတယ်လို့ အရှက်မရှိပြောနေတယ်။ပြီးတော့ လူတိုင်းလည်းသုံးခွင့်မရှိဘူး PAC လိုင်စင်ရှိမှတို့ ဘာရှိမှတို့ ဒါဆို အိမ်မှာလိုင်းဝယ်သုံးတဲ့ လူတွေကော
    နိုင်ငံခြားကဆွေမျိုးသားချင်းဖုန်းခေါ်လို့မရဘူးလား။ပိုက်ဆံပေးသုံးတာဘဲ ဘယ်သူသုံးသုံးပေါ့။

  • water-melon

    February 24, 2012 at 10:26 am

    သူတို့က ဒီလိုကြီးလား
    သူတို့က သူတို့လုပ်ပိုင်ခွင့်ရောက်ပြီဆို အနုနည်း အကြမ်းနည်းနဲ့ကိုင်တာဗျ
    ကြောက်လွန်းလို့ ရုံးဆို ဘယ်ရုံးမှကိုမသွားချင်တာ။
    စိတ်ကျဉ်းကျပ်လွန်းလို့။

  • နှူးဘာဂိုဏ်းချုပ်

    February 24, 2012 at 10:31 am

    ကြိုက်တယ်ကွယ် ..အနှီသတ္တိကို ….
    …..အင်း ……
    အမ်ပီတီ ကို တို့တွေ တအားချစ်ကြတာပါလား ….

    😀

  • စိန်ပေါက်ပေါက်

    February 24, 2012 at 11:10 am

    ဪ..
    ချီးတွေ ခေတ်စားနေပြန်ပလားကွယ်
    မပုတင်ကို ချီးထုတ်ကျလား သွားပြောတော့ ချိတ်ချိုးတာပေါ့နော်
    များတို ့ကတော့ နဂိုထဲက နံပြီးသား 😀
    အမှန်တရားအတွက် ဆက်လှုပ်ရှားကြပါ
    ကျုပ်တို ့ ချီးပုန်းနဲ ့ ထုဖို ့ အဆင်သင့်ရှိပါတယ်
    အကူအညီလိုရင်ပြေပါ

  • ကြောင်ကြီး

    February 24, 2012 at 11:27 am

    ဈေးကွက် ပြိုင်ဆိုင်မှု ကင်းမဲ့ခြင်းရဲ့ ပြယုဂ်တခုပေါ့ခင်ဗျာ…။ တိုင်းပြည်လုံခြုံရေး အကြောင်းပြချက်နဲ့ ဆသရက တယ်လီဖုံးဈးကွက် လက်ဝါးကြီး အုပ်ထားခွင့် ရထားတော့ ကပ်စတန်မာကို သောက်ဂရုစိုက်စရာ မလိုတော့ဘူးပေါ့…။

  • YE YINT THU

    February 24, 2012 at 1:06 pm

    သယ်ရင်းတို ့ရေ……။
    လူကြီးတွေပြောတာကြားဖူးတယ်။ နို်င်ငံ့ ဝန်ထမ်းဆိုတာပြည်သူကို အလုပ်အကျွေးပြုဖို ့တဲ့။ ရှင်းရှင်းပြောရရင်ဗျာ နိုင်ငံ အတွင်းမှာ ဖွဲ ့စည်းထားတဲ့ အစိုးရဋ္ဌာန ဆိုတာနိုင်ငံတော်ဘဏ္ဍာငွေ (တနည်းပြောရရင်) ပြည်သူတွေပိုင်တဲ့ငွေနဲ ့ရပ်တည်နေကြတာပါ။

    အပေါ်ကကြောင်ကြီးပြောတာအမှန်ပါဘဲ။ ဈေးကွက်ပြိုင်ဆိုင်မှုကင်းမဲ့ ခြင်းရဲ ့ပြယုဂ်တစ်ခုပါဘဲ။
    ဆက်သွယ်ရေးလုပ်ငန်းကိုသာ ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပေးခဲ့ရင် MPT ကောင်တွေမြောင်းဘေး ရောက်ကုန်တာကြာပြီပေါ့ဗျာ။
    ဒီကောင်တွေ လက်ရှိဝန်ဆောင်မှုပေးနေတဲ့ ပုံစံမျိုးနဲ ့ဘယ်သူကလက်သင့်ခံနိုင်စရာရှိလို ့လဲ??? ဈေးကွက်စီးပွားရေးစနစ်ရဲ ့သဘောအရ အရည်အသွေးတို ့ ဝန်ဆောင်မှုတို ့နဲ ့သာယှဉ်ပြိုင် ရပ်တည်ကြစတမ်းဆိုရင် ဒီကောင်တွေ ပဆိုးတောင်လှန်ပြခံရနိုင်တယ်။
    အခုအချိန်မှာတော့ Customer is always wrong လို ့ဘဲပြောရမယ့် သဘောရှိတယ်။
    မတတ်သာလို ့သာ ဒီကောင်တွေနဲ ့ပတ်သက်ဆက်ဆံနေကြရတာ။

  • thunderstorm

    February 24, 2012 at 1:54 pm

    mpt နဲ ့ပါတ်သက်လို ့ကတော့ ခံစားလိုက်ရတာတွေအရမ်းများပါတယ်
    အဲ့ဒါတွေထဲကအတွေ ့အကြုံတစ်ခုပြောပြချင်ပါတယ်
    ကြာခဲ့ပါပြီ…..ယခင် ခြင်းဖုန်းများခေတ်တုန်းက ရွှေဂုံတိုင်ရုံးမှာ ဘာကြောင်မှန်းမသိဘဲ
    code ချိန်းဖို ့ဆိုပြီး ၇၀—- တွေကိုဆင့်ခေါ်လို ့သွားခဲ့ပါတယ်…
    အဲ့ဒီမှာ သူတို ့စက်တွေနဲ ့စစ်ပြီးတော့ ခင်ဗျား ဖုန်းကလိုင်းပွားသုံးထားတယ်
    တော်ကြာတစ်နေရာရောက်လိုက် တော်ကြာတစ်နေရာရောက်လိုက် လို ့ပြောပါတယ်
    ကျွန်တော်က မပွားကြောင်း၊ ကားပေါ်မှာတင်ပြီးယူသွားနေတာဖြစ်ကြောင်းကို ပြောတာ
    လုံးဝလက်မခံပါဘူး ဝူးဝါးဗျုးဗျဲနဲသိမ်းမယ်ဘာညာလုပ်ပါတယ်
    အဲ့ဒါနဲ ကိုယ်ကလည်းသူတို ့ကြောက်လောက်မဲ့နာမည်တွေနဲ ့ပြန်ဗျုးဗျဲတော့
    ဒီနေ့တော့မရတော့ဘူးဆိုပြီး အတင်းဘဲနောက်နေ ့မှာလာယူဆိုပြီးချိန်းပါတယ်
    ဒါနဲ ့အော်…ညနေလည်းဖြစ်ပြီဆိုတော့ ရုံးဆင်းတော့မှာဘဲဆိုပြီးနောက်နေ ့မှာသွားယူတော့
    အဲ့ဒီ လူ ကဘာမှမပြောဘဲပြန်ပေးပါတယ်..စစ်ကြည့်တော့ ဝါယာကြိုးစတွေအပြင်ထွက်နေပြီး
    အဝင် ring မမည်ပါဘူး.ဒါနဲ ့ပြောတော့ သူ့တပည့်တွေကိုကြိမ်းမောင်းပြီးဖြုတ်စစ်တာကို
    လှမ်းကြည့်လိုက်တော့ speaker ကြိုးတွေပြုတ်ထွက်နေပါတယ်… phone ရဲ ့ circuit board
    ကလည်းခဲရာဗလပွနဲအဟောင်းကြီးဖြစ်နေပါတယ်…စိတ်ထဲမှာတော့ ဒီကောင်တွေကလိန်ကျပြီ
    လို ့သိလိုက်ပေမဲ့လည်းဘာလုပ်လို ့ရတော့မှာလဲ….
    နောက်တော့ သူတို ့ speaker ကြိုးကိုခဲပြန်ဆော်ပြီးတော့ ပြန်ပေးလိုက်ပါတယ်..
    အရင်ကတစ်ခါခေါ်တစ်ခါဝင်ပြီးအင်မတန်ကြည်လင်တဲ့ အဲ့ဒီဖုန်းဟာ
    သူတို ့ circuit board လဲပြီးနောက်ပိုင်းမှာ
    အနည်းဆုံးသုံးလေးငါးခါခေါ်မှတစ်ခါဝင်ပါတော့တယ်…လိုင်းလဲမကြည်တော့ပါဘူး
    အခုတော့ အဲ့ဒီဖုန်းလည်း မရှိတော့ပါဘူး
    ထူးခြားတာတစ်ခုက အဲ့ဒီလူပါ နောက် ရ နှစ်လောက်ကြာတော့ပြန်တွေ ့ပါတယ်
    (ကျွန်တော်ကကိုယ့်ကိုဗလိုင်းဆော်ထားတဲ့သူကိုတစ်သက်မမေ့ပါ)
    အခြေအနေကတော့မတူတော့ပါဘူး သူက lowerhand ဖြစ်နေပါပြီ
    ကောင်းကောင်းလေး ပညာပေးလိုက်ပါတယ်…( သူကတော့ကျွန်တော့်ကိုမမှတ်မိတော့ပါ )`
    ဝဋ်ဆိုတာလည်တတ်ကြောင်းသိသွားရုံလောက်ပါဘဲ..
    mpt ရဲ ့ရိုက်ချက်ထဲမှာခပ်ပြင်းပြင်းခံစားလိုက်ရတဲ့
    အခြားအတွေ ့အကြုံတစ်ခုကိုတော့ နောက်မှဘဲ….

  • အာကြီး

    February 24, 2012 at 3:14 pm

    (M.P.T) ~~~~ ချီးထုပ် (M.P.T) ~~~~ ချီးထုပ် (M.P.T) ~~~~ ချီးထုပ်

    • student

      February 24, 2012 at 3:41 pm

      ကျွန်တော်လဲချီးထုပ် (M.P.T)ADSLအင်တာနက်လိုင်းသုးံပါတယ်။အင်တာနက်လိုင်းကွန်နက်မရတာခပ်များများပါပဲ
      အင်တာနက်တပ်ခ ၁၅ သိန်းပေးရတယ်။အင်တာနက်လိုင်းပျက်တာချီးထုပ် (M.P.T)
      လူခေါ်ရင်ကားနဲ.လဲကြို.ပို.ပေးရတယ်။ပိုက်ဆံလဲပေးရတယ်။နှစ်စဉ်ထိန်းသိမ်းစောင်.လျှောက်ခ
      ၅၀၀၀ဝသောင်း ပေးရတယ်။အခုတော.လိုင်းပါပိတ်လိုက်ပီ။အခုလဲcall center လုပ်ပျန်ပီ။
      ဘယ်လိုပိုက်ဆံလိမ်စားမလဲမသိဘူး။အကျင်.ပျက် MPT ဝန်ထမ်းများဖစ်နေပါပီ။

  • Davit

    February 24, 2012 at 5:24 pm

    MPT များ…………စောက်ရေးလုပ်လုပ်ဗျာ…………..ထွီ……………

  • Shwe Tike Soe

    February 24, 2012 at 6:56 pm

    အဲဒီ MPT တော့ပြောကိုမပြောချင်ဘူး သူတို.ဆီဖုန်းခေါ်ရတာ ကျွန်တော် တို.မှာ ဘော်လီဘောရိုက်တဲ့ ဘောလုံး လေးတွေကိုဖြစ်လို. လွှဲလိုက်တဲဖုန်း တူနော်တူနောင်နဲ. MPT ဖုန်းခေါ်တဲ့နေ.က နားထဲကမထွက်ပဲစွဲနေတဲ့အသံကတော့ ဖုန်းလွှဲစောင့်တဲ့ တီးလုံးလေးပါပဲဗျာ…
    အင်တာနက်ဝန်ဆောင်မှုလုပ်နေပြီး အင်တာနက်လိုလေးနေတာလေ……ဟဟဟဟ

