ပညာ

wailynnooJune 5, 20101min850

ပညာရပ်တစ်ခုကို ဆည်းပူးရတာ Operation System တစ်ခုကိုဖန်တီးရသလို ပါဘဲ။ Window 7 ကို ရောက်ဖို့ Ms-Dos ကနေ layer တွေတစ်ခုပြီးတစ်ခု ထပ်လာရတာပါ။ Window 7 ကို တစ်ခါတည်းတန်း လုပ်လို့မရပါဘူး။ အဲဒီလိုပါဘဲ ပညာရပ်တစ်ခုကို တစ်ဆင့်ခြင်းသွားရမှာပါ။ (ဥပမာ- PHP OOP ပိုင်းကိုနားမလည်ဘဲ Framework သုံးဖို့ကြိုးစားသူ၊ C++ ကိုသေချာနားမလည်သေးလဘဲ Game တန်းရေးချင်သူ) အဲဒီလို ကျော်ချင်ခွချင်ရင်တော့ Error အမျိုးမျိုးတက်ပါလိမ့်မယ်။ နောက်ဆုံးမှာ ဘာဖတ်ဖတ်နားမလည်တော့ဘဲ ငါဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူးဆိုတဲ့ အကြီးမားဆုံး Error ကြီးတက်ပါလိမ့်မယ်။

ဒီခောတ်မှာ ဆည်းပူးစရာတွေက အရမ်းများပါတယ်။ ကိုယ်က စစခြင်းမှာတော့ လူငယ်ပီပီ အပီအပြင်လုပ်မယ်ဆိုပြီး ဒီလောကထဲရောက်လာတာပါဘဲ။ သိတဲ့အတိုင်းလိုင်းတွေကများလွန်းတော့ စတည်းကဟိုProgramming ရောက်လိုက် Networking ရောက်လိုက် Web development ရောက်လိုက်ပေါ့။ အစပိုင်းမှာပြဿနာသိပ်မရှိပင်မယ့် နှစ်နဲ့ချီကြာလာရင်ပြဿနာကစလာပါပြီ။ အလုပ်လုပ်ရတော့မယ် အဲဒီအချိန်မှာ တစ်ခုတည်းကို Professional မဖြစ်ရင်အလုပ်ရဖို့ မလွယ်ပါဘူး။ ကိုယ်ကလည်းဟိုဟာသိသလိုလိုဒီဟာသိသလိုလိုနဲ့ ဘာမှပြည့်ပြည့်စုံစုံမသိပါဘူး။
ဒီအချိန်မှာ နည်းပညာ အဆင့်အတန်းဟာ အရမ်းမြင့်မားလာတဲ့အတွက် တစ်ခုတည်းကို Professional ဖြစ်ဖို့ကိုတင် ဒီတစ်ခုတည်းကို တဆိုက်မတ်မတ်လုပ်ဖို့လိုပါတယ်။ ဟိုစပ်စပ်ဒီစပ်ဆို ဘယ်ဟာမှမသိနိုင်ပါဘူး။ ကျွန်တော်အလွန် နှစ်သက်တဲ့ စကားလေးတစ်ခုရှိပါတယ်။ ” ကြီးကျယ်မြင့်မြတ်ခြင်းဆိုတာ လုပ်ရပ်တစ်ခုမဟုတ် အလေ့အထတစ်ခုသာဖြစ်သည်။ ”

အစတည်းကကိုယ်အားသန်တာကို သေသေချာချာရွှေးပြီး တစ်ဆင့်ခြင်းတည်ဆောက်သွားစေချင်ပါတယ်။ အကုန်ဝါသနာပါနေတယ်ဆိုရင်တော့ ကျွန်တော်လုပ်သလိုလုပ်ကြည့်နိုင်ပါတယ်။ ခေါင်းပန်းလှန်ပြီး ကံတရားရဲ့အဆုံးအဖြတ်ကိုခံယူခြင်း။ (ခဏခဏတော့ မလှန်ပါနဲ့ )

တစ်ခုတည်းကို တစ်ဆိုက်မတ်မတ် တစ်ဆင့်ခြင်းသွားပါ။ အဆင့်တွေမသိရင် ဆရာကြီးတွေကိုမေးပါ။ ကျွန်တော်ကတော့ ဘာမှ Professional မဖြစ်သေးပါဘူး။ ကိုယ်ခံခဲ့ရသလို မခံရစေချင်လို့ပါ။

By the way, I think this is a road map for PHP wed developers
1.HTML
2.CSS
3.JavaScript
4.Jquery
5.PHP (OOP)
6.Mysql
7.Framework (or) CMS