သဂျီး တစ်တောင်လောက်ရှိတဲ့ တောက်တဲ့ကို တစ်လံလောက်ဖြစ်လာဖို့  ဆွဲဆန့် တတ်သလို
ခင်ဗျားတို့ လဲ ကြမ်းပိုးကို လိပ်ဖြစ်အောင် လုပ်တတ်ကြပါစေ။
အူးသစ်မင်းကြီး ပညာ၊ကြင်ယာနဲ့ ပြည့်စုံပြီး ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့  အားလုံးကောင်းကျိုးအတွက် ဦးဆောင်တတ်သူဖြစ်သလို ခင်ဗျားတို့ လဲ အချိန်မီပြင်ဆင် ဆည်းပူး လေ့လာ မျှဝေ ရှာယူနိုင်ကြပါစေ။
သွက်လက်လှုပ်ရှားနိုင်နေသလို ခင်ဗျားတို့ လဲ  စိတ်သွားတိုင်းကိုယ်ပါပြီး ဖလန်းဖလန်း ထနေနိုင်အောင်
ကြိုးစားကြပါ။
ဥိးပါလေရာကြီး ခလေးတွေဘယ်ကျောင်းထားရမလဲ စာရင်းကောက်နေသလို ခင်ဗျားတို့ လဲ
ကိုယ့်ရင်သွေး အနာဂတ်လှပဖို့  ကြိုတင်ပြင်ဆင် ထားကြဖို့ လိုပါတယ်။
အူးကြောင်ကြီး သဂျီးကို နင်လားငါလား ဖင်ပိတ်ငြင်းနိုင်သလို ခင်ဗျားတို့ လဲ အကုန်မသိတောင်
အရာရာနှံ့ စပ် လေ့လာ ထောက်ပြနိုင်ကြပါစေ။
မိုက်ကယ်ဂျော်နီချီးပု နာမည်နဲ့ လိုက်အောင် ချီးပေသလို ခင်ဗျားတို့ လဲ သူ့ လို တစ်တုံးဆို တစ်တုံး
နံအောင် ပေနိုင်ကြပါစေ။
ဘလောချက်ကြီး မဒမ်ချောကို သစ္စာရှိပြီး တုံနေအာင်ချစ်သလို ခင်ဗျားတို့ လဲ ရွာကို တုံနေအောင်ချစ်တတ်ကြဖို့ လိုပါတယ်။
ဦးမှိုကြီး ဘလောချက်ကြီးကို မသိမသာကြပ်သလို ခင်ဗျားတို့ လဲ  ဂွင်ထဲဝင်တာနဲ့  ခြေထိုးခံတတ်အောင်
သင်ယူကြပါ။
ဘီလူးကြီးတို့ အဖွဲ့  တန်ပြန်ထောက်လှမ်းရေး ဆင်းသလို ခင်ဗျားတို့ တွေလဲ တန်ပြန်ချေပ ငြင်းခုန် ပြောဆိုနိုင်အောင် ကြိုးစားကြပါ။
မောင်ပေကြီး ကျောက်အကြောင်းတစ်ဘက်ကမ်းခတ် နားလည်ပြီး ဘောကြောင်းနှံ့ စပ် ရမ်းတုတ်
ဟောကိန်းထုတ်သလို ခင်ဗျားတို့ လဲ ပညာ တစ်ခုထဲနဲ့ တန့် မနေပဲ ဒီ့ထက်ပိုတဲ့ပညာတွေကို
လေ့လာလိုက်လောင်း အဲ..လေ့လာလိုက်စား မျှဝေ နိုင်အောင်လုပ်ကြပါ။
ဦးစိန်သော့ကြီး စာကလေးတွေနဲ့ မိတ်ဆွေဖွဲ့ နိုင်သလို ခင်ဗျားတို့ လဲ ကိုယ်နဲ့ ဘ၀ခြား၊အဆင့်ခြားတဲ့
အလွှာပေါင်းစုံနဲ့  မိတ်ဆွေဖွဲ့  ချစ်ခင်ကြင်နာနိုင်အောင် ကြိုးစာပါ။
ရွှေတိုက်စိုးကြီး အနီးစပ်ဆုံး ဆန္ဒနဲ့ ဘ၀ ထပ်တူကျတဲ့ ဘ၀လက်တွဲဖော်ကို ရှာနိုင်ခဲ့သလို
ခင်ဗျားတို့ လဲ နေနဲ့ လ ရွှေနဲ့ မြ ဖြစ်နိုင်မဲ့ ၀ါသနာတူ၊စိတ်တူ၊ကိုယ်တူ လက်တွဲဖော်ကို ရှာနိုင်အောင် ကြိုးစားကြပါ။
နှူးဘာကြီး ဆန်ဖရန်စစ္စကိုက ကောင်မလေးရဲ့ပေါင်က အမှတ်အသားကိုမြင်အောင်ကြည့်နိုင်သလို
