မောင့်ကိုချစ်တဲ့ လွှာ

blueroseFebruary 24, 20121min22846

မောင်

လွှာခေါ်နေခဲ့ဖူးတဲ့နာမည်လေးပေါ့

မောင့်ကိုချစ်တယ်မောင့်ကိုလွမ်းတယ်မောင့်ကိုသတိရတယ်

ဒီစကားတွေကိုမောင့်ကိုအကြိမ်ပေါင်းများစွာလွှာပြောခဲ့ဖူးပါတယ်မောင်ရယ်

တနေ့နေ့မှာမောင်နဲ့လွှာခုလိုပုံစံမျိုးနဲ့ဝေးခဲ့မယ်ဆိုတာကိုသာကြိုသိခဲ့ရရင်

မောင့်ကိုခုထက်လည်းပိုချစ်ခဲ့မိမယ်ထင်ပါတယ်မောင်ရယ်

ခုချိန်မှာပြန်မရနိုင်တော့တဲ့မောင်နဲ့လွှာတို့ရဲ့အတိတ်ကိုပြန်တွေးမိတိုင်းမှာ

လွှာ့အတွက်အဖော်ဆိုတာမျက်ရည်ဆိုတဲ့သူငယ်ချင်းပဲရှိပါတော့တယ်မောင်

မောင့်ကိုလွှာအရမ်းချစ်ခဲ့ပါတယ်မောင်

ဒါပေမယ့်မောင်နဲ့လွှာတို့ရဲ့ကြားမတူညီတဲ့သဘောထားတွေနဲ့မတူညီတဲ့အမြင်တွေကြားမှာ

လွှာနဲ့မောင်ဝေးကွာခြင်းဆိုတာကိုပဲရွေးချယ်လိုက်ကြတာအကောင်းဆုံးပါပဲနော်မောင်

မိန်းကလေးသူငယ်ချင်းပေါင်းများစွာနဲ့ပျော်နေတတ်တဲ့မောင့်ကိုလွှာစိတ်ပျက်ခဲ့မိတယ်

အဲလိုစိတ်ပျက်မိတဲ့အချိန်ကစလို့မောင်နဲ့လွှာ့ကြားမှာအဖုအထစ်တွေဖြစ်လာခဲ့တယ်

မောင်သာလွှာ့အတွက်စဉ်းစားခဲ့မယ်ဆိုရင်မောင်သာလွှာ့ကိုသနားခဲ့မယ်ဆိုရင်

မောင့်သူငယ်ချင်းတွေနဲ့သာမောင်ဆင်ခြင်နေခဲ့မယ်ဆိုရင်လွှာတို့ခုလိုဝေးရမယ်မထင်ဘူးမောင်

လွှာသိပ်ချစ်တဲ့မောင့်ကိုလမ်းခွဲချိန်မှာလွှာသေလုမတတ်ခံစားရပေမယ့်

မောင့်ကိုလမ်းမခွဲပဲဆက်ချစ်နေခဲ့မယ်ဆိုရင်

လွှာတသက်လုံးခံစားနေရလိမ့်မယ်မောင်

တနေ့နေ့မှာမောင်လွှာ့ဆီကိုပြန်လာမလားဆိုတာမသိပေမယ့်

မောင့်အတွက်လွှာ့ရင်ထဲမှာနာကျင်ရလွန်းလို့မမျှော်လင့်တော့ဘူးမောင်

လွှာအမြဲပြောနိုင်တဲ့စကားကတော့

ရင်တွေကွဲထွက်လုမတတ်ချစ်ရအောင်သင်ပေးခဲ့တဲ့ချစ်သူကမောင်ပါပဲ

မောင့်ကိုလွှာထာဝရဆက်ချစ်နေမှာပါအဝေးကနေပေါ့

မောင်နဲ့နီးနီးလေးမှာနေပြီးချစ်နေရရင်မောင့်ကိုလွှာမုန်းမိလာမှာစိုးလို့

အဝေးကနေပဲချစ်နေပါရစေမောင်

 

မောင့်ကိုချစ်တဲ့  လွှာ

(ရင်ထဲကခံစားချက်အပိုင်းအစလေးတွေပါ

ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

လိုအပ်တာရှိရင်သင်ပြပေးကြပါလို့

ဂေဇက်ကိုကိုမမများအားကျေးဇူးတင်လျှက်)

46 comments

  • စိန်ပေါက်ပေါက်

    February 24, 2012 at 11:53 am

    ဪ..
    နာမည်က လွှာ ဆိုတော့ တိမ်လွှာ လားကွဲ ့
    ရွာထဲမှာ ညည်းပြောတဲ့ မောင်နဲ ့တူတဲ့လူကိုတွေ ့ရင် နားချဖြောင်းဖျပြီး လွှတ်လိုက်ပါ့မယ်

    နောက်တာနော့
    ဂေဇက်ထဲမှာ ဆရာတွေချည်းပဲ
    ကိုချောတို ့၊ကိုမှိုကြီးတို ့ကိုထက်ဝေးတို ့၊ကိုအလင်းဆက်တို ့၊ကိုကမ်းကြီးတို ့၊ကိုပေတို ့၊ကိုရင်စည်သွပ်တို ့၊ကိုရင်နှူးဘာတို ့ ဆိုတာ
    စွယ်စုံရ ပညာရှင်ကြီးတွေ၊ သူတို ့ကိုသင်ခိုင်း

    ဟို..
    အခြောက်ဖွဲ ့ကြီးက ကြီးမိုက်တို ့၊အံချာတုံးတို ့၊ဖျဲသီးတိုု ့ကို မယုံနဲ ့..အလကား အီးပေတွေ..

    ပြောရရင် ဒီဂေဇက်ရွာထဲမှာ စိန်ပေါက်ပေါက်ဆိုတဲ့လူက လက်ရုံးရည်ကော နှလုံးရည်ပါ ပြည့်စုံတယ်ကွဲ ့..

    နောက်ထပ်..ထိထိမိမိလေး ခံစားရေးဖွဲ ့ပါဦး..
    စာလဲ ကျက်ပေါ့..

    • Shwe Tike Soe

      February 24, 2012 at 2:22 pm

      ဟုတ်ပ သူကလေးက လက်ရုံးရေရော နှစ်လုံးရေရော သုံးလုံးရေရော အကုန်ပြည့်စုံအောင်သောက်တယ်ကွဲ. 😀

      • စိန်ပေါက်ပေါက်

        February 24, 2012 at 3:26 pm

        ဪ..သူတော်ကောင်းကို ပြစ်မှားနေပြန်ပါဘီ
        ငရဲတွေကြီးကုန်တော့မှာပါဘဲ
        မှောင်ကြီးကို ပြစ်မှားနေကြပြီး အရပ်ဂတို ့ရဲ့
        အဲတာ မှောင်ပေ မကောင်းတာ
        😆

  • bluerose

    February 24, 2012 at 12:04 pm

    ကျေးဇူးပါ
    လွှာဆိုတာတိမ်လွှာပါ
    နောက်ကိုဒီထက်ကောင်းအောင်တော့ရေးကြည့်ပါအုံးမယ်
    ခုကပထမဆုံးရေးပြီးတင်တဲ့ပို့စ်လေးဆိုတော့လိုတာတွေရှိမှာပါ
    ဝေဖန်ပေးတဲ့အတွက်ကျေးဇူးပါ

    • စိန်ပေါက်ပေါက်

      February 24, 2012 at 2:26 pm

      လွှာရေ
      မောင်ကြီးက လွဲပြီး အောက်ကလူတွေ တစ်ယောက်မှ ယုံနဲ ့ကွဲ ့
      အကုန်လုံး လူလည်ကြီး သားသမီးတွေချည်းပဲ
      မှောင်တစ်ယောက်ထဲ အူတူတူငနဲ
      စိတ်ချလက်ချယုံကွဲ ့ 😆

  • နှူးဘာဂိုဏ်းချုပ်

    February 24, 2012 at 12:12 pm

    တိမ်လွှာလေးရယ်….

    သနားထှာကွယ် ….
    သများဟာဝယ်…
    အနားလာမယ်….

    အိုဘာတဲ့ ….
    ကိုရင်ပေါက်ဖော်ဆိုတာလေ. ..ဂယ်တော့ …
    ကုလား ပါကွယ် …

    အာဟိ….
    ဒက်ဂလောက် ဒက်ဂလောက် ….
    😀

  • etone

    February 24, 2012 at 12:49 pm

    မောင် တဲ့ …. ဘယားဘယား … အလား လား …. :mrgreen:
    ငါ့အသည်းတုံးကြီးတော့ မဟုတ်တန်ကောင်းပါဘူး … ဖွဟဲ့ .. လွဲပါစေ ပယ်ပါစေ …. 😆

    • ဆူး

      February 24, 2012 at 5:09 pm

      မဟုတ်လောက်ဘူးထင်တယ်နော်…. သူရေးထားတဲ့ အထဲမှာ မျက်စိမှေးတယ် မပါဘူး။

      • etone

        February 27, 2012 at 12:15 pm

        မျက်စိမှေးတာတင်မကဘူး … ဝပြီးပု … အဲ …
        ဝပြီး ရှည်တာလည်း မပါဘူးပဲ ..ဟဲဟဲ :D:D

    • Shwe Tike Soe

      February 24, 2012 at 7:08 pm

      သူပြောတဲ့ မောင်က မအိတုံမောင်မဟုတ်တာသေချာတယ် ဘာလို.လဲဆိုတော့ မအိတုံက မောင်ကို အဲခိုးသံပါတယ် လေ မောင်ဟောင်ဟောင်ဟောင် လို.လေ………. ဟိဟိ 😀

  • Diamond Key

    February 24, 2012 at 12:58 pm

    ဝေးမယ်မသိလို့ လျှော့ချစ်ထား၊
    ပြေးမယ်သိတဲ့ အတိတ်က ရထား၊
    မတူတဲ့ သဘောထား ပြောတော့လား၊
    စိတ်ပျက်တယ်ဆိုတဲ့ အဖုအထစ်များ၊
    ခုမှာတော့ အဖေါ် မျက်ရည်စို၊
    လွှာလေးမှာတော့ အလွမ်းတွေပို၊
    တစ်နေ့နေ့မှာများ ပြန်လာထား …ရင်၊
    နဂိုစိတ်ပါရင်ကော ယူအုံးမလား။
    (Rap သီချင်းလို ဆိုရန် ………………. :mrgreen: )
    နောက်တာနှော် bluerose ၊ ရေးတာလေးတွေကောင်းတယ်။ ဆက်အားပေးမယ်။ 😀

  • စနေ

    February 24, 2012 at 1:24 pm

    လွှာရယ် … မောင့်ကို စောင့်မနေပါနဲ့တော့ …
    ဒီရွာထဲက လက်ရုံးရည်ကော နှလုံးရည်ကော ပြည့်စုံတဲ့
    စိန်ပေါက်ပေါက်ကိုပဲ စဉ်းစားလိုက်ပါတော့ …. (နောက်တာ ချိတ်ချိုးနဲ့နော် … 😀 )
    နောက်ရေးမဲ့စာတွေကိုလဲ စောင့်မျှော်လျက်ပါ …… 😉

  • Khaing Khaing

    February 24, 2012 at 1:44 pm

    ချစ်ရဲ့နဲ့ခွဲခွာ ခဲ့ရတဲ့ခံစားချက်က အရမ်းကိုခံစားရပါတယ်….နှလုံးသားနဲ့ထပ်တူခံစားပြီး အားပေးသွားပါတယ်…အလွမ်းကဗျာ အလွမ်းသီချင်းတွေဆိုကြိုက်တယ်…..

  • Shwe Tike Soe

    February 24, 2012 at 2:04 pm

    တမောင်မောင် နဲ. ဖတ်တဲ့သူ အသည်းယားအောင် မလုပ်နဲ.နော်……. သူများကို စိတ်ကစားအောင်လာလုပ်နေတယ် အဟင့်…
    အော်ရင်ထဲက ခံစားချက်ကလေးက ပီပြင်လိုက်တာ….. ဆက်ရေးဆက်ရေး……. 😀

    • နွယ်ပင်

      February 24, 2012 at 2:24 pm

      အုပ်ထိန်းသူမမရေ ဒီမှာ ရွှေတိုက်စိုးတစ်ယောက် အသဲယားနေပါတယ်တဲ့
      သံဘရပ်လေးနဲ့ လာကုပ်ပေးလိုက်ပါဦး ……….. 😉 😛

      • Shwe Tike Soe

        February 24, 2012 at 7:15 pm

        အမငီး ထောက်လှမ်းရေး စပိုင်တွေက မလွတ်ပါလားကွယ်ရို… နောက်တစ်ခါ အုပ်ထိန်းသူနဲ. မနွယ်ပင် ကပ်ထိုင်ရင် သတိထားမှာ ဟိဟိ 😀

