မောင်

လွှာခေါ်နေခဲ့ဖူးတဲ့နာမည်လေးပေါ့

မောင့်ကိုချစ်တယ်မောင့်ကိုလွမ်းတယ်မောင့်ကိုသတိရတယ်

ဒီစကားတွေကိုမောင့်ကိုအကြိမ်ပေါင်းများစွာလွှာပြောခဲ့ဖူးပါတယ်မောင်ရယ်

တနေ့နေ့မှာမောင်နဲ့လွှာခုလိုပုံစံမျိုးနဲ့ဝေးခဲ့မယ်ဆိုတာကိုသာကြိုသိခဲ့ရရင်

မောင့်ကိုခုထက်လည်းပိုချစ်ခဲ့မိမယ်ထင်ပါတယ်မောင်ရယ်

ခုချိန်မှာပြန်မရနိုင်တော့တဲ့မောင်နဲ့လွှာတို့ရဲ့အတိတ်ကိုပြန်တွေးမိတိုင်းမှာ

လွှာ့အတွက်အဖော်ဆိုတာမျက်ရည်ဆိုတဲ့သူငယ်ချင်းပဲရှိပါတော့တယ်မောင်

မောင့်ကိုလွှာအရမ်းချစ်ခဲ့ပါတယ်မောင်

ဒါပေမယ့်မောင်နဲ့လွှာတို့ရဲ့ကြားမတူညီတဲ့သဘောထားတွေနဲ့မတူညီတဲ့အမြင်တွေကြားမှာ

လွှာနဲ့မောင်ဝေးကွာခြင်းဆိုတာကိုပဲရွေးချယ်လိုက်ကြတာအကောင်းဆုံးပါပဲနော်မောင်

မိန်းကလေးသူငယ်ချင်းပေါင်းများစွာနဲ့ပျော်နေတတ်တဲ့မောင့်ကိုလွှာစိတ်ပျက်ခဲ့မိတယ်

အဲလိုစိတ်ပျက်မိတဲ့အချိန်ကစလို့မောင်နဲ့လွှာ့ကြားမှာအဖုအထစ်တွေဖြစ်လာခဲ့တယ်

မောင်သာလွှာ့အတွက်စဉ်းစားခဲ့မယ်ဆိုရင်မောင်သာလွှာ့ကိုသနားခဲ့မယ်ဆိုရင်

မောင့်သူငယ်ချင်းတွေနဲ့သာမောင်ဆင်ခြင်နေခဲ့မယ်ဆိုရင်လွှာတို့ခုလိုဝေးရမယ်မထင်ဘူးမောင်

လွှာသိပ်ချစ်တဲ့မောင့်ကိုလမ်းခွဲချိန်မှာလွှာသေလုမတတ်ခံစားရပေမယ့်

မောင့်ကိုလမ်းမခွဲပဲဆက်ချစ်နေခဲ့မယ်ဆိုရင်

လွှာတသက်လုံးခံစားနေရလိမ့်မယ်မောင်

တနေ့နေ့မှာမောင်လွှာ့ဆီကိုပြန်လာမလားဆိုတာမသိပေမယ့်

မောင့်အတွက်လွှာ့ရင်ထဲမှာနာကျင်ရလွန်းလို့မမျှော်လင့်တော့ဘူးမောင်

လွှာအမြဲပြောနိုင်တဲ့စကားကတော့

ရင်တွေကွဲထွက်လုမတတ်ချစ်ရအောင်သင်ပေးခဲ့တဲ့ချစ်သူကမောင်ပါပဲ

မောင့်ကိုလွှာထာဝရဆက်ချစ်နေမှာပါအဝေးကနေပေါ့

မောင်နဲ့နီးနီးလေးမှာနေပြီးချစ်နေရရင်မောင့်ကိုလွှာမုန်းမိလာမှာစိုးလို့

အဝေးကနေပဲချစ်နေပါရစေမောင်

 

မောင့်ကိုချစ်တဲ့  လွှာ

(ရင်ထဲကခံစားချက်အပိုင်းအစလေးတွေပါ

ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

လိုအပ်တာရှိရင်သင်ပြပေးကြပါလို့

ဂေဇက်ကိုကိုမမများအားကျေးဇူးတင်လျှက်)

About bluerose

blue rose has written 4 post in this Website..