ခင်ဗျားတို့ လဲ အနုပညာမျက်စိရှိရှိနဲ့ လိုရာဆွဲတွေးပြီး မြင်အောင်ခံစားတတ်နိုင်ကြပါစေ။
နိဂိမိ၇၇ ကြီး ဆိုဂျူးနဲ့ ချဉ်ဖတ် တွဲမြည်းနေသလို ခင်ဗျားတို့ လဲ ဘီအီးနဲ့ ချဉ်ပေါင်ရွက် တွဲမြည်းတတ်ကြပါစေ။
ကိုရင်စည်သူကြီး အဘအိမ်က ဟင်းတစ်ခွက်ရတိုင်း ရွာထဲ လိုက်ကျွေးသလို ခင်ဗျားတို့ လဲ တစ်ခုခုသိတိုင်း
ရွာထဲမျှဝေကြပါ။
ကိုအီးတီကြီး နှူးဘာရဲ့ပို့ စ်တိုင်းမှာ စာလုံးတစ်လုံး အမြဲရှာတတ်သလို ခင်ဗျားတို့ လဲ ဘယ်ရောက်ရောက်
အကျိုးရှိတာတစ်ခုခုကို ရအောင်ရှာတတ်ကြပါစေ။
အခြောက်အဖွဲ့ ကြီးက ဂိုဏ်းသားတွေဖြစ်တဲ့ အံချာတုံးတို့ ၊ဖျဲသီးတို့ ၊ကြီးမိုက်တို့  တစ်တွေ
ဟိုစပ်စပ် ဒီစပ်စပ်လိုက်ခြောက်နေကြသလို ခင်ဗျားတို့ လဲ စိုလိုက်ခြောက်လိုက်နဲ့ 
ဘ၀ကို မိုးတိမ်လို ဖြတ်သန်းနိုင်ကြပါစေ။
အလင်းဆက်ကြီး မော်ဒန်တွေ ဇောက်ချလေ့လာနေသလို ခင်ဗျားတို့ လဲ ပညာတစ်ခုကိုဇောက်ချ
လေ့လာနိုင်ကြပါစေ။
ကြောင်ဝတုတ်ကြီး အီးကို အကျိုးရှိရှိ အသုံးချသလို ခင်ဗျားတို့ လဲ အီးကို အကျိုးရှိရှိ ပါထုတ်နိုင်ကြပါစေ။
အမတ်မင်းကြီး ခေါင်းတလားတွေ ကြိုရှာနေသလို ခင်ဗျားတို့ လဲ မသေခင် ကောင်းတာတွေလုပ်ထားကြပြီး
ကောင်းကောင်းသေနိုင်အောင် ကြိုတင်ပြင်ဆင်ထားကြပါ၊လူဆိုတာ သေမျိုးတွေချည့်ဖြစ်တယ်။
ကိုထွန်းဝင်းလတ်ကြီး တိုက်ဂါးဝုဒ်နဲ့  ဓာတ်ပုံတွဲရိုက်သလို ခင်ဗျားတို့ လဲ တိုက်ဂါးသဂျီးနဲ့  ဓာတ်ပုံတစ်ပုံလောက် တွဲရိုက် နိုင်အောင် ကြိုးစားကြပါ၊
ကိုထူးဆန်းကြီး ဟိုတယ်ရေချိုးခန်းလုံခြုံရေးတွေ လေ့လာနေသလို ခင်ဗျားတို့ လဲ ကိုယ်သွားတည်းမဲ့ဟိုတယ်ရဲ့
လုံခြုံရေးအခြေအနေကို ကြိုတင်လေ့လာကြပါ။
မမတို့ ရဲ့ သတ်ပုံအဖွဲ့ ကြီး စာဖတ်နေရင်း အမှတ်တမဲ့ သတ်ပုံအမှားတွေ ရှာရှာဖတ်သွားကြသလို
ခင်ဗျားတို့ လဲ  အမှတ်တမဲ့သွားလာရင်း အမှန်တရားတွေ ဖော်ထုတ်နိုင်ကြပါစေ။
အများကောင်းကျိုးအတွက် တိုင်းပြည်သန့် ရှင်းဖို့ အတွက် အနစ်နာအရွံရှာ ခံနိုင်အောင် ကြိုးစားကြပါ။
အရီးလေးခင်လတ်ကြီး ကြယ်နှစ်ပွင့်တက်လာတာကို မသိချင်ယောင်ဆောင်ပြီး ဘာမှမကျွေးခဲ့သလို
ခင်ဗျားတို့ လဲ ရာထူးတက်ရင် သိုသိုသိပ်သိပ်နဲ့ ဖွက်စားကြ ..အဲလေ…မာန်မာန မမောက်ကြပါနဲ့ ။
တီချယ်ကြီး ရွာထဲပျော်ပျော်ကြီးနေနိုင်သလို ခင်ဗျားတို့ လဲ  တာဝန်တွေ၊၀တ္တရားတွေပြီးတာနဲ့ 
ရွာထဲဝင် ပျော်ရွှင်စွာနေနိုင်အောင် ကြိုးစားကြပါ။
ဖွားဆူးကြီး တစ်ခါတလေ ပျောက်လိုက်ပေါ်လိုက်နဲ့  မုန့် လုံးရေပေါ်အကွက်နင်းနေသလို
