ကျနော့်မှာ တစ်ခါတစ်လေ ကလေးထက်ဆိုးတဲ့ အကျင့်လေးတွေ ရှိနေတတ်သဗျ…

ခင်ဗျားတို့မှာရော အဲ့လိုအကျင့်လေးတွေရှိကြပါသလား ….

အစကတော့ ကျနော်ဒီအကျင့်တွေကို သတိထားမိခြင်းမရှိခဲ့ပါဘူးးးးးးး

ဒီအကျင့်လေးတွေကို ကျနော့်တူလေးတွေနဲ့ ဆက်ဆံပြောဆိုနေထိုင်ရင်းနဲ့မှ

သိလာရတာပါ … ကလေးဆိုပေမယ့် အထင်တော့သေးမရတာအမှန်ပါ …

ကျနော့်မှာ တူလေးနှစ်ယောက်ရှိပါတယ်…. အကြီးကောင်ကတော့ ဒီနှစ် ဂရိတ်

စစ်ခေါ်တဲ့ ပဉ္စမတန်းကို ဖြေဆိုမှာဖြစ်ပြီး … အငယ်ကောင်ကတော့ ဂရိတ်ဝမ်းဖြစ်တဲ့

သူငယ်တန်းကို ဖြေဆိုမှာဖြစ်ပါတယ်…. အကြီးကောင်ကတော့ ကျောင်းမနေကတည်းက

ကျနော်တို့နဲ့ အတူနေထိုင်ပါတယ်… ကျနော်တို့ဆိုတာကတော့ ကျနော့်ရဲ့ မွေးမိခင်

နဲ့ ကျွေးဖခင်ဖြစ်တဲ့ သူ့အဖိုးအဘွားများနှင့်နေထိုင်ခြင်းကို ဆိုလိုပါတယ်….

ဒီနှစ်မှ သူ့မိဘတွေနဲ့ အတူနေထိုင်ပါတယ်… နွေကျောင်းပိတ်ရက်တွေမှာ ကျနော့်တူလေး

တွေနဲ့ ကျနော်ဆုံတွေ့ရလေ့ရှိပါတယ်… သူတို့နဲ့ ကျနော်ထွေးလုံးရစ်ပတ် ဆော့ကစားကြရင်း

နဲ့မှ ကျနော့်မှာ ကလေးထက်ဆိုးတဲ့ အကျင့်တွေရှိနေကြောင်း သိလာရတာပါ ….

အဖြစ်အပျက်လေးတွေပြောပြမယ်ဗျ…..

ကျနော်တူလေးနှစ်ယောက်မှာ အငယ်ကောင်က ပိုပြီးစကားတတ်တယ်ပြောရမယ်

တစ်ခါက အကြီးကောင်က သူ့အမေကို မုန့်စားချင်လို့ ပူဆာနေတယ်….

“အမေ..အမေ… သားဗိုက်ဆာလိုက်တာ ဘာစားရရင်ကောင်းမလဲ..”

လို့ သူ့အမေကို ခဏခဏမေးနေတော့ .. အငယ်ကောင်က ဘာပြောတယ်မှတ်လဲဗျ..

“ ချေး (ချီး) စားလိုက်… ချေး (ချီး)စားလိုက်တဲ့…” အငယ်ကောင်က အဲ့လိုမျိုး

ခပ်ဂျစ်ဂျစ်လေးရယ်…….

ပထမအဖြစ်အပျက်က ကျနော်နဲ့ ကျနော့်တူ အငယ်ကောင် တီဗွီထိုင်ကြည့်နေကြတယ်..

ကျနော်က တီဗီစလောင်းကလာတဲ့ လိုင်းတွေကို တစ်လိုင်းပြီးတစ်လိုင်း ရွေ့နေတယ်…

ဘယ်လိုင်းမှ အတည်တကျမကြည့်ပဲ လျှောက်ကလိနေ လက်ကမြင်းနေတာပေါ့ဗျာ…

ဒါကိုဘေးကကြည့်နေတဲ့ တူလေးက ကျနော့်ကို ဘယ်လိုပြောတယ်ထင်လဲဗျ…

“ ဦးဦး..ဦးဦး..သားက ဘယ်ဟာကိုကြည့်ရမှာလဲလို့” တဲ့..

ကဲဗျာ..ကလေးပြောတဲ့စကား တွေးကြည့်ကြစမ်းပါ…..

ဘယ်လောက်ထိရောက်သလဲ…ဘယ်လောက်သွယ်ဝိုက်သလဲ…

ဘယ်လောက်ထိမိသလဲ…. ကျနော်တို့ဆိုရင် လူတစ်ယောက်က ကျနော့်လို တီဗွီလိုင်း

ကို ကလိနေ လက်ကမြင်းနေရင် ဟေ့ကောင် မင်းကလည်း တစ်လိုင်းဆို တစ်လိုင်းတည်း

ကြည့်ပါကွ…မင်းလုပ်နေပုံက ဘာကြည့်လို့ကြည့်ရမယ်မသိဘူးးး ကမြင်းကိုကမြင်းလွန်းပါတယ်..

ဒါမျိုးဖြစ်လိမ့်ထင်တယ်ဗျနော်… ဒါဆို တစ်ဖက်လူနာလိုခံခက်ဖြစ်မယ်ဗျ… ဟိုကပြန်ပြော

ကိုယ်ကပြန်ပြောနဲ့ ဇာတ်လမ်းတွေရှုပ်ကုန်မယ်ထင်ပါရဲ့… ဒီနေရာမှာ ကျနော့်တူလေးပြောပုံက

ပြဿနာလေးကိုအေးအေးဆေးဆေးနဲ့ ဖြေရှင်းလိုက်တာပဲဗျ… သူပြောချင်တာတွေကို သွယ်ဝိုက်ပြီး

တစ်ခါတည်းပေါင်းပြောလိုက်တာပဲလေ…

သူပြောချင်တာက ဦးဦးကဟိုရွေ့ဒီရွေ့ရွေ့နေတော့ ကျနော်ဘယ်လိုင်းကြည့်ရမှာလဲဗျ….

တစ်လိုင်းဆိုတစ်လိုင်းထဲလုပ်ပါ…လက်မကမြင်းပါနဲ့ ဆိုတဲ့ အဓိပ္ပါယ်ပဲလေ… ဒါပေမယ့်

သူပြောတာလေးကညင်သာတယ်…. ပြောပုံလေးကထိမိတယ်….

ကျနော်တို့ဆိုရင်ရော သူလေးပြောသလိုပြောမိကြပါ့မလားးးးး…

ဒါကြောင့်ပြောတာပေါ့…ကျနော့်မှာ ကလေးထက်ဆိုးတဲ့ အကျင့်ရှိတယ်ဆိုတာလေ….

နောက်တစ်ခုက တစ်ရက်မှာ တူအငယ်ကောင်နဲ့ ကျနော်ကစားနေကြရင်း ကျနော်

အစလွန်သွားလို့ ကျနော့်တူက ကျနော့်ကို ကျောက်ခဲနဲ့ပစ်တော့ ကျနော်ညိုသကျည်းကို

ကျောက်ခဲလာမှန်တယ်… တော်တော်လည်းနာသွားတယ်… အဲ့အခါမှာ ကျနော်ဘာလုပ်တယ်ထင်လဲ..

ခင်ဗျားတို့ဆိုရင်ရော ဘာလုပ်မလဲ…. ဟဲ… ကျနော်ဒီကောင့်ကို ဆွဲရိုက်လိုက်မိတယ်….

ကလေးကသူမမှားမှန်းသိတယ်ဗျ..ကျနော်ကသာကိုယ်မှားမှန်းမသိတာ…

ဒါနဲ့ ဒီကောင် ကျနော့်အနားမကပ်ဘူးးး ..သူ့အမေနားမှာ သွားနေတယ်…

ခဏနေတော့မှ ကျနော့်အနားလာကပ်ပြီး စကားလေးတစ်ခွန်းပြောတယ်….

“ဦးဦး..ဦးဦး … သားတို့အိမ်ကိုပြန်တော့မှာ ဦးဦးတို့နဲ့ မနေတော့ဘူးတဲ့”

ကဲဗျာ…ကျနော်ပက်လက်ကိုလန်ရော …. ကျနော့်တူလေးဆိုချင်တာက

ကျနော်သူ့ကိုနိုင်စားတယ်…ကျနော်ကလူကြီးမဆန်ဘူးးးပေါ့ …

အဲ့တာကြောင့် ကျနော်နဲ့ သူအပေါင်းအသင်းမလုပ်တော့ဘူးးး သူ့အိမ်သူပြန်တော့မယ်ပေါ့ဗျာ..

ကဲ…ကျနော် ဘယ်လောက်များ ကလေးထက်ဆိုးလိုက်သလဲနော်…

ကျနော်တူအကြီးကောင်နဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံလေးက ဒီလိုပါဗျာ….

မနက်ခင်းတစ်မှာပေါ့ … အိမ်မှာ ကျနော်နဲ့တူအကြီးကောင်လေးပဲရှိတယ်….

မနက်စာအဆာပြေစားရအောင်ဆိုပြီး ကျနော်ထမင်းကြော်လိုက်တယ်…. ထမင်းကြော်နဲ့

စားရအောင် တူလေးကို တိုဟူးကြော် ၀ယ်ခိုင်းလိုက်တယ်ဗျ…. တူလေးက တိုဟူးကြော်…

ဝယ်လာတာပေါ့ … ၀ယ်လာတဲ့ တိုဟူးကြော်က ၁၁ ခုရလာတယ်…

နှစ်ယောက်ကို ၁၁ ခုဆိုတော့ ခွဲဝေရေးလုပ်တဲ့ ကျနော်က တူလေးကို ငါးခုပေးပြီး

ကျနော်ခြောက်ခုယူလိုက်တယ်…. ဟဲ… လူကြီးအကျင့်လေ…လူကြီးအကျင့်…

ဒါကိုတူလေးက သူ့ပန်းကန်ထဲက တိုဟူးကြော်အရေအတွက်ကို တလှည့် ကျနော့်

ပန်းကန်ထဲက တိုဟူးကြော်ကို တလှည့်ကြည့်ပြီး ပြောလိုက်တဲ့စကားလေးက

ဦးဦး … အညီအမျှလေ… အညီအမျှတဲ့ ခင်ဗျ….

ကဲဗျာ… ကျနော်လူကြီးဖြစ်ပြီး ဘယ်လောက်မတရားလိုက်သလဲ…

ငါက အကြီး ငါလုပ်သမျှ သူခံရမယ်… ငါပြောသမျှ သူလိုက်နာရမယ်

ဆိုတဲ့ … အာဏာရှင်ဆန်ဆန် အတ္တကြီးကြီးနဲ့ ကျနော်ဆုံးဖြတ်ချက်ကို

အညင်သာဆုံးသောနည်းလမ်းတွေနဲ့ ကျနော့်ကို တရားပြသွားတာ ကျနော့် တူလေးတွေပါ…

ကိုယ့်ကိုယ်ကို အသက်ကြီးပြီး ကလေးတွေထက်သာတယ်လို့ ထင်နေတဲ့ ကျနော်….

အဲ့အချိန်ကစပြီး ကလေးတွေကို အထင်မသေးရဲသလို ..သူတို့အပေါ် ငါက လူကြီးပဲ

သူတို့က ကလေးပဲဆိုတဲ့ အတွေးနဲ့ ကိုယ်ပြောသမျှနာခံရမယ်… ကိုယ်လုပ်သမျှသူတို့

ဘာမှပြန်မပြောပဲ နေရမယ်ဆိုတဲ့ အတွေးက ပျောက်ကွယ်သွားရတာပါပဲ…..

စာရေးဆရာ ညီပုလေးပြောသလိုပဲ ပြောရမယ်ခင်ဗျ…. ကျနော်ဟာ အဲ့ဒီအချိန်လေးတွေက

စပြီး  တပည့် တစ်ယောက်ဖြစ်ခဲ့ရပါတယ်…..

အားလုံးဟာ ကျနော့်ရဲ့ ဆရာတွေချည်းပါပဲ ခင်ဗျ…..

အားလုံးတွေးဆ ဆင်ခြင်နိုင်ကြပါစေ …

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။