  • windtalker

    February 24, 2012 at 7:04 pm

    ၂၃.၂.၂၀၁၂ ကြာသပတေးညတုန်းကလဲ ၊ ဂျီအက်စ်အမ် ဖုန်းလိုင်းတွေ လုံးဝပျောက်ထွက်သွားတာဘဲဗျ ။
    ကွန်ပလိန်း တက်ဖို ့ထားဦး ။ ဖုန်းဆက်စရာရှိတာတောင် ပီစီအို ပြေးဆက်ရတာဗျ ။

  • unclegyi1974

    February 24, 2012 at 10:31 pm

    message ပို့ပြီးချဲတာကိုတော့ချီကျူးတယ်ဗျာ
    ဘတို့ဒီအရွယ်ရောက်ပြီမလုပ်ရဲသေးဖူးတကယ်
    mpt မပြောနဲ့လေသူနဲ့ပေါင်းပြီးလုပ်စားနေတဲ့လူတွေကောဘာထူးလို့လဲဘယ်သူ့ကိုမှလူမထင်
    ဒါကြောင့်လည်းရွှေပြည်တံခွန်ဒီလောကထဲဝင်မှာကိုအသေကြောက်နေကြတာ

  • snow white

    February 25, 2012 at 1:45 pm

    ဟုတ်တော့ဟုတ်တယ် သူတို့တွေကဆရာကြီးအရမ်းလုပ်ချင်နေကြတာလေ အမှန်အကန်နဲံ ့တွေ့တော့ှမှသူတို့လည်းလန့်သွားတာနေမယ်ဒီလိုပြန်ပြောရဲတဲ့အကိုကို ကျေးဇူးတင်ရမယ် နောက်လူတွေ လည်းပြန်ပြောကျတော့မှာလေ

  • nigimi77

    February 25, 2012 at 4:56 pm

    ဟေ့ ဟေ့ ဟေ့………………………….

    နေကြပါဦး

    ရွာသူရွာသားတွေထဲမှာ MPT ဝန်ထမ်းပါလို ့ ဘယ် အကောင် အကောင်မ ဝန်ခံရဲသလဲ ။

  • ရွှေဘိုသား

    February 25, 2012 at 6:48 pm

    MPT ကစောက်ကောင်တွေက ဘာမှလည်းသိတာမဟုတ် တတ်တာမဟုတ်ပဲ လိုင်းမရလို့ဖုန်းဆက်ရင်
    လိုင်းကျနေရင်တောင်ယောကျင်္ားစကား လိုင်းကျနေတယ်အစ်ကို လို့ ရဲရဲပြောတာမဟုတ်ဘူးဗျ သူတို့လိုင်းကကောင်းနေသလို ဟိုဟာလေးလုပ်ကြည့်ပါအုံး ပင်းကြည့်ပါအုံး စက်လေးပြန်ပိတ်ပြန်ဖွင့်လုပ်ကြည့်ပါအုံး စုံနေအောင်လုပ်ခိုင်းသေးတာ နောက်ဆုံးမရမှ ဟုတ်တယ်အစ်ကိုလိုင်းကျနေတာလို့ ဆိုပြီး မိန်းမလိုမိန်းမရအကောင်တွေများတယ်

  • paukpauk

    February 25, 2012 at 9:41 pm

    Government Servant (အစိုးရဝန်ထမ်း) အစား Public Servant (ပြည်သူ့ဝန်ထမ်း) ဆိုတဲ့ mindset တွေ ပြောင်းကြဘို့ လိုနေပါပြီ။

  • Alexendre Pingpoung

    March 13, 2012 at 9:31 am

    DAMNABLE DICKHEAD STILL IN THE SYSTEM OF OUR GOVERNMENT. LE’T’S KICK THEM OUT.

Leave a Reply