ခင်ဗျားတို့ လဲ  အခြေအနေကြည့်ပြီး ပေါ်လိုက်ပျောက်လိုက် လုပ်နိုင်အောင် အတုယူပါ။
ဒေါ်ဝေေ၀ကြီး ဆင်းရဲသားလေးတွေကို အခမဲ့ နီးပါ စာသင်ပေးသလို ခင်ဗျားတို့ လဲ ကျုပ်ကို
အခမဲနီးပါး ဘီယာတိုက် အဲလေ..အားနဲသူကို အားပေးလို့ ကူနိုင်ကြပါစေ။
ဒေါ်ပူးခ်ျကြီး ဆတ်ဆတ်ထိမခံလို့ အပျိုကြီးစာရင်းထဲဝင်နေသလို ခင်ဗျားတို့ လဲ
မှန်ကန်တဲ့ ဂုဏ်သိက္ခာ၊ကိုယ်ကျင့်တရားအတွက် နဲနဲမှ အထိစွန်းမခံပါနဲ့ ၊ထမင်းငတ်ရင် ငတ်ပါစေ၊
ရွာဦးကျောင်းမှာ တောင်းစားပါ။
ချာတူးလန်ကြီး အနီတွေပေခဲ့ရတာကို နမူနာယူပြီး ခင်ဗျားတို့ လဲ  ပလုတ်ပလောင်း၊ပါးစပ်ဖောင်း နေတဲ့လူ၊
ဖင်ပိတ်ပြီး လိမ်ဖယ်လိမ်ဖယ်ဖြစ်နေတဲ့လူတွေကို ရအောင်ရှောင်တတ်ကြပါစေ၊ဒါမှ အနီမပေ၊အီးမမှန်ပဲ ဘ၀မှာ
သန့် သန့် ပြန့် ပြန့်  ဖြတ်သန်းသွားနိုင်မှာဖြစ်ပါတယ်။
မအီတုံးကြီး စားသောက်ဆိုင်သွားတိုင်း အိမ်သာတွေတောင် အလွတ်မပေးပဲ လေ့လာစပ်စုခဲ့သလို
ခင်ဗျားတို့ လဲ ဘယ်နေရာရောက်ရောက် လေ့လာမှတ်သားစပ်စု ပြုစုနိုင်ကြပါစေ။
ဒေါ်မိုးဇက်ကြီး ကြွက်နီတာရဲတွေစားပြီး ခလေးတွေနဲ့  ငြင်းခုန်ဆော့ကစားနေသလို ခင်ဗျားတို့ လဲ
ဂျယ်လီစားပြီး အိမ်ကမြေးတွေမြစ်တွေနဲ့  ကခုန်ဆော့ကစားနိုင်အောင်ကြိုးစားကြပါ။
ဒေါ်သဲနုအေးကြီး ကပုန်းကျော်နဲ့  အပြန်အလှန်ချဲနိုင်သလို ခင်ဗျားတို့ လဲ အမှန်တရားအတွက် ဘယ်သူ့ ကိုမဆို
ပြန်ချဲနိုင်ပါစေ။
ဒေါ်နွယ်ပင်ရဲ့အမ၀မ်းကွဲကြီး မတရားမှုကို အမြစ်ဖြုတ် ဖြေရှင်းခဲ့သလို ခင်ဗျားတို့ လဲ မတရားတာမှန်သမျှ
အင့်ခနဲ အွတ်ခနဲနေအောင် တော်လှန် ဆွဲညှစ် လွှင့်ပစ် နိုင်အောင် သတ္တိမွေးကြပါ။
အရေးအကြီးဆုံးကတော့
ကပုန်းကျော်ကြီး သတင်းစာ တစ်စောင်းဖတ်ပြီး တိုက်ပြိုတယ် လျှောက်အော်နေသလို
ခင်ဗျားတို့ လဲ အမှန်တရားမသိ၊မြင်အောင်မကြည့်နိုင်ပဲ ရမ်းသမ်း မအော်မိကြပါစေနဲ့ ။
အပေါ်တွေမှာ ပြောခဲ့တဲ့ အမှာစကားများ ခင်ဗျားတို့ နားယောင်ရင် သေတောင် အီးမပန်းဘူးမှတ်ပါ။
ကျုပ်……………….
ရေးနေရင်း ဘာဆက်ရေးရမှန်းမသိ..အီးကလဲပါချင်လာတာနဲ့ 
တစ်တုံးခွဲလောက် သွားပါလိုက်ဦးမယ်
နှစ်တုံးပါမိသွားရင် ပိုပါမိတဲ့ တစ်ဝက်ကို ဖျဲသီးတို့ အဖွဲ့ ကိုကျွေးလိုက်ပါ။
(လုမစားရ၊အဝေတည့်တည့်မျှစားပါ)
ဂျစ်စူ
About ဂျစ်စူ
has written 258 post in this Website..
စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး