SHINE construction မှအထပ်မြင့် အိမ်သာများဆောက်လုပ်နေခြင်း…

viparFebruary 24, 20121min12712

အရစ်ကျစနစ်နဲ့ မကြာသေးမီကရောင်းချသော SHINE construction မှအထပ်မြင့်အိမ်သာများဆောက်လုပ်နေခြင်း။

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊ ပြည်သူ့ကွက်သစ် ၂လမ်းထိပ်တွင် SHINE construction မှတာဝန်ယူဆောက်လုပ်နေသော ကန်ထရိုက်တိုက်မှ မိလ္လာကြွင်းမှာ သာမာန်ထက်မြောက်များစွာ မြင့်အောင်
ဆောက်လုပ်နေတဲ့ အတွက် ပတ်ဝန်းကျင်မှအိမ်များ မကျေနပ်လို့ပြောကြားရာမှာ ဂရုမစိုက်ဘဲဆက်လက်လုပ်
ကိုင်နေပါသည်။သာမက်ထက် ၃ပေ၄ပေမြင့်အောင်ဆောက်လုပ်ထားတဲ့ အတွက် နောင်တစ်ချိန် မိလ္လာလျှံကျ
လာခဲ့ရင် ပတ်ဝန်းကျင်မှအိမ်များ ကျမ်းမာရေးလူမှူ့ရေးမြောက်များစွာထိခိုက်နိုင်ပါသည်။စည်ပင်သာယာ
မှလည်း ထိုကဲ့သို့ ပတ်ဝန်းကျင် ကိုထိခိုက်စေသော လုပ်ရပ်များအား ခွင့်ပြုမိန့်မချပေးသင့်ပါ။

တာဝန်ရှိသူများမှပတ်ဝန်းကျင် အိမ်နီးနားချင်းများ ကျမ်းမာရေးလူမှူ့ရေးများအားထောက်ထားပြီး တာဝန်ယူဖြေရှင်းပေးပါရန်ပန်ကြားအပ်ပါသည်။

12 comments

  • မိုက်ကယ်ဂျော်နီငပွ

    February 24, 2012 at 2:17 pm

    ဟုတ်တယ် မခံနဲ့
    သက်ဆိုင်ရာတွေကို ဒီလိုဘဲ သက်သေအထောက်ထားတွေနဲ့တိုင်ကြ
    ချီးတွင်းကိစ္စလောက်လေးကတော့ ဦးထိပ်ပြောင်ကိုတော့ သွားမတိုင်ကြပါနဲ့ဗျာ
    ပတ်သက်ရာလူတွေ တာဝန်ယူရင်လည်း ခံဝန်ချုပ်တွေ ဘာတွေ သေခြာလုပ်ခိုင်းကြ
    တစ်နေ့ဖြစ်လာရင် အပီလျှော်ခိုင်း
    မကြာဘူး NLD လွှတ်တော်ထဲရောက်တော့မှာ
    http://www.irrawaddyblog.com/2012/02/blog-post_8408.html

  • etone

    February 24, 2012 at 2:38 pm

    အေးဟယ် ….သူများတွေ တွင်းကိုတောင် မြေထဲ ထည့်တူးကြတာ .. ဘယ်နှယ့် .. တမျှော်တခေါ်ကြီးဆောက်မယ်ဆိုတော့ … ပိုက်ဆံပိုပေးဝယ်ထားရတဲ့ … အိမ်နီးနားချင်းအောက်ဆုံးထပ်တွေက တင်းတာပေါ့… ။

    စမ်းချောင်းဆိုလို့ လေးဖက်ကြီးကို လက်တို့လိုက်ဦးမှ …. ဟီးဟီး … 😛

  • ဆူး

    February 24, 2012 at 2:47 pm

    မြေကြီးထဲ တွင်းထူးပြီး မြေကြီး စုပ်ယူမှု နည်းနဲ့ လျော့သွားအောင် လုပ်တာ ဘယ်နှဲ့ကြောင့် အပေါ်တက် ဆောက်တာလဲ.. အင်ဂျင်နီယာတွေ ပိုသိမှာပေါ့.. ဘာဖြစ်လို့လဲ ဆိုတာ.. ရွာထဲက အင်ဂျင်နီယာတွေ ဆွေးနွေးကြပါလား။

  • စိန်ပေါက်ပေါက်

    February 24, 2012 at 2:50 pm

    တွမ်!..
    ချီးကိုတောင် အဆင့်မြင့်မြင့် ပါခိုင်းပုံထောက်ရင် ဧကန္တ သူတို ့အိမ်မှာလဲ ကင်းမီးကောက်ထောင်ပြီး အီအင်း ပါတယ်ထင်တယ်..
    တော်တော်နောက်တဲ့လူတွေ..
    ဟမငေး..
    များလဲ အင်အင်း.. ထွက်တော့မယ်တော့..ဗျစ်.ဘစ်.ဗစ်

  • chityimhtoo

    February 24, 2012 at 2:53 pm

    အေးဟ …အိမ်သာကတော့ တော်တော်မြင့်တယ် အိတုန်ရေ အထဲမှာတောင်ဝင်ပါလို့ရတယ်ဟ….ဟိဟိ
    ချီးတွင်းပြည့်လို့ကတော့ အဲ့ဒီ့နားမှာချီးပင်လယ်မျောပြီဘဲ….

  • နှူးဘာဂိုဏ်းချုပ်

    February 24, 2012 at 3:00 pm

    တိန်….
    ခုတလော အိမ်သာကိစ္စဘဲ ရွာသူား တွေ အာရုံကျနေတော့သကိုး …။
    သဂျီးတောင် ဆိုက် ကို မိလ္လာဂေဇက် လို့ နာမည် ပြောင်းတော့မလား မသိ….။
    😀
    😛

  • Thel Nu Aye

    February 24, 2012 at 5:20 pm

    shine ဆိုတာ ဥပိုင်လေ။ IQ အရမ်းမြင့်တာမသိဘူးလား။ သူတို့က ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုးပဲခူးရောက်ရောက်ဆိုတာတွေလေ။ အရေထူကျွဲသရေတွေ။

  • အထပ်အြင့် အိမ်သာတွေဆိုပါလားနော်။ခုမှဘဲ မြင်ရတွေ ့ရကြားရလို ့ယုံရတယ်။
    မြို ့ပြစီမံကိန်းမှာ ရန်ကုန်ရဲ ့မိလ္လာစနစ်တော်တော်လေးပျက်နေပီလို ့ကျနော်ထင်မိ
    တယ်ဗျာ။စိတ်မကောင်းဘူး။

  • kyeemite

    February 25, 2012 at 11:26 am

    အင်း ခုတလော ရွာထဲမလဲ အိမ်သာတွေအကြောင်းဘဲ ကြားနေ တွေ့နေရပါလား…အိမ်သာဆေးတဲ့သူ..
    အိမ်သာသုတေသနပြုနေသူ…အိမ်သာလက်ဆောင်ပေးနေသူ…အဆိုးတကာ့အဆိုးဆုံးကတော့..မန့်ရင်း
    အိမ်သာခဏခဏထပြေးနေရတဲ့အချောက်ဂိုင်းချုပ်မဘဲ….

    • စိန်ပေါက်ပေါက်

      February 25, 2012 at 11:32 am

      ဗျစ်…ဗျစ်.ဗျစ်.. ဘဒစ်..တစ်…တစ်စ်..ဗစ်စ်.

  • မွန်မွန်

    February 26, 2012 at 4:15 pm

    ဒီနေ့ဘယ်လိုဖြစ်နေလဲ
    မဝင်တာကြာလု့ိ ဝင်လာကာမှ အိမ်တိုင်းလိုလို နံနေပါလား…
    နာတို့မြို့က ဇဝနသုခ ဝမ်းပိတ်ဆေးက အရမ်းကောင်းတယ်။ မှာချင်ရင်ပြောနော်..

  • memeseku

    February 27, 2012 at 10:05 am

    အိမ်သာမြင့်မှလူမျိုးတင့်မည်….။
    လူလုပ်ပစ္စည်းကိုတန်ဖိုးထားပါ…။
    အီးမပါသောသူရှိပါက…အပြင်းအထန်ဝေဖန်ပါ…။
    🙂 🙂 🙂

Leave a Reply