      • etone

        February 27, 2012 at 12:21 pm

        သံဘရပ်လေးနဲ့ ကုတ်ပေးပြီးလျှင် …. ဆား အခမဲ့ မေတ္တာလက်ဆောင်ဖြူးပေးပါမယ်လို့ … သတင်းကောင်းပါးပါးတယ် ရွှေတိုက်စိုးရေ .. ဟီးဟီး 😛

  • htet way

    February 24, 2012 at 2:10 pm

    မောင်…တဲ့
    တောက်…/ ဒီအသံမကြားချင်ဘူး
    သင်းကြောင့် ငါ့ ဘဝကြီး နစ်မွန်းသွားတာ ငါ့ အသဲတွေ ကွဲကြေခဲ့ရတာ
    စွန့်ခွာသူကြီး ၊ သစ္စာမဲ့ သူကြီး….(တီးလုံးက မှိုင်ခန်းတီးစေ)
    ပြဇာတ်တစ်ခုက Dialog မင်းသားလွမ်းခန်းပါ
    ကျွန်တော်ပြောတာမဟုတ်ပါဘူး။
    ခင်မင်စွာဖြင့်
    ထက်ဝေး

  • manawphyulay

    February 24, 2012 at 2:14 pm

    လွှာရယ်… လွှာနဲ့ မောင်က နှစ်လွှာပေါင်းမှ စွယ်တော်ရွက်ဘဝလိုပါပဲကွယ်…

    😛

  • Rose Minn

    February 24, 2012 at 2:24 pm

    bluerose တို့ခံစားပုံများ ရင်ထဲ heart ထိတယ်ကွယ်။ သနားစရာ bluerose ရယ်တကယ်များခံစားနေရသလား။ ခံစားမနေနဲ့ ရွာထဲလာ ဖွင့်ဟလိုက်။ ချောင်မှာ ငိုမနေနဲ့ အော်လိုက်ဟစ်လိုက်။

    နှင်းဆီချင်းတူလို့ အားပေးမယ်။ အသဲမာထား နှင်းဆီဆိုတာ မာနကြီးရတယ်။ အလှတောင်ဆူးနဲ့ ရံထားတာ။ ပျက်မှာစိုးလို့လေ။ ထားခဲ့သူကို လူဇိုး လို့ပဲသတ်မှတ်လိုက်။ မောင် လို့ခေါ်မနေနဲ့။ တိရား……………..

    ခင်မင်စွာဖြင့်
    Rose

    • ဆူး

      February 24, 2012 at 5:07 pm

      မမ နှင်းဆီ မမရဲ့ အလှတောင် ကို ဘာလို့ ဆူး နဲ့ ရံ တာလဲ.. ဆူး က ငြိမ်ငြိမ်လေး နေနေတာ ကြာပြီနော်.. ဘာမှ မရံမိပါဘူး။ စွပ်စွပ်စွဲစွဲ.. မလုပ်နဲ့။

  • bluerose

    February 24, 2012 at 3:16 pm

    ခုလိုဂေဇက်ကိုကိုမမများဝိုင်းဝန်းအားပေးကြလို့
    အရမ်းပျော်နေပါတယ်
    အရမ်းလည်းကျေးဇူးတင်ပါတယ်ချင့်
    တခါမှမရေးဘူးပဲခုမှရေးတင်လိုက်တော့
    မကောင်းဘူးများပြောကြမလားလို့တမနက်လုံးလက်တွေတောင်အေးနေတာ
    ခုလိုကောင်းတယ်လို့ပြောကြလို့အရမ်းပျော်ပါတယ်
    နောက်လည်းခုထက်ကောင်းအောင်ကြိုးစားပါ့မယ်လို့
    အပြင်မှာတော့တကယ်ခံစားနေရပါတယ်လို့ပြောရမလားပါပဲ
    ခုကစပြီးဂေဇက်မှာပဲရင်ဖွင့်တော့မယ်မခံစားတော့ဘူး

  • လွှာဆိုတာတိမ်လွှာပါ
    တော်သေးတာပေါ့ ဒီက ခုနှစ်လွှာပေါက်စီမှတ်လို့ ဝယ်စားမယ်လို့စဉ်းစားနေတာရယ်
    ပေါက်ကျော်မ တော်ရုံဘဲကဲနော်
    ထစ်ကနဲဆိုနင်ရှေ့ဆုံးကရောက်ရောက်နေတယ်
    ပေါင်တွင်းကြောတော့ဆွဲလိမ်ခံရခါနီးပြီ

    • စိန်ပေါက်ပေါက်

      February 24, 2012 at 4:48 pm

      ထူးတော့ပါဘူး
      ဘလူးရို ့စ်ကို ပေါက်စီမလို ့သာ နာမည်ပေးလိုက်တော့

      • ဆူး

        February 24, 2012 at 5:05 pm

        ခုနှစ်လွှာ ပေါက်ဆီ ဆိုရင် ဒီပို့လိုက်ပါ။ စားချင်လို့.. ဘလူးရိုစ် ကို ပြောတာ ဟုတ်ဘူးနော်။

    • Thel Nu Aye

      February 24, 2012 at 5:17 pm

      လေးလေးပေါက်။ ပေါက်ဆီဆိုရင်နဲနဲလောက်။ သများသိပ်ကြိုက်တာ။

  • ဆူး

    February 24, 2012 at 5:03 pm

    တိမ်လွှာ ခုနစ်လွှာ ပေါက်ဆီ (မန်ထို လေးဆို ဟင်းလေးနဲ့ ချားကောင်းတယ်)
    မောင် တဲ့.. သတိရလိုက်တာ.. ဟိဟိ.. ဒီတသက် မောင်လို့ ခေါ်ဖူးတဲ့ သူ မရှိသေးဘူး။ ကဗျာဆန်တယ်နော်.. ကြားဖူးတဲ့ အထဲမှာ တချို့က ချစ်စနိုးနဲ့ မောင်ကြီးလို့ ခေါ်တာ ကြားဖူးတယ်။
    နောက်တခါ ပြန်လာရင် ပိုပြီး ချစ်ရအောင် မောင်ကြီးလို့ ပြောင်းခေါ်ကြည့်ပါလား။
    ရွာသူတယောက်တော့ ဆူး ကို လိုက်ရိုက်နေအုန်းမယ်။ သူ့ အကြောင်း ဖွ မိလို့.. ဟိဟိ.. မမြင်ပါစေနဲ့..

  • ချစ်တဲ့ လွှာ ..
    အသစ်တွေ ဘယ်လိုပင် ရစ်ဖွဲ့လာလာ
    မောင့်ရင်ထဲ ထာဝရ ရှင်သန်နေမှာ
    လွှာ .. တစ်ယောက်တည်းရယ်ပါ ………
    😀

    ကျနော်လည်း ဖတ်ရှုခံစားသွားပါကြောင်း …..

  • စပ်ဖြဲ

    February 24, 2012 at 7:30 pm

    နေရစ်တော့လွှာ…ရာဇဝင်ထဲမှာ အချစ်တွေထားခဲ့ပါတော့ … အလာကောင်းပေမယ့်အခါနှောင်းပါပီကွယ်
    ကိုရင်စည်သူနဲ.ပေါင်းပြီး မောင်ဘုန်းကြီးဝတ်လိုက်ပီကွဲ. 😛

  • snow white

    February 25, 2012 at 11:41 am

    မမလားညီမလားတော့မသိပေမယ့် အမခံစားချက်လေးရေး တာကောင်းပါတယ် ညီမလည်း အမလိုပါဘဲ အသစ်တယောက်ပါမမရေးတာကောင်းပါတယ်

  • bluerose

    February 25, 2012 at 12:09 pm

    လွှာဆိုတဲ့မိန်းကလေးရဲ့ ခံစားချက်တွေကို
    ဝင်ရောက်ခံစားပေးကြသောကိုကိုမမများအားလုံးကိုကျေးဇူးတင်ပါတယ်ချင့်
    မမတော့မလုပ်ချင်ဘူးညီမလေးပဲလုပ်မယ်
    အပြင်မှာတွေ့ရတာမှမဟုတ်တာနော့
    ညီမလေးပဲလုပ်မယ်နော်
    ကိုကြီးစိန်ပေါက်ပေါက်ရေပေါက်စီမတော့မလုပ်လိုက်ပါနဲ့
    ဝါးစားခံနေရလို့အမှုန့်တောင်မကျန်ပဲဖြစ်နေပါ့မယ်
    ချမ်းသာပေးပါမောင့်ကိုလွမ်းပါရစေအုံး
    😛

    • water-melon

      February 25, 2012 at 12:19 pm

      လွမ်းခွင့်ပေးပါတယ် လွှာရယ်။

      • စိန်ပေါက်ပေါက်

        February 25, 2012 at 12:21 pm

        ဟဲ့တောင်မ
        ညည်းကိုပြောတာဟုတ်ဘူး အသာနေ
        ကျုပ်ကိုပြောတာ
        နော်..ဒေါ်ပေါက်စီ
        ဟုတ်တယ်မလား…

        ဝုတ်ပါဒယ်.ဝုတ်ပါဒယ်.. 😆

        • ခပ် KING ကင်း

          February 25, 2012 at 12:27 pm

          ကျုပ်ကတော့ ဘာမှဝင်မပြောဘူး
          သူနဲု့ကိုယ်နဲ့ ၂ ယောက်ပဲသိရင် ပြီးတာပဲနော့
          😛 😀 🙂 😆

  • bluerose

    February 25, 2012 at 12:26 pm

    ဘဘပေါက်ပေါက်နော်
    မီးကိုများပေါက်စီတဲ့
    ရပါတယ်ပေါက်ချင်းတူတယ်
    မီးကခုနစ်လွှာပေါက်စီဆိုရင်
    ဘဘကမန်းမြို့တော်ပေါက်စီပေါ့နော်:P
    ပေါက်မျိုးပေါက်နွယ်တွေပေါ့နော်
    😛

  • windtalker

    February 25, 2012 at 3:28 pm

    ရှင်းရှင်းပြောရရင်
    “မောင်ပေ” ဆိုတဲ့ နာမည် ကနေ ၊ “ပေ” ဆိုတဲ့ တစ်လုံးဖြုတ်ကြည့်လိုက်စမ်းဘာ
    နော…. နှင်းလေး ရာ
    တူးဘော်ဒီတိုက်ဂါးစပိ တွေ ကို လူကြားထဲ ပွင့်ကြသွားတာ ဆောဒီးပါ ။

    • စိန်ပေါက်ပေါက်

      February 25, 2012 at 3:45 pm

      အမ့်မလေး..အမ့်မလေး..
      သူ ့နဖူးကြီးမှ အားမနာ
      ဘာတဲ့
      သူ ့ကိုသူ မှောင် ဆိုဘဲ
      ကွိ..ကွိ..

      • water-melon

        February 25, 2012 at 4:21 pm

        မှောင်နေရင် မီးထွန်းပေါ့
        တော်ကြာ လွှာလေး ဒို့ရွာထဲကို မလာရဲဘဲနေလိမ့်မယ်။
        လွှာ အားရပါးရလွမ်းနော်
        ဘေးမှာ ဖရဲတစ်ယောက်လုံးရှိတယ်။

  • memeseku

    February 25, 2012 at 6:10 pm

    ရာဇဝင်ထဲမှာ…. ဒို.ကိုထားရစ်ခဲ.ပါတော့ လွာရယ်….

  • MaMa

    February 25, 2012 at 7:46 pm

    နှင်းဆီပြာရေ-
    ရွာထဲမှာ အသွက်ဆုံး မာမီတို့အဖွဲ့
    (ပေါက် ကင်း ရဲ အံ ကျီး ပေ (ချီးပေမဟုတ်ဘူးနော်)) ရဲ့
    အားပေးချက်နဲ့တင်
    ကျန်တဲ့လူတွေ အားပေးစရာ မလိုလောက်အောင်ကို
    နောက်အသစ်အသစ်တွေအတွက် အားရှိသွားမယ်ထင်တယ် နော်။ 😀

  • bluerose

    February 27, 2012 at 11:36 am

    ဂေဇက်ကိုကိုမမများရဲ့ကောမက်လေးတွေကြောင့်
    ရယ်မောပျော်ရွှင်နေရပါကြောင်း
    မောင်သာတကယ်ဘုန်းကြီးဝတ်သွားရင်
    လွှာကတော့သီလရှင်လိုက်မဝတ်နိုင်ပါကြောင်း
    သတင်းကောင်းပါအပ်ပါသည်ရှင်။

Leave a Reply